သီးခြားလွတ်လပ်သော ကရင်နီပြည်မှ မြန်မာပြည်အစိတ်အပိုင်းဖြစ်လာခဲ့ခြင်းနှင့် ကယားပြည်နယ်ဟု အမည်ပြောင်းလဲလာခြင်း

ခွန်အသန်း ရေးသားသည်။ ကန္တာရဝတီတိုင်း(မ်) ဗိုလ်ချုပ်အောင်ဆန်းမြင်းရုပ် လွိုင်ကော်တွင်တည်မည့်ကိစ္စကို အကြောင်းပြု၍ ကယားပြည်နယ်နှင့် ဗိုလ်ချုပ်အောင်ဆန်း ဆက်စပ်မှု ရှိ/မရှိ အပြန်အလှန်ဆွေးနွေးငြင်းခုံမှုများ အွန်လိုင်းပေါ်တွင် ဆူဆူညံညံကြားမြင်နေရသည်။ မြန်မာပြည်၏လွတ်လပ်ရေးဖခင်ဖြစ်၍ ကယားပြည်နယ်တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိသင့်သည်ဟု အချို့ကထောက်ခံပြီး ကယားပြည်နယ်သည် သမိုင်းကြောင်းအရ သီးခြား လွတ်လပ်သော ကရင်နီပြည် အဖြစ် တည်ရှိခဲ့သဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့် သက်ဆိုင်ခြင်းမရှိဟု တဖက်က ထောက်ပြကြသည်။ ထို့ကြောင့် ယနေ့ကယားပြည်နယ် ဖြစ်နေသော ယခင်ကရင်နီပြည်နှင့် အင်္ဂလိပ်ကိုလိုနီပြုခဲ့သည့် မြန်မာ(Burma – ဗမာ)ပြည်ဆိုင်ရာနှင့် လက်ရှိမြန်မာနိုင်ငံအတွင်း ကယားပြည်နယ်(ကရင်နီပြည်) မည်ကဲ့သို့ ပါဝင်လာခဲ့ရသည်စသည့် သမိုင်းကြောင်းအနည်းငယ်ကို စုစည်း ဖော်ပြလိုပါသည်။ ၁။ သီးခြားလွတ်လပ်ခဲ့ကြောင်း နောက်ခံအကျဉ်း နှင့် သက်သေအထောက်အထား […]

ဖြေရှင်းရတော့မည့် တိုင်းရင်းသားအခွင့်အရေးနှင့် ဖက်ဒရယ်ပုစာ္ဆ

ဘိုထီး (ငွေတောင်ပြည်) ရေးသားသည်။ တိုင်းရင်းသားခေါင်းဆောင်များအနေနဲ့ ပင်လုံကတိကဝတ်နှင့်အညီ ဖယ်ဒရယ်ပြည်ထောင်စုကို အမှန်တကယ်တည်ဆောက်ချင်တယ်ဆိုရင် ကိုယ့်ရဲ့အဖွဲ့အစည်းတွေကို ပြည်နယ်ကိုယ်စားပြုဖြစ်အောင် ဦးစွာမဖြစ်မနေ ပြုလုပ်ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ၁၉၄ရပင်လုံစာချုပ်ကိုချုပ်ဆိုတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ပြည်နယ်ဒေသကို ကိုယ်စားပြုတဲ့ခေါင်းဆောင်တွေ ဖြစ်နေလို့ပဲဖြစ်ပါတယ်။ လူမျိုးစုအနေနဲ့ လက်မှတ်ထိုးတာမဟုတ်ပဲ ပြည်နယ်ခေါင်းဆောင်အနေနဲ့သာ လက်မှတ်ထိုးထားတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ လူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံဖြစ်ပေမယ့် ပြည်နယ်အရေးနဲ့ပတ်သက်လာရင် အင်မတန်မှစည်းလုံးညီညွှတ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အားလုံးဟာ ပြည်နယ်ဒေသကိုသာ ကိုယ်စားပြုတဲ့လူမျိုးစုတွေဖြစ်ကြပါတယ်။ ဒါကြောင့် ဒီနေ့ထိကမာ္ဘ့ဖက်ဒရယ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့တာပါ။ အဖွဲ့အစည်းအချင်းချင်းပူးပေါင်းမှသာ နိုင်ငံတစ်ခုကို ကိုယ်စားပြုနိုင်မှာဖြစ်သလို လူမျိုးစုအချင်းချင်းပူးပေါင်းမှသာ ပြည်နယ်ဒေသကို ကိုယ်စားပြုနိုင်မှာ ဖြစ်ပါတယ်။ ရဲဘော်သုံးကျိတ်ဝင်ဖြစ်ကြတဲ့ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီးတွေဟာ မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်ခဲ့တာကြောင့် မြန်မာ့လွတ်လပ်ရေးကို ရယူနိုင်ခဲ့ကြပေမယ့် ဖဆပလ အစိုးရဟာမြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်ခဲ့တာကြောင့် ၁၉၆၂ခုနှစ်၊ […]

