နော်ဒွေးအယ်ခူ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါမူကလားကျေးရွာမှ တောင်သူများစိုက်ပျိုးရာ တောင်ယာမြေကို အမတ ၃၅၆ နှင့် ခမရ ၂၅၀ တပ်တို့မှ တပ်သိမ်းမြေအဖြစ် သတ်မှတ်ထားပြီး အုတ်တံတိုင်းခတ်ရန် တိုင်များ စိုက်ထူထားခြင်းကို ဒေသခံတောင်သူများက ဇွန်လ ၂၁ရက်နေ့ နံနက်ပိုင်းတွင် ဖယ်ရှားဖျက်ဆီးလိုက်ကြောင်း သိရသည်။  “သူတို့ကလည်း ငါတို့မှန်လို့ငါတို့လုပ်တယ် မင်းတို့လည်း မင်းတို့မှန်တာလုပ် ဆိုတော့လည်း တောင်သူတွေကလည်း ဒေါသတွေဖြစ်လာတယ်ပေါ့။ ဒီလိုမှ မကာကွယ်လည်း နည်းလမ်းမရှိတော့ဘူး။ အစိုးရကလည်း ပါဝင်ပြီးတော့ ကြားဝင်စေ့စပ်ပေးတာမျိုးလည်း မရှိလို့လေ။ အဲဒါကြောင့်တောင်သူတွေလည်း ဒီလိုအင်နဲ့အားနဲ့ အားလုံး ဒီလိုလုပ်မှပဲ တစ်ခုခုအဖြေထွက်မလားပေါ့နော” ဟု တောင်သူတစ်ဦးဖြစ်သည့် ဦးရယ်က ပြောသည်။ အုတ်တံတိုင်းများ ဖျက်ဆီးခြင်းနှင့်အတူ “ ဤတောင်ယာသည် […]

ကိုရယ် ခလရ (၁၀၂)တပ်ရင်းက အသုံးမပြုပဲ သိမ်းဆည်းထားသည့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာဟောင်းကို စစ်တပ်က ခြံစည်းရိုးခတ်ထားလိုက်သည့်ကိစ္စကို ဖြုတ်သိမ်းပေးရန် ဒေသခံများက ပြည်နယ်အစိုးရအဖွဲ့ ထံ တောင်းဆိုတင်ပြထားသည်ဟု သိရသည်။ “ခြံစည်းရိုးခတ်တာတို့ တော့ တင်ပြတာပဲလေး။ သူတို့ရဲ့ သူတို့ဟာနဲ့သူတို့ သီးသန့်ဆောင်ရွက်နေတာပဲလေး။ ဒါပေမယ့်ဒါကိုတော့ ခရိုင်ကနေတော့ ခေတ္တရပ်ဆိုင်းပေးဖို့ အဲလောက်ပါပဲ။” ငွေတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းချိုက ပြောပါသည်။ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ က ငွေတောင်ရွာသို့ ဝန်ကြီးချုပ်ခရီးစဉ်အတွင်းမှာ သိမ်းဆည်းခံထားရသည့် ဒေသခံများက မြေပြန်လည်စွန့်လွှတ်ရန် ယခင်အစိုးရလက်ထက်ကပင် တောင်းဆိုတင်ပြထားသည့် ငွေတောင်ရွာဟောင်းကိစ္စ ရပ်ကို ယခုလို ခြံစည်းရိုးခတ်ပြီးလုပ်ငန်းပြန်လည်စတင်ခြင်းသည် လယ်ယာမြေဥပဒေနှင့် မကိုက်ညီကြောင်း၊ ပြည်နယ်အစိုးရမှ လိုအပ်သည့်အရေးယူဆောင်ရွက်မှုများ […]

