ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အုပ်စုအုပ်ချုပ်ရေးမှူးတွေက မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ခံနေကြရတယ်လို့ အုပ်စုအုပ်ချုပ်ရေးမှူးတွေထံကနေ ကြားသိရပါတယ်။ ဖိနှိပ်ချုပ်ချယ်မှုမခံနိုင်တဲ့အတွက် ဒီးမော့ဆိုမြို့နယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးကို တာဝန်မှ ရပ်နားပေးဖို့ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအများစုက လက်မှတ်ထိုးပြီး ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုထားကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ(၁၈)ရက်နေ့မှာ ဒီမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူးကို တာဝန်မှရပ်စဲပေးဖို့အတွက် ခရိုင်အဆင့်မှာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေက သွားရောက်အကြောင်းကြားခဲ့ပါတယ်။ အဲဒီကိစ္စကို ဖြေရှင်းပေးဖို့အတွက် သက်ဆိုင်တဲ့ ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပုဂ္ဂိုလ်တွေကို အကူအညီတောင်းခံတဲ့ စာကို ပေးပို့ထားတယ်လို့သိရပါတယ်။ ဒီမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူးဟာ အစပိုင်းမှာ အဆင်ပြေပေမယ့် နောက်ပိုင်းမှာ ပူးပေါင်းဆောင်ရွက်ရတာ အဆင်မပြေတော့သလို တာဝန်ယူမှုတာဝန်ခံပိုင်းမှာလည်း မရှိဘဲ ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာတဲ့အခါဆိုရင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကိုပဲ အပြစ်မြင်တယ်လို့ ၂၀၁၅ခုနှစ်ကတည်းက […]

စိုးထိုက်အောင် ဒီးမော့ဆိုမြို့နယ် ညောင်ကုန်းကျေးရွာရဲ့ မြေယာအငြင်းပွားမှု ပြဿနာမှာ ဝယ်သူဘက်က မြေယာကို မတရားဝယ်ယူထားတာမဟုတ်ကြောင်း အချက်အလက်တွေ၊ အထောက်အထားတွေနဲ့ဝယ်ထားတာဖြစ်တယ်လို့ ၎င်းရွာမြေကို ဝယ်ယူသူ ဦးထက်ကပြောပါတယ်။ ၎င်းက “ကျတော်တို့ မတရားယူထားတာမှ မဟုတ်တာမဟုတ်တာ၊ ကျတော်တို့ အထောက်အထားတွေနဲ့အချက်အလက်တွေပြည့်စုံပြီးတော့ ကျတော်တို့ဝယ်တာလေ အဲ့မြေကို သူတို့မြေဆိုတာဒီတိုင်းနှုတ်နဲ့သွားပြောလို့မှမရတာ သူတို့မှာ ဘာလဲ အထောက်အထားဆိုတာလဲ နှုတ်ထဲမှာဘဲရှိတယ်သွားပြောလို့ဘယ်ရမှာတုန်း” လို့ပြောပါတယ်။ ညောင်ကုန်းကျေးရွာအနီးမှာရှိတဲ့မြေ(၃) ဧက ကို ၂၀၁၉၊ ဒီဇင်ဘာလ(၂၉)ရက်နေ့မှာ မြေကိုဝယ်ယူသူ ဦးထက် မှ သိန်း ၃၆၀ကျပ်နဲ့ ဒီးမော့ဆိုမြို့နယ် ဒေါငံရောက်တွင်နေထိုင်သူ ဒေါ်စိန်ဖေါလျားနာကနေတဆင့် ဝယ်ယူထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၉၊ မတ်လ ၃ရက်နေ့မှာ (ဒီးမော့ဆိုမြို့) လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် လျှောက်လွှာတင်ခဲ့တာဖြစ်ပြီးတော့ ၂၀၁၉ […]

