ဒေသထွက် လက်မှုထုတ်ကုန်များ ဈေးကွက်တွင်နေရာမရှိ၊ ပြခန်းတွင်သာနေရာရှိ

မူအက်စတာ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အတွက် ဒေသထွက် လက်မှုထုတ်ကုန်များသည် ဈေးကွက်တွင်မရှိဘဲ ပြခန်းများတွင်သာ တွေ့နေရသည်။ ဈေးကွက်တွင် မရှိသည့် ဒေသထွက်သီးနှံ၊ ကုန်စည်၊ အမှတ်တရပစ္စည်းများသည် ယခုလို ကယားပြည်နယ်နေ့ နေ့ထူးနေ့မြတ်တွင် အစိုးရမှ ဒေသခံတောင်သူများအတွက် အစီအမံတခု ဆောင်ရွက် ပေးထားသင့်သည်ဟု စားသုံးသူရေးရာ ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်စွမ်းက ပြောသည်။ သို့သော် ပြခန်းတွင် ပြသထားသည့် ဒေသထွက်ကုန်များမှာ ဈေးကွက်တွင်းသို့ရောင်းချနိုင်ရန် အခွင့်အရေးနည်းလမ်းများမရှိဘဲ ပြည်နယ်အထိမ်းအမှတ်ပွဲနေ့ ရောက်မှသာလျှင် လာရောက်ပြသထားကြသည်ကို တွေ့ရသည်။ ပြခန်းတွင် ပြသထားရသည့် ရည်ရွယ်ချက်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနမှ ပြခန်းတာဝန်ကျသူက ရှင်းပြသည်။ “ဒေသထွက်ကုန်လေးတွေ အလေအလွင့်မရှိအောင် […]

သံလွင်ကို လွတ်လပ်စွာစီးဆင်းစေရန် အတွက် ဖားဆောင်းမြို့တွင် စည်းရုံးလှုံ့ဆော်

ဖဲဘူး သံလွင်မြစ်ကို လွတ်လပ်စွာစီးဆင်းစေလိုသော ရည်ရွယ်ချက်ဖြင့် ဖားဆောင်းမြို့ တွင် ကလျာဏမိတ္တ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဦးဆောင်ပြီး “သံလွင်ပွဲတော်” ကိုပြုလုပ် ခဲ့ကြပါတယ်။ “တခြားနိုင်ငံတွေရဲ့ဥပမာကို ကျနော်တို့ကြည့်မယ်ဆိုရင် တော့လည်း ဒီရေကာတာကြီးတွေကို ဆောက်တဲ့ဆိုးကျိုးတွေ ၊ မြစ်ဝှမ်းဒေသတွေမှာသွားပြီးတော့ စက်မှုဇုံတွေလုပ်လိုက်လို့ pollution( ညစ်ညမ်းမှု) တွေဖြစ်ခဲ့တာတွေ ၊ မြန်မာနိုင်ငံမှာဆိုရင် စစ်တောင်းမြစ်မှာဆိုရင် ငါးသလောက်တွေမျိုးတုန်းတဲ့အထိ ဖြစ်ခဲ့တဲ့အဖြစ်ဆိုးတွေရှိ ခဲ့ဖူးတယ်လေ။ ဆိုတော့ ဒီသံလွင်မြစ်ကိစ္စကို လည်းကျနော်တို့အရမ်းစိုးရိမ်တယ်” ကလျာဏ မိတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဘိုဘိုလွင် ကပြောပါသည်။ စွမ်းအင်အရင်းမြစ် ထုတ်လုပ်နိုင်ရေးအတွက် သံလွင်မြစ်ပေါ် ရေကာတာ တည်ဆောက် ရန်အတွက် စစ်အစိုးရလက်ထက် အပြင် ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း သဘောတူ လက်မှတ်ရေးထိုးတာမျိုးရှိခဲ့တာပါ။ လက်ရှိကယားပြည်နယ်မှာတော့ […]

