ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများအနေဖြင့် မိမိတို့ ပါတီဝင်များ၊ မဲဆန္ဒနယ်မှပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရာတွင် ဒေသအာဏာပိုင်များက လိုက်လံဟန့်တားသည့်အပေါ် ကျိုးကြောင်းဆီလျှော်မှုမရှိဘူးလို့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများက သုံးသပ်ပြောဆိုလိုက်ပါတယ်။ လွိုင်ကော် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေရဲ့ လှုပ်ရှားမှုတွေကို သတိပေး ထုတ်ပြန်စာတွေ ပေးပို့ဖူးတဲ့အတွက် အခုလို တိုင်းရင်းသားပါတီတွေက တုန့်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေကို လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းတွေကို သက်ဆိုင်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေသာ ညွန်ကြားသင့်တယ်လို့ ယူဆထားပြီး ယခုလို ပြည်နယ်အစိုးရမှ တဆင့် အထွေထွေအုပ်ချုပ်ရေးမှူးများက လိုက်လံညွန်ကြားနေခြင်းသည် မဖြစ်သင့်ဘူးလို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ် က ပြောပါတယ်။ ၎င်းက “အခုက ပြည်နယ်အစိုးရကနေ ထုတ်ပြန်တယ်ဆိုတော့ ဘဘာဝမကျဘူးပေါ့နော်၊ အခုက အရပ်ဘက်အဖွဲ့အစည်းတွေကို […]

ကန္တာရဝတီတိုင်း(မ်) လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် ၂၀၁၅ တုန်းကလို အပြတ်အသတ်အနိုင်ရဖို့မလွယ်ကူတော့ကြောင်း ဒီမောဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်(ခ)စဲရယ်က ပြောဆိုလိုက်ပါတယ်။ ဒီကိစ္စဟာ လွယ်ကူမှာ မဟုတ်ကြောင်း ဦးစဲရယ်သိန်းအောင်က “ မလွယ်ဘူး .. မလွယ်တော့ဘူး … ကျနော်တို့ NLD ပါတီအနေနဲ့ကတော့ ကြိုးစားတာပေါ့လေ၊ ၂၀၁၅ တုန်းကလို အပြတ်အသတ်အနိုင်ရအောင်၊ ဒါပေမဲ့ လူတစ်ထောင်မှာ တစ်ထောင်လုံးကျနော်တို့ကိုမဲပေးဖို့က မဖြစ်နိုင်တော့ပါဘူး” လို့ ပြောပါတယ်။ NLD ပါတီက အစိုးရအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ကယားပြည်နယ်အစိုးရနှင့် ဒေသခံလူထုတွေအကြား ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့တဲ့ ကိစ္စရပ်တွေနဲ့ တောင်သူတွေ အပေါ် […]

ကန္တရဝတီတိုင်း(မ်) မြန်မာ့တပ်မတော်မှ လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှ အရေးယူဆောင်ရွက်မှုအပေါ် ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်မှ ထောက်ခံကြောင်း ဒီဇင်ဘာလ ၉ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။ “ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့မှသွားတယ် ထောက်ခံတဲ့သူတွေလည်းရှိတယ်။ ကျတော်တို့ဖက်က တစ်ကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် မနက်ဖြန် သဘက်ခါမှာ စစ်တွေ ဘာမှ မကျူးလွန်ပါဘူး လူ့အခွင်အရေးလည်း ချိုးဖောက်မှုမရှိဘူး အဲလိုမျိုး သူကာကွယ်ပြီးတော့မှ ပြောခဲ့မယ်ဆိုရင် ဒီမြန်မာပြည်ကို စစ်အာဏာရှင်တွေ သက်ဆိုးရှည်အောင်သက်ရောက်တယ်ပေါ့နော။ တခြားသော တိုင်းရင်းသားဒေသတွေမှာ ဒီထက်မက လူ့အခွင့်အရေးချိုးဖောက်အောင် တွန်းပို့တယ်လို့ ကျတော်တို့မြင်တယ်” ဟု ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် (KCSN) မှ Coordinator ခူးကိုရယ်က ပြောသည်။ […]

