ဖယ်ဒရယ်ဒီမိုကရေစီနှင့် ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း (Decentralization) 

ဖယ်ဒရယ်ဒီမိုကရေစီဆိုသည်မှာ ဖယ်ဒရယ်နှင့် ဒီမိုကရေစီကိုပေါင်းစပ်ထားသော စနစ်တစ်ခုသာဖြစ်ပေသည်။ ထိုစနစ်သည် မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးစုများသော နိုင်ငံမျိုးအတွက် အလွန်အသုံးတည့်နိုင်သလို အားနည်းချက်များလည်း ရှိပါလိမ့်မည်။ အကောင်အထည်ဖော်သည့် အင်စတီကျူးရှင်းများ အပေါ်၌သာ မူတည်နေမည်ဖြစ်ပါသည်။ ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း (Decentralization) ဆိုသည်မှာက ဖယ်ဒရယ် ဒီမိုကရေစီစနစ်အောက်က လုပ်ငန်းစဉ်တစ်ခုသာဖြစ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီစနစ် အောင်မြင်ဖို့အတွက် အဓိကကျဆုံးသော လုပ်ငန်းစဉ် တစ်ရပ်ပင်ဖြစ်ပေလိမ့်မည်။ ဗဟိုချုပ်ကိုင်မှု လျော့ချရေး လုပ်ငန်းစဉ်တွင်လည်း ကဏ္ဍ(၃)ခု ရှိပြီး ၎င်းတို့မှာ- (၁) နိုင်ငံရေးအရ ဗဟိုချုပ်ကိုင်မှု လျော့ချရေး (၂) ဘဏ္ဍရေးအရ ဗဟိုချုပ်ကိုင်မှု လျော့ချရေး (၃) အုပ်ချုပ်ရေးအရ ဗဟိုချုပ်ကိုင်မှု လျော့ချရေး တို့ဖြစ်ပေသည်။ ဗဟိုချုပ်ကိုင်မှု လျော့ချရေး လုပ်ငန်းစဉ်ကြီးတစ်ခုလုံး အောင်မြင်ဖို့အတွက် အထက်ပါလုပ်ငန်းစဉ် […]

ကယားပြည်နယ်လွှတ်တော်နှင့် အစိုးရကို လေ့လာခြင်း (၃)

​ကျော်​ထင်​​အောင်​ (ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်၏ တစ်နှစ်ကျော်ကာလကို လေ့လာခြင်း) ၂၀၁ရ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် တစ်နေရာလစ်လပ်မှုကို ယှဉ်ပြိုင်ခဲ့ကြရာတွင် အမျိုးသားများသာ ယှဉ်ပြိုင်ခဲ့ကြ၍ ကယားပြည်နယ်လွှတ်တော်၏ ထူးခြားချက်မှာ ယခုအချိန်အထိ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှ မပါဝင်သေးခြင်းပေ။ (ပထမအကြိမ်တွင်လည်း မပါခဲ့ပါ ။) ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်သည် တစ်နှစ်ကျော် ( ၁ရ လ ကျော် ) အတွင်း ပုံမှန် အစည်းအဝေး ( ၆ ) ကြိမ်ကို နှစ်လကျော် သုံးလနီးပါးမှ တစ်ကြိမ်ပြုလုပ်ခဲ့သည် ။ ဘယ်အကြိမ်မျှ သုံးရက်ထက် ပိုမကြာခဲ့ပေ ။ ထို့အတွက်ကြောင့် ဆဋ္ဌမ ပုံမှန်အစည်းအဝေးမှသာ ကယားပြည်နယ်၊ […]

မေတ္တာနှင့်ယှဉ်ပြီး စေတနာ သဒါ္ဓတရားပွါးများသည့် လူငယ်အဖွဲ့အစည်းတစ်ခုကို အတူတကွ တည်ဆောက်ကြပါစို့

မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူပြည်သားတွေဟာ ဘဝတစ်ခုတိုးတက်အောင်မြင်ဖို့အတွက် နေ့မအား ညမအားသွားလာလှုပ်ရှား ရုန်းကန်နေကြတာကို တွေ့ရှိပါသည်။ ကျားကြီး ခြေရာကြီးဆိုတဲ့စကားအတိုင်း စားဝတ်နေရေး အသင့်အတင့်ပြေလည်တဲ့ လူတွေဟာ တစ်နေ့လုပ် တစ်နေ့စား လူတွေထက် တိုးတက်အောင်မြင်ဖို့ကို ပိုပြီး လိုလားသလို စီးပွားရေး အခြေခံ ကောင်းများရှိသူတွေဟာလည်း တိုးတက်အောင်မြင်မှု ပေါင်း သောင်းခြောက်ထောင်ရရှိဖို့ိကို လိုလားနေကြပါသည်။ အချိန်ကုန် ငွေကုန် အပင်ပန်းခံပြီး ဘဝတိုးတက်အောင်မြင်မှုအတွက် ရုန်းကန်ကြိုးပမ်း နေပါလျက်နဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော် သစ်တစ်ခုကို ဒီနေ့ဒီချိန်ထိ မတည်ဆောက်နိုင်တာ ဘာကြောင့်ပါလဲ။ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်သစ် တစ်ခုကို မတည်ဆောက်နိုင်တဲ့ အဓိက အကြောင်းရင်းကတော့ ဒီမိုကရေစီနှင့် ကိုက်ညီပြီး နည်းလမ်းမှန်ကန်တဲ့ […]

“ဒေသဖွံ့ဖြိုးရေး”ရန်ပုံငွေများ အကြောင်း

ကျော်စိုးသူ (Economic Development) လွန်ခဲ့သော အစိုးရအဆက်ဆက်ကတည်းကပင် ဘတ်ဂျတ်၏ စည်းကမ်းတင်းကြပ်မှုများကို အကြောင်းပြု၍ ရုံးဌာန၊ အဖွဲ့အစည်းအသီးသီးတွင် တရားမဝင်ဘတ်ဂျတ်ပြင်ပဖန်ရန်ပုံငွေများစွာ ထားရှိ သုံးစွဲခဲ့ကြပေသည်။ ၎င်းရန်ပုံငွေများသည် ဌာနအဖွဲ့အစည်းများအတွက် ကောင်းကျိုး အနည်းငယ်သာရှိပြီး စည်းမျဉ်းစည်းကမ်းမရှိသောကြောင့် နို်င်ငံနှင့် ပြည်သူများအတွက် အကျိုးကျေးဇူး ဖြစ်ထွန်းခဲ့ခြင်း မရှိပေ။ လူတစ်ဦးတစ်ယောက်နှင့် လူတစ်စုအတွက်သာ အကျိုးကျေးဇူးဖြစ်ထွန်းစေခဲ့သည်။ ဗဟိုချုပ်ကိုင်မှု အားကောင်းခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် အပြန်အလှန်ထိန်းကြောင်းမှု အားနည်းခဲ့သော အစိုးရစနစ်တို့၏ အကျိုးရလာဒ် ပင်ဖြစ်ပေသည်။ ထိုရန်ပုံငွေများသည် နိုင်ငံတော်ဘတ်ဂျတ်သို့ ထည့်ဝင်ခြင်းမရှိဘဲ ဌာနအဖွဲ့အစည်းခေါင်းဆောင်များ၏ စိတ်ကြိုက်လိုရာသုံးနိုင်ရန် ခေါင်းစဉ်နှင့် အသုံးစရိတ်များသာ ဖြစ်ခဲ့ရပေသည်။ ၂၀၀၈ အခြေခံဥပဒေအရ ဒေသအစိုးရများပေါ်ထွက်လာခဲ့ပြီး ဒေသဘတ်ဂျတ်ဥပဒေများ အတည်ပြုပြဌာန်ပြီးချိန်တွင် ထိုဖန်ရန်ပုံငွေများသည် ဥပဒေနှင့် ညီညွှတ်ခြင်းမရှိသောသည်ကို […]