ကန္တာရဝတီတိုင်း(မ်) ဒေသခံများကန့်ကွက်သည့် ဖရူဆိုမြို့နယ်အတွင်းရှိ မြေလွတ်မြေလပ်လုပ်ပိုင်ခွင့် လျှောက်ထားသည့် ကိစ္စနှင့် ပတ်သက်ပြီး အထက်သို့ဆက်လက် တင်ပြသွားမည်ဖြစ်ပြီး သီးခြားစစ်ဆေးသွားမည်ဖြစ်ကြောင်း ဖရူဆိုမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်မှူး ဦးရဲထွန်းဦးက ပြောပါသည်။ “ကန့်ကွက်စာကို တရားဝင်တင်တော့လက်ခံတယ်။ အခုလည်းလက်ခံထားတယ်။ ကျနော်တို့က မြို့နယ်အဆင့် ဖြစ်တဲ့အတွက်ကြောင့် ကန့်ကွက်လွှာရှိတဲ့အတွက်ကြောင့် အထက်ကို လမ်းညွန်မှု ခံယူမှာပဲကျနော်တို့က။ ခရိုင်ကနေ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေး ကော်မတီကို ဆက်တင်ရင်တော့ ညွှန်ကြားချက်မှာတော့ သီးခြားစစ်မှာပေါ့လေ ဘာကြောင့်ကန့်ကွက်သလဲဆိုတာကိုလေး။”ဟု ဦးရဲထွန်းဦးက ပြောပါသည်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းလုပ်ပိုင်ခွင့်လျှောက်ထားသည့် လုပ်ငန်းရှင် (၄)ဦးမှာ ဖရူဆိုမြို့နယ်၊ ရာဧပရားကျေးရွာအုပ်စု၊ ခိုးဘာကျေးရွာအနီးတွင် ဦးမြင့်မောင်မောင်က ဧက ၂၀၀၊ […]

ကန္တာရဝတီတိုင်း(မ်)တပ်ရင်းအနီးရှိတောင်ယာမြေနေရာမှာတောင်သူတွေ ထွန်ယက်စိုက်ပျိုးလုပ်ကိုင်မည်ဆိုပါက စစ်တပ်ကတရားစွဲဆိုမည်ဟု ခြိမ်းခြောက်ခံနေရကြောင်း လွိုင်ကော်မြို့နယ် ဒေါမူကလားကျေးရွာမှ တောင်သူတွေဆီကနေ သိရပါတယ်။  ပြီးခဲ့တဲ့ မေလ ၁၇ရက်တုန်းက တောင်သူတွေ ထွန်ယက်စိုက်ပျိုးနေတာကို ခလရ(၂၅၀) တပ်ရင်းက အာဏာပိုင်တွေက စစ်ဝတ်စုံဝတ်ဆင်လာပြီး ဆက်မလုပ်ကြဖို့ လာရောက်တားဆီးတာတွေ ရှိခဲ့ပါတယ်။ ဒေါမူကလားတောင်သူတစ်ဦးဖြစ်တဲ့ ဦးရှားရယ်က “တောင်ယာမိုးလည်းကျခါစပြီဆိုတော့ တောင်ယာရှင်းတုန်း ထယ်တုန်းထွန်တုန်းလုပ်တုန်းပဲ ရှိသေးတယ် သူတို့ ၂၅၀တပ်ပဲ ဖြစ်ဖြစ်၊ အမြှောက်တပ်ပဲ ဖြစ်ဖြစ် သူတို့ တပ်ဧရိယာဆိုပြီးမှ သူတို့က ခြံခတ်မယ်ဆိုပြီးတော့ သူတို့ကလည်းထယ်ဖို့ ပြုဖို့ သူတို့အရင်ဆုံးလာတယ်သွားတာပေါ့နော။ တကယ်လို့ ကိုယ်ကဝင်လုပ်မယ်ဆိုရင် လည်းတရားစွဲမယ်လုပ်နေတယ်” လို့ ပြောပါတယ်။ စစ်တပ်ကနေ တောင်ယာမြေတွေကို တပ်ဧရိယာအဖြစ်သတ်မှတ်ပြီးအုတ်တံတားတွေ ပြုလုပ်သွားမယ်လို့ လည်းပြောဆိုသွားတယ်လို့သိရပါတယ်။  အဲဒီနောက် အုတ်တံတားခတ်ဖို့ […]

