ဗုိုလ်ချုပ်ကြေးရုပ်၊ ဒေသတွင်းတည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှုနှင့် တိုင်းရင်းသားစည်လုံးညီညွတ်ရေး

ထူးချစ်ရေးသားသည်။ ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရန်၊ အမျိုးသားဒီမိုုကရေစီအဖွဲ့ချုပ်၊ ပြည်နယ်အစုိုးရမှ ၂၀၁၈-ခုနှစ် နှစ်ဦးပိုင်းကစပြီး ပြင်ဆင်ဆောင်ရွက်ချက်များပြုလုပ်ခဲ့သည်။ အဆိုပါလုပ်ငန်း အကောင်အထည်ဖော်မည်ဟုကြားသည့် အချိန်မှစတင်ပြီး၊ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်( NLD) ပါတီကို နိုင်ငံရေးအရ ဝိုင်းရံခဲ့ဖူးသည့် တိုးတက်သောအမြင်ရှိသည့် ကရင်နီလူငယ်များဦးဆောင်ပြီး ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြပါသည်။ ကရင်နီလူငယ်များအနေနှင့်၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်စိုက်ထူခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဒေသတွင်းပြဿနာများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပုံရိပ်ထိခိုက်လာနိုင်မှုများကို လူငယ်များအနေနှင့် ကြိုတင်တွက်ချက်ထားပုံရ၏။ ကရင်နီလူငယ်များအနေနှင့် ကရင်နီ( ကယား) ပြည်နယ် ကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမည့်ကိစ္စနှင့်ပတ်သက်ပြီး ကရင်နီသမိုင်းကြောင်းနှင့်အတူ ဒေသခံလူထုများအကြား ကန့်ကွက်စာများဖြန့်ဝေခဲ့၏။ ငြိမ်းချမ်းစွာ လက်ကမ်းစာစောင်များ ဖြန့်ဝေမှုနှင့် အဆိုပါလူငယ်များ အဖမ်းခံ၊ တရားစွဲခံခဲ့ကြရ၏။ […]

၂၀၂ဝ ၏ခေါင်းလောင်းထိုးသံ

ဘိုထီး (ငွေတောင်ပြည်) ရေးသားသည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အဲဒီနိုင်ငံကို လူတစ်စုကသာ အုပ်ချုပ်လို့မရပါဘူး။ နိုင်ငံတစ်နိုင်ငံကို လူတစ်စုကသာ အုပ်ချုပ်မယ်ဆိုရင် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ထက် အာဏာတည်မြဲရေးကိုပဲ အမြဲဦးစားပေးလုပ်ဆောင်ကြပါတယ်။ တနည်းအားဖြင့် လူတစ်စုကသာအုပ်ချုပ်တဲ့ အုပ်ချုပ်ရေးစနစ်ဟာ “ခဏလေးပါကိုကိုရယ်” မျိုးမဟုတ်ပဲ အာဏာသည်မြဲသည်ထက်တည်မြဲအောင် လုပ်ဆောင်လာတတ်ကြပါတယ်။ မြန်မာနို်င်ငံမှာနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးများဟာ ရေကြည်ရာ ၊ မြက်နုရာရှာ ဖွေစားသောက်ရင်းအတူတကွ ရောက်ရှိလာတဲ့ လူမျိုးတွေဖြစ်ကြပါတယ်။ သမိုင်းပေးအခြေအနေအရ အတူတကွစုရုံးရောက်ရှိလာတဲ့ မြန်မာနိုင်ငံကို လူတစ်စုကသာအုပ်ချုပ်ဖို့ လုပ်ဆောင်တာဟာ ကျဉ်းမြောင်းတဲ့ အယူအဆတွေသာ ဖြစ်ပါတယ်။ မြန်မာနို်င်ငံရဲ့အုပ်ချုပ်ရေးစနစ်သာ လူတစုကသာ အုပ်ချုပ်တဲ့စနစ်ဖြစ်တယ်။ အဲဒီအုပ်ချုပ်ရေးစနစ်က ၁၉၆၂ ခုနှစ်မှာစတင်ခဲ့တာဖြစ်ပါတယ်။  မြန်မာနို်င်ငံမှာ ငါးနှစ်တစ်ကြိမ်ကျင်းပပြုလုပ်ကြတဲ့ အထွေထွေရွေးကောက်ပွဲဟာ အင်အားကြီးအုပ်စုအချင်းချင်း အာဏာပြိုင်ကြတဲ့ အထွေထွေရွေးကောက်ပွဲပဲဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတစ်ခုလုံးဟာ လူတစ်စုရဲ့အုပ်ချုပ်မှုအောက်သာ […]

