နိုင်ငံတော်တည်ဆောက်မည့်အခန်းကဏ္ဍတွင် မျိုးနွယ်စုငယ်များပါဝင်မှုအားနည်း

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံတည်ဆောက်မည့်အခန်းကဏ္ဍအပိုင်းတွင် တိုင်းရင်းသားမျိုးနွယ်စုငယ်များပါဝင်မှု အားနည်းနေ သည်ဟု ကော်ယော်မျိုးနွယ်စုကိုယ်စားလှယ် မာတီးယာက ပြောသည်။ နိုင်ငံရေးပါတီမရှိသည့် မျိုးနွယ်စုများ၊ လက်နက်ကိုင်အဖွဲ့အစည်းမရှိသည့် မျိုးနွယ်စုများက နိုင်ငံတော်၏ အခန်းကဏ္ဍများတွင်ပါဝင်မှု အားနည်းနေသည့်အတွက် ရှေ့ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ မျိုးနွယ်စုငယ်များအတွက် အခန်းကဏ္ဍများကို  ထည့်သွင်းစဉ်းစားပေးနိုင်ရန် လိုအပ်သည်ဟု ဆိုသည်။ ” ငြိမ်းချမ်းရေးဆွေးနွေးပွဲပဲပြောပြော ၊ အမျိုးသားချင်းနိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်း လမ်းညွန်ရေးဆွဲတဲ့အချိန်မှာသို့မဟုတ်      မူဘောင်တွေရေးဆွဲတဲ့အချိန်မှာ ဒီဟာကို မပါ နိုင်တဲ့မျိုးနွယ်စုတွေကို အခန်းဏ္ဍတစ်ခုအနေနဲ့ ဖော်ပြပေးဖို့ပါ။” ဟု မာတီးယာက ပြောသည်။ တိုင်းရင်းသားလူမျိုးစုများ ရသင့်ရထိုက်သော အခွင့်အရေးရရှိရန်၊ တိုင်းရင်းသားလူမျိုးစုငယ်များက ငြိမ်းချမ်းရေးဖက်ဒရယ်လုပ်ငန်းစဉ်တွင် ပါဝင်ရန် ၊ အခွင့်အလမ်းပေးရှိရန် ၊ တန်းတူအခွင့်အရေးရရှိရန် ၊ မိမိတို့ဒေသတွင် […]

၂၁ပင်လုံသည် ငြိမ်းချမ်းရေး ပထမဆုံးခြေလှမ်းဖြစ်သည်ဟု ဆို 

၂၁ ပင်လုံညီလာခံတွင် မိမိတို့တိုင်းရင်းသား ဆန္ဒများကို ဖော်ထုတ်ခွင့်ရသည့်အတွက် ငြိမ်းချမ်းရေး၏ ပထမဆုံးခြေလှမ်းဖြစ်သည်ဟု ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။ “ဒီရလဒ်က ညီလာခံဖွင့်ပွဲအနေနဲ့ ပထမ ခြေလှမ်းကို အောင်မြင်စွာ ဖော်ဆောင်နိုင်တဲ့ ရလဒ်လို့ ခံယူထားတယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။ ညီလာခံ တက်ရောက်လာသည့်ကိုယ်စားလှယ်များအနေဖြင့် တိုင်းရင်းသားများ၏ အရေးဆန္ဒများကို ဖော်ထုတ်ပြီး တစ်တိုင်းပြည်လုံးကို ချပြခွင့်ရလာပြီဖြစ်သည်ဟု ရှားတောမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းက ပြောသည်။ “အဲတော့ ဒီမှာ ဘာတွေဆွေးနွေးနေကြလဲ။ မတူညီတဲ့ဟာတွေကို ပြောဆိုနေကြတယ်။ ဒါပေမယ့် သေချာတာတစ်ခုက ဒီအခန်းထဲကို ရောက်နေတဲ့သူတွေအားလုံးမှာ တူညီတဲ့ စိတ်ဆန္ဒ တစ်ခုရှိတယ်။ အဲဒါဘာလဲဆိုရင် အမတို့ မြန်မာနို်င်ငံတော်ကြီးကို ရေရှည်တည်တံခိုင်မြဲတဲ့ […]

