ကန္တာရဝတီတိုင်း(မ်)- လွိုင်ကော်မြို့နယ် နမ့်ဘော်ဝမ်ရပ်ကွက်အနီး စစ်တပ်တောင်ကွင်းအမှတ် ၁၆၆ ရှိ မြေ ၇၇ ဧကကို  မြို့ပြ စီမံကိန်းမြေ (Town Plan)နေရာဟုဆိုကာ အစိုးရ၏ ဌာနဆိုင်ရာအဆောက်အဦးများ တည်ဆောက်ရန် ရည်ရွယ်နေပြီး ယင်းမြေနေရာကို ကန့်ကွက်နေသူများက ၎င်းတို့၏ စိုက်ပျိုးမြေများဖြစ်ကြောင်းဟု ဆိုကာ အပြန်အလှန်စွပ်စွဲမှုများ အငြင်းပွားနေကြသည်။ ယင်းမြေနေရာများသည် မြို့ပြစီမံကိန်းအတွက် ရေးဆွဲလျာထားသည့်အတွက် မြေနေရာတိုင်းတာခြင်း၊ အဆောက်အဦးများဆောက်လုပ်ခြင်းများ ဆက်လက်လုပ်ဆောင်ရန်သာ ရှိသည်ဟု လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက မေလ ၁၂ ရက်နေ့တွင် ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားသည်။   “၂၀၁၃ ကတည်းက Town Plan (မြို့ပြစီမံကိန်း) ရေးဆွဲထားပြီးသား။ ဒီမြေနေရာတွေ အစိုးရဌာနဆိုင်ရာရုံး ၃၄ ရုံး အတွက် […]

ကန္တာရဝတီတိုင်း(မ်) – ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့၌ တပ်လုံခြုံရေးအတွက် အကြောင်းပြချက်ဖြင့် သိမ်းယူထားသော ယာမြေဧက ၃၇၇ ဧကကျော်ကို   ပြန်လည်စွန့်လွှတ်ရန် မေလ ၁၁ ရက်နေ့က တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။   ၁၉၉၂ ခုနှစ်ကတည်းက အမှတ် ၄၂၂ ခြေမြန်တပ်ရင်းက သိမ်းယူခဲ့ခြင်းဖြစ်ပြီး ယာမြေ ၃၇၇ ဧကကို တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ဒေသခံများ ပါဝင်လျှက် ၃ ပွင့်ဆိုင် ကွင်းဆင်းတိုင်းတာမှုများ ပြုလုပ်ခဲ့ကာ တပ်မှ ပြန်လည်စွန်လွှတ်ရန် သေချာနေပြီဟု ဒေသခံတောင်သူ ဦးစိန်ဝင်က အတည်ပြု ပြောကြားသည်။ “အထက်ကနေ တဆင့်ပြီး တဆင့် ညွှန်ကြားလာတာ မြို့နယ်ကနေ ကျေးရွာအထိ ဒီရက်တိုင်းတဲ့ဟာကတော့ အတည်ပဲပေါ့” […]

စူးမယ် ဒီးမော့ဆိုမြို့နယ် ငုပလော့ ရပ်ကွက်အတွင်း ရှိ စစ်တပ် စခန်း တည်ထားသောမြေကို ဒေသခံများက ပြန်လည်တောင်းဆိုခဲ့ကြပြီးနောက်တွင် တောင်းဆိုခဲ့သည့် ဒေသခံများထဲမှ တချို့ကို စစ်တပ်မှ ခေါ်ယူတွေ့ဆုံခဲ့သည်။ ဒီဇင်ဘာ ၁၇ ရက်နေ့က ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အတူ မြေပိုင်ရှင် ၇ ဦးကို ခမရ ( ၄၂၇) မှ ခေါ်တွေ့ပြီး နယ်မြေအေးချမ်းလာသည့်အချိန်တွင် ဧရိယာအလိုက် မြေများပြန်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ငုပလော့ရပ်ကွက်ရာအိမ်မှူး ဦးအယ်ရိကိုက ပြောသည်။ ဦးအယ်ရိကိုက “တကယ်လို့များ တောက်လျှောက် တစ်သက်လုံး နယ်မြေမအေးချမ်းဘူးဆိုလို့ရှိရင် တစ်သက်လုံးပဲ ဒီလိုပဲ နေလာရမလားဆိုပြီးတော့ မေးလိုက်တယ်။ သူလည်း မဖြေနိုင်ဘူးလေနော် အဲတော့ ကျနော်တို့လည်း ပြန်လည်ပြီးတော့ ရရှိဖို့အတွက်တော့ […]