ဗိုလ်ချုပ်ရုပ်ထုထားဖို့ အရေးတကြီးလိုအပ်သလား

သွေး (စစ်ကိုင်း) ရေးသားသည်။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံစုပေါင်းနေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သလို တစ်ဖက်ကလည်း ဖက်ဒရယ်ပြည်ထောင်စုဆီ ဦးတည်သွားမယ်လို့ကြွေးကြော်ထားတဲ့ နိုင်ငံလဲဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုဆီ သွားရမှာ အရေးကြီးတဲ့ အချက်က တိုင်းရင်းသားတွေအတွက် တန်းတူရည်တူအခွင့်အရေးတွေ ဖန်တီးပေးဖို့ပါဘဲ ဒါ့အပြင် လူနည်းစုတိုင်းရင်းသားတွေရဲ့ ဆန္ဒက ဘာလဲဆိုတာကိုပါ သိအောင်ကြိူးစားရမှာပါ။ ကရင်နီပြည်လို့ခေါ်ဝေါ်တဲ့ ကယားပြည်နယ်ဟာ ကရင်နီ၊ ကယန်း၊ ဂေခို ၊ ဂေဘား၊ ပရဲ၊ မနုမနော၊ ယင်းဘော်၊ ယင်းတလဲ လူမျိုးတွေနေထိုင်ကြတဲ့ ပြည်နယ်ဖြစ်ပါတယ်။ ထူးခြားချက်က ပဒေသရာဇ်အုပ်စိုးတဲ့ ခေတ်ကတည်းက ကရင်နီပြည်နယ်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်နယ်တစ်ခုအနေနဲ့ ရပ်တည်ခဲ့တဲ့ အချက်ပါဘဲ။ (၁၉၄၇) ခုနှစ် ဖေဖော်ဝါရီလအတွင်း  ရှမ်းပြည်နယ် ပင်လုံမှာ ကျင်းပတဲ့ ပင်လုံညီလာခံသမိုင်းကို […]

ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုနှင့် CSO များ၏ အခန်းကဏ္ဍ

ကျော်စိုးသူ (လွှတ်တော်) Economics Development ရေးသားသည်။ ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုဆိုသည်မှာ ရွေးကောက်ခံ နိုင်ငံရေးစနစ်တွင် အင်မတန်အရေးကြီးသော အချက်ပင်ဖြစ်ပေသည်။ ပြည်သူက မဲပေးရွေးချယ် ပေးလိုက်သော ကိုယ်စားလှယ်များမှ တစ်ဆင့် အစိုးရဖွဲ့ကာ နိုင်ငံကို စီမံခန့်ခွဲ အုပ်ချုပ်ကြခြင်းဖြစ်၍ ပြည်သူများ၏ သဘောဆန္ဒကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးကြရမယ် ဖြစ်ပါသည်။ ဤနေရာတွင် ခေတ်အဆက်ဆက် လှို့ဝှက်သဖွယ် ဆောင်ရွက်ခဲ့သော အစိုးရစနစ်နှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံ ခန့်ခွဲမှုများမှာ ဒီမိုကရေစီ စနစ်နှင့် အညီ ပွင့်လင်း မြင်သာဖို့ လိုအပ်လာမှာ ဖြစ်ပေသည်။  ထိုအချက်ကို မည်သူများက ဦးဆောင်၍ လုပ်ဆောင်ကြမည် ဆိုသည်မှာလည်း စိန်ခေါ်မှုပင် ဖြစ်ပေသည်။ အစိုးရပိုင်းမှ ဦးဆောင်မည်လား၊ လွှတ်တော်ပိုင်းမှ ဦးဆောင်မည်လား […]