မူဂျာမီလှိုင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်မှု လျော့ကျလာစေရန်အတွက် ကုန်းမြင့်လယ်ယာဖော်ထုတ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။ ” သဘာဝတောတောင်ရေမြေတွေမပျက်စီးအောင် တောင်ကတုံးမှာ တောင်ယာမီးရှို့မှုတွေမရှိအောင် ရွှေ့ပြောင်းတောင်ယာစနစ်တွေပပျောက်အောင် အစ်မတို့က ကွန်တိုလိုင်းတွေဖော်ပြီးစိုက်ပျိုးတာတို့ ကုန်းမြင့်လယ်ယာဖော်တာတို့ ဒါမျိုးတွေကို ဆောင်ရွက်ပေးတာပေါ့” ဟု ဖယ်ခုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းထက်ကဆိုသည်။ သစ်တော၊ သစ်ပင်များမပြုန်းတီးမပျက်စီးရန် တောင်ကတုံးဒေသများတွင်လည်း နှစ်ရှည်ပင်များစိုက်ပျိုးနိုင်ရန်အတွက်လည်း တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ပြီး အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ဆောင်ရွက်ပေးနေကြောင်းသိရသည်။ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စုရှိ ကျေးရွာများသည် ရွှေ့ပြောင်းတောင်ယာများကို အဓိကထား လုပ်ကိုင်သည့်အတွက်ကြောင့် သစ်တောများပြုန်းတီးခြင်း၊ ရာသီဥတုများဖောက်ပြန်ခြင်းများ ပိုမိုဖြစ်လာနိုင်သောကြောင့် ကုန်းမြင့်လယ်ယာမြေများ ဖော်ထုတ်ခြင်းစနစ်ကို လုပ်ကိုင်ရခြင်းဖြစ်ကြောင်း ခေါင်းအိကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးပန်းညိုကဆိုသည်။ “အခုနိုင်ငံတော်က ကျွန်တော်တို့ကို သစ်တောထိန်းသိမ်းဖို့နဲ့ ရေမြေစိမ်းလန်းစိုပြေဖို့ဆို […]

ကန္တာရဝတီတိုင်းမ် ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှို သိမ်းယူထားသည့် မယ်စဲတိုက်နယ် ကက်သလစ်သာသနာ နယ်မြေကိစ္စကို ယမန်နေ့ မယ်စဲတိုက်နယ် ကက်သလစ်ဘုန်းတော်ကြီးနေအိမ်တွင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ကက်သလစ်ဆရာတော်ကြီး၊ ဘုန်းတော်ကြီးတို့နှင့် နှစ်ဖက်တိုင်ပင်ဆွေးနွေးနေစဉ် ဝန်ကြီးချုပ်မှ လိုအပ်လျှင်ပြန်လှူမည်ဟု ပြောဆိုထားကြောင်း သာသနာ့အကျိုးတော်ဆောင်အဖွဲ့ဝင် ကိုသားကြီးကပြောသည်။ ̏ ကျွန်တော်ကတော့ လိုအပ်ရင် ပြန်လှူပေးမယ်လို့တော့ ပြောတယ်ပေါ့နော၊ သူကလည်း သူ့အနေနဲ့မတရားယူထားတာ မဟုတ်ဘူး၊ ငါလုပ်ထုံးလုပ်နည်းနဲ့ အညီရယူထားတယ်လို့ပဲ သူသဘောပေါက်ထားတယ်ပေါ့နော။ သိချင်တယ်ဆိုရင်လည်း သူခေါ်လာတဲ့ ဥပဒေအရာရှိတွေရှိတယ်၊ ဦးစိုင်းကျော်ဇံတို့ဘာတို့ပါတယ် သူတို့ကို မေးကြည့်လို့ရပါတယ်လို့ပဲ ပြောတယ်လေ˝ ဟု ကိုသားကြီးက ပြောသည်။ သို့သော် လိုအပ်လျှင် ပြန်လှူပေးမည်ဟု မပြောဆိုထားကြောင်း ပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုက ကန္တာရဝတီတိုင်းမ်မှ မေးမြန်းချက်ကို […]

ခူးစိုးရယ်ဦး နိုင်ငံရေးပါတီအစုအဖွဲ့အနေဖြင့် ပင်လုံညီလာခံ၌ မြေယာကဏ္ဍအတွက် ဆွေးနွေးမှုကို အားရကျေနပ်ခြင်းမရှိဟု ယခုသတင်းပတ်တွင် ကျင်းပနေသည့် ၂၁ ရာစု တတိယပင်လုံညီလာခံသို့ တက်ရောက်နေသည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KDP)၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။ ၎င်းတို့က ကယားပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မြေယာကဏ္ဍအတွက် စာတမ်းပြုစုကာ ကြိုတင်ပြင်ဆင်ခဲ့သော်လည်း အစုအဖွဲ့၏ အစည်းအဝေးတွင် ဆွေးနွေးရာ၌ ကန့်သတ်မှုများရှိနေသည်ဟု ၎င်းက ပြောသည်။ ၎င်းတို့က ဓလေ့ထုံးတမ်းနှင့် ပတ်သက်သော မြေယာအချက်အလက်များကို အဓိကထား ပြင်ဆင်လာသော်လည်း ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးတွင် ကာကွယ်ရေးဆိုင်ရာ ဆက်နွယ်သည့် ကဏ္ဍကိုသာ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ “ပြင်ဆင်လာသည့်အပေါ် ၁ ရာခိုင်နှုန်းလောက်ဘဲ ပါဝင်တဲ့အတွက် ဒါဟာ အကန့်တစ်ခုဘဲ”ဟု ဦးသဲရယ်က ဆိုသည်။ […]

