ကယားထဲ နှစ်စဉ်နှစ်တိုင်း အစဉ်အလာပျက် ရိုးရာဓလေ့တခုအနေနဲ့ အထွတ်အမြတ် ဆောင်ရွက်ကြ တဲ့ ကရင်နီမျိုးနွယ်စုတွေရဲ့ အဲ့ဒိုပေါ်မီ (ခေါ်) ဒီးကူးပွဲဟာဆိုရင် ဘာသာရေးအနေနဲ့မလုပ်ရ ဘူးလို့ တားမြစ်ထားတယ်လို့ တချို့သော ဘာသာဝင်တွေက ပြောဆိုထားကြတာရှိပါတယ်။ ယခုလို အချိန်ကာလဟာ ကရင်နီလူမျိုးတွေနေထိုင်ကြတဲ့ ကျေးရွာတိုင်း နေရာတိုင်းမှာ အဲ့ဒိုပေါ်မီ ပွဲကို ပြုလုပ်နေကြပါတယ်။ အဲဒီပွဲဟာ ဘာသာရေးအနေနဲ့ တခြား တားမြစ်ထားတာမရှိပေမယ်လို့ ဘုရားမှအပ နတ်ကတော်ကဲ့သို့ အသက်သွင်းပြီး ယုံကြည်တဲ့တခုကိုတော့ တားမြစ်ထားတယ်လို့ ဖရူဆိုမြို့က ကက်သလစ်ဘာသာ ဘုန်းတော်ကြီး ကိုယ်တော်လီးရယ်က ဒေါခရော့ခူ ကျေးရွာမှာ လုပ်တဲ့ အဲဒိုပေါ်မီပွဲမှာ ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့က ဖရူဆိုမြို့နယ် ဒေါခရော့ခူကျေးရွာမှာ စုပေါင်းပြီး အဲဒိုပေါ်မီပွဲ […]

ထျိုးမြာ——- ဦးပိုင်ကုမ္ပဏီမှ ဆီဆိုင်ဆောက်လုပ်ရန်အတွက် အမှတ်(၉၀၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ(လွိုင်ကော်)မြေနေရာဟုဆိုပြီး နေအိမ်တစ်လုံးကို ဖယ်ရှားပေးရန် စာပို့တောင်းဆိုသည့်အပေါ် ဒေသခံများမှ စိုးရိမ်းနေကြသည်။ အမှတ်(၉၀၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ(လွိုင်ကော်)၏ တပ်ပိုင်မြေနယ်နိမိတ်ဟုဆိုကာ မြေနီကုန်းကျေးရွာရှိ ဒေါ်နန်းကွယ်၏ နေအိမ်ကို ရက်သုံးဆယ်အတွင်း ရွေ့ပေးရန် အမှတ်(၉၀၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း လွိုင်ကော်မြို့က စက်တင်ဘာလ(၉)ရက်နေ့တွင် ဒေါ်နန်းကွယ်ထံ အကြောင်းကြားစာပို့ထားသည်ဟုသိရသည်။ ထို့အပြင် တပ်ပိုင်မြေနယ်နမိတ် (၁၅၆.၂၈) ဧကအား ပြည်ထဲရေးဝန်ကြီးဌာနမှ ၁၉၉၅ ခုနှစ်တွင် မြေသိမ်းဆည်းမိန့်ရရှိခဲ့ပြီးဖြစ်သောကြောင့် တပ်မြေအတွင်းရောက်ရှိနေသော ဒေါ်နန်းကွယ်၏နေအိမ်အား ရက်(၃၀) ရက်အတွင်းဖယ်ရှားပေးရန်နှင့် (၃၀) ရက်အတွင်း ဖယ်ရှားပေးခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း စာထဲတွင် ရေးထားသည်။ ဦးပိုင်ကုမ္မဏီမှ ဆီဆိုင်ဆောက်လုပ်ရန် ဒေါ်နန်းကွယ်၏ နေအိမ်ကို ဖယ်ရှားစေခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဧရိယာ […]

