ကန္တရဝတီတိုင်း(မ်) COVID-19 အတည်ပြုလူနာ Case(121) မှ ဧပြီလ ၆ရက်နေ့တွင် ကယားပြည်နယ်အတွင်း ဖြတ်သန်းသွားလာမှုအခြေအနေကို အများပြည်သူသိရှိနိုင်ရေးအတွက် ဧပြီလ ၂၂ရက်နေ့ ညနေပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ဖေ့ဘွတ်ပေ့ချ် မွာ အသိပေးထားပါတယ်။ “အဲ့ထဲမွာ အသေးစိတ်အကုန်ရေးထားပါတယ် လုပ်ထားတဲ့အခြေအနေတွေအသေးစိတ်ရေးထားတယ် နောက်ဆက်လုပ်မယ့်ဟာတွေ အကုန်ရေးထားပါတယ် အဲ့ဒါကိုဖတ်လိုက်ရင် အကုန်ပြည့်စုံပါတယ်။ ကျတော်တို့လုပ်ထားတဲ့ လက်ရှိအခြေအနေက စာထဲမှာရေးထားအကုန်ပါပဲ” လို့ ကယားပြည်နယ်သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်ဦးအေးလွင်က ကန္တရဝတီတိုင်း(မ်) ရဲ့မေးမြန်းချက်ကို ရှင်းပြထားပါတယ်။ Case 121 နဲ့ထိတွေ့ခဲ့တဲ့ လောဓမ္မရပ်ကွက်(ကြည်သာယာ) မှ အမျိုးသားတစ်ဦး အပါအဝင် မိသားစုဝင် သုံးဦးကို နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသင်တန်းကျောင်း (လွိုင်ကော်) မွာ Community Based Facility Quarantine ထားရှိတယ်လို့ […]

အန်ထောနီ လူစု လူဝေးဖြစ်ပေါ်စေနိုင်တဲ့ ဘိလိယက်ခုံဖွင့်ထားတဲ့ဆိုင်တွေကိုလည်း ကိုရိုနာဗိုင်းရပ်(စ်)ကူး စက်ပျံ့နှံမှု ထိန်းချုပ်ကာကွယ်ပေးရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ မေတ္တာရပ်ခံထားတာတွေ ရှိတယ်လို့ သက်ဆိုင်ရာ အုပ်စုအုပ်ချုပ်ရေးမှူးတွေထံကနေ ကြားသိရပါတယ်။ ငွေတောင်ကျေးရွာအုပ်စုအတွင်းမှာလည်း ကျန်းမာရေးဦးစီးဌာနကနေ ညွန်ကြားထားတဲ့ အတိုင်းအသိပညာပေးစာစောင်တွေလိုက်ဝေပေးတာတွေ၊ အစိုးရက ညွန်ကြားချက်အရ လူစုလူဝေးမလုပ်ခိုင်းတာတွေကို လိုက်ပြီးတော့ မေတ္တာရပ်ခံထားတယ်လို့ ငွေတောင်အုပ်စုအုပ်ချုပ်ရေးမှူး စိုင်းမြင့်သိန်းချိုက ပြောပါတယ်။ စိုင်းမြင့်သိန်းချိုက “တစ်ခုတစ်ခုဖြစ်ပြီဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှုုးတွေနဲ့ အးမြဲတမ်း အချိတအဆက်ရှိတယ်။ ကျနော်ကတော့ သူတို့ကိုတော့ လောလောဆယ် နားဝင်အောင်တော့ ပြောထားရတာပေါ့ လူတွေလဲ တော်တော်လေးပါးသွားပါပြီ။ တစ်ခါတစ်လေကျနော်လာရင်လည် လာကစားတဲ့ ရွာထဲကလေးတွေလည် သူတို့ပြန်ကြပါတယ်။ အေစောစောပိတ်တော့ ကျနော်ကတော့ တာမျိုးပဲပြောတာပဲ။”လို့ ပြောပါတယ်။ သက်ဆိုင်ရာ ရာအိမ်မှူးတွေကိုလည်း လူစုလူဝေးမဖြစ်စေဖို့ ရပ်ကွက်အလိုက် ပူးပေါင်းပြီးစောင့်ကြည့်နေတာဖြစ်ပြီး […]

