၂၀၂၀-၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ကယားပြည်နယ်ရဲ့ ဘဏ္ဍာငွေအရ အသုံးစရိတ်နဲ့ပတ်သက်ပြီး မလိုအပ်တဲ့ အသုံးစရိတ်ကို လျှော့ချပြီး ပြည်သူတွေ အရေးတကြီး လိုအပ်နေတာတွေကို များများလုပ်ပေးဖို့ ပြည်နယ်အစိုးရကို ပြည်နယ်လွှတ်တော်မှ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီကနေ အထူး ဦးစားပေး တိုက်တွန်းလိုက်ပါတယ်။

လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ သဘာဝရေထွက်ပေါက်ကန်ကို လူထုတောင်းဆိုမှုကြောင့် ပြန်လည်ပြုပြင်ထိန်းသိမ်းနေပြီး ရေထွက်တဲ့အနီးတဝိုက်မှာလည်း ရေဝင်ရေလဲသစ်တောဖြစ်ဖို့အတွက် လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများအား စနစ်တကျကြီးကြပ်ရေးကော်မတီရဲ့ ကြီးကြပ်မှုအောက်ရှိ ခရီးသယ်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းတွေက ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ဂိတ်ဝန်ထမ်းနဲ့ လုပ်သားတွေကို အခြေခံစားသောက်ကုန် (၅)မျိုးကို ထောက်ပံ့ပေးခဲ့ပါတယ်။

ကန္တရဝတီတိုင်း(မ်) ကယားပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ “ မဖြစ်မနေ Mask တပ်ဆင်ရေး” ကို ဆောင်ရွက်သွားမှာဖြစ်ပြီး လိုက်နာမှုမရှိဘူးဆိုရင် ကူးစက်ရောဂါများကာကွယ်နိုမ်နင်းရးဥပဒေဖြင့် အရေးယူသွားမယ်လို့ မေလ ၁၃ ရက်နေ့ ညပိုင်းမှာ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ အွန်လိုင်းစာမျက်နှာမှာ အသိပေးထားပါတယ်။ ပြည်သူတွေအနေနဲ့ အပြင်ထွက်သွားလာတဲ့အချိန်နနမှာ Mask တပ်ဆင်ရမှာဖြစ်ပြီး တပ်ဆင်ထားမှုမရှိဘူးဆိုရင် Mask (၂)ခုကို ငွေတစ်ထောင်ကျပ်ဖြင့် ဝယ်ယူရမှာဖြစ်ပါတယ်။ မေလ ၁၄ရက်နဲ့ ၁၅ရက်နေ့အထိ Mask တပ်ဆင်အသုံးပြုစေရေးအတွက် အသိပေးပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်ပြီး မေလ၁၆ရက်နေ့မှစပြီး သတ်မှတ်ထားတဲ့ ညွှန်ကြားချက်တွေနဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် စားသောက်ဆိုင်နဲ့ ဈေးဆိုင်ကို လာရောက်ဈေးဝယ်သူတွေအနေနဲ့လည်း Mask တပ်ဆင်ပြီး ဈေးဝယ်ကြဖို့ မေတ္တာရပ်ခံပြောကြားရန် […]

မော်ဦးမြာ မေလ ၉ ရက်နေ့မှာ တပ်မတော်မှ ထုတ်ပြန်ထားတဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ကြေညာချက်က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဟုတ်တဲ့အတွက် သဘောထားကိုက်ညီမှု မရှိဘူးလို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) က အတွင်းရေးမှူး – ၁ ခူးပလူးရယ်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။ “အခုက အဲ့လို ထုတ်ပြန်ကြေညာတဲ့အပေါ်မှာတော့ ကျတော်တို့ လိုချင်တဲ့အတိုင်းတော့ မဟုတ်ဘူးပေါ့လေ။ အပစ်ခတ်ရပ်စဲရေး လုပ်တယ်ဆိုတာက အဖွဲ့အစည်း မတရားအသင်း အဲ့လို လုပ်တဲ့ အခါကျတော့ ဒါလည်း မကောင်းတတ်ပါဘူးလေ။ ကျတော်တို့ လူသားချင်း ဒါကို ဝိုင်းပြီးတော့ ကူညီရမယ် လုပ်ဆောင်ဖို့ ရှိတယ် အဲ့လိုဟာမျိုးကို ကျတော်တို့ကတော့ လိုချင်တာပေါ့။” လို့ ပြောပါတယ်။ […]

