​နော်​​ဒွေးအယ်​ခူ လွိုင်ကော်မြို့တွင် ကရင်နီသမိုင်းကြောင်းအမှန်ကို လိုက်လံဖြန့်ဝေခြင်းနှင့် ဗိုလ်ချုပ်ကြေးရုပ် မတည်ဆောက်ရန် ကန့်ကွက်ကြောင်း နိုးဆော်စာဖြန့်ဝေခဲ့သည့် အတွက်ကြောင့် ပုဒ်မ၅၀၅(ခ)(ဂ)နှင့် တရားစွဲဆိုခြင်းခံရသည့် ကရင်နီလူငယ်(၄)ဦးကို ဩဂုတ်လ ၂၃ရက်နေ့တွင် လွိုင်ကော်တရားရုံးမှ အာမခံပေးလိုက်သည်။ လူငယ်(၄)ဦးရှိသည့်အနက်မှ နှစ်ဦးသာ ပြန်လည်လွတ်မြောက်ခဲ့ပြီး ကျန်သည့်လူငယ်မှာ အခြားမြို့နယ်များတွင်လည်း တရားစွဲဆိုခြင်းခံရသူများဖြစ်သည်။ ဒီမိုကရေစီခေတ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်မရှိဘဲ အစိုးရက သတ်မှတ်ထားသည့်သမိုင်းကိုသာ လက်ခံရခြင်းနှင့် လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်ထားခြင်း ခံနေရသည်​ဟု လွတ်မြောက်လာသူတစ်ဦးဖြစ်သည့် ဖိလစ်စိုးအောင်က ဆိုသည်။ “နိုင်ငံရေးစိတ်ဝင်စားတဲ့သူတွေ နိုင်ငံရေးနဲ့ပတ်သက်ရင် ဟောပြောလို့မရအောင် နိုင်ငံရေးလုပ်လို့မရအောင် လုပ်ထားတဲ့ပုဒ်မဖြစ်တယ်။ ဒီပုဒ်မ ဥပဒေကို ကိုင်ပြီးတော့ အစိုးရကတက်ကြွလှုပ်ရှားတဲ့ လူငယ်တွေကို ဖိနှိပ်တာပေါ့။ ဆိုတော့ ပထမဆုံးပြောလိုတာက ဒီမိုကရေစီခေတ်ကြီးထဲမှာ လူငယ်တွေက ဥပဒေအရ […]

ကရင်နီသူ ကယားပြည်နယ်အစိုးရ၏ ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုသည် လက်ရှိတွင် ခြေလှမ်းစတင်နေပြီဟု ပြော၍ရနေပြီဖြစ်ကြောင်း အာရှဖောင်ဒေးရှင်းမှ မန်နေဂျာ ဂျိန်း က ပြောသည်။ ̏ ကျွန်တော်တို့ဆွေးနွေးတဲ့အထဲမှာ အစိုးရဘက်မှာ ဘဏ္ဍာရေး ပွင့်လင်းမြင်သာဖို့၊ လွှတ်တော်အစိုးရ ပူးပေါင်းမှုတွေ ပိုပြီးများများလုပ်နေရဦးမှာ ဖြစ်သလို အရပ်ဖက် အဖွဲ့အစည်းတွေ ပိုပြီးများများ လုပ်ပြီးတော့ ပိုပြီးတော့ ပွင့်လင်းမြင်သာတဲ့ ခိုင်မာတောင့်တင်းတဲ့ ပြည်သူ့ဘဏ္ဍာကဏ္ဍကို ဝိုင်းပြီးတော့ လုပ်ရအောင်လို့ ဆွေးနွေးသွားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ မှတ်ချက်စကားကတော့ ကယားပြည်နယ်က ကနဦးအနေနဲ့ တော်တော်ကိုကောင်းမွန်တဲ့ ခြေလှမ်းကို လှမ်းနေပြီလို့ ဒီလိုမြင်ပါတယ်။ ˝ဟု ၎င်းကပြောသည်။ ပြည်နယ်အစိုးရအနေနှင့် ပြည်နယ်အတွင်း သုံးစွဲသည့် ဘဏ္ဍာရေးများပွင့်လင်းမြင်သာရန်နှင့် ဘဏ္ဍာငွေများ စီမံခန့်ခွဲရေးအပိုင်းကို ယခုထက် များများလုပ်ရန် […]

