#စိုင်းလင်းလင်းဦး အုပ်ချုပ်ရေး(အစိုးရအဖွဲ့)၊ ဥပဒေပြုရေး(လွှတ်တော်များ)န့ဲ တရားစီရင်ရေး(တရားရုံးချုပ်) စတဲ့ မဏ္ဍိုင်ကြီး သုံးခုဟာ မဏ္ဍိုင်တစ်ခုတည်းက လုပ်ပိုင်ခွင့်အာဏာတွေ အလွန်အကျူး မယူနိုင်အောင် အချင်းချင်း ထိန်းညှိ ထိန်းကျောင်း(Check and Balance) လုပ်တယ်ဆိုတာ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတိုင်းက လက်ခံထားတဲ့ အရာဖြစ်ပါတယ်။ မဏ္ဍိုင်အသီးသီးဟာ မျှတတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ပိုင်ဆိုင်ထားကြပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းနှင့် ပြည်နယ် (၁၄) ခုထဲမှာ ကယား(ကရင်နီ)ပြည်နယ်လွှတ်တော်ကနေ ဥပဒေပြုနိုင်မယ့် (၁၀) ဦးသာရှိတဲ့ ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ (တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်မပါ)ဟာ    အခြား  တိုင်းနှင့် ပြည်နယ်နဲ့ ယှဉ်ရင် အရေအတွက် အနည်းဆုံးပါပဲ။ ကယားပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် (၇)မြို့နယ်အတွက် ရွေးကောက်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၄)ဦးရှိတဲ့အနက် […]

ဦးမြာ ကယား(ကရင်နီ) ပြည်နယ်တွင် ရေကာတာ ၃ခု ဆောက်လုပ်မည့် စီမံကိန်း အပေါ်၊ တက်လာသော အစိုးရသစ်မှ ပွင့်လင်းစွာ ချပြစေလို ကြောင်း နှင့် အကယ်၍သာ စီမံကိန်းများ အကောင် အထည်ပေါ်လာပါက ကျေးရွာ ၂ဝ ကျော်ခန့် ထိခိုက်နိုင်ကြောင်း အနာဂတ်သံလွင် အဖွဲ့မှ ဒါရိုက်တာ ဒေါ်နှင်းရီကပြောသည်။ “လုံးဝကိုကျွန်မတို့ စိုးရိမ်တယ် ကျွန်မတို့ နိုင်ငံခေါင်းဆောင် အနေနဲ့ဆိုရင် ဒီကိစ္စကိုဖြေရှင်းလို့ရမယ်။ ပြည်သူတွေ       စိတ်ချလောက်တဲ့ စကားလေးတစ်ခွန်းလောက်တော့ ပြောသင့်တယ်” ဟုပြောသည်။ လက်ရှိတွင် ရေကာတာစီမံကိန်းမှာ တည်ဆောက်ရန် ရေမြေအနေထား တိုင်းတာမှု ကို ပြည်ထောင်စုအစိုးရက   ခွင့်ပြုထားသည့် အဆင့်တွင်သာ […]

ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ တာဝန်ခံ ဒေါ်ခွန်ဂျာနှင့် တွေ့ဆုံမေးမြန်းခြင်း။ ဦးမြာ လာမယ့် ဩဂုတ်လ အတွင်းမှာ ကျင်းပပြုလုပ်သွားဖို့ လျာထားတဲ့၂၁ ရာစု ပင်လုံညီလာခံကြီးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ၊ တပ်မတော် ၊အစိုးရ နဲ့ ပြည်သူ တွေက ဘယ်လို ကဏ္ဍတွေ ကနေပါဝင်သင့်လဲ၊ ဘာတွေလုပ်ပေးသင့်လဲ၊ နိုင်ငံရေး ပြသနာတွေကို ဘယ်လို အဖြေရှာကြရမလဲ စတာတွေကို ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်လှုပ်ရှားနေတဲ့ ကချင် ငြိမ်းချမ်းရေးကွန်ယက်က တာဝန်ခံ ဒေါ်ခွန်ဂျာနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ မေး။ ။ ဒီပင်လုံညီလာခံက တိုင်းရင်းသားတွေအတွက် အပြောင်းအလဲ ဖြစ်လာနို်င်မယ်လို့ မျှော်လင့်ထားပါသလားရှင့်။ ဖြေ။ ။ မျှော်လင့်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် […]

မူအက်စတာ လက်နက်ကိုင်အဖွဲ့အစည်းများက ကောက်ခံသည့်အခွန်များ ၊ ဖြတ်သန်းသွားလာရသည့်ဂိတ်များသည် ပြည်သူများအား ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု ဖားဆောင်းမြို့နယ်မှ ဦးစိုင်းသန်းရွှေက လူထုအခြေပြုငြိမ်းချမ်းရေးနှီးနှော ဖလှယ်ပွဲတွင် တင်ပြဆွေးနွေးသွားသည်။ “တံဆိပ်လည်းမပါ အရပ်ဝတ်နဲ့ ပဲတောင်းတယ်။ ပြည်သူတွေက ယောင်ဝါးဝါးနဲ့ အခွန်ပေးရတယ်။ ဘာအဖွဲ့လဲဆိုတာသေချာမသိရ ။ မပေးရင် သေနတ်နဲ့ပဲ ပစ်ခတ်ခံရမလား ။ ဆင်းလာတော့မလိုလို ကြောက်နေရတယ်။” ဖားဆောင်းမြို့နယ်အတွင်းရှိ စွပ်ဖဂိတ်တွင် အရပ်ဝတ်ဖြင့် ဖြတ်သန်းသွားလာသူများကို ငွေကြေးတောင်းခံနေသည့် နယ်ခြားစောင့်တပ်အသွင်ပြောင်းထားသော ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (က.လ.လ.တ)အဖွဲ့ ၏လုပ်ရပ်ကို ကယား(ကရင်နီ)ပြည်နယ် လူထုအခြေပြု ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲ လွိုင်ကော်မြို့ ထေးသမရပ်ကွက်ရှိ မောဒူဒီးဘိုးခန်းမဆောင်တွင် ဇူလိုင်လ ၁ရက် နှင့် ၂ ရက်နေ့တွင် ပြုလုပ်ခဲ့ချိန် ဦးစိုင်းသန်းရွှေက ဆွေးနွေးတင်ပြသွားခြင်းဖြစ်သည်။ […]

Lorem ipsum dolor sit amet, consectetur adipiscing elit. Suspendisse nec justo quis leo malesuada volutpat id eget lacus. Cras rhoncus sem ante. Cum sociis natoque penatibus et magnis dis parturient montes, nascetur ridiculus mus. Vivamus dignissim rutrum tincidunt. Etiam tempor luctus elit eget tempus. Integer vehicula libero at lorem elementum […]