နော်ဒွေးအယ်ခူ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အဝင် ဆိုင်ဘုတ်အနီး ပန်းခြံအတွင်း ရှိနေတဲ့ ကယန်းကြေးကွင်းဝတ် အမျိုးသမီးရုပ်တုကို မေလ ၁၂ရက်နေ့ မနက်ပိုင်းက လာရောက်တပ်ဆင်ထားတယ်လို့ အနီးနားမှာနေထိုင်ကြတဲ့ သူတွေကပြောပါတယ်။ ပန်းခြံအနီးမှာရှိတဲ့ နယ်မြေ(၈) ရာအိမ်မှူးဖြစ်သူ ခွန်းကလေးမင်းက “မနေ့က ၁၂ရက်နေ့ပေါ့ မနက် ကျတော်တို့ဆေးရုံသွားခါးနီးမှာ အောက်ကိုကြည့်လိုက်တော့ ဘယ်အချိန်လာတပ်ထားမှန်းမသိလိုက်ဘူးပေါ့။ ကိုယ်သိမိတာက Mask ကမ်ပိန်းတစ်ခုပဲပေါ့လေ တခြားမြို့တွေမှာရှိတဲ့ ဥပမာ- မွန်ဆိုရင် ဟင်္သာမှာတပ်တယ် တောင်ကြီးမှာဆိုရင် ထင်းချိုးတဲ့ ရုပ်တုမှာတပ်တယ် ကိုယ်လည်းမီဒီယာတွေမှာတွေ့နေတယ်ဆိုတော့ အော် Mask ကမ်ပိန်းတစ်ခုပဲပေါ့လေ။ လုပ်တယ်ဆိုတဲ့ ကမ်ပိန်းတစ်ခုကို ရုပ်ပြတစ်ခုအနေနဲ့လုပ်တာလားပေါ့။ ကျတော့်အနေနဲ့ဖြစ်စေချင်တာက ဖယ်ခုံမြို့တစ်ခုထဲမဟုတ်ပါဘူး ကျန်တဲ့Mask ကမ်ပိန်းအားလုံးလည်း ဒီလိုရုပ်တုမှာပဲ ကပ်ပြရုံနဲ့မပြီးလောက်ဘူးထင်တယ်” လို့ ပြောပါတယ်။ ဖယ်ခုံမြို့အပြင် […]

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်အတွင်းကို ပြန်လည်ဝင်ရောက်လာတဲ့ ကုန်စည်သယ်ယူဆောင်နေကြတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို သတ်မှတ်ထားတဲ့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှာ (၂၁)ရက်ထားရှိတယ်လို့သိရပါတယ်။ ကုန်စည်ပို့ဆောင်မယ့်ယာဉ်ကို မောင်းနှင်တဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ဝင်/ထွက်စစ်ဆေးရေးဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပြီး ဝင်/ထွက်ခွင့်ပြုဖို့နဲ့ လုပ်ငန်းဆောင်ရွက်ပြီးပြီဆိုရင် လုပ်ငန်းခွင်အပြင်ဖက် အခြားနေရာတွေကို သွားရောက်ခွင့်မပြုတော့ဘဲ သတ်မှတ်ထားတဲ့နေရာမှာပဲနေရမှာဖြစ်တယ်လို့သိရပါတယ်။ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ အကြောင်းကြားလာမှုနဲ့ပတ်သက်ပြီး စနစ်တကျစိစစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ မေလ ၉ ရက်နေ့မှာ ကုန်စည်သယ်ယူပိုှ့ဆောင်ရေး ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်။ မေလ ၉ ရက်နေ့မတိုင်ခင်ကတည်းက ကုန်စည်ဆွဲနေကြတဲ့ ယာဉ်မောင်းတွေအတွက် ကြိုတင်အသိပေးခြင်းမရှိခဲ့သလို ကားထွက်မယ့်နေ့ကျမှသိရပြီးပြည်နယ်အစိုးရသတ်မှတ်ထားတဲ့နေရာမှာနေရတဲ့အတွက် အစားအသောက် နေရာထိုင်ခင်း အဆင်မပြေဘူးလို့ […]

