​ကျော်​ထင်​​အောင်​ (ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်၏ တစ်နှစ်ကျော်ကာလကို လေ့လာခြင်း) ၂၀၁ရ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် တစ်နေရာလစ်လပ်မှုကို ယှဉ်ပြိုင်ခဲ့ကြရာတွင် အမျိုးသားများသာ ယှဉ်ပြိုင်ခဲ့ကြ၍ ကယားပြည်နယ်လွှတ်တော်၏ ထူးခြားချက်မှာ ယခုအချိန်အထိ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှ မပါဝင်သေးခြင်းပေ။ (ပထမအကြိမ်တွင်လည်း မပါခဲ့ပါ ။) ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်သည် တစ်နှစ်ကျော် ( ၁ရ လ ကျော် ) အတွင်း ပုံမှန် အစည်းအဝေး ( ၆ ) ကြိမ်ကို နှစ်လကျော် သုံးလနီးပါးမှ တစ်ကြိမ်ပြုလုပ်ခဲ့သည် ။ ဘယ်အကြိမ်မျှ သုံးရက်ထက် ပိုမကြာခဲ့ပေ ။ ထို့အတွက်ကြောင့် ဆဋ္ဌမ ပုံမှန်အစည်းအဝေးမှသာ ကယားပြည်နယ်၊ […]

စူးမယ် နှမ်းကို အဓိကထားစိုက်ပျိုးကြသည့် ဒေါတမကြီးအုပ်စုအတွင်းရှိ တောင်သူများမှာ ယခုနှစ်တွင် နှမ်းဈေးမကောင်းမည်ကို စိုးရိမ်နေကြသည်။ ဒေါဆိုဖျကျေးရွာမှ ဒေါ်ကူးမိုက “ဟိုးပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ ကိုက်တာပေါ့နော။ ဒါပေမဲ့ အရင်နှစ်ကတော့ သိပ်မကိုက်ဘူး။ နှမ်းတွေတက်ရောင်းတာက ဈေးက ၂၉၀ဝ တချို့ ၂၈၅ဝ တချို့ ပေါ့။ နှမ်းတွေအပေါ်မှာလည်းမူတည်သေးတယ် ဈေးက။ လှရင်တော့ တမျိုး၊ မလှရင်တမျိုးပေါ့နော။”ဟု ပြောသည်။  ဒေသခံများအနေဖြင့် နှမ်းများကို လွိုင်ကော်ရှိ ပွဲစား၊ အဝယ်ဒိုင်များထံ သွားရောက် ရောင်းချကြရသော်လည်း နှမ်းကို ဈေးကောင်းမရကြကြောင်း ဆိုသည်။ အချို့သော တောင်သူများအနေဖြင့် နှမ်းမပေါ်မီအချိန်ကတည်းကပင် ငွေလိုအပ်ချက်ကြောင့် ကြိုတင် ငွေတွေ ရယူပြီး ဈေးပေါပေါဖြင့် ရောင်းချရခြင်းလည်း ရှိကြောင်း သိရသည်။  […]

ကန္တာရဝတီတိုင်း(မ်) လောပိတရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖေါ်စဉ် သိမ်းယူထားသော မြေယာများပေါ် သီးနှံများပြန်လည်စိုက်ပျိုးသည့် လောကထူး​ကျေးရွာသား ၅ ဦးကို စီမံကိန်းဝန်ထမ်းများ၏ မိသားစုဝင် ၄ ဦးက တရားစွဲဆိုထားကြောင်း သိရသည်။ လောကထူ​း​ကျေးရွာသားများက အဆိုပါ ၎င်းတို့၏ ဘိုးဘွားပိုင်မြေများကို ဝင်ရောက် စိုက်ပျိုးခဲ့ရာမှ စီမံကိန်းဝန်ထမ်းမိသားစု ၄ ဦးက ၎င်းတို့ စိုက်ပျိုမြေဟုဆိုကာ ပုဒ်မ ၄၄ရ ဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။ ဗဟုသုတနည်းပါသော ဒေသခံအချို့မှာ လယ်ယာမြေလုပ်ကိုင်ခွင့်ပုံစံများကို ပြုလုပ်ထားခြင်းမရှိခြင်း၊ အထောက်အထားအချို့မှာ ထိန်းသိမ်းခြင်းအားနည်းကာ ပျက်စီးသွားခဲ့ခြင်းကြောင့် တရားစွဲဆိုခံရရာတွင် အခက်အခဲများ တွေ့နေရသည်ဟု စွပ်စွဲခံရသူဖက်မှ လိုက်ပါဆောက်ရွက်ပေးနေသော အထက်တန်းရှေ့နေ ဦးမာတီးနိုက ပြောသည်။ “ဒေသခံတွေကို နံပါတ်တစ် စီမံကိန်းဝန်ထမ်းတွေက တရားစွဲထားတယ်ပေါ့နော […]