လမ်းလျှောက်ရင်း လမ်းပျောက်နေသူ

ဘိုထီး (ငွေတောင်ပြည်) ပြဿနာတစ်ခုကို ဖြေရှင်းပေးနိုင်တယ် မနိုင်ဘူးဆိုတာ ကြိုတင်မသိရှိရပဲ ဖြေရှင်းပေးနိုင်တယ်လို့ လွယ်လွယ်နှင့် ကတိပေးတတ်တဲ့သူဟာ ကိုယ့်ကိုယ်ကိုအထင်ကြီး တတ်တဲ့စိတ်ဓာတ်ကို ပိုင်ဆိုင်တဲ့သူတွေ ဖြစ်ကြပါတယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးတတ်တဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်တဲ့သူ ဘယ်သူမဆို များသောအားဖြင့် သူတို့ရဲ့ ဘဝခရီးလမ်းဟာ ဖြောင့်ဖြူးတယ်ဆိုတာ မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ဆူးငြှောင့်ခလုတ်တွေ ထူထပ်ပေါများတဲ့ တောလမ်းတစ်ခုကို ကတ္တီပါဖိနပ်စီးပြီး လျှောက်လှမ်းနေလို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနှင့် ပတ်သက်ရင် တာဝန်အရှိဆုံး အဖွဲ့အစည်းဟာ အမျိုးသားဒီမိုကရေစီ ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်။ သူတို့အဖွဲ့ကို တာဝန်အရှိဆုံးအဖွဲ့လို့ ဘာကြောင့်ပြောရလဲဆိုရင် “အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲပေးပါဆိုပြီး ပြည်သူကို ကတိပေးခဲ့လို့ပဲ ဖြစ်ပါတယ်။ သူတို့အဖွဲ့တာဝန်ယူတာ […]

တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းများနှင့် လူ့အဖွဲ့အစည်း

သျှံထွန်းတောက် ရေးသားသည်။ မြန်မာနိုင်ငံရဲ့ နေရာအနှံအပြားမှာ တွေ့မြင်ကြားသိနေရတဲ့ သတင်းအကြောင်းအရာ အချို့ရှိ ပါတယ်။ ကြာဇံ/ ခေါက်ဆွဲထုတ်လုပ်တဲ့ စက်ရုံ၊ အရက်ချက်စက်ရုံ စသည်စသည်ဖြင့် စက်ရုံ အချို့အချို့ တွေက စွန့်ပစ်လိုက်တဲ့ အညစ်အကြေးတွေကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး မခံမရပ်နိုင်အောင် အနံ့ဆိုး တွေ ထွက်နေပါတယ် ဆိုတဲ့သတင်းမျိုး၊ အစားအသောက်တွေထဲမှာ ဓာတုဗေဒဆေးတွေ အလွန်အကျွံ သုံးစွဲနေတာ စစ်ဆေးတွေ့ရှိရတယ် ဆိုတဲ့သတင်းမျိုး၊ စက်ရုံ အလုပ်ရုံတွေက လုပ်ခလစာ ပုံမှန်ပေးချေ ခြင်း မပြုလို့ အလုပ်သမားတွေ ဆန္ဒပြကြတယ် ဆိုတဲ့သတင်းမျိုး၊ အရည်အသွေးမမီတဲ့ ထုတ်ကုန် ပစ္စည်းတွေကြောင့် သုံးစွဲသူများစိတ်ညစ်နေကြရတယ် ဆိုတဲ့သတင်းမျိုး စတာတွေပေါ့။ ဒါတွေအားလုံး ကို နိုင်ငံတကာ စီးပွားရေးရှုထောင့်တစ်ခုကနေ ကြည့်လိုက်တဲ့အခါ […]

ဘဏ္ဍာရေးကော်မရှင်နှင့် ဖယ်ဒရယ်ဘတ်ဂျက်စနစ်

ဘဏ္ဍာရေးကော်မရှင် ဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ကော်မရှင် တစ်ခုပင် ဖြစ်ပြီး ဥက္ကဌ မှာ နိုင်ငံတော်သမ္မတ ပင်ဖြစ်ပေသည်။ ဒုတိယသမ္မတနှစ်ဦးမှာ ဒုဥက္ကဌ ၁ နှင့် ၂ တို့ ဖြစ်ကြပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်များမှာ အဖွဲ့ဝင်ဖြစ်ကြပေသည်။ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ပြည်ထောင်စုဥပဒေချုပ်များမှာလည်း အဖွဲ့ဝင်ဖြစ်ကာ အတွင်းရေးမှူးမှာ ပြည်ထောင်စုစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးပင်ဖြစ်ပေသည်။ ဘဏ္ဍာရေးကော်မရှင်၏ အဓိကတာဝန်မှာ ပြည်ထောင်စုနှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ ဘတ်ဂျက်လျာထားချက်များကို စိစစ်ကာပြည်ထောင်စုလွှတ်တော်သို့ ထောက်ခံတင်ပြရခြင်းပင် ဖြစ်ပေသည်။ ဤနေရာတွင် အပိုင်း၂ ပိုင်း ရှိပါလိမ့်မည်။ ပြည်ထောင်စုဘတ်ဂျက်များကို ဒုတိယသမ္မတ ၁ မှ အရင် တာဝန်ယူစိစစ်ပြီးမှ ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြခြင်းဖြစ်သလို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ […]

