ကယားပြည်နယ်အတွင်း ပြည်သူ့ဘဏ္ဍာငွေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေးစီမံကိန်းများတွင် စစ်ဆေးတွေ့ရှိချက်အရ လုပ်ငန်းကြီးကြပ်မှု အားနည်း သည့်အပိုင်းများတွေ့ရှိရသည်ဟု ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီမှ အဖွဲ့ဝင် ဦးစောကလိုမူး ကပြောသည်။ ဦးစောကလိုမူးက “ အဓိကတွေ့ရတဲ့အချက်က ကန်ထရိုက်တွေ လုပ်တဲ့လုပ်ငန်းတွေမှာ လက်ရာလေးတွေ နည်းနည်းညံ့တယ် အရည်အသွေးကျတော့ ကျနော်တို့က တိတိကျကျစစ်ဆေးဖို့ကျတော့ အရည်အသွေးမှာ နည်းနည်းညံ့တာလေးတွေ ရှိတယ် ဒါက မျက်မြင်အရသော်လည်းကောင်း လုပ်ငန်း အတွေ့အကြုံအရ အဲ့ဒါလေးတွေတော့ ရှိတယ်။” ဟု ပြောသည်။ ၎င်းကော်မတီသည် နိုင်ငံတော်၏ ၂၀၁၆-၁ရ ခုနှစ် ဘတ်ဂျက်တွင်ပါရှိသည့် စီမံကိန်းများကို စစ်ဆေးပြီးနောက် တွေ့ရှိချက်များကို ပြည်နယ်လွတ်တော်ဥက္ကဌထံ တင်ပြ ရခြင်းဖြစ်သည်။ ထို့နောက် ကော်မတီ၏ တင်ပြချက်များအပေါ်အခြေခံပြီး လွတ်တော်က အရေးယူသင့်သည်များကို […]

ဖဲဘူး – နေ့စားခနှင့်စားစရိတ် ၊ လမ်းစရိတ်မထောက်ပံ့နိုင်သည့် အစိုးရဌာနဆိုင်ရာ လူထုဖွံ့ဖြိုးရေးစီမံကိန်း အစည်းအဝေးတွင် လူထုများက တက်ရောက်လာမှုအား နည်းနေသည့်အခက်အခဲ တွေ့နေရသည်ဟု ဒီးမော့ဆိုကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးနိုင်ကပြောသည်။ ဒေသတွင်း ကွင်းဆင်းဆောင်ရွက်သည့်အခါတွင် အသေးစားထောက်ပံ့မှုများပေးနိုင်သည့် NGO , INGO အဖွဲ့အစည်းများ ကဲ့သို့မဟုတ်သည့်အတွက် လူထုများကို တွေ့ဆုံရန် အခက်အခဲနှောက်နှေးမှုများ ရှိစေသည်ဟု ဆိုပါသည်။ ” ဘာဖြစ်လို့လဲဆိုရင် သူတို့က ထမင်းစားစရိတ်တွေ လည်းကျွေးနိုင်တယ်။ ခရီးစရိတ်လည်းပေးနိုင်တယ်။ နေ့စားခလည်းပေးနိုင်တယ်။ အဲလိုဖြစ်နေတဲ့ အနေအထားမှာ ကျနော်တို့ ဦးစီးဌာနဆိုတဲ့ ဒီအစိုးရအနေနဲ့ပေါ့နော။ ဌာဆိုင်ရာတွေအားလုံးပဲ။ ဘာပဲလုပ်လုပ် .. ရွာသားအနေနဲ့ ခုချက်ချင်း လက်ငင်းရမှာ လာမယ်ဆိုတဲ့ပုံစံမျိုးတွေ ရှိတယ်ပေါ့နော။” ဟု […]