ဒီမြေယာတွေကို တရားဝင်ဖြစ်ရေးအတွက် ဥပဒေထဲမှာ ရေးဆွဲပြဌာန်းနိုင်ဖို့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပေမဲ့ လွှတ်တော်ရဲ့ပယ်ချမှုကို ခံခဲ့ရတယ်လို့ ဦးသဲရယ် က ပြောပါတယ်။ https://www.youtube.com/watch?v=BANcyR_0wO8&feature=youtu.be

 နော်ဒွေးအယ်ခူ မြန်မာ့မီးရထားမှ လွိုင်ကော်ဘူတာရုံမှ သိမ်းယူအသုံးပြုထားသည့် မြေအတွက် မူလပိုင်ရှင်တောင်သူများထံသို့ မြေယာလျော်ကြေးငွေများ ပြန်လည်ပေးအပ်လိုက်သည်။ ယင်းလျော်ကြေးများကို မတ်လ ၃ ရက်နေ့ နံနက် ၁၀ အချိန်က ပြည်နယ်အစိုးရခန်းမ၌ အခမ်းအနားဖြင့် ပေးအပ်ခဲ့သည်။ သိမ်းဆည်းမြေများနှင့် ပတ်သက်၍ အသုံးမပြုသောမြေများအား မူလပိုင်ရှင်တောင်သူများထံသို့ ပြန်လည်စွန့်လွတ်နိုင်ရေး၊ အသုံးပြုပြီးဖြစ်ပါကလည်း မူလပိုင်ရှင်များအား သင့်လျော်သည့် လျော်ကြေးများ ပေးအပ်ခြင်းမရှိပါက လျော်ကြေးများ ပေးအပ်နိုင်ရေး ချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒလုပ်ငန်းစဉ်များနှင့်အညီ တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ အခမ်းအနားတွင် အမှာစကားပြောကြားသည်။ လွိုင်ကော်ဘူတာရုံဧရိယာသည် ၄၄.၈၅၉ ဧကရှိသည့်အနက် တောင်သူများ၏ မြေယာ ၄၃.၂၄ ဧက ပါဝင်သည်။ မြေယာအား […]

စိုးရယ် တပ်သိမ်းမြေ ပြန်လည်ရရှိရရန်နှင့် အကျင့်ပျက်ဝန်ထမ်းများကို အလိုမရှိကြောင်း လွိုင်ကော်ဒေသခံ ၂၀၀ ကျော်က ဧပြီလ ၂၃ ရက်နေ့တွင် ဆန္ဒထုတ်ဖေါ်သည်။ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(လွိုင်ကော်)မှ ၂၀၀၇ ခုနှစ်ကတည်းက သိမ်းယူထားခြင်းအပေါ် ပြန်စွန့်လွှတ်ရန် မထောခူရွာနှင့် ဇရပ်ဖြူရွာသူ/သားတို့စုပေါင်း၍ လူအင်အား ၂၀၀ ကျော်က လွိုင်ကော်မြို့အတွင်း စီတန်းလမ်းလျှောက်ကာ တောင်းဆိုသည်။ လောပိတကျေးရွာအနီးတွင် ၎င်းတို့၏ မြေကို ဒကစက သိမ်းယူခဲ့ပြီးနောက် စရဖ တပ်မှူး(ငြိမ်း) ဦးထွန်းရွှေ၏ နာမည်ဖြင့် မြေစာရင်း ပုံစံ ၇ ထုတ်ပေးခဲ့ခြင်းအပေါ် တောင်သူများက မကျေနပ်ပေ။ အစောပိုင်းကာလ၌ ယင်းမြေယာပြဿနာကို ကယားပြည်နယ်လွှတ်တော်က ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ယင်းနောက် လွှတ်တော်က ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြသည်။ ဝန်ကြီးချုပ်ကမူ […]