မပြီးဆုံးသေးသော ကရင်နီလူငယ်ထု တိုက်ပွဲနှင့် အငြင်းပွားမှုဖြစ်တဲ့ ဗိုလ်ချုပ်ကြေးရုပ်ထု

ဘာကြောင့် လူထုဆန္ဒကို ဆန့်ကျင်ပြီး အတင်းအဓ္ဓမ လုပ်ချင်ရတာလဲ။ Written by း ဖူးမော် ကယား(ကရင်နီ)ပြည်နယ်မှာ လတ်တလော ဖြစ်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု တည်ခြင်းနဲ့ ပါတ်သက်တဲ့ အငြင်းပွားမှုတွေဟာ ရက်ပေါင်း ၃၆၅ ရက်ကိုတောင် ကျော်လွန်ပြီ ဖြစ်နေပေမယ့် ဆန္ဒထုတ်ဖော်မှု၊ တရားစွဲမှု၊ ဖမ်းဆီးမှုတွေမပြီးပြတ်နိုင်သေးပဲ အခုဆိုရင် သဘိတ်စခန်းဖွင့်တဲ့ အခြေအနေကိုတောင် ရောက်နေပါပြီ။ ကယားပြည်နယ်အစိုးရအနေနဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို ကယား(ကရင်နီ)ပြည်နယ်မှာ ၂၀၁၉ ခုနှစ် ဇူလှိုင်လ (၁၉) ရက်နေ့ အာဇာနည်နေ့အမှီ ထားရှိနိုင်ဖို့ ဖြစ်ပါတယ်။ ဒီအငြင်းပွားမှု အစဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ထုကို […]

ဆောင်းနှင်းမြူတွေကြားက ၂၁ – ပင်လုံ

ဘိုထိး (ငွေတောင်ပြည်) ၂၁- ရာစုပင်လုံငြိမ်းချမ်းရေးညိလာခံရဲ့ ခရိးလမ်းကရှေ့မတိုးနောက်မဆုတ်ပဲအေး တိအေးစက်ဖြစ်နေတာအားလုံးအသိပဲ ဖြစ်ပါတတယ်။ ဒိလိုဖြစ်ရတဲ့အဓိကအကြောင်းအရင်းကတော့ ညိလာခံမှာသဘောတူညိတဲ့အချက်တွေကိုအကောင်အထည်အဖော်နိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။  စစ်ဘေးဒုက္ခသည်တွေကြောင့် ငြိမ်းချမ်းရေးခရီးနှောက်နှေးခဲ့ရပေမဲ့ ညီလာခံကြီးတတိယအကြိမ်ထိကျင်းပနိုင်ခဲ့သည့်တိုင် စစ်ဘေးရှောင်ဒုက္ခသည်အရေးကိစ္စ တစ်စုံတစ်ရာထည့်သွင်းဆွေးနွေး တာမတွေ့ရှိရပါဘူး။  ညီလာခံမှာဒုက္ခသည်ကိစ္စဆွေးနွေးနိုင်ခြင်းမရှိတာကြောင့် ငြိမ်းချမ်းရေးခရီးနှောင့်နှေးခဲ့ရတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးခရီးလျှောက်လှမ်းနေတဲ့အချိန်မှာဒေခံတိုင်းရင်းသားလူမျိုးစုများဟာဒေသကိုအခြေခံတဲ့ လူမျိုးစုတွေပဲ ဖြစ်ရပါမယ်။ ဒေသတစ်ခုမှာဒုက္ခခံနေရတဲ့ လူမျိုးစုတွေမဖြစ်ရပါဘူး။ ၂၁-ရာစု ပင်လုံညီလာခံကျင်းပတဲ့အခါ တိုင်းတိုင်းရင်းသားဒေသမှာ ဒေသခံများ ဒုက္ခခံနေရတာကိုတွေ့မြင်နေရဆဲပဲ ဖြစ်ပါတယ်။ ညီလာခံကြီးကျင်းပတာ (၃)ကြီမ်တိုင်တိုင် ရှိခြဲ့ပြီး ဖြစ်ပေမယ့် ဒေသခံတွေ သွေးမြေကျ ရဟန်သံဃာတွေ ထိခိုက်ပျက်စီးခြဲ့ပြီးးကန့်ကွက်ခဲ့တဲ့ လက်ပံတောင်းကြေးနီစီမံကိန်းအရေးကိစ္စကိုထည့်သွင်းဆွေးနွေးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။  ဒီအခြေအနေအတိုင်းသာရှေ့ဆက်သွားမယ်ဆိုရင် ငြိမ်းချမ်းရေးခရီးကို အမှန်တကယ်ရှေ့ဆက်တိုးချင်တယ်ဆိုရင် ပြည်သူကိုပေးထားတဲ့ ကတိအတိုင်း အတတ်နိုင်ဆုံးလက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။  စာအုပ်ကြီးကိုင်ကိုင်ြပြီးးပြောနေမယ့်အစားဒေသခံဆီရောက်အောင်သွားြပြီးးဒေသခံတွေရဲ့ ရင်တွင်းခံစားချက်တွေကို မြင်အောင်ကြည့်ပါ။ ဒေသခံတွေရဲ့အသံကို […]