ဦးမြာ မော်ချီးမြေပြိုမှုကြောင်း ရွေ့ပြောင်းနေထိုင်ကြရတဲ့ ဒေသခံတွေဟာ နေရာသစ်မှာ နေထိုင်ပြီး စီးပွားရေး လုပ်ကိုင်ရတာ အဆင်မပြေကြောင်း သိရပါတယ်။ မြေပြိမှုထဲအိုးအိမ်များ ဆုံးရှူံးသွားရတဲ့လူတွေကိုတော့ လက်ရှိမှာမော်ချီးဒေသနဲ့ လေးမိုင်ခန့်ဝေးတဲ့နေရာမှာ အလင်းတန်းကျေးရွာအမည်ဖြင့် ပြန်လည်နေရာချထားရေးကိုအစိုးရမှ ဆောင်ရွက်ပေးထားတာ ဖြစ်ပါတယ်။ “အဲ့ဒီမှာကသူတို့ချပေးတဲ့နေရာနဲ့က စီးပွားရေးလုပ်စားလ ို့မရဘူးစီးပွားရေးတစ်ခုဖြစ်ဖို့အတွက် ဝမ်းစာကိုရှာလို့မလွယ်ဘူး။ ကိုယ်တတ်ထားတဲ့ပညာနဲ့ အဲ့ဒီနားမှာလည်း လုပ်လို့မရဘူး။ ကျတော်ဆိုရင် ပရိဘောဂတတ်တယ် ကျတော့်မိန်းမဆိုရင် စက်ချုပ်တယ်။ အဲ့မှာအိမ်ခြေလေးငါးဆယ်လောက်နဲ့ ကျတော်တို့ ပရိဘောဂသွားလုပ်လို့ မရဘူးစက်ချုပ်လို့မရဘူး။ အဲ့ဒါကြောင့် နောက်ဆုံးဟိုမှာက စားဝတ်နေရေး ကျပ်တည်းလာတယ်။” ဟု အလင်းတန်းကျေးရွာတွင် နေထိုင်သူ ကိုဒိုးလုံးကပြောသည်။ မော်ချီးဒေသရှိဒေသခံများဟာသတ္တုကိုသာအဓိကကထားပြီးစားဝတ်နေရေးအတွက် လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။ မြေပြိုမှုဖြစ်ပြီးနောက်ပို်င်းမှာအလုပ်ရှားပါးလာတဲ့အမျှ တစ်ပိုင်တစ်နိုင်စီးပွားရေးအဖြစ် ဈေးရောင်းလုပ်ကိုင်နေကြတဲ့ အိမ်ရှင်မတွေအတွက်လည်း ထိခိုက်မှုတွေ ရှိလာတယ်လို့ […]

ထျိုးမြာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သည် လုပ်ရှားမှုပုံမှန်ရှိနေပြီး အစိုးရနှင့် သဘောတူထားသည့်အတိုင်း တစ်ဘက်နှင့်တစ်ဘက် ဖောက်ဖျက်မှုမရှိပါက တိုက်ပွဲပြန်ဖြစ်န်ုိင်ခြေမရှိကြောင်း ကရင်နီအစိုးရပြည်ထဲရေးဝန်ကြီ ခူထဲဘူး ကပြောသည်။ “ကျနော်တို့ဘက်ကတော့ ဘာမှပြင်ဆင်ဖို့တိုက်ပွဲဖြစ်ဖို့ မမျှော်လင့်ဘူးပေါ့။ ဒါပေမဲ့ သဘောတူထားတဲ့အတိုင်းပဲ ဖောက်ဖျက်ကြမယ်ဆိုရင်တော့ ဒါကတော့မပြောနိုင်ဘူးလေး။ ဒါပေမဲ့ ဒါကတော့ ဖောက်ဖျက်တဲ့လူအပေါ်မှာ မူတည်တယ်ပေါ့။ ကျနော်တို့ပြောထားပြီပဲ ကျနော်တို့ဘက်ကတော့ တစ်ကယ်သဘောတူညီထားတဲ့အတိုင်းပဲ လမ်းမပေါ်မှာထွက်လျှောက်မယ်၊ လုပ်ရှားမယ်ဆိုရင် သူတို့ကိုအရင်သတင်းပို့မယ်။ ဒါပေမဲ့ သူတို့ဘက်က ကျနော်တို့ရှိတဲ့တောဘက်က်ို လာမယ်ဆိုရင် အရင်သတင်းပို့ရမယ်လို့ ” ဟုသူကပြောသည်။ မိမိတို့အဖွဲ့အစည်းသည်တောထဲမည်သည့်နေရာတွင် နေထိုင်နေသည်ဟု အတည်တကျ မပြောနိုင်သောကြောင့် အကယ်၍ အခြားတစ်ဘက်မှအသိမပေးဘဲ မိမိတို့အဖွဲ့ရှိရာ တောထဲသို့ရောက်လာလျှင် ပစ်နိုင်ခြေရှိသည်ဟု ၎င်းကပြောပါသည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)သည် တစ်နိုင်ငံလုံအပစ်ခတ် တိုက်ခတ်မှု […]