မော်ဦးမြာ ရေးသားသည်။ ဒုက္ခသည် ပြန်လည်နေရာချထားရေးမှာ ပါဝင်ပြီး နေရပ်ကို ပြန်လည်ရောက်ရှိလာတာ လပိုင်းအတွင်းသာ ရှိသေးတဲ့ ဒေါ်ပိုးမယ်ကတော့ ဝါးထရံ ကာပြီး သွပ်မိုး မိုးထားတဲ့ ခြေတိုင်ရှည် အိမ်ငယ်လေးမှာ အမျိုးသားနဲ့အတူ မနက်စာအတွက် ချက်ပြုတ်ပြင်ဆင်နေပါတယ်။ နေရပ်ကို ပြန်ရောက်တာ မကြာသေးတာ ဖြစ်တဲ့အတွက် အိမ်ထဲမှာတော့ ပစ္စည်းတွေက တခြားအိမ်တွေလောက်တော့ သိပ်မများလှ။ နေ့စဉ် မျှသုံးလို့ရနိုင်တဲ့ အသုံးအဆောင်ပစ္စည်းလောက်သာ ရှိသေးတယ်။ သူမကတော့ ရှားတောမြို့နယ် ဖရေစိုးလေးဒေသက လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲနေသေးတဲ့ ဒေါဆော်ဘူးကျေးရွာမှာ နေထိုင်ပါတယ်။ သူမကတော့ ဖြတ်လေးဖြတ်မှာ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်းနေရင်းနဲ့ ကရင်နီဒုက္ခသည်စခန်းကို ရောက်ရှိသွားပါတယ်။ “အခုက ကျမတို့ တောင်ယာလုပ်တယ်။ လယ်နဲနဲတော့ရှိတယ် ဒါပေမဲ့ သစ်ပင်တွေ […]

နော်ဒွေးအယ်ခူ တပ်ဧရိယာကို ပိုင်နက်ကျူးကျော်မှုဖြင့် တရားစွဲဆိုခဲ့ထားရသည့် ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးတောင်သူ ၁၅ ဦးကို ယနေ့ စက်တင်ဘာလ၉ရက်နေ့ ဒီမော့ဆိုမြို့နယ်တရားရုံးသို့ ခေါ်ယူစစ်ဆေးရာတွင် လာရောက်ဝန်းရံသူ ဒေသခံ တောင်သူအများအပြားရှိခဲ့သည်။ ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးလက်နေ တောင်သူများ ခန့်မှန်း ၃၀ဝခန့် လာရောက်ဝန်းရံခဲ့ကြသည်။ “ကိုယ်လည်းတောင်သူပဲ သူတို့လည်းတောင်သူပဲကိုယ်က ဘာမှမလုပ်နိုင်ရင်တောင်မှ သူတို့ကိုလာအားပေးတာပေါ့။” ဟု ဖရူဆိုမြို့နယ်မှ တောင်သူ တစ်ဦးက ပြောပါသည်။ အမြောက်တပ်ကို ၂၀၀၂-၂၀၀၃ခုနှစ်နောက်ပိုင်းတွင် လာတည်ထားတာဖြစ်ပြီး ဒေသခံများက ယခင် ဘိုးဘွားစဉ်ဆက် လက်ထက်ကတည်းကပင် စိုက်ပျိုးလုပ်ကိုင်လာခဲ့ကြတဲ့သူများဖြစ်ကြသည်။ “ကျတော်တို့ သချင်္ိုင်းတွေလည်း ရှိတယ်။ ဘာသာရေးနဲ့ ပတ်သက်တဲ့ အမှတ်အသားတွေလည်း ရှိတယ် ကျတော်တို့ […]

နော်ဒွေးအယ်ခူ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးကျေးရွာမှ တောင်သူ ၁၅ ဦးသည် ပုဒ်မ ၄၄ရ ဖြင့် တရားစွဲဆိုခံနေရပြီး ၁၅ဦးအနက် ၆ဦးမှာ နိုင်ငံသားများ၏ ပုဂိ္ဂုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝဖြင့်ထပ်မံတရားစွဲဆိုခံရကြောင်း ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌခူးတူရယ်ထံမှ သိရသည်။ “ဒေါဆိုရှေးတောင်သူ ၁၅ ဦးကို တရားစွဲထားတဲ့ ဒီနေ့က တရားရုံးချိန်းဖြစ်တယ်ပေါ့။ နိုင်လွတ်လုံပုဒ်မ၁ဝနဲ့ နောက်ထပ် တောင်သူ၆ဦးကို ဖမ်းပြီး ထောင်ပို့ပြီး တရားထပ်စွဲတယ်။ ဆိုတော့ နိုင်လွတ်လုံပုဒ်မနဲ့ တောင်သူနဲ့ဘာဆိုင်လဲပေါ့ အဲဒါတွေက ဥပဒေနဲ့ညီရဲ့လားဆိုတာ အဖြေပြန်ရှာရလိမ့်မယ်” ဟု ခူးတူရယ်က ပြောသည်။ ပုဒ်မ ၄၄ရဖြင့် တရားစွဲဆိုခံရသည့်၁၅ ဦးအနက် အမျိုးသမီး ၅ […]