အိန္ဒိယပါလီမန် နှင့် ဖယ်ဒရယ်ဒီမိုကရေစီစနစ်

ပထမဦးစွာအိန္ဒိယနိုင်ငံအကြောင်းကို အနည်းငယ်ရှင်းပြလိုပါတယ်။ ၂၀၀၀BC ကတည်းက မြို့ပြယဉ်ကျေးမှုထွန်းကားခြဲ့ပြီးယုံကြည်ကိုးကွယ်မှုကွဲပြားလွန်းသောနိုင်ငံတစ်ခုပင်ဖြစ်ပါတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရားဓလေ့စရိုက်၊ ယုံကြည်မှုနှင့် လွတ်လပ်သောနိုင်ငံတစ်ခုပင်ဖြစ်ပါသည်။ လူသားမျိုးနွယ်တို့ စတင်ပေါက်ဖွားရာ ၊သမိုင်း၊ သူရဲကောင်းနှင့်ရိုးရာတို့ အခြေခံရာဒေသအဖြစ်တင်စားကြပေသည်။ လွန်ခဲ့သောနှစ်ပေါင်း(၇၀)ကျော်ကတည်းကလွှတ်လပ်ရေးရခဲ့ပြီးအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ် ရပ်တည်ခဲ့ပေသည်။ အကျယ်အဝန်းအားဖြင့် ၃၂၈၇၂၆၃ စတုရန်းကီလိုမီတာကျယ်ဝန်းကာကမာ္ဘပေါ်တွင် (၇)ခုမြောက် အကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပေသည်။ မြောက်ပိုင်းဒေသသည် နှင်းဖုံးလွှမ်းနေပြီးတောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော် နှင့် အာရေးဗီယန်ပင်လယ်တို့ရှိပေသည်။ အိမ်နီးချင်းနိုင်ငံများအနေဖြင့် အနောက်မြောက်ဘက်တွင် အာဖဂန်နစ္စတန်၊ ပါကစ္စတန် တို့ရှ်ိကာမြောက်ဘက်တွက် တရုတ်၊ ဘူတန်၊ နီပေါ နိုင်ငံတို့ တည်ရှိပေသည်။ အရှေ့ဘက်စွန်းတွင် မြန်မာနှင့် ဘင်္ဂလားဒေရှ့် နိုင်ငံများရှိကာတောင်ဘက်တွင်ူသီရိလင်္ကာနိုင်ငံနှင့် ပင်လယ်ခြားကာတည်ရှိနေတာကိုတွေ့ရပေသည်။ နိုင်ငံ၏စုစုပေါင်းလူဦးရေမှာ ၁၂၁၀.၉ သန်းရှိပြီးကျေးလက်ဒေသနေထိုုင်သူလူဦးရေအချိုးမှာ ၆၈.၈၅ %ဖြစ်ပေသည်။ လူတစ်ဦးချင်းစီ၏ ပျမ်းမျှလူ့သက်တမ်းမှာနှစ်(၇၀)ခန့် ဖြစ်ကာစာတတ်မြောက်မှုနှုန်းမှာ ၇၄%ဖြစ်ပေသည်။ […]