လင်းသန့် လူထုကျန်းမာရေးနှင့် ရေရှည်တွင် ကောင်းကျိုးထက် ဆိုးကျိုးသာ ပိုမိုများပြာလာနိုင်သဖြင့် လွိုင်ကော်တွင် တည်ဆောက်ရန် လျာထားသော တစ်ရက် တန် ၄၀၀ဝ ကျ ဘိလပ်မြေစီမံကိန်းကို ဒေသခံများက အပြီးတိုင်ဖျက်သိမ်းပေးရန် တောင်းဆိုလိုက်သည်။ ရင်းနှီးမြှပ်နှံရန် ညီညာစွမ်းအားလုပ်ငန်းစုကုမ္ပဏီလိမိတက်၏ အစပြုမှုကိုလည်း နောက်ဆုတ်ပေးရန် စက်တင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်သော သဘောထားဆန္ဒထုတ်ဖေါ်ပွဲအပြီးတွင် ဦးဆောင်ကျင်းပခဲ့သော ကယားမြေသက်သေအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။ စီမံကိန်းတည်ဆောက်ရန် လျာထားသော နေရာသည် လွိုင်ကော်မြို့နှင့် လွန်စွာနီးကပ်နေပါသဖြင့် လူထု၏ အနာဂတ်ကျန်းမာရေးအာမခံချက်ကိုလည်း ခြိမ်းခြောက်လာနိုင်ကြောင်း အဆိုပါ ထုတ်ပြန်ကြေညာချက်က ဝေဖန်သည်။ ထို့အပြင် စီမံကိန်းအစပြုလုပ်ဆောင်ခဲ့သော ၂၀၁၃ ခုနှစ်ကတည်းက ပွင့်လင်းမြင်သာမှုမရှိခဲ့ခြင်းသည်လည်း လူထုအတွက် ယုံကြည်နိုင်စရာမရှိဟု ထောက်ပြထားသေးသည်။ သို့သော် ကယားပြည်နယ်ဝန်ကြီးချုပ်ကမူ […]

ထျိုးမြာ ဖယ်ခုံအင်း(မိုးဗြဲဆည်)အတွင်း ဂေဟစနစ်ကို ပျက်စီးစေနိုင်သော တရားမဝင် ရှော့တိုက် ငါးဖမ်းယူခြင်းကို စည်းကမ်းချက်အနေဖြင့် တင်းတင်းကျပ်ကျပ်တားမြစ်ထားကြောင်း သိရသည်။ ဖယ်ခုံအင်းနှင့် ပတ်သက်၍ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်ကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အင်းထိန်းသိမ်းရေးကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ အင်းထဲရှိ ရေနေငါးသတ္တဝါများကို သဘာဝနည်းဖြင့် မဟုတ်ဘဲ ရှော့ရိုက်ဖမ်နေမှုများကို တားမြစ်နိုင်ရေးအတွက် အဆိုပါ ကော်မတီအား ဖွဲ့စည်းလိုက်ခြင်းလည်းဖြစ်သည်။ “အင်းထိန်းသိမ်းရေးကော်မတီဆိုတာ ကျနော်ကိုယ်၌က လုပ်ချင်တဲ့အရာတစ်ခုဖြစ်တယ်။ ဒါပေမဲ့ ကျနော်ဝန်ကြီးဖြစ်တော့ ကိုယ်တိုင်မသွားနိင်ဘူးလေးနော့ ၊ အဲ့ဒါဖြစ်မြောက်ဖို့ဟာ ကျနော်ဟိုးရှမ်းပြည်နယ်အင်းလေးဒေသမှာလည်း အုပ်ချုပ်ရေးအဖွဲ့ထဲမှာလည်း ကျနော်ပါတယ်။ ကျနော်အဲ့ဒီအဖွဲ့မှာ ကျနော်ထဲထဲဝင်ဝင်လုပ်နိုင်မယ်လို့ ကျနော်မယူဆတဲ့အတွက် ကျနော်လုပ်နိုင်တဲ့ဖယ်ခုံအင်းလေးကိုတော့ ကျနော်နိုင်အောင်လုပ်ပေးမယ်ဆိုတဲ့ ခံယူချက်နဲ့ ကျနော်လုပ်လိုက်တာပါ။ ဒီလိုမိတ်ဆက်ပွဲကို ကယားပြည်နယ်မှာ ကျနော်တစ်ခါမိတ်ဆက်ဖူးတယ်။”ဟု ကယန်းတို်င်းရင်းသားရေးရာဝန်ကြီး ဦးအေးမောင်က […]