ကန္တာရဝတီတိုင်း(မ်) လတ်တလောဖြစ်ပွားနေတဲ့ COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်းမှာ သင်္ကြန်မတိုင်ခင်ကတည်းက ခရီးသည်ယာဉ်လိုင်းပြေးဆွဲမှုရပ်နားထားပြီး လက်ရှိအချိန်ထိ ယာဉ်လိုင်းမပြေးဆွဲသေးဘူးလို့ သိရပါတယ်။ “ဒီကာလမှာပြေးဆွဲနေတဲ့ကားလိုင်းတော့မရှိဘူး။ ကယားပြည်နယ်မှာကုန်ဈေးနှုန်းမမြင့်တက်ဖို့ကို လူမတင်ဘဲနဲ့ ကားကိုတခါတလေလွှတ်ပြီးတော့ နေပြည်တော်ဖက်ကို ကုန်းဈေးသယ်တာတော့ ရှိကောင်းရှိတယ် နောက်ပြီးတော့ လွိုင်ကော်-တောင်ကြီးပြေးဆွဲနေတဲ့ ငြိမ်းချမ်းမိုးလိုင်းတစ်လိုင်းတော့ရှိတယ် ကုန်ပဲပေါ့ လူမပါဘူးအဲဒါတော့ “ လွိုင်ကော်မြို့ ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီဥက္ကဌ ဦးစံအေးက ပြောပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ COVID-19 ရောဂါထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် ပြည်နယ်အစိုးရက မတ်လ ၁၅ ရက်နေ့အထိ ဒေသန္တရအမိန့်ကြော်ငြာစာတွေထုတ်ထားတာကြောင့် ခရီးစဉ်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအနေနဲ့ ပြေးဆွဲမှုကို ခေတ္တရပ်နားထားတာဖြစ်ပါတယ်။ “ကားလိုင်းမထွက်ရဘူးဆိုတာက တခြားပြည်နယ်နဲ့တိုင်းနဲ့လည်းဆက်စပ်တာရှိတာပေါ့ ဥပမာ မန္တလေးတိုင်းဆိုရင် တခြားပြည်နယ်တိုင်းက ယာဉ်လိုင်းတွေကိုကန့်သတ်ထားတာရှိတယ် ရန်ကုန်တော့မကန့်သတ်ဘူး သို့သော်ငြားလည်း မန္တလေးကန့်သတ်ထားတဲ့အတွက် လွိုင်ကော်ကနေ မန္တလေးကိုသွားတဲ့ကားဆိုရင် […]