ကျွန်တော်နှင့် လွှတ်တော်

ကျော်စိုးသူ(လွှတ်တော်)Economic Development ရေးသားသည်။ ကျွန်တော် လွှတ်တော်သို့ရောက်တာ (၁၀) လနီးပါးကြာခဲ့ပြီဖြစ်ပါသည်။ မိခင်ဌာနဖြစ်သော ဘတ်ဂျက်ဌာန၊ ကိုယ်ရေးအရာရှိအဖြစ် တွဲဘက်တာဝန်ထမ်းဆောင်ခံရသော ကယားပြည်နယ်အစိုးရအဖွဲ့တို့တွင် လေ့လာဆည်းပူးခဲ့ရသော အသိပညာများဖြင့် မိမိနကိုယ်ကတည်းက လုပ်ကိုင်ဆောင်ရွက်ချင်ခဲ့သော လွှတ်တော်များ အားကောင်းရေးအတွက် ဆောင်ရွက်ခဲ့သည်။ ၂၀၁၂ ခုနှစ် လောက်ကတည်းက ကျွန်တော်တွေ့မြင်ဝေဖန်ခဲ့သော ဒေသလွှတ်တော်တွေကို ထွေ/အုပ်လောင်းရိပ်အောက်မှ ခွဲထုတ်ကာ သီးခြားရပ်တည်စေဖို့ အကြံပြုချက်များမှာ ၂၀၁ရ ဧပြီလ (၁) ရက်နေ့တွင် စတင်အသက်ဝင်လာခဲ့တာကို တွေ့ရပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များကို ထွေ/အုပ်အောက်မှ ခွဲထုတ်၍ ပြည်ထောင်စုလွှတ်တော်၏ အောက်တွင်ထားကာ သီးခြားလွတ်လပ်သော လွှတ်တော်များအဖြစ် ဖွဲ့စည်းခဲ့ကြသလို ဒေသတွင်း ပါဝါဟန်ချက်ကို ထိန်းရန်အတွက် လွှတ်တော်ရုံးအကြီးအမှူးများကို ဒုတိယ ညွန်ကြားရေးမှူးချုပ်များအဖြစ် […]

ဝန်ချုပ်ရဲ့ ကကြိုးပျက် နိုင်ငံရေး

အရေးကြီးတဲ့နိုင်ငံရေးဆိုင်ရာစိန်ခေါ်မှုတွေနဲ့ ကကြိုးပျက်နေသူကတော့ ကယား(ကရင်နီ)ပြည်နယ် ဝန်ကြီးချုပ်လို့ ဆိုရမယ့်သဘောမှာ ရှိပါတယ်။ ခေတ်ပေါ်နိုင်ငံရေး ရေချိန်၊ အတွေးအခေါ်၊ ပုံရိပ်တည်ဆောက်တတ်မှုကို မဆိုထားဘီ၊ ပေါ်ပြူလာကြိုက် နိုင်ငံရေးကိုတောင် ကောင်းမွန်စွာ မမောင်းနှင်းနိုင်တဲ့ သူ ဟု  မှတ်ချက်ပြုရမလို ဖြစ်နေပါပြီ။ နိုင်ငံရေးဆိုတာက အခြေစိုက်တဲ့လူထုတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ ယုံကြည်မှုနဲ့ အခြေခံ ရေခံ ၊မြေခံ ဖြစ်တဲ့ သမိုင်းကြောင်းကို အကာကွယ်ပေးနိုင်တဲ့  အဝန်းအဝိုင်းကို ရည်သန်းတာပဲဖြစ်တယ်။ ဆိုတော့ဟုတ်ပြီ…. လူမှုအသိုင်းအဝိုင်းရဲ့ လိုအပ်တဲ့ လူမှုအကျိုးစီးပွားကို ကောင်းမွန်စွာ မကာကွယ်ပေးနိုင်သည့်တိုင်အောင် ရှိရင်းစွဲ အခြေအနေကို ပိုမို ဆိုးရွားစေတာကတော့ ပြဿနာ ရှိတယ်လို့ ယူဆရမှာပါ။ ဝန်ကြီးချုပ်ကိုယ်တိုင်ကိုက ယခင် မြန်မာနည်း၊ မြန်မာဟန် ဆိုရှယ်လစ်လမ်းစဉ်ဖြစ်တဲ့ […]