ကန္တရဝတီတိုင်း(မ်) ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုအုပ်စု၊ ငွေတောင်ရွာသစ်ကျေးရွာမှာနေထိုင်တဲ့ ဒေါ်စူးမြာကို ပြည်နယ်အစိုးရကနေပြီး လယ်မြေပေါ် နေအိမ်ဆောက်လုပ်တဲ့အတွက် ဥပဒေအရ ဒဏ်ငွေမပေးဆောင်ပါက တရားစွဲဆိုခံရမယ်လို့ ညွန်ကြားထားကြောင်းသိရပါတယ်။ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်မလျှောက်တာကြောင့် ဒဏ်ငွေပေးဆောင်ဖို့ ပြည်နယ်အစိုးရက ညွှန်ကြားထားပြီး ငွေကြေးမတတ်နိုင်တာကြောင့် သက်ညှာစဉ်းစားပေးဖို့ အသနားခံစာကို ပြည်နယ်အစိုးရကိုတင်ပြထားပေမယ့် အဆင်မပြေဘူးလို့ ဒေါ်စူးမြာက ပြောပါတယ်။ “ရုံးကခေါ်တယ်ပေါ့ ကျမကအရမ်းစိတ်ညစ်ရတယ် သုံးလေးခါလောက်ခေါ်နေပြီ ဟိုမှာသွားရင်လည်းကျမက ဗမာစကားမတတ်တော့ပိုတောင်ဆိုးသွားတယ်ပေါ့။ သူတို့က ငွေကြေးပေးရမယ်ဆိုပြီးပြောလာတယ် ကျမက ၉သိန်းကိုလျော့ပြီးတော့ တစ်သိန်းနှစ်သိန်းပဲပေးနိုင်တာကိုပြောလည်း သူတို့ကလက်မခံဘူး ဆိုတော့ ၉သိန်းအပြည့်အဝပေးရမယ်သူတို့ကပြောလာတယ်ပေါ့။ ရုံးကိုသွားတဲ့အချိန်ကျတော့ ဗမာစကားမတတ်တော့ ဌားပြီးသွားရတာပေါ့” လို့ ဆိုပါတယ်။ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇)ရရှိထားတဲ့ တောင်သူလယ်သမားတွေဟာ မြေလုပ်ပိုင်ခွင့်လက်မှတ်ပါ စည်းမျဉ်းစည်းကမ်းတွေအရ နေအိမ်ဆောက်လုပ်ခွင့်မရတာကိုလည်း မသိရှိဘူးလို့ […]

ကန္တာရဝတီတိုင်း(မ်) မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၂) ဦး ထပ်မံတွေ့ရှိခဲ့ပြီး ဓာတ်ခွဲအတည်ပြု လူနာ (၁၉၃) ဦးရှိပြီဖြစ်ကြောင်း ယနေ့ မေလ ၁၉ ရက်နေ့ ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခု ရောဂါပိုးတွေ့ရှိသူ (၂) ဦးသည် ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့မှ တစ်ဦးနှင့် ရန်ကုန်တိုင်းမှ တစ်ဦးတို့ ဖြစ်ကြသည်။ ယင်းအပြင် ယနေ့ အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၀၄) ဦးရှိပြီ ဖြစ်သည့်အနက် (၉၁) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာကန့်သတ်၍ […]