နော်ဒွေးအယ်ခူ ဒေသန္တာရအမိန့်ကြောင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကရင်အာဇာနည်နေ့ အခမ်းအနား မကျင်းပနိုင်သည့်အတွက် ဝတ်ပြုဆုတောင်းပွဲကိုသာကျင်းပခဲ့ကြသည်ဟု ကယားပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဌ စောဆာကပြူရှီးက ပြောသည်။ ၎င်းက “အာဇာနည်နေ့လုပ်တယ်ဆိုတာ အဓိကက အလံတိုင်တစ်ဝက်ချရမယ် ဦးညွှတ်ရမယ် အလေးပြုရမယ် ပန်းခွေချရမှာပေါ့ လွမ်းသူ့ပန်းခွေချရမယ် မချလို့ရှိရင် ဘာအဓိပ္ပါယ်ရှိမလဲ” ဟု ဆိုသည်။ ယနေ့ဩဂုတ်လ ၁၂ရက်နေ့သည် ကရင့်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်၊ သွေး၊ ချွေး၊ ခန္ဓာ ပေးဆပ်ခဲ့သော ကရင့်အမျိုးသားအာဇာနည်များကို အထူးသတိရအောက်မေ့လျှက် ဂုဏ်ပြုနေကြသောနေ့ဖြစ်ပါသည်။ ဒေသန္တာရအမိန့်သည် ပြည်နယ်အစိုးရထံ ၁၅ ခွင့်ပြုမိန့်ကြိုတင် တောင်းခံရပြီး ခွင့်ပြုမိန့်ကျမှသာလျှင် ကျင်းပရသည့်အတွက် အခက်အခဲရှိနေကြရခြင်းဖြစ်သည်။ ထို့အပြင် ဘုရားကျောင်းများတွင် နိုင်ငံရေးဆွေးနွေးပွဲများ၊ တခြားအစည်းအဝေးများ၊ အခမ်းအနားများမပြုလုပ်ရန် ပြည်နယ်အစိုးရကထုတ်ပြန်ထားသည်။ […]

ခူးကြူးဖဲကေး (ကရင်နီအမျိုးသား) တိုင်းပြည်ရဲ့ ဒီမိုကရေစီက နုနု၊ မုန်းတိုင်းက ထန်ထန်လို့ ပြောရမဲ့ အချိန်ကာလကို ရောက်နေပြီလိုပဲ ရှေ့ ဦးစွာ သမုတ်ချင်ပါတယ်။  ကရင်နီပြည်နယ်ရဲ့  ၂၀၁၉  ခုနှစ် အကူးအပြောင်းဟာလဲ စိန်ခေါ်ချက်များနဲ့ ရင်ဆိုင်နေရတဲ့ ကာလဖြစ်ပါတယ်။  ပြည်နယ်ရဲ့ ဒီမိုကရေစီစံနှုန်းက နုနု မုန်းတိုင်က ထန်ထန်ပဲ လို့ ပြောရမဲ့ သဘောမှာရှိပါတယ်။ အမျိုးသားရေး ဝိသေသ(Identity Politics) နဲ့ ဒီမိုကရေစီ ရဲ့ အခန်းက ထပ်တူကျမှု ရှိသလားလို့ ပြောရင် အချိုးညီတဲ့ ထပ်တူကျမှုလို့ပြောလို့ရပါမယ်။  ကမ္ဘာနိုင်ငံများဟာ အမျိုးသားတန်းတူရေးကို ဦးစွာ ဖြေရှင်းပြီးမှသာ တိုးတက်ရေးကို တက်လှမ်းနိုင်ခဲ့ကြတာကို သိပ်မဝေးလွန်းလှတဲ့ ၁၉  ရာစုနှစ်များ နှင့် ၂၀ ရာစုနှစ်များက သက်သေအခိုင်အမာ ထူပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ အမျိုးသားရေး ဝိသေသနဲ့ ဒီမိုကရေစီ ရဲ့ အရေးပါပုံကို သုံးသပ်ပြပါမယ်။ ကယား (ကရင်နီ) ပြည်မှာရှိတဲ့ လူငယ်အင်အားစုများ  နဲ့  ဦးအယ်ဖောင်ရှိုအမှူးပြုတဲ့ ရွေးကောက်ခံမဟုတ်ပဲ တက်လာတဲ့ ဦးမော်မော်တို့ အကြား ကြေးရုပ်ပုံစံတူအထမြောက်ရေးအတွက် လွန်ဆွဲပွဲဟာ အမျိုးသားရေး ဝိသေသ(Identity Politics) ပဲဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အဓိကကျတဲ့ ရေသောက်မြစ်အချက်တစ်ချက်ကို ဆွဲထုတ်ပြရမယ်ဆိုရင်လဲ အမျိုးသားရေးဆိုင်ရာက အဓိကကျတဲ့ အနေအထားမှာရှိပါတယ်။  ဒီမိုကရေစီဆိုတာက စံနှုန်းတစ်ခုဖြစ်ပါတယ်။ စံနှုန်းဆိုတဲ့ နေရာမှာ လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ရမယ်၊ လွတ်လပ်စွာ ရေးသားခွင့် နဲ့ လွတ်လပ်စွာ သဘောဆန္ဒထုတ်ဖော်ပိုင်ခွင့်တို့ တည်ရှိပါတယ်။  အထက်ပါ အခြေခံ စဉ်းစားချက် သုံးခုအပေါ် အခြေခံပြီး ဒီမိုကရေစီကို သတ်မှတ်ကြရတာပဲဖြစ်ပါတယ်။  အထက်ပါ စံနှုန်းတွေကို ကိုယ်နဲ့ လိုက်ဖက်တဲ့ နိုင်ငံရေးပထဝီအပေါ်အခြေခံပြီး