မူအက်စတာ နှစ်စဉ်နှစ်တိုင်း ကယား(ကရင်နီ) ပြည်နယ်အတွင်းက ဘိန်ခင်းနေရာတွေကို ရဲတပ်ဖွဲ့ တွေကနေ သွားရောက် ဖျက်ဆီးလေ့ရှိပါတယ်။ ဒီးမော့မြို့နယ် လိုဘာခိုကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ဘိန်းခင်းတွေကို အောက်တိုဘာ ၂၂ ရက်နေ့က ဒေသခံရဲတပ်ဖွဲ့တွေက သွားရောက်ဖျက်ဆီးခဲ့ပါတယ်။ လိုဘာခို အုပ်စုက ရွာသူရွာသားတွေ ၁၉၉၅ ခုနှစ်ကတည်းက ဘိန်းစိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုလာကြတာဖြစ်ပါတယ်။ အဓိက စိုက်ပျိုးရေးဖြစ်တဲ့ ဘိန်းခင်ဖျက်တာနဲ့ပါတ်သက်ပြီး အုပ်စုအုပ်ချုပ်ရေးမှူး ဦးဟင်နရီကို သူတို့ ဘာကြောင့် ဘိန်းစိုက်ပျိုးကြတယ်၊ ဘာတွေအခက်ခဲရှိလဲ ဆိုတာတွေကို တွေ့ဆုံမေးမြန်းပြီး ကောက်နုတ်တင်ပြလိုက်ပါတယ်။ မေး။ ။ ဦးတို့ အခုလို နိုင်ငံတော်ကနေပြီးတော့ ဦးတို့စိုက်ပျိုးထားတဲ့ ဘိန်းတွေကို လာရောက်ဖျက်ထားတာနဲ့ ပတ်သက်ပြီး ဘယ်လိုပြောချင်လဲ။ ဖြေ။ ။ အစကတည်းကလည်း ဘိန်းနဲ့ပတ်သက်ရင်တော့ […]

မူအက်စတာ အောက်တိုဘာလအတွင်းမှာပင် ကယားပြည်နယ်၏ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်လိုက် ပြီဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမည့်သူများ ဝင်ရောက်လာ တော့မည်ဖြစ်သည်။ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရေးအတွက် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုးမျှတစွာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်းကောင်း အစိုးရဘက်က ရင်းနှီးမြှုပ်နှံသူများကို အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်တစ်ရပ်ကို ပေးထားပါသည်။ ကယားပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုသည် ဇုန်(၂)တွင် ချဉ်းကပ်နေပြီဖြစ်ကြောင်း ဇုန်(၁)သည် ဖွံ့ဖြိုးမှုနည်းပါးသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ိကို ခေါ်သော်လည်း ကယားပြည်နယ်သည် အရမ်းကို ဖွံ့ဖြိုးမှုနည်းနေသည့် အခြေအနေတွင် ရှိ မနေတော့ပဲ တဖြည်းဖြည်းနှင့် တိုးတက်နေပြီဖြစ်သည်ဟု လွိုင်ကော်မြို့ လင်းလက်ရွှေတောင်ပံ ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဘန်ဒီက ပြောသည်။ ဖွံ့ဖြိုးမှု […]

