ကန္တာရဝတီတိုင်း(မ်) လူထုဗဟိုပြုဖွံ့ရေးစီမံကိန်းတွေဆိုတာ လူထုတရပ်လုံးနဲ့ နီးနီးကပ်ကပ် ဖွံ့ဖြိုးရေးစီမံကိန်းတွေကို အတူတူ အကောင်အထည် ဖော်ဆောင်ပြီး ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြရတဲ့ စီမံကိန်းဖြစ်တယ်လို့ သဘောပေါက်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းအစပြုခဲ့တဲ့ လူထုဗဟိုပြုစီမံကိန်းကို ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေအထောက်အပံ့၊ နည်းပညာအကူအညီနဲ့ ကယားပြည်နယ်က ဒီးမော့ဆိုမြို့နယ် ၊ ဖရူဆိုမြို့နယ်မှာ စတင်အကောင်အထည်ဖော်လာခဲ့ကြပါတယ်။ ဒီလို အောက်ကနေ အစပြုတဲ့ လူထုဗဟိုပြုစီမံကိန်းတွေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်နေချိန်ကာလမှာ စီမံကိန်းတွေကို လူထုကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲတတ်လာနိုင်ဖို့က အရေးကြီးဆုံး အခန်းကဏ္ဍဖြစ်လာပါတယ်။ ဒါ့အပြင် တစ်ပြည်နယ်လုံး အတိုင်းအတာ ၊ တနိုင်ငံလုံးအတိုင်းအတာ ၊ နိုင်ငံတကာအဆင့်ရှိတဲ့အတိုင်းအတာနဲ့ လုပ်ငန်းဆောင်ရွက်တဲ့အခါ ဒေသခံတွေရဲ့ လူထုပါဝင်မှုအရည်အချင်း ၊ အရည်အသွေးကလည်း […]

ကယားပြည်နယ်လွှတ်တော်ကို လေ့လာခြင်း ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေးကို ဇူလိုင်လ ၂ဝ နှင့် ၂၁ ရက်နေ့တွင် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ယင်းသည် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်၏ သက်တမ်း တစ်နှစ်ကျော်ကာလအတွင်း ၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဖြစ်ပေသည်။ ပြီးခဲ့သော ပုံမှန် အစည်းအဝေး ၅ ကြိမ်နှင့် အရေးပေါ် အစည်းအဝေး ၃ ကြိမ်တွင် ကယားပြည်နယ်လွှတ်တော်မှ ဥပဒေပြဋ္ဌာန်းနိုင်ခြင်း မရှိခဲ့ပေ။ ယခု ဆဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ကယားပြည်နယ်၊ ပြတိုက်နှင့် စာကြည့်တိုက်ဥပဒေ (မူကြမ်း) အား တင်သွင်းရာ၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးရန် အမည်စာရင်းတင်သွင်း ထားခြင်း မရှိသဖြင့် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ […]

ကျော်ထင်အောင် ရေးသားသည်။ ကယားပြည်နယ်လွှတ်တော်ကို ကယားပြည်နယ်ရှိ မြို့နယ် ( ရ ) မြို့နယ်မှ တစ်မြို့နယ်လျှင် ( ၂ ) ဦး ကျစီဖြင့် ပြည်သူလူထုမှ ရွေးကောက်တင်မြောက်သည့် လွှတ်တော်ကိုယ်စားလှယ် ( ၁၄ ) ဦး ၊ ကယား ပြည်နယ်ရှိ လူဦးရေ စုစုပေါင်း၏ ( ဝ.၁ ) ရာခိုင်နှုန်းနှင့် အထက်ရှိ ဗမာတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်  ( ၁ ) ဦး ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ ဥပဒေနှင့်အညီ တင်သွင်းသည့် တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ( ၅ ) […]

