ဘိုထီး(ငွေတောင်ပြည်)ရေးသားသည်။ လက်ရှိမြန်မာနိုင်ငံရဲ့ဒီမိုကရေစီခရီးလမ်းဟာ တချိန်ကတစ်ပါတီစနစ်ထက်ပိုပြီးစိန်ခေါ်မှုတွေ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ အတ္တကိုဖြေလျှော့ခြင်းမရှိပဲ ဒီမိုကရေစီခရီးကို လျှောက်လှမ်းချင်လိုပဲ ဖြစ်ပါတယ်။ ဘယ်ကိစ္စမှာမဆို အတ္တကို ဖြေလျှော့ခြင်းမရှိပဲလုပ်ဆောင်နေသရွေ့ ယမ်းငွေ့တွေဟာ ဘယ်သောအခါမှ ပန်းမွေ့ယာဖြစ်လာမှာမဟုတ်ပါဘူး။ ဒီနေ့ဒီချိန်ထိ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရရှိတာဟာ ၂၀၀၈ အခြေခံဥပဒေကြောင်မဟုတ်ပါဘူး။ ဒီနေ့ဒီချိန်ထိ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးမရရှိတာဟာ အတ္တရဲ့ဦးဆောင်ရာနောက်ကို ကမ်းမမြင်လမ်းမမြင် လျှောက်လှမ်းနေကြလို့ပဲ ဖြစ်ပါတယ်။ ၈၈ လူထုအရေးတော်ပုံဟာ အတ္တဆန်ဆန် အခွင့်အရေးကို တောင်းဆိုတဲ့ အရေးတော်ပုံဖြစ်တာကြောင့် ယနေ့ထိ ပြည်သူတွေအခက်အခဲတွေနှင့် ရင်ဆိုင်နေရတာ ပါ။ အတ္တကိုရှေ့တန်းတင်ပြီး နိုင်ငံရေးနှင့် ဝေးနေသေးတဲ့ ပြည်သူအချို့က ၈၈ အရေးတော်ပုံကြီးဟာ တစ်ပါတီအိအာဏာရှင်စနစ်ကို ဖြိုချနိုင်ခဲ့တယ်လို့ ပြောဆိုကြပါတယ်။ အာဏာရှင်စနစ် […]

ကျော်စိုးသူ(Economic Development)ရေးသားသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းတည်ဆောက်ပေါ်ပေါက်လာသော ဒေသအစိုးရများအနေဖြင့် သက်တမ်း(၇)နှစ် နီးပါးပြည့်တော့မည် ဖြစ်ပေသည်။ သို့ရာတွင် ဖယ်ဒရယ်ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို မပြဋ္ဌာန်နိုင်သရွေ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်မှာ ထင်သလောက်ခရီးမပေါက်နိုင်ပေ။ ဗဟိုဦးစီးစနစ်နှင့် အစိုးရအုပ်ချုပ်မှုစနစ်အတွက်သာ ရေးဆွဲထားခဲ့သော ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းနှင့် ညွှန်ကြားချက်များကို ဖယ်ဒရယ်ဒီမိုကရေစီစနစ်နှင့် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲကြရပေလိမ့်မည်။ အဓိကအားဖြင့် ဗဟိုချုပ်ကိုင်မှုနှင့် အာဏာဖြင့်အုပ်ချုပ်ရေးတွင် လွန်စွာအသားကျနေသည့် ဒေသအစိုးရများကို အပြန်အလှန်ထိန်းကြောင်းခြင်း အသက်ဝင်စေမည့် ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ပြဋ္ဌာန်းဖို့သည် ဖယ်ဒရယ်စနစ်အတွက် အခြေခံအကျဆုံး ဖြစ်ပေသည်။ ပြည်ထောင်စုမှ ဗဟိုချုပ်ကိုင်မှုလျော့ချချိန်တွင် အပြန်အလှန်ထိန်းကြောင်းမှု အားနည်းသည့် ဒေသအစိုးရဖွဲ့စည်းတည်ဆောက် အုပ်ချုပ်မှုပုံသဏ္ဍာန်များကြောင့် ပြင်ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဟန်ချက်မညီဖြစ်နေခြင်းကိုလည်း သတိပြုဆင်ခြင်ရပေလိမ့်မည်။ […]