စိုးထိုက်အောင် ကမ္ဘာ့ဈေးကွက်မှာဆိုလျှင် ဂျပန်ဆန်စပါးမျိုးဟာ ဈေးအကြီးဆုံးဖြစ်ပြီးတော့ ကယားပြည်နယ်အတွင်းမှာ စိုက်ပျိုးရင် အောင်မြင်နိုင်တယ်လို့ စိုက်ပျိုးရေးသုတေသနပြုလုပ်ခဲ့ကြတဲ့ Miunoru Keiwa Co.Ltd မှ ကွင်းတာဝန်ခံ ကိုသန်းတိုးအောင်က ပြောပါတယ်။ “ တင်းကလဲ ၉၀-၁၀၀ ဆိုတော့ ဒါမနည်းတော့ဘူးပြောရမှာပေါ့။ ကျတော်တို့အရည်အသွေးလေးကောင်းမယ်ဆိုရင်ဒါ ဈေးကွက်ကရနိုင်တယ်။ တောင်သူတွေအနေနဲ့လည်းတွက်ခြေကိုက်နိုင်တယ်ပြောရမှာပေါ့။” လို့ ကိုသန်းတိုးအောင်က ပြောပါတယ်။ လွိုင်ကော်စိုက်ပျိုးရေး သုသေတနခြံနှင့် Miunoru Keiwa Co.Ltd တို့ပူးပေါင်းပြီး၊ စိုက်ပျိုးရေး သုသေတနခြံဖြစ်ကြတဲ့ သပြေတောစိုက်ကွင်းနှင့် ငွေတောင်မျိုးသန့်ခြံ အမှတ်-၂ စိုက်ကွင်း အတွင်းမှာ ဂျပန်ဆန်စပါးမျိုး ၄မျိုး သုတေသနပြုလုပ်စိုက်ပျိုးခဲ့တာဖြစ်ပြီးတော့ မေလထဲမှာ ရိတ်သိမ်းရမှာဖြစ်ပါတယ်။ ဆန်၊ ၁ကီလို- ၁၀၀၀၀ကျပ်၊ (၅ကီလို- ၅သောင်းကျပ်) ရှိတဲ့အတွက် […]

ကန္တာရဝတီတိုင်း(မ်) မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းမှ တစ်ဦး အပါအဝင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၃) ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့်အတွက် တိုင်း/ပြည်နယ်အနက် COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိသည့် တစ်ခုတည်းသော ပြည်နယ်အဖြစ် ကယားပြည်နယ်သာ ကျန်ရှိတော့သည်။ ယနေ့ မေလ ၁၉ ရက်နေ့ နံနက် ရး၀၀ နာရီအချိန်တွင် ထုတ်ပြန်ခဲ့သည့် ယင်းထုတ်ပြန်ချက်အရ ဓာတ်ခွဲအတည်ပြု လူနာ (၁၉၁) ဦး ရှိသွားပြီ ဖြစ်သည်။ ယခု ထပ်မံတွေ့ရှိသည့် ရောဂါပိုးတွေ့ရှိသူ (၃) ဦးသည် ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ တစ်ဦးစီ ဖြစ်ကြသည်။ ယင်းအပြင် ယနေ့ […]

ကန္တာရဝတီတိုင်း(မ်) ပြီးခဲ့တဲ့ ၁၆ ရက်နေ့မှာ ကယား(ကရင်နီ) ပြည်နယ်၊ ရှားတောမြို့ နယ်နဲ့ ၅ မိုင်ခန့်အကွာမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နဲ့ တပ်မတော်တို့ ပဠိပက္ခဖြစ်ပွားခဲ့ပါတယ်။ ဒီပဋိပက္ခဖြစ်စဉ်မှာ အရပ်သား တစ်ဦး သေဆုံးခဲ့တယ်ဆိုတဲ့အပေါ် အတည်မပြုနိုင်ကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ( KNPP) ရှားတောမြို့ နယ် ဆက်ဆံရေးရုံး တာဝန်ခံ ခူးဘိုးရယ်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။ “ကျတော် ဖြစ်ဖြစ်ပြီးချင်း တစ်နာရီခွဲ၊ နှစ်နာရီလောက်မှာ တက်ကြည့်တယ်။ ဘာမှ မတွေ့ဘူး။ ထိခိုက်ဒဏ်ရာ ရတာလည်း ဘာမှ မတွေ့ဘူးလေ။ ကျတော်တို့ဖက်က တပ်ကိုလည်း မတွေ့တော့ဘူး။ အစိုးရဖက်က တပ်တော့ တွေ့တယ်။ အရပ်သား သေဆုံးတဲ့ […]