  ဖယ်ဒရယ်ဆိုသည်မှာ Federal ဆိုသည့်စကားလုံးမှ မြန်မာမှုပြုထားသော စကားလုံးပင်ဖြစ်သည်။ ဒါကြောင့် ဖက်ဒရယ်ဟုခေါ်လည်း ရပေသည်။ ဖယ်ဆိုသည်မှာ ဖယ်ထုတ်သည့်သဘော ဖက်ဆိုသည်မှာ ပေါင်းဖက်သည့်အဓိပ္ပာယ်ရှိသောကြောင့် ဖက်ဒရယ်ဟုသာ ခေါ်သင့်သည်ဟု ယူဆသူများလည်း ရှိပေသည်။ သို့ရာတွင် အမည်နာမတွေထက် အမှန်တကယ်အရေးကြီးသည်မှာ လက်တွေ့ အပိုင်းပေဖြစ်သည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းက ယခုအချိန်ထိ အစိုးရမျိုးစုံ၊ မူဝါဒမျိုးစုံဖြင့် ကျင့်သုံးအုပ်ချုပ်လာခဲ့သော်လည်း ယနေ့အချိန် အထိ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်က မတက်လှမ်းနိုင်ခြင်း၏ အဓိကအကြောင်းအချက်များ လက်တွေ့ကျင့်သုံး အကောင်ထည်ဖော်ခြင်းအပိုင်း အလွန်တရာညံ့ဖျင်းခြင်းပေ ဖြစ်သည်။ ကျောင်းသားဘဝတုန်းက မေဂျာများခွဲရာတွင် အသုံးချပညာဆိုသည့်လိုင်းများ အသစ်ပေါ်လာချိန်၌ ဆရာများရှင်းပြသည့် အကြောင်းများကို ခုထိမှတ်မိနေပေသည်။ “ပညာတွေဘယ်လောက်တတ်တတ်၊ ဘွဲ့တွေဘယ်လောက်ရရ လက်တွေ့အသုံးမချနိုင်ရင် အလကားပဲ ကွ ဒါကြောင့် […]

နာနော ပြီးခဲ့တဲ့ ၂၀၁၆တုန်းက လွှတ်တော်ကိုယ်စားလှယ်တော်တွေ အချင်းချင်း တွေ့ဆုံပွဲတစ်ခုမှာ ကိုယ်စားလှယ်တော်ကြီး တစ်ယောက်က သူ့မဲဆန္ဒမှာ ဝန်ကြီးဖြစ်သွားတဲ့သူ တစ်ယောက်မှမပါလို့ဆိုပြီး စောဒက တက်ခဲ့ဖူးပါတယ်။ အခုလည်း ကိုယ်စားလှယ်တော်တစ်ချို့ဟာ ငါတို့ကိုလည်း ဝန်ကြီးရာထူးမပေးဘူးဆိုပြီး စိတ်မချမ်းမသာဖြစ်ကြပြီးတော့ လက်ရှိလွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်တွေ၊  လုပ်ပိုင်ခွင့်တွေပါ လစ်ဟင်းလာကြတယ်။ အဲဒီတော့ ကယားပြည်နယ်မှာ ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့ရဲ့အမြင်၊ အတွေး(Mind-set)ထဲမှာ “ ဝန်ကြီးဖြစ်မှ၊ အလုပ်ဖြစ်တယ်လို့”ထင်ကြ၊ မြင်ကြတယ်။ တစ်ဖက်တစ်လမ်းကနေကြည့်ရင် ဟုတ်ကောင်းဟုတ်လိမ့်မယ်။ရာနှုန်းပြည့်တော့ မမှန်ပါဘူး။ ဘာလို့လဲ?ပြည်နယ်ဝန်ကြီး (သို့မဟုတ်) ဝန်ကြီးချုပ် ဖြစ်သွားတဲ့ ကိုယ်စားလှယ်ဟာ အလိုအလျှောက် ကိုယ်စားလှယ် အဖြစ်ကနေ နုတ်ထွက်သွားတာ မဟုတ်ပါဘူး။ ကိုယ်စားလှယ်လည်း ဖြစ်သေးတယ်၊ ဝန်ကြီး ဆိုတဲ့ တာဝန်ကြီးကိုလည်း ထမ်းဆောင်ရသေးတယ်။ […]

ကျော်စိုးသူ (လွိုင်ကော်) Economic Development။      ။  စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့သော နိုင်ငံတိုင်းတွင် ကြုံတွေ့ရသောအခက်အခဲများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြပေ။ ဒါကြောင့်ပင်လည်း ဒီမိုကရေစီကို အဓိပ္ပါယ်ဖွင့်ရာတွင် များစွာသော စကားလုံးအသုံးအနှုန်းများ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါလိမ့်မည်။ နိုင်ငံများ၏ မတူညီသော နောက်ခံအခြေအနေများပေါ် မူတည်၍လည်း ဒီမိုကရေစီစနစ်သည် သွင်ပြင်လက္ခဏာပုံစံအမျိုးမျိုးနှင့် ရှင်သန်ရပ်တည်လျှက်ရှိကြသည်။ မြန်မာနိုင်ငံအနေဖြင့် အာဏာရှင်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့သည်မှာလည်း (၆) နှစ်တာကာလအတွင်းသို့  ရောက်ရှိနေပြီ ဖြစ်ပါသည်။ အခြားနိုင်ငံများတွင် ဖြစ်ပေါ်ခဲ့သော ဒီမိုကရေစီအသွင် ကူးပြောင်းမှုများကဲ့သို့ပင် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုမှာလည်း ပွတ်တိုက်မှုများ ရှိမည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့်ပင် ဒီမိုကရေစီစနစ်ဟူသည်မှာလည်း  နိုင်ငံများ၏သမိုင်း နောက်ခံအခြေအနေများ ပေါ်မူတည်၍ တည်ဆောက်ရသောစနစ်သာ ဖြစ်နေမည်သာ […]