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်တွင် ပညာရေးကောလိပ်ကျောင်း ဖွင့်လှစ်ခဲ့သည်မှာ ၂ နှစ်နှစ်ရှိပြီ ဖြစ်သော်လည်း အောက်ခြေ၌ ကျောင်းဆရာ/မ လိုအပ်ချက်များ ရှိနေသေးကြောင်း ကယားပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးက ပြောကြားလိုက်သည်။ ပညာရေးဌာနကို ပြည်နယ်ကနေတဆင့် ပြည်ထောင်စုမှ တိုက်ရိုက် ကိုင်တွယ်ပြီး ဝန်ထမ်းခန့်အပ်သောစနစ်ကြောင့်လည်း လိုအပ်ချက်များ ဖြစ်နေခြင်းဟု စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ကန္တာရဝတီတိုင်း(မ်)သို့ ထုတ်ဖေါ်ပြောကြားသည်။ “ဒါကတော့ ဒီအခြေအနေနဲ့ပတ်သက်လို့ ပထမတစ်ချက်ကတော့ ပွင့်ပွင့်လင်းလင်းပြောတဲ့သူရှိတာပေါ့နော။ ပွင့်ပွင့်လင်းလင်းဆိုတာက ဝန်ထမ်းတွေ နေရာချပေးတာ ပြည်ထောင်စုကနေ ကိုင်သွယ်လုပ်တာပေါ့နော။ ကျောင်းဆိုလို့ရှိရင်လည်း ဆရာက တင်ပြပြီးတော့ ခွင့်ပြုပြီးမှ သွားရတာလေ။ ဆိုတော့ လောလောဆယ်မှာ အကြောင်းကြောင်းကြောင့် ပြည်ထောင်စုအဆင့်မှာ မရှိသေးတဲ့ ကျောင်းတွေဆိုလို့ရှိရင် ဘာကြောင့်မရှိတာလဲ တကယ်လို့ဒီမျိုးမဖြစ်အောင် […]

ထျိုးမြာ အလုပ်အကိုင်အခွင့်အလမ်းအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကာလတိုသင်တန်းကို finnish refugee council (FRC)မှ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ပူးပေါင်းပြီး ကာလတိုသင်တန်းဖွင့်လှစ်ပေးလျက်ရှိသော်လည်း ကယားပြည်နယ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ အများအပြားမရှိသေးသောကြောင့် ကျောင်းသူကျောင်းသားများ ကွင်းဆင်းလေ့ကျင့်ပေးရန်အတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။ စက်တင်ဘာ ၂ ရက်နေ့ Famous Hotel တွင် FRC မှ ကြီးမှူးကျင်းပသော အလုပ်အကိုင်အခွင့်အလမ်းချိတ်ဆက်ပွဲအခမ်းအနားတွင် ကွင်းဆင်းနေသော ကျောင်းသားတစ်ဦးမှ ၎င်းတို့၏ လုပ်ငန်းခွင်နှင့် ပတ်သက်၍ အခက်အခဲများကို တင်ပြခဲ့ရာ FRC မှ ဆရာများက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ “ကျနော်တို့ဆင်းတဲ့နေရာကျတော့ ကျနော်တို့သဲတွေဘာတွေပဲ မ ရတယ်။ ပြီးတော့ တကယ့်အလုပ်ကြမ်းတွေပဲ လုပ်ရတယ်ပေါ့နော။ ဒါပေမဲ့ ဒါတွေကတော့ ကောင်းပါတယ်။ […]

