ထျိုးမြာ အလုပ်အကိုင်အခွင့်အလမ်းအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကာလတိုသင်တန်းကို finnish refugee council (FRC)မှ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ပူးပေါင်းပြီး ကာလတိုသင်တန်းဖွင့်လှစ်ပေးလျက်ရှိသော်လည်း ကယားပြည်နယ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ အများအပြားမရှိသေးသောကြောင့် ကျောင်းသူကျောင်းသားများ ကွင်းဆင်းလေ့ကျင့်ပေးရန်အတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။ စက်တင်ဘာ ၂ ရက်နေ့ Famous Hotel တွင် FRC မှ ကြီးမှူးကျင်းပသော အလုပ်အကိုင်အခွင့်အလမ်းချိတ်ဆက်ပွဲအခမ်းအနားတွင် ကွင်းဆင်းနေသော ကျောင်းသားတစ်ဦးမှ ၎င်းတို့၏ လုပ်ငန်းခွင်နှင့် ပတ်သက်၍ အခက်အခဲများကို တင်ပြခဲ့ရာ FRC မှ ဆရာများက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ “ကျနော်တို့ဆင်းတဲ့နေရာကျတော့ ကျနော်တို့သဲတွေဘာတွေပဲ မ ရတယ်။ ပြီးတော့ တကယ့်အလုပ်ကြမ်းတွေပဲ လုပ်ရတယ်ပေါ့နော။ ဒါပေမဲ့ ဒါတွေကတော့ ကောင်းပါတယ်။ […]

မူအက်စတာ ငွေတောင်ဆည်၏ အနောက်တောင်ဘက်ရှိ ဧည့်ရိပ်သာ(ဗိုလ်တည်း)နေရာ၌ ခေတ်မီကစားကွင်းတည်ဆောက်ရန် ငွေတောင်ဆည်ဧည့်ရိပ်သာ (ဗိုလ်တည်း)အဆောက်အအုံနှင့် မြေနေရာကို နှစ်ရှည်ငှါးရမ်းရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ခြင်း ဖြစ်သည်။ အဆိုပါနေရာ၌ ခေတ်မီကလေးကစားကွင်းနှင့် အပန်းဖြေပန်းခြံ၊ ရိုးရာအစားအစာ၊ ရိုးရာအဝတ်အထည်ဆိုင်များ ဖွင့်လှစ်ရန်အတွက် နှစ်ရှည်ငှါးရမ်းမည် ဖြစ်သည်။ “ရိပ်သာက ကျွန်တော်တို့ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးကနေပြီးတော့ ဒါကို ကလေးကစားကွင်းလိုပုံစံမျိုး၊ ဒါကိုတင်ဒါခေါ်ထားတယ်။ ဒီတင်ဒါအိတ်ဖွင့် ဖောက်စစ်တာကလည်း ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးက လုပ်မှာ” ဟု ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်းက ပြောသည်။ တင်ဒါခေါ်ယူနေမှုနှင့် ပတ်သက်ပြီး ဒေသခံများကို ဦးစားပေးသင့်ကြောင်းနှင့် ဖြစ်ပျက်လာမည့် နောက်ဆက်တွဲဆိုးကျိုးကောင်းကျိုးများကို တာဝန်ယူမှု တာဝန်ခံမှုရှိနေစေလိုကြောင်း ဒေသခံများက လိုလားနေကြသည်။ ဒေသခံတစ်ဦးဖြစ်သူ ကိုဖိုးဆွိက “တင်ဒါမခေါ်ခင် လူထုတွေကို နံပါတ်၁ ဦးစားပေးဖို့လိုတယ်၊ […]