ကန္တာရဝတီတိုင်း(မ်) ဒေါနိုးကူးရပ်ကွက်နှင့် လောဓမ္မရပ်ကွက်ကို ဆက်သွယ်ထားသော ဘီလူးချောင်း(ဒေါနိုးကူး)တံတားကို ကျပ်သန်း ၇၄ဝ ဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဘီလူးချောင်းတံတား(ဒေါနိုးကူး)ကို ဆောက်လုပ်ရေးဝန်ကြီးဌာန တည်ဆောက်ရေးအဖွဲ့(၂) တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၆)က တာဝန်ယူတည်ဆောက်မည်ဖြစ်ကာ ကယားပြည်နယ် ပြည်နယ်ရန်ပုံငွေဖြင့် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ “လက်ရှိကတော့ အကြိုအင်ဂျင်နီယာလုပ်ငန်းတွေဆောင်ရွက်နေတယ်။ မြေစမ်းတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေတယ်။ ပုံစံထုတ်နေတယ်။ ပုံထုတ်ပြီးရင် တင်ဒါကတော့ သတင်းစာထဲမှာ ကြေညာပြီးပါပြီ။”ဟု တံတားအထူးအဖွဲ့(၆)၏ ဦးစီးအရာရှိ လှိုင်ဖြိုးဝင်းက ပြောသည်။ သံကူကွန်ကရစ်အမျိုးအစားဖြစ်ကာ၊ တံတားအရှည် ခန့်မှန်း ပေ ၂၀၀၊ ယာဉ်နှစ်လမ်းသွား အကျယ် ပေ ၃၀၊ တံတားခံနိုင်ဝန် တန် ၆ဝ ဖြစ်ကြောင်း […]

ကန္တာရဝတီတိုင်း(မ်) မြန်မာ့ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကို လွိုင်ကော်တွင် ဩဂုတ်လ ၁ဝ ရက်နေ့မှစ၍ ရက်ပေါင်း ၂ဝ အတွင်း လေ့ကျင့်သင်ကြားပေး သွားမည်ဖြစ်ကြောင်း အားကစားနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။ ခြင်းလုံးအဖွဲ့ချုပ်မှ မြန်မာ့ရိုးရာခြင်းလုံး အားကစား ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်လျက် ကျင်းပခြင်းသည်။ အဆိုပါ အစီအစဉ်တွင် အသက် ၁၅ နှစ်အောက် အားကစားသမားများအား သင်တန်းပေးခြင်းများ လုပ်ဆောင်ပေးမည်ဖြစ်ကာ အသက် ၁၅ နှစ်အထက် အားကစားသမားများအတွက်မူ သင်ကြားပေးခြင်း အစီအစဉ်များကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။