မူအက်စတာ ငွေတောင်ဆည်၏ အနောက်တောင်ဘက်ရှိ ဧည့်ရိပ်သာ(ဗိုလ်တည်း)နေရာ၌ ခေတ်မီကစားကွင်းတည်ဆောက်ရန် ငွေတောင်ဆည်ဧည့်ရိပ်သာ (ဗိုလ်တည်း)အဆောက်အအုံနှင့် မြေနေရာကို နှစ်ရှည်ငှါးရမ်းရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ခြင်း ဖြစ်သည်။ အဆိုပါနေရာ၌ ခေတ်မီကလေးကစားကွင်းနှင့် အပန်းဖြေပန်းခြံ၊ ရိုးရာအစားအစာ၊ ရိုးရာအဝတ်အထည်ဆိုင်များ ဖွင့်လှစ်ရန်အတွက် နှစ်ရှည်ငှါးရမ်းမည် ဖြစ်သည်။ “ရိပ်သာက ကျွန်တော်တို့ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးကနေပြီးတော့ ဒါကို ကလေးကစားကွင်းလိုပုံစံမျိုး၊ ဒါကိုတင်ဒါခေါ်ထားတယ်။ ဒီတင်ဒါအိတ်ဖွင့် ဖောက်စစ်တာကလည်း ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးက လုပ်မှာ” ဟု ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်းက ပြောသည်။ တင်ဒါခေါ်ယူနေမှုနှင့် ပတ်သက်ပြီး ဒေသခံများကို ဦးစားပေးသင့်ကြောင်းနှင့် ဖြစ်ပျက်လာမည့် နောက်ဆက်တွဲဆိုးကျိုးကောင်းကျိုးများကို တာဝန်ယူမှု တာဝန်ခံမှုရှိနေစေလိုကြောင်း ဒေသခံများက လိုလားနေကြသည်။ ဒေသခံတစ်ဦးဖြစ်သူ ကိုဖိုးဆွိက “တင်ဒါမခေါ်ခင် လူထုတွေကို နံပါတ်၁ ဦးစားပေးဖို့လိုတယ်၊ […]

မူအက်စတာ/ကန္တာရဝတီတိုင်း(မ်) တောင်သူများ၏ စိုက်ပျိုးရေးသီးနှံ ပိုမိုဖြစ်ထွန်းရန်နှင့် ပိုးမွှားဖျက်ဆီးသည့် အန္တရာယ်ကာကွယ်စေရန်အတွက် ဆုတောင်းပွဲများ ပြုလုပ်ကာ တစ်နှစ်တစ်ကြိမ် လယ်ကွင်းထဲတွင် ကရူးစူး(ခေါ်)ကားတိုင်ကို တောင်သူများ သွားရောက်စိုက်ထူကြခြင်း ဖြစ်သည်။ ကက်သလစ်ဘာသာဝင်များ၏ ကရူးစူး(ခေါ်) ကားတိုင်အောင်မြင်ခြင်းပွဲကို စက်တင်ဘာလ ၁၄ရက်နေ့၊ ဒီးမော့ဆိုမြို့နယ် ၅ မြောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ စပါးတွေ ပိုအထွက်ကောင်းအောင်၊ ပိုးမကျအောင် ကျွန်တော်တို့ ဒီလိုဆုတောင်ပွဲတွေ လုပ်ကြတယ်ပေါ့၊ ပြီးတော့ ကျွန်တော်တို့လယ်ထဲမှာ ကရူးစူးကို သွားစိုက်ကြတယ်ပေါ့” ဟု တောင်သူဦးမာတေးအိုက ပြောပါသည်။ ကရူးစူး(ခေါ်)ကားတိုင်အောင်မြင်ခြင်းပွဲအား ပြုလုပ်ရခြင်းအကြောင်းအရင်းအား ကက်သလစ်ဘာသာဘုန်းတော်ကြီးတစ်ပါးက “အိမ်ရှေ့၊ အိမ်နောက် လမ်းဆုံလမ်းခွ၊ အိမ်ခေါင်မိုးတွေပေါ်မှာလည်း အောင်မြင်ခြင်းအတွက်၊ အနှောက်အယှက်တွေ ကင်းဝေးစေဖို့အတွက် အခုလို ကရူးစူးကို စိုက်ထူထားရခြင်းဖြစ်တယ်၊ […]