နိုင်ငံတကာ၏ အပစ်အခတ်ရပ်စဲရေးအပေါ် လေ့လာစောင့်ကြည့်မှု အထောက်အပံ့များ

ခူးကြူးဖဲကေး(ကရင်နီအမျိုးသား)ရေးသားသည်။ (အာချေး(အင်ဒိုနီရှား)နိုင်ငံ၏ အခြေအနေများကို လေ့လာခြင်း) ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လိုအပ်သော အခန်းကဏ္ဍများကို ဖြည့်ဆည်းရာ၌ အဓိကကျသော အချက်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်၌ လက်မှတ်ထိုုးရေးဖိအားပေးယုံမျှဖြင့် ထိရောက်မှုမရှိသေးသည်ကို သိပ်မဝေးလွန်လှတဲ့ သမိုင်းဆိုင်ရာ ငြိမ်းချမ်းရေးစာချုပ်များက သက်သေထူလျှက်ရှိသည်။ ငြိမ်းချမ်းရေးကဏ္ဍ အားကောင်းလာစေရန်အတွက် လိုအပ်သော ရေခံမြေခံအကြောင်းအရင်းမှာ ယုံကြည်မှု၊ ဆက်ဆံရေးအားကောင်းမှု၊ လိုအပ်သော အမျိုးသားတန်းတူရေးရရှိရေးနှင့် အာမခံချက်ရှိသည့် နိုင်ငံရေးဆိုင်ရာ ကတိကဝတ်များပေါ်ထွန်းလာရေးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံရေးလှုပ်ရှားမှုသည် အမျိုးသားရေးတန်းတူရေးအတွက် လက်နက်ကိုင်တော်လှန်ရတဲ့ အခြေအနေများကြောင့် ဖြစ်လေသည်။ ထိုအချင်းအရာကို လေ့လာရန်အင်မတန်မှ အရေးကြီးလေသည်။ ထိုကြောင့် အင်ဒိုနီရှားနိုင်ငံ၏ ဖြေရှင်းခဲ့ရပုံနဲ့ နည်းပညာအထောက်အကူပြုမှုများ၊ လူထုကာကွယ်ရေးအစိတ်အပိုင်းများ၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိ်ုင်ရာ သုံးသပ်ချက်စာတမ်းများ၊ နှစ်ဖက်တပ် […]

နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းနှင့် ဒေသတွင်းစီးပွားရေးအဖွဲ့အစည်းများ

ကျော်စိုးသူ(လွှတ်တော်)Economic  Development ရေးသားသည်။ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများကို အတိုကောက်အားဖြင့် SEE (State Economic Enterprises)ဟု ခေါ်ဆိုပါသည်။ ထိုအဖွဲ့အစည်းများမှာ သက်ဆိုင်ရာဝန်ကြီးဌာနများအောက်တွင် ရှိသော်လည်း စီးပွားရေးဆန်ဆန် လုပ်ကိုင်ဆောင်ရွက်ရသော လုပ်ငန်းအဖွဲ့အစည်းများပင် ဖြစ်ပေသည်။ ၂၀၁၂  ခုနှစ် မတိုင်ခင်အထိ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများသည် ၎င်းတို့၏ ရငွေသုံးငွေများကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှသာ ကျခံသုံးစွဲသည်။ ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည့် ၂၀၁၂ နောက်ပိုင်းတွင်တော့ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ပြင်ပသို့ သွားရောက်ကာ မိမိကိုယ်ပိုင်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ခြင်း၊ နိုင်ငံတော်မှ လုပ်ငန်းသုံး ရင်နှီးငွေသာ  ရယူပြီး ကျန်အသုံးစရိတ်များကို မိမိကိုယ်ပိုင်ဘဏ္ဍာငွေဖြင့် ရပ်တည်ဆောင်ရွက်ခြင်းဖြင့် ပြောင်းလဲ ဆောင်ရွက်ခဲ့ကြသည်။ ၂၀၁၂ မတိုင်ခင် ကာလများတွင်တော့ နိုင်ငံတော်ပိုင်စီးပွားရေး […]

 ဗိုလ်ချုပ်အောင်ဆန်းက  တိုင်းရင်းသားခေါင်းဆောင်တွေကို ဘာတွေမှာကြားခဲ့သလဲ  

ဘိုထီး( ငွေတောင်ပြည်)ရေးသားသည်။ ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ  ဗိုလ်ချုပ်အောင်ဆန်းက ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကို ရောက်ရှိတဲ့အခါ ဗိုလ်ချုပ်က  ကချင်ပြည်သည် ဗမာပြည်မနှင့် တပြိုင်တည်း လွတ်လပ်ရေး ရယူလိုခြင်းသည် အင်မတန်မှ ဝမ်းမြောက်ဂုတ်ယူကြောင်း ကချင်ပြည်နယ်အနေနှင့် ဗမာပြည်မနှင့် တန်းတူရည်တူ ပြည်ထောင်စု တည်ဆောက်သွားပါက နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့သည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ လွိုင်ကော်မြို့၊ ဓမ္မာရုံမှာ ကျင်းပပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးပွဲတော်မှာ  ဗိုလ်ချုပ်အောင်ဆန်းရောက်ရှိလာသည်။ ဗိုလ်ချုပ်က အင်္ဂလိပ်ပေးထားသော ကရင်နီပြည် လွတ်လပ်ရေးသည် ပြည့်ဝသော လွတ်လပ်ရေးဟု မဆိုနိုင်ကြောင်း၊ ဗမာပြည်ရရှိမည့် လွတ်လပ်ရေးသည် အပြည့်အဝ လွတ်လပ်ရေး ရရှိမည်ဖြစ်ကြောင်း ပြောသည်။ ကရင်နီပြည်အနေနဲ့ […]