ခွန်စိုးမိုးအောင်ရေးသားသည်။ နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည်လည်း အရေးကြီးသောအခန်းကဏ္ဍ တစ်ခုမှပါဝင်လျက်ရှိပါသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့်အတူ အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းအမျိုးမျိုးသည်လည်း ပုံစံမျိုးစုံဖြင့်ပါဝင်ရောယှက်နေကြပါသည်။ ထိုသို့သောအကြီးစားဖွံ့ဖြိုးရေးစီမံကိန်းကြီးများတွင် စိုက်ပျိုးရေးကို အခြေခံပြီး လုပ်ဆောင်သော စီမံကိန်းများသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာအပါအဝင်ကမ္ဘာတစ်ဝှမ်းတွင် အရှိန်အဟုန်ကောင်းမွန်စွာဖြင့် လည်ပတ်နေလျက်ရှိပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ တိုင်းပြည်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲရန်အတွက် ဦးစားပေးလုပ်ဆောင်မှုများ ရှိလာပါသည်။ ယေဘုယျအားဖြင့် တိုင်းပြည်လူဦးရေ၏ ၇၅% သည်ကျေးလက်ဒေသတွင် နေထိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကမှီခို၍ လုပ်ကိုင်စားသောက်နေကြပါသည်။ ထို့ကြောင့်တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုအတွက် အးစားကြီးဖွံ့ဖြိုးရေးလုပ်ငန်းများကို လာရောက်ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရာတွင် စိုက်ပျိုးရေးကဏ္ဍကို အခြေခံသော ရင်းနှီးမြုပ်နှံမှုများလည်း ပို၍တွင်တွင်ကျယ်ကျယ်ရှိလာသည်။ ထိုအထဲမှ စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုများ တိုးတက်စေရန်အတွက် ပေါင်းစည်းလယ်ယာလုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ၏ ရင်းနှီးမြုပ်နှံမှုများသည်လည်း ပိုမို၍တွင်ကျယ်လာပါသည်။ […]

ခူးကြူးဖဲကေး (ကရင်နီအမျိုးသား) ရေးသားသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်း ခရီးစဉ်ကို ကယား(ကရင်နီ)ပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် – ကယားပြည်နယ် (National League for Democracy –NLD) ပါတီဝင်များနဲ့ အစိုးရအဖွဲ့က ယခု စကားဝိုင်းကျင်းပနိုင်ရေးအတွက် ဆွေးနွေးမယ့် ကိုယ်စားလှယ် လူအင်အားစုဆောင်ခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများကို ဒီဇင်ဘာလ ပထမအပတ်ကတည်းကပင် စတင်ပြီ ပြုလုပ်ခဲ့ကြတယ်လို့ ပြောလို့ရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ယခု ခရီးစဉ်ဟာ လျှိုဝှက်ပြီးစီစဉ်ခဲ့တဲ့ ခရီးစဉ်တစ်ခုလို ယူဆလို့ရတဲ့အချက်တွေရှိနေပါတယ်။ ဒီအခြေခံစဉ်းစားချက်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ်အတွက် အချိန်နီးကပ်မှ ထုတ်ပြန်တဲ့ အပေါ်မှာမူတည်ပြီး သုံးသပ်တဲ့ အခြေခံအချက်ပါ။  တဖက်မှာလဲ လျှိဝှက်တဲ့ ခရီးစဉ်တစ်ခုအတွက် သတင်းပေါက်ကြားမှုတွေလဲ ရှိကောင်းရှိနိုင်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူရဲ့ […]