ထျိုးမြာ တောင်သူလယ်သမားများသည် ဓာတုဓာတ်မြေဩဇာအပြင် ပိုးသတ်ဆေးများကို အကာအကွယ်မပါပဲ သုံးစွဲမှုများလျော့နည်းလာစေရန်နှင့် သဘာဝမြေဩဇာအသုံးပြုတတ်လာစေရန် လိုအပ်လာသည်ဟု မိုးဗြဲတောင်သူလယ်သမားကွန်ယက် အဖွဲ့က ပြောဆိုလိုက်ကြသည်။ အကြောင်းမှာ မိုးဗြဲဒေသတွင်ရှိသည့် တောင်သူများအသုံးပြုလျက်ရှိသည့် မြေဩဇာနှင့် ပိုးသတ်ဆေးများသည် မိုးဗြဲဆည်တွင်းတွင် စီးဝင်လျက်ရှိသည့်အတွက် ဖြစ်သည်ဟု သိရသည်။ ထို့ကြောင့် ယခု မိုးဗြဲတောင်သူလယ်သမားကွန်ယက်အဖွဲ့က သဘာဝမြေဩဇာ ထုတ်လုပ်နည်း အသုံးပြုနည်းများကို စာတွေ့လက်တွေ့ပို့ချပေးလျက်ရှိသည်။ “ ပိုးသတ်ဆေးတွေ ဖြန်းတဲ့အချိန်မှာလည်း သူတို့မှာ အကာကွယ်အပြည့်အစုံမရှိဘူး။ ဗဟုသုတ အရမ်းနည်းတယ် အဲ့ဒါက တစ်ဘက်ပေ့ါနော။ ပြီးတော့ ကျနော်တို့မြေတွေက မြေဆီလွှာတွေ အရမ်းနည်းနေပြီး။ ခန့်မှန်းခြေပေါ့နော နောက်ထပ်နှစ်နှစ်ဆယ်လောက်နေရင် လယ်အကြောင်းတော့ကျနော်တို့အတိမကျမပြောနိုင်ဘူး။ ကျနော်တို့မြေတွေကတော့ နောက်ထပ်နှစ်နှစ်ဆယ်သုံးဆယ်ဆိုရင် မြေဆီလွှာလုံးဝကုန်ခမ်းသွားနိုင်တဲ့အခြေအနေရှိတဲ့အတွက် ကျနော်တို့လည်း ဒီစီမံကိန်းကိုလုပ်ရခြင်းဖြစ်တယ်ပေါ့နော ” ဟု […]

ဘောလခဲမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိသော အထောက်အထားမဲ့ လူ ၈ ဦးကို နိုင်ငံသားသက်သေခံအထောက်အထားမပါရှိခြင်းကြောင့် လ.ဝ.ကအက်ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ဖမ်းဆီးရရှိထားသော လူ ၉ ဦးအနက် ၈ ဦးသည် လူမျိုး(စုံစမ်းဆဲ)/အစ္စလမ်ဘာသာဝင်ဖြစ်ကာ ၁ ဦးမှာ ဗမာလူမျိုး/ဗုဒ္ဓဘာသာဝင် ဖြစ်ကြောင်း သိရသည်။ ဘောလခဲမြို့အထွေထွေအုပ်ချုပ်ရေးရုံးရှေ့၊ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စက်တင်ဘာလ(၁၇)ရက်နေ့ ညနေ(၅)နာရီခွဲ အချိန်ခန့်တွင် လွိုင်ကော်မှ မော်ချီးကျေးရွာသို့ စိုးတင့်(ခ) အငယ်ကောင်၊(၂၂)နှစ် (ဘ)ဦးစိုးမြင့် ရွှေညောင်မြို့ နေသူမောင်းနှင်သော ထ/xxxxဟိုင်းလပ် မော်တော်ယာဉ်ကို စစ်ဆေးရာ လူမျိုး(စုံစမ်းဆဲ)/ အစ္စလာမ်ဘာသာဝင် (၈)ဦးနှင့် ဗမာလူမျိုး/ဗုဒ္ဓဘာသာဝင် (၁)ဦးအားတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါသူများကို စစ်မေးရာ ရွှေညောင်မြို့၊ ရွှေဘုံသာ (၁)ရပ်ကွက်၊ […]