ထျိုးမြာ လွိုင်ကော်တွင်​ တည်ဆောက်​ရန်​ လျာထား​သော တစ်ရက်​ တန်၄၀၀ဝ ကျ ဘိလပ်မြေစက်ရုံစီမံကိန်းအတွက်​ လူထုဆန္ဒကို တစ်ဖန်ပြန်လည်ကောက်ယူရန်​ အရပ်​ဘက်​နှင်​့ နိုင်​ငံ​ရေးအင်​အားစုအသီးသီးက ​တောင်းဆိုလိုက်သည်။ ကယားပြည်နယ် ၊ လွိုင်ကော်မြို့နယ်၊ ပကြဲတောင်သုံးလုံးဒေသတွင် တည်ဆောက်​ရန်​လျာထား​သော အဆိုပါ ဘိလပ်​​မြေစက်​ရုံအတွက်​ မူလက ​ကောက်​ခံခဲ့​သော ဆန္ဒသ​ဘောထားများသည်​ ပွင်​့လင်​းမြင်​သာမှု မရှိ​ခဲ့​ကြောင်​း လူမှုအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီ၊ နိုင်ငံရေးအင်အားစုအဖွဲ့အစည်းများက ​ဝေဖန်​နေခြင်​း ဖြစ်​သည်​။ ဩဂုတ်​လ ၁၄ ရက်​​နေ့က လွိုင်ကော်မြို့ရှိ လွိုင်ကော်စီးတီးစားသောက်ဆိုင်တွင် ညီညာစွမ်းအားလုပ်ငန်းစုကုမ္ပဏီလီမိတက်မှ ကယားပြည်နယ်ရှိ လူမှုအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီ၊ နိုင်ငံရေးအင်အားစုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြသည်။ အဆိုပါ စီမံကိန်​းသည်​ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် အစိုးရတို့ကြား ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးကြရာတွင် သဘောတူညီထားကြသောအချက်များကို ချိုးဖောက်ရန်ရောက်နိုင်သည့်အပြင် ဩဂုတ်လ (၁၄)ရက်နေ့ […]

ကန္တာရဝတီတိုင်​း(မ်​) ဩဂုတ်​လ ၁ဝ ရက်​​နေ့က လွိုင်​​ကော်​မြို့နယ်​ရှိ ​နေရာ နှစ်​​နေရာတွင်​ တရားမဝင်​ခဲသတ္တုများကို တရားဝင်ရောင်းချရန် သိမ်းဆည်းထားသည်ကို သက်​​သေခံပစ္စည်​းများနှင်​့တကွ သိမ်​းဆည်​းရရှိခဲ့​သော်လည်း ပစ္စည်းများ၏ ပို်င်ရှင်ကိုမူ ဩဂုတ်လ ၁၄ ရက်နေ့အထိ ဖမ်းမိရရှိခြင်း မရှိသေးကြောင်း လွိုင်ကော်မြို့၊ မြို့မရဲစခန်းမှ သိရသည်။ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာနေ အိမ်ရှင်ကို တွေ့ရှိရခြင်း မရှိဘဲ သက်သေခံပစ္စည်းများကိုသာ တွေ့ရှိရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖေါ်ပြထားသည်။ အမှုဖွင့်ထားသော ၁၁ ရက်နေ့အထိ အဆိုပါ ပိုင်ရှင်များကိုလည်း စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။ ခဲသတ္တုမာျး တွေ့ရှိခဲ့သော အိမ်ပိုင်ရှင်ကို ရှာဖွေဖေါ်ထုတ်ရန် လုပ်ဆောင်နေသည်ဟု အဆိုပါ အမှုကို အမှုစစ်အဖြစ်တာဝန်ယူထားသူ ဒုရဲအုပ် ငြိမ်းဇော်မင်းက ကန္တာရဝတီတိုင်း(မ်)ကို ဩဂုတ်လ […]