ဘိုထီး မြန်မာနိုင်ငံမှာ အစဉ်လာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေတဲ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ဟာ မြန်မာ့ယဉ်ကျေးမှုပွဲတော်ကြီးတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ထေရဝါဒဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုထွန်းကားပြီး ရိုးရာဓလေ့ထုံးတမ်းတွေ စည်ပင်ဖွံ့ဖြိုးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ယဉ်ကျေးမှုဓလေ့နှင့် ဆက်နွယ်နေတဲ့ ရိုးရာပွဲတော်ကိုလည်း အများအပြားတွေ့နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မြန်မာလရဲ့ ဆယ့်နှစ်ရာသီ ပွဲတော်ဟာ မြန်မာတို့ရဲ့ယဉ်ကျေးမှုအစဉ်အလာ ဘယ်လောက်ခိုင်မြဲလည်းဆိုတာ ပြသနေရုံမကပါဘူး။ မြန်မာတို့ရဲ့ ဂုဏ်သတင်း မြန်မာတို့ရဲ့ ယဉ်ကျေးမှုအလှတွေ ကမ္ဘာကို သိမြင် နိုင်ခဲ့ပါတယ်။ မြန်မာတို့ရဲ့ မြတ်နိုးစရာကောင်းတဲ့ ဆယ့်နှစ်လရာသီပွဲတော်များအနက် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ဟာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တန်ခူး ကဆုန် ဆွေ့ဆွေ့ ခုန်ဆိုသလို သင်္ကြန်ပွဲတော်ကျင်းပတဲ့ တန်ခူးလရာသီဟာ နေအလွန်ပူပြင်းတဲ့ နွေရာသီအချိန်ကာလဖြစ်ပါတယ်။ တန်ခူးလရာသီရောက်ပြီဆိုရင် ရော်ရွက်ဝါတွေဟာ လေရူးနှင့်အတူ ဝေ့ဝဲပြီးမြေပြင်ပေါ်မှာ ကြွေကျတဲ့အချိန်အခါလည်းဖြစ်ပါတယ်။ တန်ခူးလရာသီရောက်တိုင်း […]

ကျော်စိုးသူ (Economic Development) မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်းများစွာ ကျင့်သုံးအုပ်ချုပ်ထားသည့်စနစ်မှာ တစ်ပြည်ထောင်စနစ်ဖြစ်ပြီး ဗဟိုချုပ်ကိုင်မှုကို အားပေးခဲ့သော စနစ်တခုဖြင့်သာ အုပ်ချုပ်ခဲ့ပါသည်။ ငြိမ်းချမ်းရေးမရရှိခြင်းကြောင့်လည်း ဗဟိုချုပ်ကိုင်မှုစနစ် အားကောင်းခဲ့ခြင်းပေလိမ့်မည်။ သို့ရာတွင်ဗဟိုချုပ်ကိုင်မူ၏ ဆိုးကျိူးများကိုသာ ခံစားနေသည်ကို တွေ့ရပေသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံ၏ နောက်ခံအခြေအနေနှင့် ကိုက်ညီမည် ဖယ်ဒရယ်စနစ် ဖြစ်ထွန်းပေါ်ပေါက်ေအာင်မြင်ရေးသည်သာ ပန်းတိုင်ဖြစ်ပါသည်။ ဖယ်ဒရယ်ဆိုသည်ကို ခွဲထွက်ရေးဟု အမြင်မှားနေကြသည်။ ဖယ်ဒရယ်စနစ်ဟူသည်မှာ နို်င်ငံကို အုပ်ချူပ်သောစနစ်တစ်ခုမျှသာဖြစ်ပြီး ဗဟိုချုပ်ကိုင်မှုကို လျော့ချသော အစိုးရအုပ်ချုပ်မှုစနစ်တစ်ခုသာြဖစ်ပါသည်။ ဗဟိုအစိုးရက ဒေသအစိုးရများကို လုပ်ပိုင်ခွင့်ပိုပေးထားသော အုပ်ချုပ်မှုစနစ်တစ်ခုဖြစ်ပေသည်။ သို့ရာတွင် စနစ်တိုင်းတွင်အားနည်းချက် အားသာချက်ရှိသည်ကိုတော့ မမေ့အပ်သင့်ပါလေ။ မြန်မာနိုင်ငံအနေဖြင့် ဖယ်ဒရယ်စနစ်ကို စတင်ကျင့်သုံးခဲ့သည်မှာ  ၂၀၁ဝ ခုနှစ်ပင်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင့်သုံးခဲ့ခြင်းြဖစ်ပါသည်။ […]