ထျိူ းမြာ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မည်ဆိုပါက အစိုးရတပ်မတော်သည် ဒီမိုကရေစီနည်းလမ်းကျကျ အရပ်သားအစိုးရ လက်အောက်သို့ အသွင်ကူးပြောင်းမှသာ ပိုမိုယုံကြည်နိုင်မည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ဒုတိယ-ဥက္ကဌနိုင်ဟံသာက ပြောသည်။ “တပ်မတော်ကလည်း ဒီမိုကရေစီနည်းကျကျ အစိုးရလက်အောက်မှာနေရမယ်။ အရပ်သားဦးဆောင်မှုအောက်မှာ လက်ခံနေရမယ်ဆိုတဲ့ အနေအထားမျိုးရှိရမယ်။ အဲ့ဒါကိုရော တပ်မတော်ကအကောင်အထည် ဖော်နေပြီလားပေါ့။ တပ်မတော်က၂၀၀၈ကိုပဲ ကိုင်ထားပြီးတော့ လွှတ်တော်မှာလည်း၂၅ ရာခိုုင်နှုန်း၊ အစိုးရ မှာလည်း သုံးနေရာ၊ ကာလုံမှာလည်း လွှမ်းမိုးထားတယ်။ ဒီလိုအနေအထားမျိုးမှာ အန်ကယ်တို့ ဘယ် လို ယုံကြည်ရ မလဲ။ ယုံကြည်မှုဆိုတာကတော့လက်တွေ့အပေါ်မှာမှယုံကြည်လို့ရမှာလေ” ဟု ၎င်းက ပြောသည်။ တပ်မတော်သားအစုအဖွဲ့ကိုယ်စားဗိုလ်မှူးကြီး နေလင်းထွန်းက တပ်မတော်၏သဘောထားရပ်တည်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖက်ဒရယ်စနစ်နှင့်မညီဟု သုံးသပ်မည့်အစား အဖွဲ့အစည်းများ၏ […]

“လူထုတစ်ရပ်လုံး ပြည်တွင်းစစ်အောက်မှာ နှစ် ၇ဝ နီးပါးနေလာပြီး ဆင်းရဲနွမ်းပါးနေကြတယ်…..ဆိုတော့ တိုင်းပြည်ကို ဒီ့ထက်နည်းနည်းပိုကောင်းလာအောင် ဘယ်လိုလုပ်မလဲ” ကော်မိန်း ပြီးခဲ့သည့် ဇူလှိုင်လ ၁ရ – ၁၈ ရက်နေ့တွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒယ်ရယ်ကောင်စီ (UNFC) ထိပ်သီးခေါင်းဆောင်များနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြပြီး ၎င်းတွေ့ဆုံဆွေးနွေးပွဲတွင်ပါဝင်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဌ ခွန်းအေဘယ်တွိနှင့် ကန္တာရဝတီတိုင်း(မ်)မှ သတင်းထောက် ကော်မိန်းနှင့်တွေ့ဆုံမေးမြန်းထားသည့်အချက်များကို ဖော်ပြလိုက်ရပါသည်။ မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ရည်ရွယ်ချက်တွေကို ရှင်းပြပေးပါ။ ဖြေ ။ ။ ကျနော် တို့ထိပ်သီးခေါင်းဆောင်လေးယောက်သွားတယ်လေနော်။ နံပါတ် ၁ က ကချင်ဒုဥက္ကဌ ဦးအန်ဘလ ပါတယ်။ […]

‪#‎ထျိုးမြာ‬ မော်ချီးအနာ္တရယ်ဇုံအတွင်းတွင် ရွေ့ပြောင်းနေထိုင်ရန်အတွက် အစိုးရက ချပေးသော မြေကွက်နေရာ ၁၅၂ နေရာကို လက်ခံသူ အိမ်ထောင်စု ငါးပုံ လေးပုံမှာ ဒေသခံ ရွာသားများမဟုတ်ပဲ အခြားဒေသမှ လာရောက်လုပ်ကိုင်သော ရွေ့ပြောင်းလုပ်ကိုင်သူများဖြစ်ကြောင်း ဒေသခံ များထံမှ သိရသည်။ ဒေသခံများထဲမှ အစိုးရ ချထားပေးသည့် မြေနေရာ ရယူသူ အိမ်ထောင်စု အရေ အတွက် မှာ ၃ဝ ခန့်သာရှိပြီး စုပေါင်းပေါင်း ချပေးသည့် မြေကွက်နေရာ ၏ ၅ပုံတပုံ ခန့်သာ ရှိကြောင်း ဒေသခံတဦးထံမှသိရသည်။ “ဒီရွှေ့ပြောင်းသမားတွေကတော့ များသောအားဖြင့် သူတို့ကတော့ မြေနေရာရရင်တော့ယူမှာပဲ။” ဟု၎င်းက ပြောသည်။ လက်ရှိ အစိုးရပေးအပ်သော မြေနေရာများမှာ မိမိတို့အတွက် လှုံခြုံမှု […]