စိုးထိုက်အောင် ဒီးမော့ဆိုမြို့နယ် ညောင်ကုန်းကျေးရွာရဲ့ရွာမြေ ၃ ဧကကို ပုံစံ(၇)ထုတ်ပြီး အရောင်းအဝယ်လုပ်ခဲ့ကြတဲ့သူတွေနဲ့ ဒေသခံ ရွာသူ/သားတွေတို့ မြေယာအငြင်းပွားမှု ပြဿနာတွေ ကြုံတွေ့ နေကြရတယ်လို့ ၎င်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဂျူလိယားနို( ခ)ပြုံးချို ကပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ဒုတိယအပတ်ထဲမှာပဲ ရွာမြေကို သေနတ်ကိုင်ထားတဲ့သူတွေကနေပြီး လာရောက်ထယ်ထွန်ခဲ့တယ်လို့ ဆိုပါတယ်။ ဦးဂျူလိယားနိုက “ ဒီမြေကိစ္စမျိုးနင်တို့က ဘာလို့လာထယ်နေတာလဲ ဒီမြေကိစ္စက ကျတော်တို့အမှု လုပ်ထားတယ်မပြီးသေးဘူး မထယ်သေးပါနဲ့အုံး မလုပ်သေးပါနဲ့အုံး ကျတော်တို့အမှုပြီးတဲ့အချိန်မှ ကျတော်တို့နိုင်လား၊ ရှုံးလား ဆိုလို့ရှိရင်တော့ အဲ့အချိန်မှ ဝင်လုပ်ရင်လုပ် လို့သူ့ကိုပြောထားတယ် သို့သော် ဒီအဖွဲ့အစည်းက ဘယ်လိုမျိုးချိန်းခြောက်လာလဲ ဆိုလို့ရှိရင် သူက အေးကျတော်တို့အခု ဒီမြေဆိုလို့ရှိရင်တော့ ကျတော်တို့ဝယ်ထားတယ် ဒီမှာကျတော်တို့မြေဂရမ်ရှိတယ် […]

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်အတွင်းရှိ မြို့နယ်များအတွင်း ညမထွက်ရအမိန့်ကို ယခင်က ည(၁၀)နာရီမှ နံနက် (၄)နာရီအထိ သတ်မှတ်ထားပြီး မေလ ၁၅ ရက်နေ့မှစတင်ကာ ည(၁၂)နာရီမှ နံနက် (၄)နာရီအထိ ပြင်ဆင် လျော့ချလိုက်တာကို ကယားပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ ဖေ့ဘွတ်ခ်ပေ့ချ်မှာ မေလ ၁၄ ရက်နေ့ ညပိုင်းက ပြင်ဆင်ထုတ်ပြန်လိုက်ပါတယ်။ အရေးပေါ်ကိစ္စရှိတယ်ဆိုရင်လည်း သက်ဆိုင်တဲ့ ခွင့်ပြုချက်အရမှအပ နေ့စဉ် ည (၁၂)နာရီမှ နံနက် (၄)နာရီအတွင်း ညမထွက်ရန် အချိန်ပြင်ဆင်ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပါတယ်။ သတ်မှတ်ချိန် ပြင်ဆင်လျော့ချလိုက်တာနဲ့ပတ်သက်ပြီး ကယားပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် (၇)မြို့ကို တစ်ပြိုင်တည်း ပြည်နယ်အစိုးရက အမိန့်ထုတ်ပြန်လိုက်ပြီး လိုက်နာရန်ပျက်ကွက်မယ်ဆိုရင် တည်ဆဲဥပဒေအရ အရေးယူခံရပါမယ်။ အဲဒီအမိန့်စာဟာ ထုတ်ပြန်တဲ့နေ့ကစပြီး (၂)လအတည်ဖြစ်ပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ COVID-19 […]

ဖရူဆိုမြို့နယ်အရှေ့ ဘက်ခြမ်းက တောင်သူတွေဟာ သူတို့ ရဲ့ တောင်ယာမြေတွေကို တပ်မတော် အမှတ် ၁၄ စစ်ရေးလေ့ကျင့်ရေးကျောင်းအတွက် သိမ်းယူခံရတာဟာ ဆယ်စုနှစ်တစ်ခုနီးပါးရှိနေပါပြီ။ တောင်ယာကို အဓိက လုပ်ကိုင်ကြရတဲ့ တောင်သူတွေဖြစ်တာကြောင့် အခုလက်ရှိ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းတွေ ဘယ်လိုရှိနေပါသလဲ။