မူအက်စတာ ကယားပြည်နယ်နှင့် ထိုင်းနိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပြည်နယ်မှ သစ်ချောထည်များကို ကုန်သွယ်မှုမပြုနိုင်သေးကြောင်း ကယားပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ကယားပြည်နယ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဦးဆော်လမွန်ကပြောသည်။ ယခုချိန်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းမှနေ၍ ကယားပြည်နယ်နှင့် ထိုင်းနိုင်ငံကြား ကုန်သွယ်လို့ရသည်မှာ စိုက်ပျိုးရေးသီးနှံများသာ ဖြစ်ကြောင်း ဆိုပါသည်။ “ကယားပြည်နယ်ကနေပြီးတော့ အဓိက တင်ပို့လို့ရတာကတော့ စိုက်ပျိုးရေးထွက်ကုန်ပဲ ရှိဦးမယ်၊ စိုက်ပျိုးရေးထွက်ကုန်ရယ် နောက်ပိုင်းကျရင် ကျနော်တို့ သစ်အချောတွေ၊ သစ်အချောကုန်လို့ ပြောရမယ်ပေါ့နော၊ သစ်အချောထည်ပစ္စည်းလေးတွေ ပို့ဖို့အတွက် ရည်ရွယ်ထားတယ်ပေါ့နော။” ဟု ဦးဆော်လမွန်က ပြောသည်။ သစ်တောထွက်ပစ္စည်းများဆိုသည်မှာ သစ်ကိုကုန်ချောအဖြစ် တင်ပို့နိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကူးသန်းရောင်းဝယ်လိုသည့် ကုန်သည်များကို ကုန်သွယ်ရေးကဒ်များ ကုန်များကို တစ်ပိုင်တစ်နိုင်ကုန်သွယ်သွားလာခွင့် ကဒ်(International Trade Center)ကဒ်များကို […]

ထျိူးမြာ   ဌာနေတိုင်းရင်းသား မျိုးနွယ်စုတွေဖြစ်ကြတဲ့အတွက် ကရင်နီလူမျိုးတွေဟာ မိမိတို့ရဲ့ မိရိုးဖလာ ရိုးရာဖားစည်ကို အထွဋ်အမြတ်ထားကြပါတယ်။ တချိန်က ကယား(ကရင်နီ)ပြည်ငယ်လေးထဲမှာ ဖားစည်တွေမြောက်များစွာရှိခဲ့ပေမဲ့ ခေတ်တကွေ့ရဲ့ စီးပွားရေးအခြေအနေ အကြပ်အတည်းနဲ့ နှစ်ပေါင်းရှည်ကြာကြီး ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တို့ရဲ့ အကျိုးဆက်တွေကြောင့် ဖားစည်တွေတဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ကြရပါတယ်။ ယခင်က ဖားစည်ကို ရပ်ထဲ၊ ရွာထဲမှာ လွယ်လွယ်ကူကူနဲ့မြင်တွေ့နိုင်ပါတယ်။ အခုချိန်မှာဖားစည်ကို အလွယ်တစ်ကူကြည့်ရှုချင်တယ်ဆိုရင်တော့ ကယားပြည်နယ် လွိုင်ကော်မြို့မှာရှိတဲ့ ယဉ်ကျေးမှုပြခန်းမှာသာ သွားကြည့်ရတော့မှာပါ။ ယခုဆိုရင် ပြခန်းမှာ ဖားစည်အလုံးရည်ပေါင်း ဆယ့်ခြောက်လုံးလောက်ဘဲထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ ပြတိုက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယဦးစီးမှူး ဦးဆော်ရယ်က ပြောပါတယ်။ ဖားစည်ရဲ့ပုံသဏ္ဍာန်ကတော့ မျက်နှာပြင်ပေါ်မှာရှိတဲ့ အလှဆင်အကွက်တွေကိုတော့ ဝါးကိုပုံဖော်ပြီး ဖယောင်းတွေပေါ်မှာ ရိုက်နှိမ့်ထားတာဖြစ်ပါတယ်။ ဖားစည်းရဲ့မျက်နှာပြင်ပေါ်မှာဆိုရင် ဖားရုပ်၊ ငါးရုပ်၊ […]