ဓာတ်ခွဲခန်းမရှိခြင်းကြောင့် စားသုံးသူရေးရာ ဦးစီးဌာန အခက်အခဲဖြစ်

ထ ျို း မြာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ကိုယ်ပိုင်ဓာတ်ခွဲခန်းမရှိသောကြောင့် မစားသင့်သော အစားအသောက်များကို ဓာတ်ခွဲစစ်ဆေးရန် အခက်အခဲ ရှိနေသည်ဟု စားသုံးသူရေးရာ ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူ း ဦးခမ်လ ျ န်စွမ်းက ပြောသည်။ “ ဓာတ်ခွဲပို့ဖို့ သူများဓာတ်ခွဲခန်းကို အကူအညီတောင်းရတယ်။ စာနဲ့ပေနဲ့သွားရတယ်။ ပြီးတော့ ကိုယ်စမ်းသပ်ချင်တဲ့စားသောက်ကုန်ပစွည်းက ဓာတ်ခွဲလို့အဆင်ပြေမလား၊ မပြေလား သူတို့ဆီကစမ်းတောင် မစမ်းရသေးဘူး အဖြေတစ်ခုစောင့်ရသေးတယ်”ဟု ၎င်းကပြောသည်။ လက်ရှိအချိန်တွင် လွိုင်ကော်မြို့ အသေးစားစက်မှုလက်မှု ဦးစီးဌာန၌ ဓာတ်ခွဲခန်းတစ်ခုရှိသော်လည်း ဓာတ်ခွဲခန်း ကျွမ်းကျင်ဝန်ထမ်းမလာနိုင်သေးသည့်အတွက် အစားအသောက်များအား ဓာတ်ခွဲစစ်ဆေးရန် မန္တလေးသို့ တဆင့် ပြန်လည် ပို့ဆောင်စစ်ဆေးမှုမျာ ပြုလုပ်ရသည်။ “ ဓာတ်ခွဲခန်းရှိရင် ကိုယ့်ဝန်ထမ်းနဲ့ကို […]

သစ်မှောင်ခိုကိစ္စအတွက် ကုမ္ပဏီကြီးများကို အရေးယူသင့်

ဦးမြာ ကယား( ကရင်နီ) ပြည်နယ်အတွင်း သစ်မှောင်ခိုများအား တားဆီးအရေးယူရာတွင် အဓိက ကုမ္ပဏီများကိုသာ တားဆီးအရေးယူသင့်သည်ဟု ဖရူဆိုမြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း (ခ) နော်အီးက ပြောသည်။ “အခုပိတ်ချင်တာက ကျနော်တို့ ကိုင်ချင်တာက အဓိက ကုမ္ပဏီကြီးတွေပေါ့နော။ အခြား ပြည်နယ်တို့ တိုင်းတို့က လာတဲ့လူတွေ နောက်ပြီး တချို့ အကြီးအကဲနဲ့ ပေါင်းပြီးမှ အဆမတန် ခုတ်ထုတ်တဲ့လူတွေပေါ့နော။ ”ဟု ပြောသည်။ ကယား( ကရင်နီ ) ပြည်နယ်တွင် သစ်ထုတ်လုပ်သည့် ကုမ္ပဏီကြီး (၉) ခုရှိပြီး ၎င်းတို့မှာ သတ်မှတ်ထားသည့် တန်ချိန်ထက် များစွာပိုသည့် တန်ချိန်များ တင်ပို့နေသည့်အတွက် တားဆီးနိုင်ရန် သေချာကြပ်မတ်သင့်သည်ဟုလည်း ၎င်းကဆိုသည်။ […]

ဝင်ငွေကို အမှန်အတိုင်းမပြောခြင်းကြောင့် အခွန်ကောက်ရန် အခက်အခဲဖြစ်နေ

ထျိုးမြာ ဝင်ငွေခွန်များကောက်ခံရာတွင် ပြည်သူများအနေဖြင့် ၎င်းတို့၏ ဝင်ငွေကို အမှန်အတိုင်းမပြောခြင်းကြောင့် အခွန်ကောက်ခံရန် အခက်အခဲဖြစ်နေသည်ဟု ကယားပြည်နယ်၏ အခွန်ဦးစီးမှူး ဦးခင်မောင်ညွှန့်က ဆိုသည်။ “အခွန်ရှောင်တဲ့သူကတော့ လူ့ရဲ့သဘောတရားကတော့ မပေးလို့ရရင် မပေးချင်ဘူးပေါ့လေ ”ဟု၎င်းကဆိုသည်။ အခွန်မဆောင်ပဲ မသိကျိုးကျွံပြုလုပ်နေသူများကိုလည်း အခွန်ပေးဆောင်လာစေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ပညာပေးဟောပြောပွဲများ ပြုလုပ်သွားမည်ဟု ဦးခင်မောင်ညွှန့်က ထပ်မံပြောသည်။ ပြည်သူများအနေဖြင့် အခွန်ဆောင်ခြင်း၏ အကျိုးကို တိုက်ရိုက်ခံစားခွင့်မရှိသော်လည်း ပြည်နယ်အတွက် လမ်းတံတားဆောက်ခြင်း၊ ကျောင်းဆောက်ခြင်းနှင့် ဝန်ထမ်းလစာပေးခြင်းတို့တွင် ပြန်လည်အသုံးပြုနိုင်သည်ဟု အခွန်ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။ “ဥပမာ- ကျန်းမာရေးစောင့်ရှောက်ခွင့်ဆိုရင်လည်း အခမဲ့မဟုတ်လား။ အဲ့လိုမျိုးဆိုရင် ကျွန်တော်တို့ ဒီအခွန်ကပေးထားတဲ့ ဘတ်ဂျက်နဲ့ပဲ သွားရတာလေ။ အဲ့ဒီအထဲမှာတွေ အကုန်လုံးပြန်ဝင်သွားတော့ အများအတွက် ပြန်ဖြစ်သွားတာပေါ့လေ ” […]