မူအက်စတာ/ကန္တာရဝတီတိုင်း(မ်) တောင်သူများ၏ စိုက်ပျိုးရေးသီးနှံ ပိုမိုဖြစ်ထွန်းရန်နှင့် ပိုးမွှားဖျက်ဆီးသည့် အန္တရာယ်ကာကွယ်စေရန်အတွက် ဆုတောင်းပွဲများ ပြုလုပ်ကာ တစ်နှစ်တစ်ကြိမ် လယ်ကွင်းထဲတွင် ကရူးစူး(ခေါ်)ကားတိုင်ကို တောင်သူများ သွားရောက်စိုက်ထူကြခြင်း ဖြစ်သည်။ ကက်သလစ်ဘာသာဝင်များ၏ ကရူးစူး(ခေါ်) ကားတိုင်အောင်မြင်ခြင်းပွဲကို စက်တင်ဘာလ ၁၄ရက်နေ့၊ ဒီးမော့ဆိုမြို့နယ် ၅ မြောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ စပါးတွေ ပိုအထွက်ကောင်းအောင်၊ ပိုးမကျအောင် ကျွန်တော်တို့ ဒီလိုဆုတောင်ပွဲတွေ လုပ်ကြတယ်ပေါ့၊ ပြီးတော့ ကျွန်တော်တို့လယ်ထဲမှာ ကရူးစူးကို သွားစိုက်ကြတယ်ပေါ့” ဟု တောင်သူဦးမာတေးအိုက ပြောပါသည်။ ကရူးစူး(ခေါ်)ကားတိုင်အောင်မြင်ခြင်းပွဲအား ပြုလုပ်ရခြင်းအကြောင်းအရင်းအား ကက်သလစ်ဘာသာဘုန်းတော်ကြီးတစ်ပါးက “အိမ်ရှေ့၊ အိမ်နောက် လမ်းဆုံလမ်းခွ၊ အိမ်ခေါင်မိုးတွေပေါ်မှာလည်း အောင်မြင်ခြင်းအတွက်၊ အနှောက်အယှက်တွေ ကင်းဝေးစေဖို့အတွက် အခုလို ကရူးစူးကို စိုက်ထူထားရခြင်းဖြစ်တယ်၊ […]

ထျိုးမြာ တောင်သူလယ်သမားများသည် ဓာတုဓာတ်မြေဩဇာအပြင် ပိုးသတ်ဆေးများကို အကာအကွယ်မပါပဲ သုံးစွဲမှုများလျော့နည်းလာစေရန်နှင့် သဘာဝမြေဩဇာအသုံးပြုတတ်လာစေရန် လိုအပ်လာသည်ဟု မိုးဗြဲတောင်သူလယ်သမားကွန်ယက် အဖွဲ့က ပြောဆိုလိုက်ကြသည်။ အကြောင်းမှာ မိုးဗြဲဒေသတွင်ရှိသည့် တောင်သူများအသုံးပြုလျက်ရှိသည့် မြေဩဇာနှင့် ပိုးသတ်ဆေးများသည် မိုးဗြဲဆည်တွင်းတွင် စီးဝင်လျက်ရှိသည့်အတွက် ဖြစ်သည်ဟု သိရသည်။ ထို့ကြောင့် ယခု မိုးဗြဲတောင်သူလယ်သမားကွန်ယက်အဖွဲ့က သဘာဝမြေဩဇာ ထုတ်လုပ်နည်း အသုံးပြုနည်းများကို စာတွေ့လက်တွေ့ပို့ချပေးလျက်ရှိသည်။ “ ပိုးသတ်ဆေးတွေ ဖြန်းတဲ့အချိန်မှာလည်း သူတို့မှာ အကာကွယ်အပြည့်အစုံမရှိဘူး။ ဗဟုသုတ အရမ်းနည်းတယ် အဲ့ဒါက တစ်ဘက်ပေ့ါနော။ ပြီးတော့ ကျနော်တို့မြေတွေက မြေဆီလွှာတွေ အရမ်းနည်းနေပြီး။ ခန့်မှန်းခြေပေါ့နော နောက်ထပ်နှစ်နှစ်ဆယ်လောက်နေရင် လယ်အကြောင်းတော့ကျနော်တို့အတိမကျမပြောနိုင်ဘူး။ ကျနော်တို့မြေတွေကတော့ နောက်ထပ်နှစ်နှစ်ဆယ်သုံးဆယ်ဆိုရင် မြေဆီလွှာလုံးဝကုန်ခမ်းသွားနိုင်တဲ့အခြေအနေရှိတဲ့အတွက် ကျနော်တို့လည်း ဒီစီမံကိန်းကိုလုပ်ရခြင်းဖြစ်တယ်ပေါ့နော ” ဟု […]

ဘောလခဲမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိသော အထောက်အထားမဲ့ လူ ၈ ဦးကို နိုင်ငံသားသက်သေခံအထောက်အထားမပါရှိခြင်းကြောင့် လ.ဝ.ကအက်ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ဖမ်းဆီးရရှိထားသော လူ ၉ ဦးအနက် ၈ ဦးသည် လူမျိုး(စုံစမ်းဆဲ)/အစ္စလမ်ဘာသာဝင်ဖြစ်ကာ ၁ ဦးမှာ ဗမာလူမျိုး/ဗုဒ္ဓဘာသာဝင် ဖြစ်ကြောင်း သိရသည်။ ဘောလခဲမြို့အထွေထွေအုပ်ချုပ်ရေးရုံးရှေ့၊ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စက်တင်ဘာလ(၁၇)ရက်နေ့ ညနေ(၅)နာရီခွဲ အချိန်ခန့်တွင် လွိုင်ကော်မှ မော်ချီးကျေးရွာသို့ စိုးတင့်(ခ) အငယ်ကောင်၊(၂၂)နှစ် (ဘ)ဦးစိုးမြင့် ရွှေညောင်မြို့ နေသူမောင်းနှင်သော ထ/xxxxဟိုင်းလပ် မော်တော်ယာဉ်ကို စစ်ဆေးရာ လူမျိုး(စုံစမ်းဆဲ)/ အစ္စလာမ်ဘာသာဝင် (၈)ဦးနှင့် ဗမာလူမျိုး/ဗုဒ္ဓဘာသာဝင် (၁)ဦးအားတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါသူများကို စစ်မေးရာ ရွှေညောင်မြို့၊ ရွှေဘုံသာ (၁)ရပ်ကွက်၊ […]

လင်းသန့် ပြည်နယ်အဆင့်အဖွဲ့အစည်းများမှ တင်ပြတောင်းခံထားထားသော၂၀၁ရ -၁၈ ဖြည့်စွက်ရန်ပုံငွေ ၈၁၅၄ သန်းကျော်ထဲက ၉၇၉ သန်းကျော်လျော့ချရန် ကယားပြည်နယ်လွှတ်တော်က ဆုံးဖြတ်လိုက်သည်။ ၂၀၁၇-၁၈ ဖြည့်စွက်ရန်ပုံငွေတောင်းခံရာမှာ ပြည်နယ် အစိုးရအဖွဲ့၏ အရသုံးစာရင်းမှာထည့်သွင်းရေးဆွဲထားသော ဌာန ၆ ခု ပြည်နယ် အဆင့်အဖွဲ့အစည်း ရ ဖွဲ့ စုစုပေါင်း ၁၃ ဖွဲ့က ခွင့်ပြုဖို့တောင်းခံခဲ့ခြင်းဖြစ်သည်။ ပြည်နယ်အဆင့် အဖွဲ့အစည်းတွေအနေနဲ့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနဲ့ မူလခွင့်ပြုငွေ မလုံလောက်တဲ့ အတွက် ကျပ် ၈၁၅၄.၃၇၃ သန်းကို ဩဂုတ်လ ၂၉ ရက်က ကျင်းပသည့် လွှတ်တော်အစည်းအဝေးမှာ တောင်းဆိုခဲ့သည်။ “ကယားပြည်နယ်ရဲ့ ပြုပြင်ခန့်မှန်းခြေငွေစရင်းအရ လိုငွေကျပ်သန်းပေါင်း ၅၁၄၄၂.၀ရ သန်းကို ပြည်ထောင်စုဘဏ္ဍာငွေကနေပြီးတော့ မူလခန့်မှန်းခြေစရင်းမှာ […]