ကျင့်သုံးကြရတာပဲဖြစ်ပါတယ်။ ဥပမာ – အမေရိကန် ရဲ့  ဒီမိုကရေစီစံနှုန်းဟာ သူရဲ့ နိုင်ငံ စတင်ဖြစ်တည်လာတဲ့ အပေါ်မှာ အခြေတည်ပါတယ်။  သူနိုင်ငံနဲ့ လိုက်ဖက်တဲ့ဒီမိုကရေစီ စံနှုန်းဟာ နိုင်ငံရေးသမိုင်း နဲ့ နိုင်ငံနယ်နမိတ် ဖြစ်တည်မှုအပေါ်မှာပဲ အခြေတည်တယ်လို့ ယေဘုယျ သုံးသပ်လို့ ရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားကို ကိုယ်ကပဲ ဝတ်ရပါမယ်။ ဝတဲ့လူအတွက် ဝတဲ့အလျောက် နဲ့ ပိန်တဲ့ လူအတွက် ပိန်တဲ့အလျောက် အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်ရပါမယ်။ ကယား(ကရင်နီ)ပြည်ရဲ့  ပထဝီသမိုင်းကြောင်းအရ သီးခြားလွတ်လပ်တဲ့ ပြည်နယ်တစ်ခုအနေနဲ့ ရပ်တည်ခဲ့တာဖြစ်ပါတယ်။  ဒီအပေါ်မှာ ငြင်းပယ်လို့ မရပါဘူး။ ဒါဟာ ပြည်ထောင်စု ရဲ့ ပြည်နယ်အဖွဲ့ ဝင်တစ်ခုဖြစ်တဲ့ ကယား (ကရင်နီ) ပြည်ရဲ့ ထူးခြားမှု ဝိသေသတစ်ခုဖြစ်ပါတယ်။ ဒီမိုကရေစီ ရဲ့ စံနှုန်းဟာ ထူးခြားတဲ့၊ မတူကွဲပြားတဲ့ အယူအဆတွေကို အတူတကွ ယှဉ်တွဲ နေထိုင်တဲ့ အယူအဆဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစနစ်ရဲ့ ထူးခြားတဲ့ ဝိသေဿ လက္ခဏာတွေပဲဖြစ်ပါတယ်။  ဒါကြောင့် ကိုယ်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားဖြစ်တဲ့ဒီမိုကရေစီ ဆိုတဲ့ စံနှုန်းဟာ ပထဝီနိုင်ငံရေး နဲ့ သမိုင်းကြောင်းဆိုင်ရာအပေါ် အခြေတည်ရမယ်ဆိုတဲ့ လိုက်လျောညီထွေမှုရှိတဲ့ ဒီမိုကရေစီဗဟုဝါဒကို ဝန်ကြီးများဖြစ်ကြတဲ့ ဦးအယ်လ်ဖောင်းရှို နဲ့ ရွေးကောက်ခံမဟုတ်တဲ့ ဦးမော်မော်က နားလည်သဘောပေါက်ဖို့လိုပါမယ်။ ကယား (ကရင်နီ)ပြည်မှာ အငြင်းပွားဖွယ် ကြေးရုပ်တည်ဆောက်ရေးကို ဝန်ကြီးချုပ်အမှုးပြုတဲ့ ဦးအယ်လ်ဖောင်းရှို နဲ့ ရွေးကောက်ခံမဟုတ်တဲ့ ဦးမော်မော်တို့ က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံစံတူ ကြေးရုပ်ကို ဒေသခံ ဌာနေတိုင်းရင်းသားများ နဲ့  ပြည်နယ်သားတို့ရဲ့ သဘောဆန္ဒမပါပဲ စတင်ဆောင်ရွက်ဖို့ ယခင်နှစ်က လုပ်ဆောင်ခဲ့တာကို အားလုံးအမှတ်ရဦးမယ်ထင်ပါတယ်။  အထက်ပါ လုပ်ဆောင်မှုများနဲ့ ပက်သက်ပြီး ဒေသခံ တိုင်းရင်းသားလူငယ်ထုများက ကန့်ကွတ်တဲ့ လူထုတိုက်ပွဲလှုပ်ရှားမှု တစ်ရပ်ကို ပြုလုပ်ချိန်မှာကျတော့ အကြမ်းဖက်ဖြိုခွဲခဲ့ပြီး လူငယ်ခေါင်းဆောင်များကို ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ (၁၉ ) ၊ (၂၀) အပါအဝင် နိုင်ငံတော် အကြည်အညိုပျက်စေမှုများ နဲ့ တရားစွဲဆိုခဲ့ပါတယ်။  လူငယ်ခေါင်းဆောင်တွေရဲ့ တောင်းဆိုမှုကို သုံးသပ်ကြည့် မယ်ဆိုရင်လဲပုံစံတူကြေးရုပ်ကို အရင်တည်မဲ့အစား ဗိုလ်ချုပ်အောင်ဆန်း နဲ့ ကရင်နီပြည်ရှိ တိုင်းရင်းသားခေါင်းဆောင်တွေ ကတိကဝတ်ထားရှိခဲ့ကြတဲ့ တန်းတူညီမျှမှုရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးအပါအဝင် ကို့ယ်ကြမ္မာ၊ ကိုယ်ဖန်တီးနိုင်တဲ့ အနေအထားကို မူအဖြစ်အခြေခံပြီး တိုင်းရင်းသားတန်းတူညီမျှမှုရှိတဲ့ ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားကြဖို့အတွက် ကတိကဝတ်တွေထားခဲ့ကြပါတယ်။  ဒီအခြေခံပေါ်မူတည်ပြီး