ထျိုးမြာ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုတိုက်နယ်ဆေးရုံတွင် ဆရာဝန်များ ပုံမှန်မရှိခြင်းကြောင့် ဒေသခံများဆေးကုသမှုခံယူခွင့် ကောင်းစွာမရရှိနိုင်ကြ ဟု မော်ချီးဒေသမှ NLD ရပ်ကျေးဥက္ကဌ ဦးဇော်သူရိန်ဝင်းကပြောသည်။ “ဆေးပစ္စည်းအစုံအလင်နဲ့ ဆရာဝန်လေးငါးယောက်တော့ လိုတာပေါ့။ မော်ချီးဒေသက ဖားဆောင်းမြို့နယ်ထဲမှာပါပေမယ့် လူဦးရေးကပိုများတယ်လေ၊ ဖြစ်နိုင်ရင် ဖားဆောင်းဆေးရုံလိုပဲ ဖွဲ့စည်းပုံ ပြည့်ပြည့်စုံစုံရရင်တော့ ပိုကောင်းတာပေါ့။” ဟု ဦးဇော်သူရိန်ဝင်းကပြောသည်။ လက်ရှိအနေအထားအရ ဆရာဝန် အများစုမှာ ဝေးလံသော နေရာများသို့ သွားရောက်ပြီး တာဝန်ထမ်းဆောင်မှုမပြုလုပ်  လိုသည့် ပြသနာရှိနေကြောင်း စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဒေါက်တာအောင်ကျော်ဌေးက မော်ချီးဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့က ရှင်းပြပြောဆိုခဲ့သည်။ “ကျန်းမာရေးနှင့်ပတ်သက်လို့ ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဆိုပြီးတော့ နှစ်ပိုင်းရှိပါတယ်။ ကုသရေးဆိုတာက ဆေးရုံကြီး […]

#စိုင်းလင်းလင်းဦး အုပ်ချုပ်ရေး(အစိုးရအဖွဲ့)၊ ဥပဒေပြုရေး(လွှတ်တော်များ)န့ဲ တရားစီရင်ရေး(တရားရုံးချုပ်) စတဲ့ မဏ္ဍိုင်ကြီး သုံးခုဟာ မဏ္ဍိုင်တစ်ခုတည်းက လုပ်ပိုင်ခွင့်အာဏာတွေ အလွန်အကျူး မယူနိုင်အောင် အချင်းချင်း ထိန်းညှိ ထိန်းကျောင်း(Check and Balance) လုပ်တယ်ဆိုတာ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတိုင်းက လက်ခံထားတဲ့ အရာဖြစ်ပါတယ်။ မဏ္ဍိုင်အသီးသီးဟာ မျှတတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ပိုင်ဆိုင်ထားကြပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းနှင့် ပြည်နယ် (၁၄) ခုထဲမှာ ကယား(ကရင်နီ)ပြည်နယ်လွှတ်တော်ကနေ ဥပဒေပြုနိုင်မယ့် (၁၀) ဦးသာရှိတဲ့ ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ (တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်မပါ)ဟာ    အခြား  တိုင်းနှင့် ပြည်နယ်နဲ့ ယှဉ်ရင် အရေအတွက် အနည်းဆုံးပါပဲ။ ကယားပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် (၇)မြို့နယ်အတွက် ရွေးကောက်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၄)ဦးရှိတဲ့အနက် […]