သိုက်စိုးထွန်း(နတ်ရွာ) သုံးတန်းကတည်းက သင်ခဲ့ရတဲ့ ဇာတ်ကြောင်းလေးတစ်ခုရှိတယ်။ သမင်ပျို၏နောင်တတဲ့။ သမင်ပျိုလေး တစ်ကောင်က ရေသောက်ဆင်းတယ်။ ရေသောက်ရင်းနဲ့ ကိုယ့်အရိပ်ကရေမှာပေါ်နေတော့ သေသေချာချာကြည့် နေတယ်။ ခြေထောက်တွေ၊ လက်တွေကမလှဘူး၊ ချိုလေးကတော့လှလိုက်တာဆိုပြီးတော့ ခြေထောက်တွေကို ကဲ့ရဲ့တယ်။ ဦးချိုတွေကိုတော့ ချီးမွမ်းတယ်ပေါ့လေ။သိပ်မကြာပါဘူး။ တောထဲမှာ မုဆိုးလိုက်လို့ ပြေးရင်းလွှားရင်းက ချုံနွယ်ပိတ်ပေါင်းတွေနဲ့ ချိုနဲ့ငြိပြီး လွတ်အောင်မရုန်းနိုင်တော့တဲ့အချိန်မှာ မုဆိုးရဲ့မြားချက်ကြောင့် အသက်ကုန်ရရှာတယ်။ မြားတန်းလန်းကြီးစိုက်နေမှ ရလာတဲ့ နောင်တတွေ တစ်ပွေ့တစ်ပိုက်ကြီးကလည်း သူ့ဘဝအတွက် ဘာမှအရာထင်အောင်လုပ်မပေးနိုင် တော့ဘူး။ အရာရာဟာ သိပ်ကိုနှောင်းခဲ့ကြပြီပေါ့လေ။ ငယ်ငယ်တုန်းကသင်ခဲ့ရတဲ့ သင်ခန်းစာလေးကို ပြန်တွေးကြည့်မိတယ်။ တကယ်ဆို ခြေထောက်တွေနဲ့ တူတဲ့ ဘဝမျိုးတွေ အများကြီးရှိနေကြတယ်။ ဒါပေမယ့် အဲ့ဒီခြေထောက်တွေက လုံးဝအချီးမွမ်းမခံရဘူး။ တရစပ် ကဲ့ရဲ့ခြင်းတွေနဲ့ ရင်ဆိုင်နေကြရတယ်။ […]

ကန္တာရဝတီတိုင်း(မ်) ဒီမော့ဆိုမြို့တွင် လေတိုက် မိုးသည်းထန်းစွာရွာပြီး လယ်ကွင်းမှာ အလုပ်လုပ်နေသူ သုံးဦး မိုးကြိုးထိမှန်၍သေဆုံးသွားတယ်လို့ ဒီးမော့ဆိုမြို့မရဲစခန်းကနေ သိရပါတယ်။ မေလ ၁၁ရက်နေ့ မွန်းလွဲပိုင်း ၂နာရီဝန်းကျင်ခန့်တွင် ငွေတောင်ကျေးရွာအုပ်စု၊ ညောင်ကုန်းစိုက်ကွင်းမှာလယ်စိုက်နေတဲ့ အသက်(၄၁)နှစ်အရွယ်အမျိုးသမီးတစ်ဦး နဲ့ ၎င်းရဲ့သမီး အသက်(၇)နှစ်အရွယ် ကလေးငယ်တစ်ဦး မိုးကြိုးထိမှန်၍ ဒီမော့ဆိုဆေးရုံရောက်ရှိနေကြောင်းသိရပြီး ၎င်းတို့နှစ်ဦးမှာ ဒီမော့ဆိုမြို့၊ ဒေါငံခါးကျေးရွာမှာနေထိုင်သူများဖြစ်ကြောင်း သိရပါတယ်။ ၎င်းတို့အပိုင် လယ်ကွင်းမှာ စပါးစိုက်ပျိုးနေစဉ် မိုးကြိုးထိမှန်၍ သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။ နောက်တစ်ဦးမှာ မွန်းလွဲပိုင်း သုံးနာရီခန့်က နန်းမယ်ခုံတိုက်နယ်ဆေးရုံသို့ မိုးကြိုးပစ်ခံရသူ အမျိူးသားတစ်ဦးရောက်ရှိတဲ့အကြောင်း ဒီမော့ဆိုရဲစခန်းကိုအကြောင်းကြားခဲ့တာကြောင့် ရဲအုပ်နောင်စိုး ဦးစီးအဖွဲ့မှ သွားရောက်စိစစ်ခဲ့ပါတယ်။ သေဆုံးသူအမျိုးသားမှာ အိုကေအုပ်စု၊ အိုကေကျေးရွာနေသူဖြစ်ပြီး လယ်ကွင်းမှာ ထွန်စက်ဖြင့်လယ်ထွန်နေစဉ် မိုးကြိုးထိမှန်၍ သေဆုံးခဲ့ပါတယ်။ ၎င်းတို့သုံးဦး […]