လူငယ်မူဝါဒ ရေးဆွဲရေးအတွက် ပြည်နယ်ကိုယ်စားပြု လူငယ်သုံးဦးရွေးချယ်ရာတွင် ဌာနေတိုင်းရင်းသား တစ်ဦးသာ ပါဝင်

ထျိုးမြာ ကယားပြည်နယ်အစိုးရနှင့် မြန်မာနိုင်ငံလူငယ်မူဝါဒ ရေးဆွဲရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင် တစ်ချို့ပူးပေါင်းကာ ကယားပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လူငယ်များနှင့် မြို့နယ်အသီးသီးမှ ရပ်ကွက်အတွင်းရှိ လူငယ်များကို ဖိတ်ခေါ်ပြီး ကယားပြည်နယ် ကိုယ်စားပြု လူငယ်ကိုယ်စားလှယ် ပေါ်ထွက်နိုင်ရေးကို ဇန်နဝါရီလ ၆ ရက်နေ့က ရွေးချယ်စေခဲ့သည်ဟု သိရသည်။ ထိုသို့ ရွေးချယ်လိုက်သောပုံစံကို မြန်မာနို်င်ငံလူငယ်မူဝါဒ ရေးဆွဲရေးလုပ်ငန်း ကော်မတီမှ စစ်ကိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ် ကိုဇော်သူရိန်ထွန်းက ယခုလို ရှင်းပြသွားပါသည်။ “တက်လာတဲ့လူငယ် (၂၇၂) ယောက် ပေါ့နော။ သူတို့ကပဲ အချင်းချင်း ရွေးလိုက်တာပါ။ ရွေးကိုရွေးရမယ်ဆိုပြီး ကျနော်တို့ကလည်း ဘာမှမပြောသလို ပြည်နယ်အစိုးရကလည်း မပြောပါဘူး အဲ့ဒါလူငယ်တွေရဲ့သဘောထားကို ကျနော်တို့မေးပါတယ်။ ရွေးမလားဆိုပြီးတော့ အဲ့မှာတက်လာတဲ့လူငယ်တွေက သူတို့က ပြည်နယ်တစ်ခုတည်းပဲ […]

မယ်စဲမြို့နယ်ရှိ ကျောက်စုရွာမှတောင်သူများ၏ တောင်ယာမြေမှတ်ပုံတင်ရန် ခက်ခဲနေဆဲ

ကန္တာရဝတီတိုင်း(မ်) မယ်စဲ့မြို့နယ် ၊ မယ်စဲ့နန်ကျေးရွာအုပ်စု ၊ ကျောက်စုကျေးရွာရှိ တောင်သူများ ၎င်းတို့၏ တောင်ယာမြေများကို လယ်ယာမြေဥပဒေအရ မှတ်ပုံတင်နိုင်ရန် အခက်အခဲရှိနေကြသေးသည်ဟု Kayah Earthrights Action Network(KEAN) မှ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးမိုးက ပြောပါသည်။ “သူတို့လုပ်စားနေတဲ့တောင်ယာမြေတွေက အသိအမှတ်ပြုတခုခုလိုချင်တယ်။ အဆင်မပြေဘူး။ သစ်တောက ကင်းလွတ်ခွင့်မပေးသေးတဲ့ မြေနေရာဒေသဖြစ်တဲ့အတွက် ပုံစံ(၇)လျှောက်လို့မရတဲ့ အခြေအနေပါ” ကိုစိုးမိုးက ပြောသည်။ ကယား(ကရင်နီ)ပြည်နယ်ရှိ ဒေသခံတောင်သူလယ်သမားများ၏ တောင်ယာမြေများသည် ၂၀၁၂ ခုနှစ်လယ်ယာမြေဥပဒေအရ မှတ်ပုံတင်နိုင်ရန် အခက်အခဲများစွာရှိနေသေးသည်ဟု ဆိုပါသည်။ ကျောက်စုရွာအနီးအနားရှိဧရိယာကို ၂၀၁၅ ခုနှစ်က သီးနှံသစ်တောရောနှော အစုအဖွဲ့ပိုင် ယာစည်းရိုးသစ်တောစိုက်ခင်း သံလွင်ရှေ့ခြမ်း (၂) ကြိုးပြင်ကာကွယ်တောကို ၃၂.၄၉ ဧကအတွက် နှစ်ပေါင်း […]