ကန္တာရဝတီတိုင်း(မ်) ကယား(ကရင်နီ)ပြည်နယ် အခြေစိုက်ပါတီဖြစ်သော ကယားလူမျိုးစု ဒီမိုကရေစီပါတီနှင့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်) နှစ်ပါတီ ပူးပေါင်းကာ ပါတီအသစ်တစ်ခု တည်ထောင်လိုက်ပြီဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းနိုင်နိုင်ထွေးက ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားသည်။ “ကျတော်တို့သဘောတူခဲ့ကြတယ်။ဒေသအတွင်းနိုင်ငံရေး လုပ်ငန်းစဉ်လို့ ပြောတဲ့အခါကျရင် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အပါအဝင် ဒေသအတွင် ဖယ်ဒရယ်ဖြစ်ထွန်းပေါ်ပေါက်မှုတွေအပါ ကျတော်တို့ အဓိကဦးတည်ပြီး ဖွဲ့စည်းခဲ့တာပါ။”ဟု စိုင်းနိုင်နိုင်ထွေးက ပြောကြားသည်။ တိုင်းရင်းသားပါတီ နှစ်ပါတီကို စုစည်းကာ အင်အားတောင့်တင်းသော ပါတီတစ်ခုအဖြစ် နိုင်ငံရေးတွင် ထဲထဲဝင်ဝင်လှုပ်ရှားရန် အဆိုပါ ပါတီတာဝန်ရှိသူများမှ ရည်ရွယ်လိုက်ခြင်းလည်း ဖြစ်သည်။  နှစ်ပါတီပူးပေါင်းကာ ဖွဲ့စည်းလိုက်သော ပါတီကို ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဟူ၍ အမည်ပေးထားကာ တစ်ပြည်နယ်လုံးလွမ်းခြုံအခြေစိုက်သော တိုင်းရင်းသားပါတီတစ်ခု ဖြစ်လာမည် ဖြစ်သည်။ ပါတီကို ရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ထားပြီး […]

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်၊ ဘောလခဲခရိုင်မယ်စဲ့မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်စိုင်းလှအောင် ဦးစီးတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၆ ရက်နေ့လည် ၂ နာရီက သတင်းအရ အိုက်ထွန်း(ခ)ကိုထွန်း(၅၃)နှစ် ဟိုစဲ့ကျေးရွာနေသူ၏ နေအိမ်အားဝင်ရောက် ရှာဖွေခဲ့သည်။ အဆိုပါ နေအိမ်အိပ်ခန်းအတွင်း ပစ္စည်းများတင်သည့် စင်ပေါ်ရှိ ထုံးဗူးအတွင်း အပြာရောင်ပလပ်စတစ်ဖြင့် ထုပ်ထားသည့် WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၃၆ ပြား၊ အစိမ်းရောင်ဆေးပြား ၁ ပြားဈ စုစုပေါင်း၁၃ရပြားနှင့် အလေးချိန် ၂၈၅.၇၆ ဂရမ်ရှိသော ဘိန်းစိမ်း အစေး ၁၇.၅ကျပ်သား၊ ငွေစက္ကူရောရာ ၇၀၃၀၀ဝ ကျပ်နှင့် ထိုင်းဘတ်ငွေ ၈၃၇၂ ဘတ် သိမ်းဆည်းရရှိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အိုက်ထွန်း(ခ)ကိုထွန်းအား မယ်စဲ့မြို့မရဲစခန်းက ဖမ်းဆီးပြီး […]

ကန္တာရဝတီတိုင်း(မ်) ကလေးငယ်အား ဝက်စာကျိုခိုင်းရာမှ နေအိမ်မီးလောင်မှုတစ်ခု ဒီးမော့ဆိုမြို့နယ် ဒေါငံခါး ရပ်ကွက် ၄ တွင် ဩဂုတ် ၁ဝ ရက် ညနေ ၆ နာရီ အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒေါ်အန်ဂျလာ နေအိမ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့နယ်မီးသတ်စခန်း မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက မီးငြိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီးဖြင့် ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။ မီးဖိုးဆောင်ထရံမှတစ်ဆင့် နေအိမ်အပေါ်ထပ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ထောင်၊ ပျဉ်ခင်း နှစ်ထပ်မှ အပေါ်ထပ်မီးလောင် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။ ကလေးငယ်ကို ပေါ့ဆစွာစေခိုင်းသူ ဒေါ်အန်ဂျလာအား ဒီးမော့ဆိုမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။