ခူးကြူ းဖဲကေး ခေတ်ပေါ်တေးတစ်ပုဒ်လို ဒီမိုကရေစီ ဆိုတဲ့အရာကြီးဟာလဲ အုပ်ချုပ်သူလူတန်းစားဆီကနေ ထွက်ကျလာတာ မြင်မကောင်းကြားမကောင်းနိုင်အောင် ရှိတဲ့ ပြည်နယ်တစ်ခုပါ။ ဒီမိုကရေစီ ဆိုတဲ့အနှစ်သာရကို အတွင်းကျကျ နားလည်ရန် ရှားပါးနေသေးတဲ့ ပြည်နယ်တစ်ခုပါ။ ခွင့်လွတ်ခြင်းမရှိကြတဲ့ တရားတွေ၊မကျေချမ်းမူတွေ၊ အတ္တကြီးသူတွေကြား ကြားညှပ်ခဲ့ရတဲ့ ဒီမိုကရေစီ အစိုးရဆိုတာကလဲ အာဏာလား၊ လုပ်ပိုင်ခွင့်လား မကွဲကြသေးတဲ့ အုပ်ချုပ်ရေး ယန္တရားပြည်နယ်တစ်ခုပါ။ ဒေသခံ စစ်ဘုရင်များရဲ့ လွမ်းမိုးခွင့်အများဆုံး ပြည်နယ်တစ်ခုဖြစ်သလို လူအခွင့်အရေးဆိုတာကလဲ အိမ်မက်ထဲ ၊ ညအိပ်ဝင်မူကြားထဲ ပျောက်ဆုံးနေတဲ့ ကညားမော် နတ်သမီးလေးလို ဖြစ်နေရတဲ့ ပြည်နယ်တစ်ခုပါ။ ဒီကြားထဲ စစ်တပ်က စစ်ရေးလေ့ကျင့်ကွင်းလို ပြုလုပ်ခံထားရတဲ့ ပြည်နယ်တစ်ခုပါ။ အဲလို ပြည်နယ်တစ်ခုမှာ ဒီမိုကရေစီဆိုတာ အုပ်ချုပ်သူ ပါးစပ်က […]

ဘိုထီး   ကမ္ဘာကြီးတခုလုံးဟာ အမြဲတမ်းတိုးတက်ပြောင်းလဲနေတယ်လို့ လူအများကပြောကြပေမဲ့ လူတစ်ဦးရဲ့ အရည်အချင်း၊ လူတစ်ဦးရဲ့တန်ဖိုးကို ကောင်းမြတ်တဲ့ စိတ်ထားထက် ငွေကြေးချမ်းသာကြွယ်ဝမှုနဲ့သာ တိုင်တာဆုံးဖြတ်ကြတာဟာ အနာဂတ်လောကကြီးအတွက် ရင်လေးစရာဖြစ်စေပါတယ်။ ရုပ်ရည်လှပတဲ့ အမျိူးသမီးပျိုလေးတွေကို လူပျိုလူငယ်တွေက ဝိုင်းဝိုင်းလည်နေတဲ့ အစဉ်အလာတွေ ၂၁-ရာစု ခောတ်ကြီးမှာ မထူးဆန်းတောပေမဲ့ သံယံဇာတပေါများကြွယ်ဝတဲ့ တိုင်းရင်းသားဒေသတွေကို သူပိုင် ငါပိုင် ငြင်းခုန်နေကြတဲ့ အင်အာကြီးအဖွဲ့ခေါင်းဆောင်တွေရဲ့ မြန်မာ့နိုင်ငံရေးဇတ်ခုံကြီး ယနေ့ထိ ကန့်လန်ကာ မချနိုင်သေးတာ အင်မတန်ပဲ အံ့ဩဖိုးကောင်းပါတယ်။ သမ္မတ ဦးသိန်းစိန် လက်ထက်ကစပြီး အရပ်သားအစိုးရလက်ထက်အထိ ဒုသမ္မတတွေဟာ တိုင်းရင်းသားများ ဖြစ်ကြပေမဲ့ တိုင်းရင်းသားအရေးဆောင်ရွက်နိုင်တဲ့ အခွင့်အာဏာ သူတို့မှာ မရှိကြပါဘူး။ တိုင်းရင်းသားခေါင်းဆောင် တော်တော်များများဟာ နိုင်ငံတော် အဆင့်မှာ ရာထူးတွေ […]