ယခု ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ကိုလိုနီနယ် (၄) နယ်ဖြစ်ကြတဲ့ ဗမာပြည်၊ ရှမ်းပြည်၊ ကချင်ပြည်၊ ချင်းပြည် အပါအဝင် သီးခြားလွတ်လပ်တဲ့ ကရင်နီပြည် ဆိုတဲ့ ပြည်ကြီး (၅) ခုအပေါ်အခြေတည်ပြီး တိုင်းပြည်ကို တည်ဆောက်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒါဟာ ငြင်းလို့မရတဲ့ အမှန်တရားဖြစ်ပါတယ်။  ဒါကြောင့် ကရင်နီလူငယ်ခေါင်းဆောင်များတောင်းဆိုကြတဲ့ ဗိုလ်ချုပ်ကတိကဝတ်ဟာ ငြင်းပယ်စရာမရှိတဲ့ ယေဘုယျအမှန်တရားဖြစ်ပါတယ်။ ကရင်နီပြည်ရဲ့  ထူးခြားတဲ့ ဝိသေသနဲ့ အမျိုးသားရေးသူရုပ်ဆိုင်ရာ နိုင်ငံရေး (Identity Politics ) အပေါ် အခြေခံပြီး ကရင်နီလူငယ်ခေါင်းဆောင်တွေက ပုံစံတူရုပ်ထုထက်၊ ပါတီတစ်ခုရဲ့  အောင်နိုင်ရေးရုပ်ထု တစ်ခုထက်ပိုတဲ့ ဂုဏ်ပကာသနထက်တန်ကြေးများစွာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတိကဝတ်တွေကို တောင်းဆိုတာဟာ မှားယွင်းမှုရှိမယ်မထင်ပါ။ ထပ်မံပြီးထူးခြားတဲ့အချက်က စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲချိန်မှာ ယခု ဗို်လ်ချုပ်အောင်ဆန်းရဲ့ ကတိကဝတ်တွေကို ပုံတူကြေးရုပ်ထက်စာရင် ဦးစွာအကောင်း အထည်ဖော်ဖို့ တောင်းဆိုတဲ့ ကရင်နီလူငယ်များရဲ့ တောင်းဆိုမှုဟာ တရားမျှတမှု ရှိတယ်လို့ပဲ သုံးသပ်လို့ပါတယ်။  ယခု ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံစံတူ ကြေးရုပ်ကို ချစ်လှပါတယ်ဆိုတဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နဲ့ ရွေးကောက်ခံမဟုတ်တဲ့ ဦးမော်မော်တို့ ရဲ့ သဘောဆန္ဒဟာ ရိုးသားမှုရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။  ယခင်က ဗိုလ် ဗိုလ်ချုပ်အောင်ဆန်း (ဝါ) သခင်အောင်ဆန်းရဲ့ မွေးနေ့ နဲ့ အာဇာနည်နေ့တွေကို  ပွင့်လင်းခါစအချိန် နဲ့ စစ်အစိုးရလက်ထက်တွေမှာ  ယခု ဗိုလ်ချုပ်ရဲ့ ကတိကဝတ်တွေကို တောင်းဆိုခဲ့ကြတဲ့ လူငယ်ထုက ကျင်းပပြုလုပ်ခဲ့တာတွေ၊ စစ်ထောက်လှမ်းရေးများကိုမကြောက်မရွံ့ နဲ့ အာဇာနည်ကျောက်တိုင်မှာ လွမ်းသူပန်းခွေချတာတွေ၊ ယခု ဝန်ကြီးနေရာယူထားသူတွေ မလုပ်ဝံ့တဲ့ အချိ်န်မှာ ဗို်လ်ချုပ်အတွက် အမှတ်တရတွေလုပ်ပေးခဲ့ကြပါတယ်။ ဒီအချက်ဟာ ငြင်းလို့မရတဲ့ အမှန်တရားတွေဖြစ်ပါတယ်။  ဒီအချက်ပေါ်အခြေခံစဉ်းစားရင် အမျိုးသားရေးသူရုပ် နဲ့ အမျိုးသားရေးဖြစ်တည်မှုအပေါ်မှာ ကရင်နီဖြစ်ခြင်းကို ရပ်တည်ပြီး ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့တဲ့ အမျိုးသားတန်းတူရေးအပေါ် အခြေတည်ပြီး ကတိကဝတ်များအား အကောင်အထည်ဖော်ဆောင်ရွက်ဖို့ တောင်းဆိုခဲ့ကြတဲ့ လူငယ်တွေဟာမှားယွင်းမှုရှိနိုင်သလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။  ထိုသို့ ဗိုလ်ချုပ်အောင်ဆန်းအား စစ်အာဏာရှင်ခေတ်တွင် အဆိုပါချစ်ကြသည်၊ လေးစားကြသည်ဆိုသည့်  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ကျောင်းဆင်းဖြစ်သူ ဦးအယ်လ်ဖောင်းရှို နဲ့ ရွေးကောက်ခံမဟုတ်တဲ့ ဦးမော်မော်တို့ ဘယ်ရောက်နေကြသလဲဆိုတာကလဲ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ညောင်မြစ်တူးရင်တော့ ပုတ်သင်ဥတော့ ပေါ်လာပါလိမ့်မယ်။  ဒါကြောင့် ပညာဖြစ်တဲ့ ထီးတော်ရှိမှ စေတီဖြစ်တဲ့ တိုင်းပြည်ဟာလဲ သပ္ပါယ်ပေမှာပေါ့။ လူတယောက်အား လေးစားခြင်း နဲ့  ချစ်ကြည်ညိုခြင်းဟာ စစ်အာဏာရှင်စနစ် မှ ဒေါ်အောင်ဆန်းစုကြည်အမှုးပြုသည့် ခေတ်နှင့်အညီ ပြောင်းလဲသွားခြင်းမျိုးမရှိကောင်းပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်တဲ့နေရာမှာ အရေးပါ အရာရောက်တဲ့ ပုဂ္ဂို်လ်တစ်ယောက်လဲဖြစ်ပါတယ်။  ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတိကဝတ်တွေကို မဖြည့်ဆည်းပေးနိုင်ချိန်မှာပဲ ပုံစံတူကြေးရုပ်တည်ဆောက်နေမှုအပေါ် ကရင်နီလူငယ်ထုများက စောလွန်သေးသည်ဟု ကန့် ကွက်နေမှုများအရှိန်အဟုန်မြင့် လုပ်ဆောင်နေကြတာကိုလဲ တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ရဲ့အဖွဲ့ဝင်တွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နဲ့ ရွေးကောက်ခံမဟုတ်တဲ့ ဦးမော်မော်တို့ဟာ ဇန်နဝါရီလ (၂၉ )ရက်နေ့၊ ၂၀၁၉  ခုနှစ်မှာ ပုံတူကြေးရုပ်ကို ကယား (ကရင်နီ) ပြည်ရဲ့  လွိုင်ကော်မြို့တော်သို့  လျို့ဝှက်စွာခေါ်သွင်းလာတာကို တွေ့ မြင်ရမှာပဲဖြစ်ပါတယ်။  ဒါဟာ  ဂုဏ်သိက္ခာကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ပြုမူဆက်ဆံသင့်တဲ့အနေအထားမဟုတ်ပါဘူး။ အားလုံးလဲ သိတဲ့အတိုင်းပါပဲ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်မတန်မှ ကျိုးနွံစွာနေတတ်ပြီး ဂုဏ်ပကာသနတွေ မက်မောသူတယောက်မဟုတ်ပါဘူး။ အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိနေမယ်ဆိုရင် အခုလို လုပ်ဆောင်နေမှုကို လက်သင့်ခံလိမ့်မယ်လို့တော့ မယူဆမိပါဘူး။ အငြင်းပွားဖွယ်ဖြစ်ပေါ်နေတဲ့ ပုံစံတူကြေးရုပ် တည်ဆောက်မှုအပေါ် တစ်ပြည်နယ်လုံးရဲ့ အတိုင်းအတာ နဲ့  ဆန္ဒသဘောထားခံယူပြုလုပ်ပေးဖို့ အတွက်ကိုလည်းလူငယ်ထု ကိုယ်စားလှယ်များက  ပြည်နယ်ရဲ့ ဥသျှောင်ဖြစ်တဲ့ ဦးအယ်လ်ဖောင်းရှိုထံ တွေ့ ဆုံညှိနှိုင်းရန်တောင်းဆိုခဲ့သော်လည်းပဲ ရွေးကောက်ခံမဟုတ်တဲ့ ဦးမော်မော် နဲ့သာ တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။  အကယ်၍ ပြည်နယ်တစ်ခုလုံးရဲ့ သဘောဆန္ဒကို မကောက်ခံနိုင်လောက်အောင် ပွင့်လင်းမြင်သာမှုမရှိတာဟာ မေးခွန်းထပ်မံထုတ်ရမဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုက ပိုမိုအရေးပါသလား၊ ကတိစကားများက ပိုအရေးပါသလားဆိုတာကိုတော့ လူထုဆန္ဒခံယူပွဲက ပြဌာန်းပေးမဲ့ အက္ခရာကျတဲ့ အချက်ဖြစ်ပါတယ်။  ဒီအချက်ကိုလဲ ပြည်နယ်အစိုးရက လက်မခံပဲ ဆက်လက်ပြီးလုပ်ဆောင်ခဲ့တာဟာ နိုင်ငံရေးအရ စိန်ခေါ်ချက်ကြီးမားတဲ့ အချက်ဖြစ်ပါတယ်။ ဒါ့အပြင် ဦးဆောင်လှုပ်ရှားတဲ့ လူငယ်တွေကိုလဲ တရားစွဲဆိုမှုတွေ၊ သပိတ်စခန်းအား အတင်းအဓမ္မရုပ်သိမ်းမှုတွေပြုလုပ်ခဲ့တာကို တွေ့ မြင်ရမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ ထပ်မံပြီး သတိထားရမဲ့အချက်တစ်ချက်က လူမှုကွန်ယက်ကနေ ကြီးထွားလာတဲ့ အမျိုးသားရေးသူရုပ်ကို