လင်းသန့် တရားမဝင်သစ်ပိုင်ရှင်အစစ်အမှန်ကို အာဏာပိုင်များက အရေးယူဆောင်ရွက်ရန် တုံ့ဆိုင်းနေကြောင်း သစ်ကားမှ သစ်အတင် အချပြုလုပ်ရန် ခေါ်ဆောင်လာရာမှ ဖမ်းဆီးခံလိုက်ရသော ကျပန်းအလုပ်သမားများ၏ မိသားစုဝင်များက ဝေဖန်နေကြသည်။ ယာဉ်အမှတ် (3B / 4220 ) ၁၂ ဘီးယာဉ်မှာ မေလ ၁၁ရက်နေ့ ညနေ ၃ နာရီတွင် ကယားပြည်နယ်ဘက်မှ ထွက်လာနေကြောင်း သတင်းရရှိပြီး သွားရောက်ဖမ်းဆီးရာ၌ ရှောင်တိမ်းသွားသော သစ်ပိုင်ရှင်များကို ဖမ်းဆီးရရှိခြင်းဘဲ သစ်ပိုင်ရှင်များမှ သစ်များ အတင်/အချပြုလုပ်ရန် လွိုင်ကော်မှ တဆင့်ခေါ်ဆောင်လာသော ကျပန်အလုပ်သမား ၃ ဦးကို အာဏာပိုင်များမှ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်ဟု အဆိုပါမိသားစုဝင်များက ပြောသည်။ ကယားပြည်နယ်မှ တရားမဝင်သယ်ဆောင်လာသည့် ပိတောက်အမျိုးအစား square သစ်တုံး(ဘာတုံး) ခန့်မှန်း […]

ကန္တာရဝတီတိုင်း(မ်) မြေယာအငြင်းပွားမှုဖြစ်ပြီး တရားစွဲဆိုခံထားရသော လောပိတကျေးရွာအုပ်စုက တောင်သူများက အဆိုပါကိစ္စနှင့်ပတ်သက်၍ ဩဂုတ်လ ၂၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သော မေလ ကတည်းက လောကထုကျေးရွာရှိ တောင်သူ ၅ ဦးက ရာဇဝတ်မှုမကင်းသော ကျူးကျော်ချဉ်းနင်းမှုဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။ ထို့အပြင် ဇူလိုင်လအရောက်တွင် မော်မယ်မိုအား ထပ်မံတရားစွဲခဲ့လိုက်ခြင်းဖြစ်ကာ အဆိုပါ တောင်သူများကို ပုံစံ ရ လက်ဝယ်ကိုင်ဆောင်ထားသော လောပိတ အမှတ်၁ စက်ရုံ ဝန်ထမ်း မိသားစုများက တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။ “ကျမတို့ရဲ့ တောင်ယာမြေကိုလည်း ကန့်ကွက်ထားတယ်။ သူတို့လုပ်စားတာလည်း ကြာနေပြီ။ တဲထိုးထားတာတွေကိုလည်း မီးရှို့တာတွေရှိခဲ့တယ်။ တောင်ယာလုပ်တာလည်း အခကြေးမပေးဘူး။ အလကားယူထားသေးတယ်။ အခုက ကိုယ့်ပြောင်းခင်းထဲကို […]

