ကန္တာရဝတီတိုင်း(မ်)မြန်မာနိုင်ငံတွင် တစ်နေ့အတွင် Covid-19အဆုတ်ရောင် ကူးစက်မြန် ရောဂါဖြင့် သေဆုံးသူ ၃ ဦးရှိသွားပြီ ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုပြောကြားခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ မြောက်ဥက္ကလာပဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် အသက် ၆၃ နှစ်အရွယ် လူနာအမှတ်- (၁၆)သည် သေဆုံးသွားခဲ့ပါပြီဟု အတည်ပြု ပြောကြားခဲ့ပြီးနောက် မြန်မာတွင် Covid-19 ရောဂါဖြင့် သေဆုံးသူ ၃ ဦးရှိခဲ့ပါပြီ။ အလားတူ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ကုတင် ၅၀၀ဆေးရုံတွင် အထူး သီးသန့်ခန်းတွင် ထားရှိ ကုသလျက်ရှိသည့် Covid-19 အတည်ပြုလူနာ အမှတ် (၁၇) သည်လည်း ယနေ့ […]

နော်ဒွေးအယ်ခူ ကယားပြည်နယ်ရှိ မြို့သုံးမြို့ကို ကိုဗစ်-19 ရောဂါ ကာကွယ်တဲ့လုပ်ငန်းစဉ်မှာ အသုံးပြုရန်အတွက် ယူနီဆက်ရန်ပုံငွေ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ ကယားပြည်နယ်ဦးစီးမှူး ၊ ညွန်ကြားရေးမှူး ဦးကျော်သူအောင်က ပြောပါတယ်။ UNICEF ကရန်ပုံငွေနဲ့ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ကိုရိုနာဗိုင်းရပ်(စ်) ကာကွယ်ရေးလုပ်ငန်းတွေကို တစ်မြို့လျှင် ရန်ပုံငွေ ကျပ် ၃၂သိန်း ၅သောင်းကို ယူနီဆက်က ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။ “ လက်ရှိအချိန်ထိ ကျတော်တို့ ၇ရက် ၄လ ၂၀၂၀ ရက်နေ့အထိတော့ ကျေးရွာပေါင်း ၁၀ရွာမှာ လက်ဆေးဘေစင် ၁၀ခု တပ်ဆင်ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဆက်လက်ပြီး အမြန်ဆုံးပြီးစီးရေးအတွက်ကိုဆောင်ရွက်လျက်ရှိပါတယ်” လို့ ဦးကျော်သူအောင်က […]

ကန္တာရဝတီတိုင်း(မ်)ပဲခူးတိုင်းဒေသကြီး ပြည်မြို့ကုတင် ၅၀၀ဆေးရုံတွင် အထူး သီးသန့်ခန်းတွင် ထားရှိ ကုသလျက်ရှိသည့် Covid-19 အတည်ပြုလူနာ အမှတ် (၁၇) သည် ယနေ့ (၈ ဧပြီလ) နံနက် ၃:၄၀ နာရီတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ လူနာအမှတ် (၁၇) သည် ပေါက်ခေါင်းမြို့နယ်၏ ဒုတိယ အုပ်ချုပ်ရေးမှူးတာဝန်ကို ထမ်းဆောင်နေသူဖြစ်ပြီး SOS ဆေးခန်းတွင် ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည့် လူနာအမှတ် (၁၅)၏ ခင်ပွန်းလည်း ဖြစ်သည်။ လူနာအမှတ် (၁၇)နှင့်အတူ ၁၀ နှစ်အရွယ်သား၊ အသက် ၈ နှစ်အရွယ်သမီးနှင့် အသက် ၁၈ နှစ်အရွယ် တူမတို့ကိုလည်း ရောဂါပိုးကူးစက်ခြင်း ခံထားရကြောင်း သိရှိရသည်။ကျန်အခြား လူနာများအနေဖြင့် […]