ကယားပြည်နယ်နေ့ဈေးဆိုင်ခန်းများ ယခင်နှစ်ကထက် ဈေးပိုကြီး

စိုင်းလင်းလင်းဦး ၆၅ နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်၌ ဈေးရောင်းချရန်အတွက် နေရာချပေးထားသော ဆိုင်ခန်းနေရာများ ယခင်နှစ်ကထက် ဈေးပိုကြီးနေသည်ဟု သိရသည်။ ပစ္စည်းအမျိုးမျိုးရောင်းချရန်၊ စားသောက်ကုန်များရောင်းချရန်၊ ပျော်ပွဲရွင်ပွဲပြုလုပ်ရန်နေရာများနှင့် အိမ်သာနေရာများအတွက် နေရာဖြစ်သည်။ ပျံကျဈေးတန်းတွင် ယခင်နှစ်က ကျပ်နှစ်သိန်းသာရှိခဲ့သော်လည်း ယခုနှစ်တွင် သုံသိန်းကျော်ဝယ်ယူနေရကြောင်း ရေမုန့်ရောင်းရန် ပျံကျဈေးတန်းတွင်ယူထားသော ကိုထွန်းလင်းအောင်က ပြောသည်။ “တဆင့်ပြီးတဆင့် သုံးဆင့်လောက်ဖြစ်သွားတော့ ဈေးတက်သွားတယ်။ ပြီးတော့ ဆိုင်ခန်းလည်း ကိုယ်လိုချင်တဲ့နေရာမရဘူး။ ကိုယ်လည်း ကလေးငယ်နဲ့ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်ယူရမှာပဲလေ။ ကျနောတို့ နှစ်သိန်း နှစ်သိန်းခွဲလောက်ဆို မဆိုးဘူး။” ကိုထွန်းလင်းအောင်က ပြောကြားသည်။ ထို့အပြင် ပျော်ပွဲရွင်ပွဲတန်းများတွင် ၁ဝ ပေအခန်းကို ယခင်နှစ်က သုံးသိန်းကျပ်သာ ဝယ်ယူခဲ့ရသော်လည်း ယခုနှစ်မှာ ငါးသိန်ကျပ် အထိပေးဝယ်ခဲ့ရသဖြင့် […]

ဒေါဆိုဖျရွာသစ် မူလတန်းကျောင်းခွဲတွင် ကျောင်းဆောင်မရှိသည့်အတွက် အခက်အခဲဖြစ်နေ

ခူးဖရဲရယ် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို ့ ဒေါဆိုဖျရွာသစ်တွင် အခြေခံပညာမူလတန်းယာယီကျောင်းခွဲကို တည်ဆောက်ပြီးစီးသော်လည်း မူလတန်းကျောင်းသူ/သားများအားလုံး တက်ရောက်သင်ကြားနိုင်သည့် ကျောင်းဆောင်မရှိသောကြောင့် အခက်အခဲများရှိနေသည်ဟု ဒေါဆိုဖျကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမီရယ်က ပြောသည်။ ဒေါဆိုဖျရွာသစ်ရှိ ယာယီကျောင်းတွင် ကျောင်းဆောင်အခက်အခဲရှိသည့်အတွက် Kg တန်း ၊ ပထမတန်း ၊ ဒုတိယတန်းများသာ ပညာသင်ကြားနိုင်ပြီး စတုတ္ထတန်းနှင့် တတိယတန်းကျောင်းသူ/သားများက ရွာဟောင်းသို့ သွားတက်နေကြရသည်။ “မိုးရွာသီဆို ပိုဆိုးတယ်မိုးလည်းမလွတ် လေလည်းမလွတ် အဲလိုမျိုးလေး။ မိုးရွာလိုက်ရင် ကလေးတွေက ထိုင်ဖို့နေရာမရှိဘူး။ စာသင်ကျောင်းက ကျောင်းနဲ့မတူဘူး၊ ပြီးတော့ ကလေးအတွက်လည်း အန္တရာယ်ရှိတယ်။ စာသင်ခန်းအဆင်မပြေဘူးဆိုတော့ သူတို့လည်း စာကို စိ်တ်ဝင်စားမှု အားနည်းလာတယ်” ဟု ဆရာမတစ်ဦးက ပြောသည်။ ရွာဟောင်းတွင် […]