အတာရေအေးအေးနှင့် ပီတိလွှမ်းတဲ့ သင်္ကြန်ပွဲတော်

ဘိုထီး မြန်မာနိုင်ငံမှာ အစဉ်လာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေတဲ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ဟာ မြန်မာ့ယဉ်ကျေးမှုပွဲတော်ကြီးတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ထေရဝါဒဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုထွန်းကားပြီး ရိုးရာဓလေ့ထုံးတမ်းတွေ စည်ပင်ဖွံ့ဖြိုးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ယဉ်ကျေးမှုဓလေ့နှင့် ဆက်နွယ်နေတဲ့ ရိုးရာပွဲတော်ကိုလည်း အများအပြားတွေ့နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မြန်မာလရဲ့ ဆယ့်နှစ်ရာသီ ပွဲတော်ဟာ မြန်မာတို့ရဲ့ယဉ်ကျေးမှုအစဉ်အလာ ဘယ်လောက်ခိုင်မြဲလည်းဆိုတာ ပြသနေရုံမကပါဘူး။ မြန်မာတို့ရဲ့ ဂုဏ်သတင်း မြန်မာတို့ရဲ့ ယဉ်ကျေးမှုအလှတွေ ကမ္ဘာကို သိမြင် နိုင်ခဲ့ပါတယ်။ မြန်မာတို့ရဲ့ မြတ်နိုးစရာကောင်းတဲ့ ဆယ့်နှစ်လရာသီပွဲတော်များအနက် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ဟာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တန်ခူး ကဆုန် ဆွေ့ဆွေ့ ခုန်ဆိုသလို သင်္ကြန်ပွဲတော်ကျင်းပတဲ့ တန်ခူးလရာသီဟာ နေအလွန်ပူပြင်းတဲ့ နွေရာသီအချိန်ကာလဖြစ်ပါတယ်။ တန်ခူးလရာသီရောက်ပြီဆိုရင် ရော်ရွက်ဝါတွေဟာ လေရူးနှင့်အတူ ဝေ့ဝဲပြီးမြေပြင်ပေါ်မှာ ကြွေကျတဲ့အချိန်အခါလည်းဖြစ်ပါတယ်။ တန်ခူးလရာသီရောက်တိုင်း […]

ဖက်ဒရယ်ဝါဒ ၊ ဒေသအစိုးရများနှင့် ဖွံ့ဖြိုးတိုးတက်ရေး

ကျော်စိုးသူ (Economic Development) မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်းများစွာ ကျင့်သုံးအုပ်ချုပ်ထားသည့်စနစ်မှာ တစ်ပြည်ထောင်စနစ်ဖြစ်ပြီး ဗဟိုချုပ်ကိုင်မှုကို အားပေးခဲ့သော စနစ်တခုဖြင့်သာ အုပ်ချုပ်ခဲ့ပါသည်။ ငြိမ်းချမ်းရေးမရရှိခြင်းကြောင့်လည်း ဗဟိုချုပ်ကိုင်မှုစနစ် အားကောင်းခဲ့ခြင်းပေလိမ့်မည်။ သို့ရာတွင်ဗဟိုချုပ်ကိုင်မူ၏ ဆိုးကျိူးများကိုသာ ခံစားနေသည်ကို တွေ့ရပေသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံ၏ နောက်ခံအခြေအနေနှင့် ကိုက်ညီမည် ဖယ်ဒရယ်စနစ် ဖြစ်ထွန်းပေါ်ပေါက်ေအာင်မြင်ရေးသည်သာ ပန်းတိုင်ဖြစ်ပါသည်။ ဖယ်ဒရယ်ဆိုသည်ကို ခွဲထွက်ရေးဟု အမြင်မှားနေကြသည်။ ဖယ်ဒရယ်စနစ်ဟူသည်မှာ နို်င်ငံကို အုပ်ချူပ်သောစနစ်တစ်ခုမျှသာဖြစ်ပြီး ဗဟိုချုပ်ကိုင်မှုကို လျော့ချသော အစိုးရအုပ်ချုပ်မှုစနစ်တစ်ခုသာြဖစ်ပါသည်။ ဗဟိုအစိုးရက ဒေသအစိုးရများကို လုပ်ပိုင်ခွင့်ပိုပေးထားသော အုပ်ချုပ်မှုစနစ်တစ်ခုဖြစ်ပေသည်။ သို့ရာတွင် စနစ်တိုင်းတွင်အားနည်းချက် အားသာချက်ရှိသည်ကိုတော့ မမေ့အပ်သင့်ပါလေ။ မြန်မာနိုင်ငံအနေဖြင့် ဖယ်ဒရယ်စနစ်ကို စတင်ကျင့်သုံးခဲ့သည်မှာ  ၂၀၁ဝ ခုနှစ်ပင်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင့်သုံးခဲ့ခြင်းြဖစ်ပါသည်။ […]