လင်းသန့် ယခုနှစ်အတွင်း ထွက်ရှိသော ပြောင်းသီးနှံဈေးနှုန်းများသည် ယမန်နှစ်ကထက် အဖွင့်ဈေးကောင်းမွန်နေကြောင်း သိရသည်။ ယမန်နှစ်က နှံစားပြောင်း(အခြောက်)ဈေးနှုန်းသည် တစ်ပိဿလျှင် ကျပ် ၃၀ဝ ခန့်သာ ဈေးစတင်ဖွင့်ခဲ့သော်လည်း ၃၀ဝ ကျပ် အောက်သို့ ပြန်လည်ထိုးကျသွားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုနှစ်ဈေးအဖွင့်မှာမူ ကျပ် ၅၀ဝ အထိ ဈေးပေးဝယ်ယူနေပြီဖြစ်ကြောင်း ကယားပြည်နယ်ပြောင်းစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ ဥက္ကဌ ဦးမြင့်မောင်က အတည်ပြုသည်။ “အရင်နှစ်ထက် ဈေးအဖွင့် နှစ်ဆနီးပါးလောက် ရလာတယ်လို့ ပြောလို့ရတယ်။ တရုတ်လိုင်း၊ အိနိ္ဒယနဲ့ အနောက်နိုင်ငံတွေက ယူဖို့ အခြေအနေရှိနေတယ်။ ဒါပေမယ့် ဝယ်လိုအားနဲ့ ရောင်းလိုအားအပေါ်မှာ ချင့်ချိန်ရမယ်။ သီးနှံထွက်တာနဲ့ ပုံပြီးရောင်းကြမှာကိုပဲ စိုးရိမ်ရတယ်။”ဟု ဦးမြင့်မောင်က ပြောသည်။ ယမန်နှစ်က ပြောင်းဈေးနှုန်းများ ကျဆင်းခဲ့ခြင်းကြောင်း […]

ထျိုးမြာ ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စုရှိ မြို့ပေါ်ရပ်ကွက်မှလူငယ်အများစုသည် wy စိတ်ကြွရူးသွပ်ဆေးပြားများ သုံးစွဲနေသူများ များပြားလာနေကြောင်း ဖွံ့ဖြိုးရေးအတွက်ဖယ်ခုံလူငယ်အသင်းမှ အဖွဲ့ဝင် ကိုကျော်ထွန်းလင်းက ထံမှ သိရသည်။ “ခုလက်ရှိအချိန်ထိသုံးနေကြတုန်းပဲပေါ့နော။ တစ်အိမ်တိုင်းမှာ တစ်ယောက်နီးပါးလောက် သုံးနေကြတယ်ပေါ့နော။ အိမ်တိုင်းနီးနီးပေါ့နော။ အကုန်လုံးကိုတော့ မဆိုလိုပါဘူးပေါ့နော ”ဟု ကိုကျော်ထွန်းလင်းက ပြောသည်။ ယခင်နှစ်မှစ၍ အုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အခြားအဖွဲ့အစည်းများ ပူးပေါင်းကာ မူးယစ်ဆေးဝါးတို်က်ဖျက်ရေးကော်မတီတစ်ရပ်ဖွဲ့စည်းပြီး မူးယစ်ဆေးဝါးသုံးစွဲနေသောလူငယ်များကို စစ်ဆေးအရေးယူနေကြောင်း သိရသည်။ မူးယစ်ဆေးဝါးတို်က်ဖျက်ရေးကော်မတီမဖွဲ့စည်းပြီးနောက်ပိုင်း ပေါ်ပေါ်ထင်ထင် မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲနေသော အနေအထားများ လျော့နည်းလာကာ ယခင်ကဲ့သို့သော အပြုအမှုမျိုးများ မတွေ့ရှိရတော့ကြောင်း ကိုကျော်ထွန်းလင်းက ပြောသည်။ “အရင်လိုမျိုးမပွထတော့ဘူးပေါ့နော။ ဝင်လိုက်ထွက်လိုက် ရောင်းဝယ်တဲ့ကိစ္စတွေမှာ အရင်လိုတော့သိပ်မတွေ့တော့ဘူးပေါ့နော။ ရပ်ကွက်စည်းကမ်းတွေ ထိန်းသိမ်းထားလို့ပေါ့နော”ဟု ၎င်းက […]