ကန္တာရဝတီတိုင်း(မ်) မြန်မာနိုင်ငံတစ်ဝန်းတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ(၂)ဦး ထပ်တိုးလာကြောင်း Covid-19 ရောဂါပိုးအခြေအနေနှင့် ပတ်သက်ပြီး ယနေ့ ဧပြီလ ၂၁ ရက်နေ့ ည ၈ နာရီတွင် ထုတ်ပြန်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ(၂)ဦး ထပ်တိုးတွေ့ရှိခဲ့သည့်အတွက် ယခု ဆိုလျှင် ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြု လူနာ (၁၂၁) ဦး ရှိသွားပြီ ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူမျာ (၁၂၁) အနက် ပြန်လည် ကောင်းမွန်လာသူ (၉) ဦးရှိပြီဖြစ်ကာ ၆ ဦး ဆေးရုံဆင်းပြီး ဖြစ်ပြီး သေဆုံးသူ […]

ကန္တာရဝတီတိုင်း(မ်) မြန်မာနိုင်ငံတစ်ဝန်းတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ(၂)ဦး ထပ်တိုးလာကြောင်း Covid-19 ရောဂါပိုးအခြေအနေနှင့် ပတ်သက်ပြီး ယနေ့ ဧပြီလ ၂၀ ရက်နေ့ ည ၁၁ နာရီတွင် ထုတ်ပြန်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ(၂)ဦး ထပ်တိုးတွေ့ရှိခဲ့သည့်အတွက် ယခု ဆိုလျှင် ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြု လူနာ (၁၁၉) ဦး ရှိသွားပြီ ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူမျာ (၁၁၉) အနက် ပြန်လည် ကောင်းမွန်လာသူ (၉) ဦးရှိပြီဖြစ်ကာ ၆ ဦး ဆေးရုံဆင်းပြီး ဖြစ်ပြီး သေဆုံးသူ […]

ကန္တာရဝတီတိုင်း(မ်) မြန်မာနိုင်ငံတစ်ဝန်းတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ(၃)ဦး ထပ်တိုးလာကြောင်း Covid-19 ရောဂါပိုးအခြေအနေနှင့် ပတ်သက်ပြီး ယနေ့ ဧပြီလ ၁၉ ရက်နေ့ ည ၁၁း၁၅ နာရီတွင် ထုတ်ပြန်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယင်း ထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံတွင် ဧပြီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည့် ပထမအသုတ်နှင့် ဒုတိယအသုတ် စုစုပေါင်း ရောဂါပိုး တွေ့ရှိသူ ၄ ဦး ထပ်မံ စစ်ဆေးတွေ့ရှိကြောင်း ဖော်ပြထားသည်။ လက်ရှိမြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူ (၁၁၁) ဦးအနက် သေဆုံးသူ (၅)ဦးနှင့် ပြန်လည် ကောင်းမွန်လာသူ (၇) ဦး( ၂ […]

ကန္တာရဝတီတိုင်း(မ်) မြန်မာနိုင်ငံတစ်ဝန်းတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ(၁)ဦး ထပ်တိုးပြီး ပြန်လည်သက်သာသူ ၂ ဦး ထပ်တိုးလာကြောင်း Covid-19 ရောဂါပိုးအခြေအနေနှင့် ပတ်သက်ပြီး ယနေ့ ဧပြီလ ၁၉ ရက်နေ့ ည ၈ နာရီတွင် ထုတ်ပြန်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယင်း ထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူ ၁ ဦး ထပ်မံ စစ်ဆေးတွေ့ရှိကြောင်းနှင့် လူနာအမှတ် Case-011နှင့် Case-015 တို့သည် ပြန်လည် သက်သာလာခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။ထုတ်ပြန်ချက်အတည်ပြုချက်အရ မြန်မာနိုင်ငံတွင် (၂) ကြိမ်ဆက်တိုက် COVID-19 ရောဂါပိုး မတွေ့ရှိသည့် လူနာ စုစုပေါင်း […]