အသိအမှတ်မပြုမှုကြောင့် ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ လူမျိုးရေးဆိုင်ရာ ကိစ္စရပ်တွေဖြစ်ပါတယ်။  အဓိက အရင်းခံကို ကြည့်မယ်ဆိုရင် ပြည်နယ်အစိုးရအနေနဲ့  တာဝန်ခံမှုရှိရှိ နဲ့ တာဝန်ယူမှုရှိရှိကို မကိုင်စွဲပဲ ခေါင်းရှောင်နေခဲ့တဲ့အတွက် ကြောင့်ပဲဖြစ်ပါတယ်။ အစိုးရအနေနဲ့ ပုံစံတူကြေးရုပ်စိုက်ထူရေးအပေါ် ဆန့်ကျင်မှုများရှိနေသော်လည်းပဲ ဆက်လက်လုပ်ဆောင်ခဲ့တဲ့အပြင် တွေ့ဆုံညှိနှိုင်းရေးအတွက် လမ်းစကိုလဲအသုံးမချတာကို တွေ့ မြင်ရပါတယ်။  ထပ်မံပြီး အံဩစရာတွေ့ရတာက ပွင့်လင်းမြင်သာမှုမရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ၏ ပုံစံတူ ကြေးရုပ်တု ဖြစ်မြောက်ရေးကော်မတီရဲ့  အမည်စာရင်းနဲ့ ၊ ငွေကြေးဆိုင်ရာ ရှင်းလင်းမှုပဲဖြစ်ပါတယ် ။ ဖြစ်မြောက်ရေးကော်မတီရဲ့ အဓိကတာဝန်ရှိသူများဟာလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်နယ်ရဲ့  တက်ကြွလှုပ်ရှားသူများဖြစ်ကြပါတယ်။  ယနေ့အချိန်အထိ ဖြစ်မြောက်ရေးကော်မတီ ရဲ့ အမည်စာရင်းဇယားများ နဲ့ ငွေကြေးဆိုင်ရာ ရှင်းလင်းမှုများ ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူလူထုထံသို့ ချမပြနိုင်သေးသည်ကိုလဲ ထူးခြားစွာ တွေ့ မြင်ရပါတယ်။ ကန္ဒာဟေဝန်ပန်းခြံအားလည်း ပုံစံတူကြေးရုပ်တု ရောက်ရှိလာသည့် ဇန်နဝါရီလ(၂၉ )၊၂၀၁၉  ခုနှစ်တွင်သာ ပုဒ်မ ၁၈၈ ရုတ်တရက်ထုတ်ပြန်ထားသည်ကို ကြည့် ခြင်းအားဖြင့် ပြည်နယ်အစိုးရမှ ကြေးရုပ်ထုစိုက်ထူရေးတွင် ပါဝင်ပက်သက်နေသည်ကို ကောင်းမွန်စွာတွေ့ မြင်နိုင်ပါတယ်။ ပုံတူကြေးရုပ်အား ဆန့်ကျင်သည့် အင်အားစုများ နှင့် ထောက်ခံသူအင်အားစုများဟူသည့် အသွင်းကို ဖန်တီးပြီး ပြည်နယ်အစိုးရမှ ခေါင်းရှောင်သွားမှုကိုလည်း အံဩစွာတွေ့ မြင်ရပါတယ်။ အဆိုပါကဲ့သို့ ပြုလုပ်ခြင်းဟာ စေ့စပ်ညှိနှိုင်းရန် နှင့် ကိစ္စရပ်များပြေလည်စေရန်အတွက် အဓိကတာဝန်ရှိတဲ့ အင်အားစုဖြစ်တဲ့ အစိုးရရဲ့ အခန်းကို မှေးမှိန်စေပါတယ်။  နှစ်ဖက်အင်အားစု ပြိုင်ဆိုင်ခြင်းမှတဆင့် နှစ်ဖက်အသိုင်းအဝိုင်း (Two Community) ကိုဖန်တီးစေနိုင်ပါတယ်။ ဒါဟာ Identity Politics လို့ပြောတဲ့ နိုင်ငံရေးအရ သူရုပ်ပိုင်ဆိုင်ရာ ခွဲခြားမှုကို ဖြစ်ပေါ်စေပါတယ်။ လွယ်လွယ် နဲ့ အရပ်စကားအရ ပြောရမယ်ဆိုရင် ကျောင်းနှစ်ကျောင်းမှာ တက်နေတဲ့ ကျောင်းသားအင်အားစုနဲ့ တူပါတယ်။  ဥပမာ A ကျောင်းနဲ့  B ကျောင်းလို့ မှတ်ယူနိုင်ပါတယ်။ A နဲ့  B လို့ ခွဲခြားလိုက်ပြီဆိုကတည်းကိုက ဝိသေသတွေ ခွဲခြားသလို Identity ပိုင်းအရ ခွဲခြားသလို ဖြစ်သွားပါပြီ။ A ကျောင်း နဲ့  B ကျောင်းယှဉ်ပြိုင်မှုတွေကနေတဆင့် အမုန်းပွားမှုတွေ၊ ပြိုင်ဆိုင်မှု တွေ နဲ့ နောက်ဆုံးမှာ ပဠိပက္ခအသွင်ကို ဆောင်သွားတတ်ပါတယ်။  ဒါကို ဝိသေသသူရုပ်ခွဲခြား သတ်မှတ်ပေးမှုလို့ သမုတ်နိုင်ပါတယ်။ Identity Politics (ဝိသေသသူရုပ်ခွဲခြားတဲ့ နိုင်ငံရေး) ကြောင့် ကမ္ဘာမှာ ဖက်စစ်စနစ်တွေ၊ ကိုလိုနီစနစ်တွေ ကနေတဆင့်ပဲ ကမ္ဘာစစ်အထိ ဖြစ်ပေါ်လာတာ ကို ၁၉  ရာစုနှစ်များ နဲ့ ၂၀ နှစ်များမှာ တွေ့ မြင်နိုင်ပါတယ်။  အခုလို စိန်ခေါ်မှုကြီးပြီး အကျိုးဆက်အနေနဲ့အမုန်းပွားမှုတွေသာ ဖြစ်ပေါ်လာနိုင်တဲ့ ကိစ္စရပ်ကို ကယား(ကရင်နီ)ပြည်ရဲ့  အစိုးရအဖွဲ့ဝင်များမှ သတိကြီးစွာ ကိုင်တွယ်သင့်ပါတယ်။ အမျိုးသားရေးဝိသေသဆိုတဲ့နေရာမှာ ပထဝီအနေထား၊ လူမျိုး၊ ကိုးကွယ်ယုံကြည်မှု ၊စာပေ နဲ့  ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်တွေပါဝင်ပါတယ်။  […]

ခွန်းကလိုင်းဖရီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)အနေဖြင့် အနာဂတ်မြန်မာနိုင်ငံတော်ကိုတည်ဆောက်ရာတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုသာ လက်ကိုင်ထားကြောင်း အတွင်းရေးမှူး(၂) ခူးဒယ်နီယယ်က ပြောသည်။ “ကျွန်တော်တို့ KNPP အနေနဲ့ကတော့ အရင်က ချမှတ်ထားတဲ့ ဖက်ဒရယ်နိုင်ငံထူထောင်မယ်ဆိုတဲ့ လမ်းစဉ်ကိုတော့ အခုထိလက်ကိုင်ထားတုန်းပဲ ဖြစ်ပါသေးတယ်။ ဖက်ဒရယ်နိုင်ငံဖြစ်လာဖို့ပဲ၊ အပြောင်းအလဲမရှိပါဘူး” ဟု ပြောသည်။ သို့သော်လည်း ဖက်ဒရယ်စနစ်တည်ထောင်ရေးအတွက် ကြိုးပမ်းရာတွင် အချို့သောတိုင်းရင်းသားများအနေဖြင့် မတူညီသော တောင်းဆိုမှုရှိနေသောကြောင့် စိတ်မကောင်းဖြစ်မိသော်လည်း လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA လမ်းကြောင်းသည် ခိုင်မာသောစာချုပ်မဟုတ်ကြောင်း မြင်လာသည့်အတွက်ကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ထို့အပြင် တိုင်းရင်းသားများဖက်မှ အခွင့်အရေးမရနိုင်တော့ကြောင်း သုံးသပ်ရှုမြင်လာသည့် အတွက်ကြောင့်လည်း ယခုကဲ့သို့ ဖြစ်လာရခြင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံအားဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ရေးနှင့် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် တိုင်းပြည်ကို အုပ်ချုပ်နေသောပုဂ္ဂိုလ်(သို့) […]

မူဂျာမီလှိုင် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ပေါ်လုံရွာက တဲအိမ်တစ်လုံးထဲမှာ ထမီကို ဒူးအထက်ခပ်တိုတိုဝတ်ထားတဲ့ အဖွားတစ်ယောက် ထွက်လာပြီး လမ်းမကြီးပေါ်မှာ ခပ်သွက်သွက်လေး လမ်းလျှောက်လာပါတယ်။ နောက်တော့ တခြားရပ်ကွက်ထဲက နှစ်ထပ်အိမ်ကြီးထဲကို ဝင်သွားလိုက်ပါတယ်။ အိမ်ကြီးထဲမှာ ဆယ့်ငါးမိနစ်လောက်ကြာပြီး အဖွားရဲ့မျက်နှာမှာ အပြုံးတွေနဲ့၊ လက်ထဲမှာလည်း တစ်ထောင်တန်ငွေထုပ်တစ်ထုပ်ကို ကိုင်ပြီး ထွက်လာပါတယ်။ အဖွားရဲ့ သားအငယ်ဆုံးလေး နိုင်ငံခြားကိုသွားဖို့ ရွာထဲမှာရှိနေတဲ့ သူဌေးတစ်ယောက်နားကို ငွေသွားချေးနေတာ ဖြစ်ပါတယ်။ အဖွားရဲ့မိသားစုမှာ သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ပဲရှိပါတယ်။ ဒီထဲမှာမှ အငယ်ဆုံးသားက ဆယ်တန်းကို နေပြည်တော်မှာရှိတဲ့ ပရဟိတကျောင်းမှာ သွားနေပြီး ကျောင်းတက်နေပါတယ်။ ကျန်တဲ့နှစ်ယောက်ဟာ ရွာမှာ ပန်းရံလုပ်၊ နေ့စားလိုက်ပြီး မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေကြပါတယ်။ အခုနှစ်ပိုင်းမှာ ရှမ်း/တောင်၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းက […]