ကရင်နီသူ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်၊ ဈေပိုင်းရပ်ကွက် နှစ်ခြင်းအသင်းတော် ခန်းမဆောင်တွင် ကရင်နီလူငယ်များ နှီးနှောဖလှယ်ပွဲ  ၅ရက်တာ ကျင်းပပြုလုပ်ရန် ပြည်နယ်အစိုးရမှ ခွင့်မပြုခဲ့ကြောင်း သိရသည်။ ̏ကျွန်မတို့လူငယ်တွေကို တစ်ခုပြီးတစ်ခု လိုက်ပြီးပိတ်နေတာက ဒီအစိုးရလက်ထက်မှာ တကယ်စိတ်ပျက်စရာ အရမ်းကောင်းတယ်ပေါ့နော ကျွန်မတို့ဘာလုပ်လုပ် လူငယ်တွေကို ဘာလို့အဲ့လောက်ထိ ဖိနေတာလဲပေါ့နော။ လူငယ်တွေကို ဘာလို့ပြည်သူတစ်ယောက်လို မမြင်တာလဲပေါ့နော ဒီလူငယ်တွေကို ဘာလို့အဆိုးမြင်နေလဲဆိုတာ ကျွန်မနားမလည်ဘူး ဒါကြောင့်မို့ အရမ်းစိတ်ပျက်တယ်ပေါ့နော ˝ဟု ကရင်နီအမျိုးသားလူငယ်အစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး ၂  မော်မိုးမြာကပြောသည်။ ယနေ့အချိန်ကာလသည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP﴿သည် အဲန်စီအေစာချုပ်တွင် ငြိမ်းချမ်းရေးလက်မှတ် ပါဝင်လက်မှတ်ထိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည့် ကာလဖြစ်သည့်အပြင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP အဖွဲ့မှ ပါဝင်ပြုလုပ်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ […]

မော်ဦးမြာ ရေးသားသည်။ မိုးဖွဲ စီစီရီရီကျသော မိုးရာသီ၏ နေ့တစ်နေ့သည် လူတိုင်းကို အေးချမ်းမှု ပေးနိုင်သော နေ့ဖြစ်သော်လည်း ကယားပြည်နယ်အတွက် မအေးချမ်းနိုင်ခဲ့ပေ။ ထိုနေ့သည် ဇူလိုင်လ ၃ ရက်နေ့ ဖြစ်သည်။ အမျိုးသားဝတ်စုံများ ဝတ်ဆင်ထားသူများက လက်ထဲတွင် ပိုစတာစာရွက်များနှင့် အမျိုးသားအလံများကိုင်ကာ တရွေ့ရွေ့သွားနေသည်။ ၎င်းတို့ထံမှ “ဗိုလ်ချုပ်ရုပ်တု အလိုမရှိ”ဟုဆိုသော ကြွေးကြော်သံများ မကြာမကြာ ဆက်တိုက်ထွက်ပေါ်လာသည်။ ကယားပြည်နယ်အစိုးရမှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိမှုကို ၎င်းတို့က ကန့်ကွက်ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်သည်။ “တကယ်လို့ တည်ဆောက်ချင်တယ်ဆိုရင် ကျွန်တော်တို့ ကရင်နီပြည်သူ၊ပြည်သားတွေ လေးစားတဲ့ အားကျတဲ့ ခေါင်းဆောင်ကြီးတွေရှိတယ်။ ဒါတွေ ထားပေးပါလို့ ပြောချင်ပါတယ်။”ဟု ကန့်ကွက်ဆန္ဒပြမှုတွင် ပါဝင်သူ ကယားလီဖုလူငယ်တစ်ဦးက ပြောသည်။ ဆုံမှတ် မရောက်ခင်မှာဘဲ […]

မူအက်စတာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က လိုပွါခိုခရိုင်အတွင်း ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ဆောင်နေသော INGOsနှင့် NGO အဖွဲ့အစည်းများကို ဇန်နဝါရီလ ၂၄ ရက်နေ့က ပြန်လည်လုပ်ဆောင်ခွင့်ပြုလိုက်ပြီးဖြစ်သည်။ ယခင်က လှုံခြုံရေး အကြောင်းပြချက်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်နေသော အဖွဲ့အစည်းများကို ဒေသတွင်းမှ ထွက်ခွာပေးဖို့ ဒီဇင်ဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်စာတစောင် ထုတ်ပြန်ခဲ့သည်။ “အဓိက မိန်းလမ်းမကြီးဘေးမှာ ရှိတဲ့ရွာတွေမှာ လုပ်နေတဲ့ ပညာရေး၊ ကျန်းမာရေးစီမံကိန်းတွေက တဝက်တပျက်ဖြစ်နေတဲ့အတွက် ပြန်လုပ်ခွင့်ပြုလိုက်တာ ကျန်တဲ့နေရာတွေကတော့ နယ်မြေလုံခြုံမှုပေါ် မူတည်သေးတယ်ပေါ့ ”ဟု ကေအဲန်ပီပီအမှတ်(၁)ခရိုင် အုပ်ချုပ်ရေးမှူး ဦးဖိုးရယ်က ပြောသည်။ ထုတ်ပြန်ချက်ထဲတွင် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ အုပ်စု(၄)အုပ်စုဖြစ်သည့် (၁)ဒေါလာစောအုပ်စု (၂) ကေကောအုပ်စု၊ […]