ကန္တာရဝတီတိုင်း(မ်) ကယား(ကရင်နီ)ပြည်နယ်အတွင်း အစိုးရလက်လမ်းမမှီတဲ့ ကျေးလက်ဒေသတွေဘက်မှာ လူထုတွေကျန်းမာရေး စောင့်ရှောက်မှုတွေကို လူထုကျန်းမာရေး နှင့်ဖွံ့ဖြိုးရေးကွန်ယက် ( Civil Health and Development Network – CHDN) အဖွဲ့ကနေပြီး တစ်ဖက်တစ်လမ်းဆောင်ရွက်ပေးနေပါတယ်။ ကရင်နီ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်လို့ လက်ရှိ အစိုးရဘက်ကဖော်ဆောင်နေတဲ့ မူပေါ်လစီနဲ့ ဖက်ဒရယ်ကျန်းမာရေးစနစ်သုံးသပ်ချက်တွေကို ကန္တာရဝတီတိုင်း(မ်)ကနေ ခွန်းဖိလစ်ကို တွေ့ဆုံမေးမြန်းထားပါတယ်။ ခွန်းဖိလစ်က လူထုကျန်းမာရေး နှင့်ဖွံ့ဖြိုးရေးကွန်ယက် ( Civil Health and Development Network – CHDN) မှ ဒါရိုက်တာ တစ်ဦးဖြစ်ပါတယ်။ CHDN အဖွဲ့ဟာဆိုရင် ကရင်နီပြည်နယ်ဒေသအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုအဖွဲ့တွေကနေ စုစည်းထားတဲ့အဖွဲ့ဖြစ်ပြီး အစိုးရလက်လှမ်းမမီတဲ့ ကျေးလက်ဒေသတွေဘက်မှာ အဓိက ကျန်းမာရေးစောင့်ရှောက်မှု […]

ကန္တာရဝတီတိုင်း(မ်) နေရပ်ပြန်သူတွေ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကူးစက်ခံရမှုရှိမရှိ စောင့်ကြည့်ရေးလုပ်ငန်းတွေကို အစိုးရလက်လှမ်းမမှီတဲ့ ဒေသတွေဘက်မှာ သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုအဖွဲ့တွေနဲ့ ပြည်သူလူထုတွေက ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ ကယန်းပြည်သစ်ပါတီ စစ်ရေးချုပ် ဦးအောင်မင်းက ပြောပါတယ်။ အစိုးရအဖွဲ့အစည်းတွေအနေနဲ့လက်လှမ်းမမှီနိုင်တဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နယ်စပ်ရှိ ကယန်းဒေသဖြစ်တဲ့ ပီကင်း၊ ဆီးပူး၊ လိပ်သိုဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်တဲ့ ကယန်းပြည်သစ်ပါတီနဲ့ လူထုတွေကနေ ပူးပေါင်းဆာင်ရွက်နေတာတွေရှိတယ်လို ဆိုပါတယ်။ “ ဒီအစိုးရအဖွဲ့ကတော့ သူတို့လုပ်နိုင်တဲ့အပိုင်း လုပ်တယ်ဆိုတာက ကျတော်တို့ဖယ်ခုံမြို့နယ်က ကျတော်တို့အစိုးရတွေလက်လှမ်း နည်းနည်းဝေးတယ်ဗျ ကျတော်တို့ဒီ ပီကင်းဒေသတွေ၊ ဆီးပူး ဒေသ၊ ကယောဒေသမှာ သူတို့လက်လှမ်းနည်းနည်းဝေးတဲ့အချိန်ကျ သူတို့ရဲ့ညွှန်ကြားမှုစီမံခံခွဲမှုက နည်းနည်းနှောက်နှေးတယ် ဝေးလဲဝေးတဲ့ အတွက်ကြောင့်ကျတော်တို့ကိုယ်ပိုင်အသိနဲ့ ကျတော်တို့အဓိက ကယန်းပြည်သစ်ပါတီအနေနဲ့ပြည်သူလူထုနဲ့ လက်တွဲပြီးအဓိက ကျတော်တို့လုပ်တာများတယ်။” လို့ ဦးအောင်မင်းက ကန္တာရဝတီတိုင်း(မ်)ကို […]

နော်ဒွေးအယ်ခူ လွိုင်ကော်မြို့အတွင် စားသောက်ဆိုင်များ၊ အအေးဆိုင်များ၊ ရိုးရာအစားအသောက်ဆိုင်များကို ဆိုင်ထိုင်စနစ်ဖြင့်မဟုတ်ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချဖို့ ညွှန်ကြားချက်အပေါ် လိုက်နာမှုရှိတယ်လို့ လွိုင်ကော်မြို့ စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိဦးသန်းထွန်းက ပြောပါတယ်။ “စားသောက်ဆိုင်နဲ့ စားသောက်ဖွယ်ရာရောင်းတဲ့ဆိုင်မှာလည်း အခုက ဆိုင်ထိုင်စနစ်နဲ့မရောင်းချစေဘဲနဲ့ ပါဆယ်ဆွဲတဲ့စနစ်နဲ့ပေါ့ရောင်းချတာ။ ဒါကလည်း မနက်ဆို ကျတော်လျှောက်ကြည့်တယ် ညဆိုကြည့်တယ်။ ကြည့်တော့ ရာခိုင်နှုန်းတော်တော်များများလိုက်နာတယ်။ တော်တော်ဝမ်းသာတယ်။ အရင်တုန်းကဆို စည်ပင်သာယာကညွှန်ကြားချက်ဆိုရင် သိပ်ပြီးအလေးမထားဘူးပေါ့နော။ ဒီဥစ္စာလည်းဖြစ်တော့ လိုက်နာတယ်ပေါ့နော။ မလိုက်နာတာ ကြိုကြားကြိုကြား ဝေးဝေးတခါတော့ရှိတာပေါ့နော။ ဒါပေမယ့်လိုက်နာနေတာတွေ့တော့ ကျတော်လည်းဝမ်းသာပါတယ်” လို့ ၎င်းကဆိုပါတယ်။ ဆိုင်တွေမှာ ပါဆယ်စနစ်ဖြင့်သာရောင်းချဖို့ ညွှန်ကြားချက်ထုတ်တာ နှစ်ရက်သာရှိသေးပြီး ယခုရက်ပိုင်း ရပ်ကွက်အတွင်းမှာ ည ၆ နာရီအချိန်မှာ ၎င်းတို့ဌာနမှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ဖို့ရှိတယ်လို့သိရပါတယ်။ […]

