စိုးထိုက်အောင် ပြည်တွင်းစစ်ကြောင့် စစ်ရှောင်ခဲ့ရတဲ့သူတွေမှာ မှတ်ပုံတင်တွေမရှိဘူးဆိုရင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ဆုံးရှုံးသွားနိုင်တယ်လို့ Lain Technical Support Group (LAIN) နည်းပညာအထောက်အကူပြုအဖွဲ့ ဘုတ်ဥက္ကဌ ကိုကျော်ထင်အောင်က ပြောပါတယ်။ “ကျတော်တို့ ၉၄-၉၅-၉၆ ဒီ ကျတော်တို့ပြည်နယ်ရဲ့ပြည်တွင်းစစ်ကြောင့်မို့လို့စစ်ရှောင့်ခဲ့ရတဲ့သူတွေ၊ ရွာတွေ ၊ အိမ်တွေ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့သူတွေ အဲ့ဒီကာလတွေမှာ ဒါ ကဒ်တွေဆုံးရှုံးခဲ့မှုတို့၊ ပုံစံ ၁၀တွေဆုံးရှုံးခဲ့ရမှုတို့ရှိပေမဲ့ ဒါတွေကို အခုချိန်ထိ ဒါပြန်ပြီးတော့ လုပ်ဆောင်ပေးနိုင်စွမ်းတွေ တော်တော်အားနည်းနေသေးတယ်။” လို့ ကိုကျော်ထင်အောင်က ပြောပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်း အရ ကယားပြည်နယ်အတွင်းမည်သည့် ကဒ်မျှ မကိုင်ဆောင်ထားသူ ဦးရေ ၂သောင်း နီးပါး ( ၁၉၂၃၈) ရှိနေပြီး […]

စိုးထိုက်အောင် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သူ ဦးရေအကြမ်းကို ထုတ်ပြန်ကြေညာသင့်ပြီလို့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မဲ့ ကယန်းအမျိုးသားပါတီမှ ဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။ “ ဒီချိန်မှာတော့ မဲစာရင်းတွေ နဲ့ပတ်သတ်ပြီးမှ ကြေညာကိုကြေညာသင့်နေပြီပေါ့ မဲစာရင်းကို ကြိုကြေညာခြင်းအားဖြင့် လူထုတွေကပေါ့နော် အချိန်ပိုရတယ်၊ ပြီးရင်တော့ သွားကြည့်လို့ရသွားတဲ့ အနေအထားမျိုးပေါ့နော် ဖြစ်ရမယ်။” ခွန်းဘီထူးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲကိုလာမည့် နိုဝင်ဘာလ အတွင်းမှာကျင်းပနိုင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပြီဖြစ်ပေမဲ့ ယနေ့အချိန်ထိ အခြေခံ မဲပေးနိုင်တဲ့ လူဦးရေစာရင်းတွေ၊ မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေကို ထုတ်ပြန်ကြေညာတာမျိုး မရှိသေးတာကို တွေ့ရပါတယ်။ သက်ဆိုင်ရာ ပြည်နယ်/တိုင်းမှ […]