ကန္တာရဝတီတိုင်း(မ်) နှစ်ဖက်အကြား ထိတွေ့မှုကြောင့် ရ မိုင်ရှိ KNPP ယာယီဂိတ်စခန်းတာဝန်ကျ တပ်သား ၄ ဦး သေဆုံးခဲ့ပြီး အရပ်သား ၁ ဦး ပျောက်ဆုံးနေသည့်ကိစ္စအား ပြည်သူများ စိုးရိမ်တကြီးမဖြစ်ကြရန်နှင့် အပြုသဘောဆောင်သော နိုင်ငံရေးနည်းလမ်းဖြင့်သာ တုန့်ပြန်ဖြေရှင်းသွားမည်ဖြစ်ကြောင်း KNPP ၏ အတွင်းရေးမှူး(၂) ခူဒယ်နီယာယ်က ပြောကြားသည်။ “ကျနော်တို့ အကောင်းဖက်သွားတဲ့ အစီအစဉ်ပဲ စီစဉ်ထားတယ်။ အစိုးရအပေါ်လည်း အများကြီးမူတည်ပါတယ်။ အစိုးရက ပြစ်မှုကျူးလွန်တဲ့သူကို ဘယ်လို အရေးယူဆောင်ရွက်မလဲပေါ့။ ဒါကတော့ ဥပဒေလမ်းကြောင်းအတိုင်းပဲ။”ဟု ခူဒယ်နီယာယ်က ပြောသည်။ လွိုင်ကော် ရှားတောလမ်း ပါလောင်းကျေးရွာနှင့် ဒေါတချားကျေး ရွာကြား တွင်ရှိသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ (၇)မိုင် ယာယီဂိတ်အား […]

ကျော်စိုးသူ Economic Developmentရေးသားသည်။  ဖွံ့ဖြိုးမှုဘောဂဗေဒဆိုသည်မှာ များမကြာမီနှစ်အနည်းငယ်ကမှပင် စတင်ခေတ်စားလာသော ဘာသာရပ်တစ်ခုပင်ဖြစ်ပေသည်။ စီးပွားရေးတက္ကသိုလ်(၃)ခုရှိသည့် အနက်မှပင် ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင်သာ စတင်အခြေတည်သင်ကြားပေးနိုင်ခဲ့သည်ကို တွေ့ရပါသည်။ ထိုစဉ်က ထိုဘာသာရပ်အပေါ် ကျောင်းသားများ၏ စိတ်ဝင်စားမှုအားနည်းခဲ့သည်ကို တွေ့ရပေသည်။ အဘယ်ကြောင့်ဆိုသော ထိုစဉ်က အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မှုအနေဖြင့် အားနည်းနိုင်သောကြောင့်ပင် ဖြစ်ပေသည်။ သို့ရာတွင် တာဝန်ယူသင်ကြားသော ဆရာ၊ဆရာမများ၏ ကြိုးစားဆောင်ရွက်ချက်များပေါ်မူတည်၍ အထိုက်အလျှောက်အောင်မြင်မှု ရခဲ့သော ဘာသာရပ်တစ်ခုပင်ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (Economic Development) ဆိုသည်မှာ စီးပွားရေးတိုးတက်မှု (Economic Growth) နှင့်မတူပေ။ Economic Growth ဆိုသည်မှာ နိုင်ငံ၏ စီးပွားရေးတိုးတက်မှု တစ်ခုကိုသာ ဆိုလိုရင်းဖြစ်ပြီး Economic Development ဆိုသည်မှာ စီးပွားရေးတင်မက ပညာရေး၊ […]

မူအက်စတာ ၂၀၂ဝ ရွေးကောက်ပွဲဝင်ပြိုင်ရန်   ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားပါတီတစ်ခုဖြစ်သော  ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ပါတီဝင်အင်အားများ စတင်စုဆောင်းနေကြောင်း သိရသည်။ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီသည် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်)နှင့်  ကယားလူမျိုးစုဒီမိုကရေစီပါတီတို့က ပါတီ ၂ ခု ပူးပေါင်းပြီး  တည်ထောင်ထားသည့် ကယားပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီ ဖြစ်သည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပါက ယခင်ကအဆိုပါပါတီ ၂ ခုမှ  လူဟောင်းများ အားလုံးပါဝင်နိုင်မည့် အနေအထားမရှိဘဲ အရည်အချင်းရှိသော ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရွေးချယ်ရန် လုပ်ဆောင်နေပြီဟု အဆိုပါ ပါတီမှ ကယားပြည်နယ်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။ “ဘယ်လိုလူတွေဝင်မလဲဆိုရင် ဖြစ်နိုင်ရင် ကျွန်တော်တို့အရည်အချင်းရှိတဲ့သူတွေကိုပဲ ကျွန်တော်တို့ ထပ်စိစစ်ပြီး ရွေးချယ်ဖို့ရှိပါတယ်။”ဟု ဦးသဲရယ်က ပြောသည်။ လာမည့် နိုဝင်ဘာလတွင် ရွေးကောက်ပွဲကော်မရှင်ကို ပါတီဝင်အင်အား […]