နယ်စပ် ကုန်သွယ်ရေးစခန်းအတွက် မျှော်လင့်ချက် ကြီးကြီးမားမားထား၍ မရသေးကြောင်း ကုန်သည်ကြီးများအသင်း ဥက္ကဌပြော

မူအက်စတာ ကယားပြည်နယ် မယ်စဲမြို့နယ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သော်လည်း လက်ရှိအချိန်တွင်မူ မျှော်လင့်ချက် ကြီးကြီးမားမားထား၍ မရသေးကြောင်း ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးဆော်လမွန်က ဆိုသည်။ ကယားပြည်နယ် မယ်စဲမြို့နယ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းမှ စက်မှုလုပ်ငန်းအတွက် စက်ပစ္စည်းများ တင်သွင်းရန်အခြေအနေမှာလည်း လုပ်ဆောင်၍ မရသေးသည့် အနေအထားတွင်သာ ရှိနေသေးသည်။ “စက်မှုဇုန်အတွက် ဒီအ ပေါက်ကနေ တင်သွင်းလို့မရသေးဘူး၊ မူဆယ်တို့ အဲ့အပေါက်ကနေတော့ တင်လို့ရတယ် အခုဆိုရင် ကားဝင်လို့မရသေးဘူး၊ ကြီးကြီးမားမားမျှော်လင့်လို့မရသေးဘူး၊ ဒါပေမယ့် နောက်ပိုင်းတော့ ဖြစ်နိုင်ပါတယ်” ဟု ဦးဆော်လမွန်ကပြောသည်။ ယခုလောလောဆယ်တွင် ထိုင်းနိုင်ငံက ကယားပြည်နယ်စပ်မှ နေပြီး ပြည်နယ်အတွင်းသို့ ဝင်ရောက်နိုင်သည့် ကုန်များမှာ စားသောက်ကုန်များနှင့် […]

မြို့နှင့် မိုင် ၈ဝ ဝေးသည့် သိုသီးဖို ကျေးရွာအုပ်စုအတွက် ဆေးပေးခန်းလိုအပ်နေ

စူးမယ် ဖရူဆိုမြို့နှင့် မိုင် ၈ဝ ဝေးသည့် သိုသီးဖိုကျေးရွာအုပ်စုတွင် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးပေခန်းလိုအပ်နေသည်ဟု သိုသီးဖိုရွာမှ ဥက္ကဌ ဦးမောင်ရှေ့က ပြောသည်။ သိုသီးဖို ကျေးရွာအုပ်စုတွင် ဆေးပေးခန်းမရှိသေးသည့်အတွက် တစ်လတစ်ကြိမ် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၏ နယ်လှည့်ဆေးကုသနေသည့် အဖွဲ့ကိုသာ စောင့်ပြီး ဆေးကုနေရသည်ဟု ဆိုသည်။ ဦးမောင်ရှေ့က “ကျနော်တို့လိုအပ်တာက ဖျားနာလို့ရှိရင် လမ်းလျှောက်သွားရတာက တစ်ခု သွားလာလို့ ဝေးတာ တစ်ခု ကားစီးရင်လည်း ကားခမရှိတာ တစ်ခု အမျိုးမျိုးလိုပါတယ်။ သူတို့သွားနိုင်ရင် နည်းနည်းသက်သာမယ်။ မသွားနိုင်ရင် ဒီလိုပဲ နေတယ်။ ကံကောင်းလို့ရှိရင် နည်နည်း လူဖြစ်တယ်။ ကံမကောင်းလို့ရှိရင် သေရမယ် အဲလိုမျိုးဖြစ်တာပဲ။”ဟု ပြောသည်။ ဒေသခံများအနေနှင့် […]