ကမ္ဘာ့ ကျန်းမာရေး ကပ်ဘေး၊ ကိုဗစ်ရောဂါကြောင့် ၂၀၂၀-ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပရန် ရက်(လ) အနည်းငယ် နောက်ဆုတ် နိုင်သော်လည်း ၂၀၂၀-ခုနှစ်အတွင်းမဖြစ်မနေ၊ အထွေထွေရွေးကောက်ပွဲများကျင်းပပေးလိမ့်မည်ဟု၊ ပြည်သူများအနေနှင့် မျော်လင့်နေကြ၏။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် ၂၀၂၀-ခုနှစ်အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြင်ဆင်မူ့များနှင့် ဥပဒေထုတ်ပြန်မူ့များ၊ လုပ်နေသည်ကိုလည်းတွေ့ရှိနေရ၏။ ၂၀၁၉- ခုနှစ်၊ဇွန်လထဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနှင့်၊ ၂၀၂၀-ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်၊ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများ၊ ပြည်တွင်းစစ်ဘေးဒဏ်ကြောင့် ပြေးလွား၊ ပုန်းရှောင်နေကြရသည့်စစ်ဘေးရှောင်များနှင့် မသန်စွမ်းများအတွက်၊ ၂၀၂၀-ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ တွင်ကျယ်ကျယ်ပြန့်ပြန့် မဲထည့်ခွင့် ရရှိနိုင်ရန်ဆောင်ရွက်ပေးပါမည်ဟု အတိအလင်းကြေငြာခဲ့ပြီးဖြစ်ပါသည်။ ရွေးကောက်ပွဲကော်မရှင်အနေနှင့် ၎င်းတို့ပြောဆို ဆိုထားသကဲ့သို့ ပြည်ပရောက်မြန်မာနိုင်ငံရွေ့ပြောင်းအလုပ်သမားများ၊ စစ်ဘေးရှောင်များနှင့် မသန်မစွမ်းသူများအတွက် ဥပဒေများသတ်မှတ်ထုတ်ပြန်ပြီး၊ ကျယ်ကျယ်ပြန့်ပြန့်မဲထည့်နိုင်အောင် ဆောင်ရွက်နေမှုများ အလျဉ်းမရှိသေးသော်လည်း၊ ပြည်တွင်းနေရွေ့ပြောင်းအလုပ်သမားများအတွက် […]

၂၀၁ရ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ရပ်ကွက်၊ ကျေးရွာ (ရပ်ကျေး) အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲအတွက် ကြီးကြပ်ရေးအဖွဲ့အား ခေတ္တရပ်ဆိုင်းထားရန် ညွှန်ကြားခဲ့ပြီးနောက် နိုဝင်ဘာလ ၁၃ ရက်တွင် ရွေးချယ်မှုကို ပြန်လည် ပြုလုပ်ရန် ညွှန်ကြားချက်ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ အိမ်ထောင်စုတစ်ခု၏ အိမ်ထောင်ဦးစီး သို့မဟုတ် အသက် ၁၈ နှစ်ပြည့်ပြီးသည့် မိသားစုဝင် တစ်ဦးဦးက ပုံစံ ၆၆/၆ လဝက သန်းခေါင်စာရင်းတွင်ပါလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးအား ရွေးချယ်နိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ဝင် ၅ ဦးကို ဆန္ဒပြုရွေးချယ်ခွင့် ရမည်။ လက်ရှိ တာဝန် ထမ်းဆောင်နေသော ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် ၂၀၁၆ ဇန်နဝါရီလက ရွေးချယ်ခံထားရသူများဖြစ်ပြီး တာဝန် ထမ်းဆောင်ခဲ့သည့် ကာလမှာ […]

ထျိုးမြာ ၂၀၁ရ ခုနှစ် ဧပြီလတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကယားလူမျိုးစုဒီမိုကရေစီပါတီ၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီနှင့် ကယန်းအမျိုးသားပါတီ သုံးပါတီပူးပေါင်းပြီး မဟာမိတ်ပါတီများအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းတစ်ဦးကို ဒေသခံလူထုနှင့် ပူးပေါင်းပြီး ရွေးချယ်ခဲ့ကြသည်။ “သုံးပါတီပေါင်းပြီးတော့မှ ကိုယ်စားလှယ်တစ်ဦးရွေးချယ်ပြီးတင်သွင်းဖို့ ကျနော်တို့သဘောတူညီမှုရခဲ့ကြတယ်။ အဲဒီအပေါ်မှာလည်း ကိုယ်စားလှယ်တွေအနေနဲ့ အားလုံးဝိုင်းရွေးတဲ့အချိန်မှာတော့ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီထဲက ကိုသဲရယ် က အရွေးခံရပြီးတော့မှ ကို်ယ်စားလှယ်လောင်းအဖြစ်လျာထားခံရတယ်ပေါ့။ ဆိုတော့ ကိုသဲရယ်ကို ရွေးချယ်တဲ့နေရာမှာ ကျနော်တို့သုံးပါတီလုံးရဲ့သဘောထားဖြစ်ပါတယ်။ ကျနော်တို့သုံးပါတီလုံးကနေပြီးတော့မှ သူ့ကိုပဲ ဝိုင်းဝန်းပံ့ပိုးကြမှာဖြစ်ပါတယ် ” ဟု ကယန်းအမျိုးသားပါတီ ဥက္ကဌခွန်းဘီထူးက ပြောသည်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကယားပြည်နယ်လွှတ်တော် ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)နေရာတွင် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင်ရရှိသွားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသိုးရယ် ကွယ်လွန်သွားသည့်အတွက် ၎င်းလစ်လပ်သွားသည့်နေရာတွင် […]