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ ခွန်းအေဘယ်တွိနှင့်တွေ့ဆုံခြင်း

“လူထုတစ်ရပ်လုံး ပြည်တွင်းစစ်အောက်မှာ နှစ် ၇ဝ နီးပါးနေလာပြီး ဆင်းရဲနွမ်းပါးနေကြတယ်…..ဆိုတော့ တိုင်းပြည်ကို ဒီ့ထက်နည်းနည်းပိုကောင်းလာအောင် ဘယ်လိုလုပ်မလဲ” ကော်မိန်း ပြီးခဲ့သည့် ဇူလှိုင်လ ၁ရ – ၁၈ ရက်နေ့တွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒယ်ရယ်ကောင်စီ (UNFC) ထိပ်သီးခေါင်းဆောင်များနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြပြီး ၎င်းတွေ့ဆုံဆွေးနွေးပွဲတွင်ပါဝင်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဌ ခွန်းအေဘယ်တွိနှင့် ကန္တာရဝတီတိုင်း(မ်)မှ သတင်းထောက် ကော်မိန်းနှင့်တွေ့ဆုံမေးမြန်းထားသည့်အချက်များကို ဖော်ပြလိုက်ရပါသည်။ မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ရည်ရွယ်ချက်တွေကို ရှင်းပြပေးပါ။ ဖြေ ။ ။ ကျနော် တို့ထိပ်သီးခေါင်းဆောင်လေးယောက်သွားတယ်လေနော်။ နံပါတ် ၁ က ကချင်ဒုဥက္ကဌ ဦးအန်ဘလ ပါတယ်။ […]

အားနည်းချက်ပေါင်းများစွာနဲ့ ကယားပြည်နယ်ရဲ့ ဥပဒေပြုရေးမဏ္ဍိုင်ကြီး

စိုင်းလင်းလင်းဦးရေးသားသည်။ အုပ်ချုပ်ရေး(အစိုးရအဖွဲ့)၊ ဥပဒေပြုရေး(လွှတ်တော်များ)နဲ့ တရားစီရင်ရေး(တရားရုံးချုပ်) စတဲ့ မဏ္ဍိုင်ကြီး သုံးခုဟာ မဏ္ဍိုင်တစ်ခုတည်းက လုပ်ပိုင်ခွင့်အာဏာတွေ အလွန်အကျူး မယူနိုင်အောင် အချင်းချင်း ထိန်းညှိ ထိန်းကျောင်း(Check and Balance) လုပ်တယ်ဆိုတာ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတိုင်းက လက်ခံထားတဲ့ အရာဖြစ်ပါတယ်။ မဏ္ဍိုင်အသီးသီးဟာ မျှတတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ပိုင်ဆိုင်ထားကြပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းနှင့် ပြည်နယ် (၁၄) ခုထဲမှာ ကယား(ကရင်နီ)ပြည်နယ်လွှတ်တော်ကနေ ဥပဒေပြုနိုင်မယ့် (၁၀) ဦးသာရှိတဲ့ ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ (တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်မပါ)ဟာ အခြားတိုင်းနှင့် ပြည်နယ်နဲ့ ယှဉ်ရင် အရေအတွက် အနည်းဆုံးပါပဲ။ ကယားပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် (၇)မြို့နယ်အတွက် ရွေးကောက်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၄)ဦးရှိတဲ့အနက် အစိုးရအဖွဲ့မှာ ပါဝင်သွားတဲ့ […]