နော်ဒွေးအယ်ခူ လွိုင်ကော်မြို့နယ်ရှိ ဈေးများကို တစ်ပတ်လျှင် သုံးရက်သာဖွင့်တော့မှာဖြစ်ပြီး ကျန်ရက်တွေမှာ ဈေးထဲကို ပိုးသတ်ဆေးဖြန်းတာတွေ ဆောင်ရွက်နေတယ်လို့ လွိုင်ကော်မြို့ စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိဦးသန်းထွန်းက ပြောပါတယ်။ တစ်ကမ္ဘာလုံးမှာပျံနှံ့နေတဲ့ ကိုဗစ် 19ကိစ္စနဲ့ပတ်သက်ပြီး ကျတော်တို့ လူတွေအသွားအလာတွေများတဲ့ဈေးတွေမှာ အဲဒီနဲ့ပတ်သက်လို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပိုးသတ်ဆေးဖြန်းတဲ့အစီအစဉ်တွေရှိတဲ့အတွက်ကြောင့် ဈေးတွေကို တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေနေ့တွေပဲ ဈေးဖွင့်ရက်နေ့အဖြစ် သတ်မှတ်ပြီးတော့ ကျန်ရက်တွေမှာ နေ့စဉ်ပိုးသတ်ဆေးဖြန်းမှာဖြစ်ပါတယ် လို့ ဦးသန်းထွန်းကပြောပါတယ်။ ပိုးသတ်ဆေးဖြန်းတာကို စည်ပင်သာယာရေးဝန်ထမ်းတွေသာအဓိက ဖြန်းပြီး တစ်ခါတစ်ရံ ပရဟိတအဖွဲ့တွေလည်း လာရောက်ကူဖြန်းပေးတယ်လို့ ဆိုပါတယ်။ လွိုင်ကော်မြို့ပေါ်ရှိ သီရိမင်္ဂလာဈေးကြီး (တောင်ဈေး)၊ ကန္ဒရဝတီနှစ်ထပ်ဈေး ကို တစ်ပတ်လျှင် တနလာၤ၊ ဗုဒ္ဓဟူး၊ စေန စတဲ့သုံးရက်သာဖွင့်တော့မှာဖြစ်ပြီး ငါးရက်တစ်ဈေးဖြစ်တဲ့ နောင်ယာဈေးကိုတော့ […]

စိုးထိုက်အောင်၊ အန်ထောနီ ဖရူဆိုမြို့နယ်ခန်းမ နဲ့လောဘူးဒါးကျောင်းမှာထားရှိတဲ့ ပြည်ပကနေပြန်လာတဲ့ ၁၄ရက် စောင့်ကြည့်သူတွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် အစားအသောက်တွေလိုအပ်နေတယ်လို့အလှူရှင်ဒေါ်စုစုအေးက ပြောပါတယ်။ ပြည်ပပြန် စောင့်ကြည့်ခံရတဲ့ သူတွေ စုစုပေါင်း ဖရူဆိုမြို့နယ်ထဲမှာ ၅၈ဦးနဲ့ကျန်းမာရေး၊ လုံခြုံရေးဝန်ထမ်းတွေ အတွက်ပါဆိုလျှင် လူဦးရေက ၇၀ လောက်ရှိတာမို့ ရရှိထားတဲ့ အလှူငွေတွေနဲ့ မလောက်ခဲ့ဘူးလို့ သိရပါတယ်။ “ လူဦးရေက ရောက်ရောက်ချင်း၂၈ရောက်ပဲလို့ကျမတို့သိတာလေ ၂၈ယောက်ဆိုတော့ ၁သိန်းနဲ့ဆိုကောင်းကောင်းချက်လို့လောက်တယ်ဆိုတော့ ၁သိန်း အလှူခံလိုက်ရော ည၁၁နာရီလောက်ကျမ အမရေ ၆၀စာလောက်လုပ်မှဖြစ်မယ်ဆိုတော့ မိုးလင်းလာတော့ စောင့်တဲ့ဆရာမတွေရောအခြားဝန်ထမ်းတွေ အတွက်ပါဆိုတော့ ၇၀ကျွေးရတာပေါ့နော် ဒီနေ့အတိ ၃ရက်စာလုံးကို ၁သိန်းနဲ့ ၇၀ စာလောက်အောင်ချက်လိုက်တယ် လောက်တော့မလောက်ဘူးလေနော်။”လို့ဖရူဆိုမြို့၊ ညောင်ဇင်ရပ်ကွက်မှာနေတဲ့ ဒေါ်စုစုအေးက ပြောပါတယ်။ လူအယောက် ၇၀စာအတွက် […]