ထျိုးမြာ ကယားပြည်နယ်မှ တိုင်းရင်းသားပါတီနှစ်ခုဖြစ်သည့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီနှင့် ကယားလူမျိုးစုဒီမိုကရေစီပါတီတို့ပူးပေါင်းပြီး ပါတီတစ်ခုတည်းအဖြစ် ပြန်လည်ဖွဲ့စည်းရန် စီစဉ်ထားသည်ဟု လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ ဥက္ကဌ ဦးဖိုးရယ်က ပြောသည်။ “ အဲဒီမှာ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီနဲ့ ကယားလူမျိုးစုဒီမိုကရေစီပါတီကို ဖျက်သိမ်းလိုက်ပြီးမှ ပါတီအသစ်ထောင်မယ့်အနေအထားမျိုးဖြစ်တယ်ပေါ့နော။ ဆိုတော့ အဲဒီပါတီကို မနက်ဖြန်သဘက်ခါပဲ ပုံတင်နိုင်ဖို့အတွက် ကြိုးစားသွားမယ်။” ဟု ဦးဖိုးရယ်က ပြောသည်။ ကယားလူမျိုးစုဒီမိုကရေစီပါတီနှင့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီသည် ပါတီအသစ်တစ်ပါတီကို ပူးပေါင်းတည်ထောင်ကြပြီးနောက် ကယန်းအမျိုးသားပါတီက အနီးစပ်ဆုံးမဟာမိတ်အနေအထားဖြင့် ဆက်လက်ရှိနေမည်ဟု ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးက ပြောသည်။ “ အဓိက,ကတော့ ကယန်းအမျိုးသားပါတီအတွက်က ရှမ်းပြည်နယ်မှာရော ကရင်ပြည်နယ်မှာရော ရှိတဲ့ ပါတီဝင်တွေရဲ့ ဆုံးဖြတ်တဲ့အနေအထားမျိုးအပေါ်မှာလည်း အရမ်းမူတည်ပါတယ်။ ဒါကြောင့် ကျနော်တို့ပါတီက အတင်းအကြပ်ပူးပေါင်းမယ့်အနေအထားမျိူးမရှိဘဲနဲ့ ကျနော်တို့သုံးပါတီမှာတော့ […]

စိုင်းလင်းလင်းဦး ကယားပြည်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်တွင် ခန့်အပ် တာဝန်ထမ်းဆောင်မည့် ဥက္ကဌနှင့် အဖွဲ့ဝင်များ(အများယုံကြည်လေးစားခံရသောပုဂိ္ဂုလ်များ)ကို ခေါ်ယူလျက်ရှိကြောင်း ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက ပြောသည်။ “ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် သူနေရာနဲ့သူအလိုက် ဥက္ကဌတစ်ဦးနဲ့ အဖွဲ့ဝင်နှစ်ဦး စုစုပေါင်းသုံးဦးကို ခန့်အပ်မှာပါ။ “ဟု      ဦးကျော်ဆန်းဝင်းက ဇူလိုင်လ ၂၆ ရက်နေ့က ကန္တာရဝတီတိုင်း(မ်)ကိုပြောသည်။ တာဝန်ခန့်အပ်ရန် ဝန်ထမ်းလျှောက်လွှာများအား ၂၀၁၆ခုနှစ် ဩဂုတ်(၈)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပြီ            ဖြစ်ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများမှာ လစာမဲ့ တာဝန် ထမ်းဆောင်ခဲ့ကြခြင်း ၊ […]