ကန္တာရဝတီတိုင်း(မ်) မြန်မာနိုင်ငံတစ်ဝန်းတွင် COVID-19 ရာဂါပိုးတွေ့ရှိသူ လူနာ(၁၀၇)ဦး၊ သေဆုံးသူ ၅ ဦးနှင့် ပြန်လည်သက်သာသူ ၅ ဦး ရှိပြီဖြစ်ကြောင်း Covid-19 ရောဂါပိုးအခြေအနေနှင့် ပတ်သက်ပြီး ယနေ့ ဧပြီလ ၁၉ ရက်နေ့ မနက် ၇ နာရီတွင် ထုတ်ပြန်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယင်း ထုတ်ပြန်ချက်ထဲတွင် ယမန်နေ့ ည ၉ နာရီ နောက်ဆုံး ထုတ်ပြန်သည့် အချက်အလက်များအရ ၁ နှစ်ခွဲ ကလေးငယ် တစ်ဦး အပါအဝင် မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူ (၉၈) ဦးသာ ရှိခဲ့သော်လည်း ယနေ့ နံနက် ၇ […]

ကန္တာရဝတီတိုင်း(မ်) မြန်မာနိုင်ငံတစ်ဝန်းတွင် Covid-19 ရောဂါပိုးတွေ့ရှိသူ (၂ ) ထပ်မံတွေ့ရှိပြီး ယနေ့ ဧပြီလ ၁၈ ရက်နေ့ ည(၉)နာရီတွင် ထပ်မံ ထုတ်ပြန်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။ လက်ရှိတွင် မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူ (၉၈) ဦး၊ သေဆုံးသူ (၅)ဦးနှင့် ပြန်လည် ကောင်းမွန်လာသူ (၅) ဦးအနက် (၂) ဦး ဆေးရုံဆင်းသူ ရှိပြီ ဖြစ်သည်။

ကန္တာရဝတီတိုင်း(မ်) မြန်မာနိုင်ငံတစ်ဝန်းတွင် Covid-19 ရောဂါပိုးတွေ့ရှိသူ (၂ ) ထပ်မံတွေ့ရှိပြီး လူနာ၂ ဦးမှာ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီ ဖြစ်သောကြောင်း ဆေးရုံး ဆင်းသွားပြီ ဖြစ်ကြောင်း ယနေ့ ဧပြီလ ၁၈ ရက်နေ့ ည(၈)နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။ လက်ရှိတွင် မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူ (၉၆) ဦး၊ သေဆုံးသူ (၅)ဦးနှင့် ပြန်လည် ကောင်းမွန်လာသူ (၅) ဦးအနက် (၂) ဦး ဆေးရုံဆင်းသူ ရှိပြီ ဖြစ်သည်။

ကန္တာရဝတီတိုင်း(မ်) မြန်မာနိုင်ငံတစ်ဝန်းတွင် Covid-19 ရောဂါပိုးတွေ့ရှိသူ (၃ ) ထပ်မံတွေ့ရှိပြီး လူနာ ၃ ဦးမှာ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ကြောင်း မြန်မာ နှစ်ဆန်းတစ်ရက်နေ့ ယနေ့ (ဧပြီ ၁၇ ရက်) ည(၈)နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။ Covid-19 ရောဂါပိုးတွေ့ရှိသူမှာ ရန်ကုန်က (၂)ဦး၊စစ်ကိုင်း(ကလေး)က (၁)ဦးတို့ ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသည့် လူနာ (၃) ဦးသည် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည့် လူနာ (Case-003)၊ လူနာ (Case-009)နှင့် လူနာ (Case-012) တို့ ဖြစ်ကြပြီး ရောဂါပိုး ရှိမရှိ အကြိမ်ကြိမ်ပြုလုပ်ပြီးနောက် […]