ကျော်စိုးသူ (Economic Development) ရေးသားသည်။ E-Government ပတ်သက်၍ အရင်အစိုးရလက်ထက်ကတည်းက ဆောင်ရွက်ခဲ့ကြတာကို တွေ့ရပေသည်။ သို့ရာတွင် လိုအပ်သော အခြေခံအဆောက်အဦး ပြဿနာများကြောင့် ထင်သလောက်ခရီးမပေါက်ခဲ့ကြပေ။ ပြီးခဲ့တဲ့(၅)နှစ်အစိုးရဘတ်ဂျက်များတွင်လည်း E-Government အသုံးစရိတ်များ အလွန်များပြားသော်လည်း လက်တွေ့တွင် အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ကြခြင်းမရှိတာကို တွေ့ရပေသည်။ အစိုးရသစ်အနေဖြင့်လည်း E-Government စနစ်အောင်မြင်ရေးအတွက် အားထည့်ဆောင်ရွက်နေကို တွေ့ရပေသည်။ နေပြည်တော်တွင် E-Government နှင့် ပတ်သက်သော ဖိုရမ်တစ်ခုကို ကျင်းပခဲ့ပြီး ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို ကျော်လွှာဖြေရှင်းနိုင်ဖို့ ကြိုးစားအားထုတ်နေတာကို တွေ့ရပေသည်။ ခေတ်အဆက်အဆက်ကျင့်သုံးခဲ့သော ကြိုးနီစနစ်ကြောင့်လည်း အပြောင်းအလဲမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရပေလိမ့်မည်။ စာရွက်စာတမ်းများအပေါ်သာ နှစ်ကာလကြာရှည်အသုံးပြုခဲ့ သည့်စနစ်မှ E-Government စနစ်သို့ ပြောင်းရန်မှာ အလွန်တရား ခက်ခဲပေလိမ့်မည်။ […]

ဘိုထီး(ငွေတောင်ပြည်)ရေးသားသည်။ ဘီလူးချောင်းရေကိုတစ်ခါသောက်မိလျှင် နောက်တစ်ပြန် လာတတ်တယ်လို့အများက ပြောဆိုနေကြတဲ့ နေရာလေးတစ်ခုကတော့ ကယားပြည်နယ်ရဲ့ မြို့တော်လွိုင်ကော်မြို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဟိုအရှေ့တောင်ဘက်ခြမ်းဆီကို လှမ်းပြီးမျှော်ကြည့်လိုက်မယ်ဆိုရင် လွမ်းမောဖွယ်ကောင်းတဲ့ တောင်တန်းတွေနဲ့ သာယာရှုမောစရာကောင်းတဲ့ ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်ကို အားလုံးပဲမြင်မိကြမှာ သေချာပါတယ်။ ကယားပြည်နယ်ရဲ့မြို့တော် လွိုင်ကော်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အလှဆုံးမြို့တော်ထဲက တစ်မြို့အပါအဝင်ဖြစ်ပါတယ်။ အင်းလေးကန်ကနေစီးဆင်းလာတဲ့ ဘီလူးချောင်းရေဟာ ကယားပြည်နယ်ထဲကိုစီးဝင်တာကြောင့် လွိုင်ကော်မြို့ဆိုတာဖြစ်ပေါ်လာရတာပါ။ ကိန္နရီ ကိန္နရာတို့ စံပျော်နေရာဖြစ်တဲ့ဒွေးမယ်နော်တို့ရဲ့ ဌါနီငွေတောင်ပြည်ကို အလည်လာလိုတဲ့ရပ်ဝေးက ညီအစ်ကိုတိုင်းရင်းသားတွေဟာ ရှေးဦးစွာ လွိုင်ကော်မြို့ရောက်ရှိလာမျာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် မြို့တော်လွိုင်ကော်ဟာ ဒေသခံသွေးချင်းတိုင်းရင်းသားတို့နှင့် မြန်မာနိုင်ငံ တစ်နံတစ်လျားက ညီအစ်ကိုတိုင်းရင်းသားတို့ ဆုံစည်းရာ ပေါင်းကူးတံတားတစ်ခုပဲမဟုတ်ပါလား။ ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၀ဝပေမှာ ရှိတဲ့မြို့တော်လွိုင်ကော်ရဲ့ ဧရိယာ အကျယ်အဝန်းဟာ […]

ဘိုထီး (ငွေတောင်ပြည်)ရေးသားသည်။ တိုင်းရင်းသားတို့၏ စစ်မှန်သော အခွင့်အရေးဆိုတာ တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်ကြတဲ့ ပြည်နယ်ဒေသ တစ်ခုလုံးရဲ့ အခွင့်အရေးကို ဆိုလိုတာ ဖြစ်ပါတယ်။ လူမျိုးတစ်စု၊ အဖွဲ့အစည်း တစ်ခု အခွင့်အရေးကို ဆိုလိုတာ မဟုတ်ပါဘူး။ တိုင်းရင်းသား အားလုံးရဲ့ အခွင့်အရေး ဆုံးရှုံးတာဟာ ပြည်နယ်ဒေသ တစ်ခုလုံးရဲ့ အခွင့်အရေး ဆုံးရှုံးလို့ပဲ ဖြစ်ပါတယ်။ အချို့တိုင်းရင်းသား လူမျိုးစုတွေဟာ လူဦးရေ အနည်းငယ်သာ ရှိပေမဲ့ လူမျိုးစု အခွင့်အရေးထက် ဒေသအခွင့်အရေးကိုသာ ဦးစားပေးတာကြောင့် သူတို့ နေထိုင်တဲ့ ဒေသက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖြစ်လာခဲ့တာပါ။ အချို့ တိုင်းရင်းသား လူမျိုးစုတွေဟာ လူဦးရေ များပြားပေမဲ့ ဒေသအခွင့်အရေးထက် လူမျိုးစု […]