ဖယ်ဒရယ်ဒီမိုကရေစီဆိုသည်မှာ ဖယ်ဒရယ်နှင့် ဒီမိုကရေစီကိုပေါင်းစပ်ထားသော စနစ်တစ်ခုသာဖြစ်ပေသည်။ ထိုစနစ်သည် မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးစုများသော နိုင်ငံမျိုးအတွက် အလွန်အသုံးတည့်နိုင်သလို အားနည်းချက်များလည်း ရှိပါလိမ့်မည်။ အကောင်အထည်ဖော်သည့် အင်စတီကျူးရှင်းများ အပေါ်၌သာ မူတည်နေမည်ဖြစ်ပါသည်။ ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း (Decentralization) ဆိုသည်မှာက ဖယ်ဒရယ် ဒီမိုကရေစီစနစ်အောက်က လုပ်ငန်းစဉ်တစ်ခုသာဖြစ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီစနစ် အောင်မြင်ဖို့အတွက် အဓိကကျဆုံးသော လုပ်ငန်းစဉ် တစ်ရပ်ပင်ဖြစ်ပေလိမ့်မည်။ ဗဟိုချုပ်ကိုင်မှု လျော့ချရေး လုပ်ငန်းစဉ်တွင်လည်း ကဏ္ဍ(၃)ခု ရှိပြီး ၎င်းတို့မှာ- (၁) နိုင်ငံရေးအရ ဗဟိုချုပ်ကိုင်မှု လျော့ချရေး (၂) ဘဏ္ဍရေးအရ ဗဟိုချုပ်ကိုင်မှု လျော့ချရေး (၃) အုပ်ချုပ်ရေးအရ ဗဟိုချုပ်ကိုင်မှု လျော့ချရေး တို့ဖြစ်ပေသည်။ ဗဟိုချုပ်ကိုင်မှု လျော့ချရေး လုပ်ငန်းစဉ်ကြီးတစ်ခုလုံး အောင်မြင်ဖို့အတွက် အထက်ပါလုပ်ငန်းစဉ် […]

မူအက်စတာ  အေးချမ်းလှတဲ့မနက်ခင်းလေးမှာ ကောင်းကင်ယံတစ်ခွင်လုံး အုံ့မိုင်းနေပြီး မိုးစက်လေးတွေက နေအိမ်ရဲ့သွပ်မိုးအဖျားကကို တစ်စက်ပြီးတစ်စက် စည်းချက်ညီညီနဲ့ ခုန်ဆင်းနေပါတယ်။ ဒီလိုမနက်ခင်းလေး မျိုးတွေမှာ စောင်အောက်မှာဘဲကွေးလို့ကောင်းတဲ့အချိန်ပေါ့။ ဒါပေမယ့် စောင်အောက်မှာ ဆက်ပြီးကွေးနေချင်ပေမယ့် လက်ပတ်နာရီလေးကို တစ်ချက် ကြည့်လိုက်တယ် အချိန်က နံနက်(၀၆းဝ၀)၊ ဩ.. ကယားပြည်နယ်အရှေ့တောင်ဖက်စွန်း၊ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နယ်စပ်မြို့လေးမယ်စဲ့ကို ခရီးသွားရမယ်လို့ အသိစိတ်ကဝင်လာတော့ ခရီးသွားဖို့ ပြင်ဆင်လိုက်ပါတယ်။ မိုးဖွဲလေးတွေက မြေပြင်တစ်ခွင်က ချိုင့်ခွက်လေးတွေမှာ နေရာယူကြပြီး အချို့ကတော့ သစ်ရွက်လေး တွေပေါ်ကတစ်ဆင့် မြေပြင်ပေါ်ကို ဆင်းသက်လာကြတယ်။ မြောက်ဖက်ကလေတွေလည်း အရပ်ရပ်က တိမ်စိုင်တွေကို အလျင်အမြန်ပင့်ဆောင်လာနေတာကိုလည်း တွေ့မြင်နေရတယ်။ ဒီရာသီအချိန်အခါမျိုးမှာ သစ်ပင်၊ ပန်းမာလ်တွေအကောင်းဆုံး ရှင်သန်ကြီးထွားဖို့အတွက် လုံလောက်တဲ့ ပြင်ဆင်ချိန်လည်းဖြစ်ပါတယ်။ အိမ်ဘေးပတ်လည်မှာတော့ […]