မီမြာ၊ ဦးမြာ ယခုလက်ရှိဖြစ်ပွားနေသာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ကြိုတင်ကာကွယ်ဖို့အတွက် လွိုင်ကော်မြို့နယ်ရှိ လောပိတဘက်မှာ လောပိတဖောင်ဒေးရှင်းအဖွဲ့နှင့် ကျေးရွာနေသူများက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာမှာ လိုအပ်ချက်တွေရှိနေသေးတယ်လို့ သိရပါတယ်။ ခုလိုလုပ်ဆောင်ရာမှာ Mask တွေ PPE ဝတ်စုံတွေလိုအပ်နေသေးတယ်လို့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွင် ပါဝင်ကူညီပေးနေတဲ့ လောပိသဒေသခံ ဦးမြင့်မောင်မောင် ကပြောပါတယ်။ ကာကွယ်ရေးပစ္စည်းတွေဘာမှ မရှိသေးဘူး ဆေးရုံမှာရော ကူညီနေတဲ့ လူမှုအသင်းအဖွဲ့တွေမှာရောအခုက ပရဟိတအဖွဲ့တွေနဲ့ပေါင်းပြီး လုပ်နေတာ။ လို့ သူကဆက်ပြောပါတယ်။ အခုလက်ရှိလောပိတမှာ PPE ဝတ်စုံနှစ်စုံရှိပြီဖြစ်ပြီး ငါးစုံလောက်ရှိရင်လုံလောက်နိုင်တယ်လို့လည်း ပြောပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆေးနှင့်ဆေးပစ္စည်းဖြန့်ဖြူးမှု များပြုလုပ်နေပြီး မနေ့က ကယားပြည်နယ်ကို PPE ဝတ္စုံ ၃၀၀ ပေးလိုက်တယ်လို့သိရပါတယ်။ လောပိတမှာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို လက်ကမ်းစာစောင်ဝေခြင်း၊ […]

ကျေးလက်နေပြည်သူတွေအတွက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကြိုတင်ကာကွယ်မှု အသိပညာပေး သတင်းအချက်အလက်အမှန်ရရှိစေဖို့ မြို့နယ်အလိုက် ဘာတွေဆောင်ရွက်နေပြီလဲ၊ ဒေသခံတွေ စိုးရိမ်ထိတ်လန့်မှုတွေကို ဘယ်လိုအသိပညာပေးလုပ်ဆောင်နေလဲ ဆိုတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတချို့ကို ဆက်သွယ်မေးမြန်းထားတာကို တင်ပြပေးလိုက်ပါတယ်။ ဦးနေမျိုးကျော် ( မယ်စဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုုး ) “အခုနယ်စပ်ဂိတ်မှာ ဌာနဆိုင်ရာအစုံနဲ့ ကျနော်တို့လာစောင့်နေတာလေး။ ကျနော်တို့က ရွာမှာသွားတဲ့ချိန်မှာ ကျေးရွာသူကျေးရွာသားတွေကို အစည်းအဝေးခေါ်တယ်လေး အစည်းအဝေးခေါ်တယ်ဆိုတာ ကျန်းမာရေးဌာနနဲ့ပူးပေါင်းပြီးတော့မှ ပြည်သူလူထုတွေကို ကိုရိုနာဗိုင်းရပ် အကြောင်းတွေကို လူထုအသိပညာပေးအနေနဲ့ ကျနော်တို့က့ပြုလုပ်တယ်။ ဒီလိုအသိပညာပေးတွေပြုလုပ်ပြီးတော့မှ အရေးပေါအခြေအနေတွေ ဖြစ်လာပြီးတော့မှ အရးပေါ်အခြအနေတိုင်း ကျနော်တို့ ဆယ်အိမ်မှုုး ယာအိမ်မှုုးတွေနဲ့ ခေါ်ပြီးတော့မှ ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ ဌာနဆိုင်ရာအစုံနဲ့ […]