မြို့ဝင်ဘီးခွန်ကောက်သည့်စနစ်ပြောင်းလဲနိုင်ရန် အဆိုပြုသွားမည်

စိုင်းလင်းလင်းဦး စည်ပင်သာယာရေးအဖွဲ့မှ ကောက်ခံလျှက်ရှိသော မြို့ဝင်ဘီးခွန်ခေါ်(ဘီးကောက်)ကို လာမည့် ၂၀၁၇-၁၈ ဘတ်ဂျက်နှစ်တွင် ကောက်ခံသည့်စနစ် ပြောင်းလဲသွားရန် သက်ဆိုင်ရာသို့ အဆိုပြုသွားမည်ဖြစ်ကြောင်း ကယားပြည်နယ် လွိုင်ကော်မြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနီထွန်းက ပြောသည်။ လက်ရှိကောက်ခံလျှက်ရှိသော မြို့ဝင်ဘီးခွန်စနစ်မှာ ဖြတ်သန်းသွားလာသူများအတွက် ဝန်ဆောင်မှုအဆင်မပြေခြင်းများကြောင့် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပြောင်းလဲကောက်ခံရန် စီစဉ်နေခြင်းဖြစ်သ ဘီးခွန်ကောက်ခံရာတွင် တစ်နှစ်စာ အခွန်အား သက်ဆိုင်ရာသို့ ပေးသွင်းခြင်းဖြင့်လည်းကောင်း ပေးသွင်းထားသည့်ယာဉ်များအတွက် အသိအမှတ်ပြုမှတ်ပုံတင် ကဒ်ပြားများ ချိတ်ဆွဲထားသောစနစ်ဖြင့်လည်းကောင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ဖြေရှင်းရာတွင် စက်တပ်ယာဉ်လိုင်စင်သက်တမ်းတိုးစဉ် လာရောက်ရမည့် ယာဉ်များအနေဖြင့် ကယားပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န) သို့ ငွေသွင်းစဉ် စည်ပင်သာယာရေးမြို့ဝင်ဘီးခွန်ကို တစ်ပါတည်းကောက်ခံခြင်းဖြင့် ယခင်ကထက် အခက်အခဲများလျော့ကျစေနိုင်ကြောင်း ဦးနီထွန်းက ပြောသည်။ “ဆိုတော့ […]

ဒေါတမကြီးကျေးရွာ အလယ်တန်းကျောင်းခွဲတွင် ကျောင်းဆောင်များ လုံလောက်မူမရှိဟုဆို

ကယားပြည်နယ်၊ ဒီးမောဆိုမြို ့၊ ဒေါတမကြီးကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် စာသင်ဆောင်များလုံလောက်မူမရှိသည့်အတွက် အခက်အခဲရှိနေသည်ဟု အမည်မဖော် လိုသူဆရာမတဦးက ပြောသည်။ ပြီးခဲ့သည့်နှစ်က စာသင်ဆောင်လုံလောက်မူရှိသော်လည်း ပြိုကျမည့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ပြီး ဖျက်သိမ်းခဲ့သောကြောင့် စာသင်ဆောင်များလျော့နည်းလာခြင်းဖြစ်သည်။