စိုင်းလင်းလင်းဦး နှစ် ၆၀ ကျော်ခန့်က ကန္ဒရဝတီစောဖျာ လှူဒါန်ထားသည့် သသနာ့ဝတ္တက မြေနေရာများအား အများပိုင် သာသနာ့နယ်မြေအဖြစ် ပိုင်းခြားသတ်မှတ်ရန်နှင့် ထပ်မံကျူးကျော်ခြင်းများမရှိစေရန် တူးမြောင်းဖေါ်ကာ ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်၍ အမှတ်အသားပြုလုပ်ခြင်းကို အာဏာပိုင်တာဝန်ရှိသူများမှ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပြန်လည်တိုင်းတာသတ်မှတ်ရာတွင် ဘုန်းကြီးကျောင်းဆောက်လုပ်ထားသောမြေ ၁၃၅.၇၆ဧက၊ ကျောင်းမရှိသော သာသနာ့မြေ ၁၃၉.၇၈ ဧကနှင့် လမ်းမြေ ၄.၈၅ ဧက စုစုပေါင်း ၂၈၀.၃၉ ဧက ပါဝင်စေလျှက် တိုင်းတာ သတ်မှတ်လိုက်ပြီဖြစ်သည်။ ထိုနေရာများအနက် အခွန်လွတ်သာသနာ့မြေအဖြစ် မသတ်မှတ်ရသေးသော သာသနာမြေဟု ဆိုသည့်နေရာများကို မြေယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေစာရင်းပုံစံ (၁၀၅/၁၀၆) ဖြင့် ဇူလိုင်လ ၈ […]

ထျိုးမြာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ မြို့မအုပ်စု၊ ငူးပလော့ရပ်ကွက်အလယ်ရှိ စစ်တပ်လုံခြုံရေးတပ်စခန်းအား ပြန်လည်ရုပ်သိမ်းပေးရန် ဒေသခံများက ဒေသကွပ်ကဲမှူးစစ်ဌာနချုပ် (ဒ.က.စ)နှင့် ကယားပြည်နယ် လွတ်တော်ဥက္ကဌထံတွင် စာတင်ထားကြောင်း သိရသည်။ ၂၀၀၅-၂၀၀၆ခုနှစ်ဝန်းကျင်တွင် နိုင်ငံရေးအခြေနေအရ ရပ်ကွက်တွင်းလုံခြုံရေး တပ်စခန်းချထားရန် (ဒ.က.စ) မှ လာရောက်တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် နယ်မြေဒေသလုံခြုံအေးချမ်းနေပြီဖြစ်၍ တပ်စခန်းကို ဖျက်သိမ်းပေးရန် ဒေသခံများမှ အလိုရှိနေကြခြင်းဖြစ်သည်။ “ စာပေါ်မှာအဓိက တင်ထားတာကတော့ ရပ်ကွက်အတွင်းမှာရှိတာက မသင့်တော်ဘူးပေါ့။ နောက် တပ်စခန်းတွေရှိတဲ့ မြေယာပေါ်မှာလည်း ရပ်ကွက်နေပြည်သူတွေက အိမ်တွေဆောက်ချင်ပြီပေါ့။ သူတို့နေရာကို ပြန်ဖယ်ပေးဖို့ပေါ့။ နောက်တစ်ခုက ငြိမ်ချမ်းရေးတည်ဆောက်နေတဲ့ ကာလဖြစ်တဲ့အတွက် ဒါတွေက မလိုအပ်တော့ဘူးပေါ့။ အဲ့ဒါတွေ ပြောချင်တာ ” ဟု ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ […]

လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာတချို့မှ တင်ပြလိုသည့် အခက်အခဲများ ထေးငှားလျားရွာ မှ ဦးစိုးရယ် …………………………………. “ရွာမှာက အခု တစ်ခုရှိတာက ကေဘယ်ကြိုးမြှပ်တာပေါ့။ အဲဒါကို ကန့်ကွက်တဲ့သူ တစ်ချို့ရှိနေတယ်။ ပြီးတော့ တာဝါတိုင်ထောင်တာလည်း ကန့်ကွက်သူ တစ်ချို့ရှိတယ်။ ကျနော်တို့ တစ်ရွာလုံးရဲ့ သဘောထားကို ကောက်ယူတော့ ကေဘယ်ကြိုးက ထောက်ခံသူတွေပိုများပြီးတော့ ဆက်သွယ်ရေး တာဝါတိုင်ကိုကျတော့ ကန့်ကွက်တဲ့သူ ပိုများတယ်။ သူတို့ ကန့်ကွက်တာက သူတို့စက်နဲ့လုပ်တော့ စက်သံက ဆူညံလွန်းတယ် အဲဒီတစ်ချက်ကြောင့်ပါ။ ရှမ်းပြည်နယ်ကနေ လုပ်ပြီး ကျနော်တို့ရွာကို ဖြတ်ဆင်းတာပါ။ ကျနော်တို့ တစ်ခေါက် နှစ်ခေါက်လောက် ညှိပေးပြီးတော့ ဒီနေ့ သူတို့ အပြီး လုပ်နေတယ်။ ကေဘယ်ကြိုးက ထောက်ခံသူတွေများတော့ သူတို့အပြီးလုပ်လိုက်တာပါ […]