ဦးမြာ ကယား(ကရင်နီ) ပြည်နယ်တွင် ရေကာတာ ၃ခု ဆောက်လုပ်မည့် စီမံကိန်း အပေါ်၊ တက်လာသော အစိုးရသစ်မှ ပွင့်လင်းစွာ ချပြစေလို ကြောင်း နှင့် အကယ်၍သာ စီမံကိန်းများ အကောင် အထည်ပေါ်လာပါက ကျေးရွာ ၂ဝ ကျော်ခန့် ထိခိုက်နိုင်ကြောင်း အနာဂတ်သံလွင် အဖွဲ့မှ ဒါရိုက်တာ ဒေါ်နှင်းရီကပြောသည်။ “လုံးဝကိုကျွန်မတို့ စိုးရိမ်တယ် ကျွန်မတို့ နိုင်ငံခေါင်းဆောင် အနေနဲ့ဆိုရင် ဒီကိစ္စကိုဖြေရှင်းလို့ရမယ်။ ပြည်သူတွေ       စိတ်ချလောက်တဲ့ စကားလေးတစ်ခွန်းလောက်တော့ ပြောသင့်တယ်” ဟုပြောသည်။ လက်ရှိတွင် ရေကာတာစီမံကိန်းမှာ တည်ဆောက်ရန် ရေမြေအနေထား တိုင်းတာမှု ကို ပြည်ထောင်စုအစိုးရက   ခွင့်ပြုထားသည့် အဆင့်တွင်သာ […]

ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ တာဝန်ခံ ဒေါ်ခွန်ဂျာနှင့် တွေ့ဆုံမေးမြန်းခြင်း။ ဦးမြာ လာမယ့် ဩဂုတ်လ အတွင်းမှာ ကျင်းပပြုလုပ်သွားဖို့ လျာထားတဲ့၂၁ ရာစု ပင်လုံညီလာခံကြီးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ၊ တပ်မတော် ၊အစိုးရ နဲ့ ပြည်သူ တွေက ဘယ်လို ကဏ္ဍတွေ ကနေပါဝင်သင့်လဲ၊ ဘာတွေလုပ်ပေးသင့်လဲ၊ နိုင်ငံရေး ပြသနာတွေကို ဘယ်လို အဖြေရှာကြရမလဲ စတာတွေကို ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်လှုပ်ရှားနေတဲ့ ကချင် ငြိမ်းချမ်းရေးကွန်ယက်က တာဝန်ခံ ဒေါ်ခွန်ဂျာနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ မေး။ ။ ဒီပင်လုံညီလာခံက တိုင်းရင်းသားတွေအတွက် အပြောင်းအလဲ ဖြစ်လာနို်င်မယ်လို့ မျှော်လင့်ထားပါသလားရှင့်။ ဖြေ။ ။ မျှော်လင့်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် […]

မူအက်စတာ လက်နက်ကိုင်အဖွဲ့အစည်းများက ကောက်ခံသည့်အခွန်များ ၊ ဖြတ်သန်းသွားလာရသည့်ဂိတ်များသည် ပြည်သူများအား ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု ဖားဆောင်းမြို့နယ်မှ ဦးစိုင်းသန်းရွှေက လူထုအခြေပြုငြိမ်းချမ်းရေးနှီးနှော ဖလှယ်ပွဲတွင် တင်ပြဆွေးနွေးသွားသည်။ “တံဆိပ်လည်းမပါ အရပ်ဝတ်နဲ့ ပဲတောင်းတယ်။ ပြည်သူတွေက ယောင်ဝါးဝါးနဲ့ အခွန်ပေးရတယ်။ ဘာအဖွဲ့လဲဆိုတာသေချာမသိရ ။ မပေးရင် သေနတ်နဲ့ပဲ ပစ်ခတ်ခံရမလား ။ ဆင်းလာတော့မလိုလို ကြောက်နေရတယ်။” ဖားဆောင်းမြို့နယ်အတွင်းရှိ စွပ်ဖဂိတ်တွင် အရပ်ဝတ်ဖြင့် ဖြတ်သန်းသွားလာသူများကို ငွေကြေးတောင်းခံနေသည့် နယ်ခြားစောင့်တပ်အသွင်ပြောင်းထားသော ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (က.လ.လ.တ)အဖွဲ့ ၏လုပ်ရပ်ကို ကယား(ကရင်နီ)ပြည်နယ် လူထုအခြေပြု ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲ လွိုင်ကော်မြို့ ထေးသမရပ်ကွက်ရှိ မောဒူဒီးဘိုးခန်းမဆောင်တွင် ဇူလိုင်လ ၁ရက် နှင့် ၂ ရက်နေ့တွင် ပြုလုပ်ခဲ့ချိန် ဦးစိုင်းသန်းရွှေက ဆွေးနွေးတင်ပြသွားခြင်းဖြစ်သည်။ […]