ကျော်စိုးသူ Economic Developmentရေးသားသည်။  ဖွံ့ဖြိုးမှုဘောဂဗေဒဆိုသည်မှာ များမကြာမီနှစ်အနည်းငယ်ကမှပင် စတင်ခေတ်စားလာသော ဘာသာရပ်တစ်ခုပင်ဖြစ်ပေသည်။ စီးပွားရေးတက္ကသိုလ်(၃)ခုရှိသည့် အနက်မှပင် ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင်သာ စတင်အခြေတည်သင်ကြားပေးနိုင်ခဲ့သည်ကို တွေ့ရပါသည်။ ထိုစဉ်က ထိုဘာသာရပ်အပေါ် ကျောင်းသားများ၏ စိတ်ဝင်စားမှုအားနည်းခဲ့သည်ကို တွေ့ရပေသည်။ အဘယ်ကြောင့်ဆိုသော ထိုစဉ်က အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မှုအနေဖြင့် အားနည်းနိုင်သောကြောင့်ပင် ဖြစ်ပေသည်။ သို့ရာတွင် တာဝန်ယူသင်ကြားသော ဆရာ၊ဆရာမများ၏ ကြိုးစားဆောင်ရွက်ချက်များပေါ်မူတည်၍ အထိုက်အလျှောက်အောင်မြင်မှု ရခဲ့သော ဘာသာရပ်တစ်ခုပင်ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (Economic Development) ဆိုသည်မှာ စီးပွားရေးတိုးတက်မှု (Economic Growth) နှင့်မတူပေ။ Economic Growth ဆိုသည်မှာ နိုင်ငံ၏ စီးပွားရေးတိုးတက်မှု တစ်ခုကိုသာ ဆိုလိုရင်းဖြစ်ပြီး Economic Development ဆိုသည်မှာ စီးပွားရေးတင်မက ပညာရေး၊ […]

ကယားထဲရေးသားသည်။ ဝန်ကြီးချုပ်ခရီးစဉ်တိုင်းမှာ လူထုတွေ့ဆုံပွဲတွေ လုပ်သွားချိန် နောက်ကနေ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ ဌာနဆိုင်ရာတွေ တစီတတန်းကြီးက အမြဲလိုလို လိုက်ပါသွားတတ်ကြတာက ထုံစံလိုလိုဖြစ်နေပါပြီ။  တွေ့ဆုံပွဲမှာ သမာရိုးကျ အပြန်အလှန်တင်ပြတောင်းဆိုမှုတွေထက် ပိုကောင်းတဲ့ အမူအကျင့်တွေကတော့ လိုအပ်နေဆဲပါ။  တွေ့ဆုံပွဲတိုင်းမှာ လူထုတွေတင်ပြတာတွေကတော့ ရေရရှိရေး ၊ ပညာရေးကျောင်းဆောင်ရရှိရေး ၊ ဆရာ/မ ရရှိနိုင်ရေး ၊ လမ်းပန်းဆက်သွယ်ရေးစတဲ့ အဆောက်အဦးပိုင်းတွေ ဌာနဆိုင်ရာက ကွင်းဆင်းဆောက်ရွက်ရ မယ့် အပိုင်းတွေပါပဲ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က  ပြည်နယ် အစိုးအရ အဖွဲ့ နဲ့ ဒီးမော့ဆိုမြို့နယ် အတွင်းက ကျေးရွာ အုပ်စု ၁၄ စုမှ ကိုယ်စားလှယ်တွေဟာ ဒီးမော့ဆိုမြို့နယ်ခန်းမ မှာ […]