ကန္တာရဝတီတိုင်း(မ်) မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ မေလ ၁၀ ရက်နေ့ ည ၈ နာရီတွင် ထုတ်ပြန်သည့် ဓာတ်ခွဲစစ်ဆေးမှု အဖြေအရ COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာအသစ်(၂)ဦး ထပ်မံ စစ်ဆေးတွေ့ရှိရသည့်အတွက် ယခု ဆိုလျှင် မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြု လူနာ (၁၈၀) ဦး ရှိသွားပြီ ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူ (၁၈၀) ဦး အနက် ပြန်လည် ကောင်းမွန်လာသူ (၇၂)ဦးနှင့် သေဆုံးသူ (၆)ဦး ရှိပြီ ဖြစ်သည်။ ရောဂါမှ ပြန်လည် ကောင်းမွန်လာပြီး ပိုးကင်းစင်သူ (၇၂) ဦးတို့အနက် (၅၅) […]

မော်ဦးမြာ တိုင်းရင်းသားကျန်းမာရေးအဖွဲ့တွေအနေနဲ့ အခက်အခဲက ကိုဗစ်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေ အလုံအလောက် မရှိတဲ့အပြင် နည်းပညာပိုင်းဆိုင်ရာမှာလည်း လိုအပ်ချက်တွေ ရှိနေတယ်လို့ ကော်မတီဝင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက် (CHDN) မှ ဒါရိုက်တာ ခွန်းဖီးလစ်က ပြောပါတယ်။ “ ကျတော်တို့ တွဲလုပ်တဲ့နေရာမှာတော့ အခက်အခဲ မရှိပါဘူး။ ဒါပေမဲ့ အစိုးရကျန်းမာရေးဖက်မှာတော့ ဖိအားပေးခံရတာတွေ တခါတလေရှိတယ်။ CHDN က လက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် ပေးမလုပ်နဲ့ဆိုတဲ့ ကိစ္စတွေကို တခါတလေ ကျတော်တို့ ပြန်ကြားရတယ်။ KNPP က NCA လက်မှတ် မထိုးထားတဲ့အတွက် တချို့ ကိစ္စတွေမှာဆိုရင် လက်မှတ်ထိုးခိုင်းလိုက် အဲ့ဒါမှ တချို့ Activity တွေက ပိုပြီးမှ […]

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ သဘာဝရေထွက်ပေါက်ကန်ကို လူထုတောင်းဆိုမှုကြောင့် ပြန်လည်ပြုပြင်ထိန်းသိမ်းနေပြီး ရေထွက်တဲ့အနီးတစ်ဝိုက်မှာလည်း ရေဝင်ရေလဲသစ်တောဖြစ်ဖို့အတွက် ပြုပြင်ထိန်းသိမ်းနေပြီဖြစ်တယ်လို့သိရပါတယ်။ နှစ်ပေါင်းများစွာကတည်းက တည်ရှိလာတဲ့ အဲဒီရေထွက်ပေါက်ကို ပြန်လည်ပြုပြင်ထိန်းဖို့ ဒေသခံပြည်သူလူထုက တင်ပြတောင်းခံလာတာကြောင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးထားတယ်လို့ လွိုင်ကော်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ပြောပါတယ်။ “လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့တာဝန်ယူပြီး လူထုတွေ့ဆုံပွဲလုပ်တဲ့အခါမှာ ပြည်သူလူထုကတောင်းလို့ ကျမတို့ အချက်အလက်ကိုပြန်လေ့လာပြီးမှ ဒါလေးကိုလုပ်သင့်လားမလုပ်သင့်ဘူးလားဆိုတာကို ဆုံးဖြတ်ပြီးမှ ဒီအဆင့်ကိုရောက်လာတာပေါ့ အဓိက လူထုတောင်းဆိုလို့” လို့ ဒေါက်တာခင်စည်က ပြောဆိုပါတယ်။ အဲဒီ သဘာဝအတိုင်းတည်ရှိနေတဲ့ ရေထွက်ပေါက်ကို နှစ်ပေါင်းများစွာကတည်းက ဒေသခံပြည်သူလူထုတွေ မှီခိုသုံးစွဲနေရတဲ့ ရေထွက်ပေါက်ဖြစ်ပါတယ်။ ခေတ်ကာလပြောင်းလာတဲ့အခါမှာ ရွာအဆင့်ကနေ ရပ်ကွက်အဆင့်ပြောင်းလာတာကြောင့် စည်ပင်ရေရှိတဲ့အတွက် ရေထွက်ပေါက်ကန်ကို အသုံးပြုခြင်းမရှိတော့တဲ့အတွက် ကြာမြှင့်လာတာနဲ့အမျှ အမှိုက်တွေစွန့်ပစ်မှုများလာတာရယ် အရက်သမားတစ်ဦးသေဆုံးထားတာကြောင့် ရေကို […]

စိုးထိုက်အောင် ကုန်းသာကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ မြေလွတ်မြေလပ်မြေရိုင်း မြေ၂၄၇ဧက အတွင်းမှာ ဓနပြည့်ဝန်းကုမ္ပဏီမှ ခဲတူးဖော်မည့်ကိစ္စ မှာ ဒေသခံပြည်သူလူထုတွေက ကန့်ကွက်တဲ့ အတွက်ကြောင့် ကုမ္ပဏီအနေနဲ့ဒေသခံတွေ ဘက်က သဘောမတူဘူးဆိုရင် ဆက်လုပ်ဖို့အစီအစဉ်မရှိဘူးလို့ ဓနပြည့်ဝန်းကုမ္ပဏီမှ ခဲတူးဖော်မည့်တာဝန်ခံဦးမားရ်ကိုကပြောပါတယ်။ ဦးမားရ်ကို က“ မလုပ်တော့ဘူး ဘယ်တော့မှ အဲ့ဒါပြည်သူတွေသဘောမတူတဲ့ဟာ ဘယ်တော့မှ ကျတော်တို့မလုပ်ဘူး။ အဲ့ဒါတော့ ကျတော်တို့လဲ မကြိုက်ဘူး အဲ့ဒါပြည်သူလက်မခံတဲ့ဟာတော့ ကျတော်တို့လဲ အဲ့ဒါတော့ လုပ်စရာအကြောင်းမရှိဘူးလေ ပြည်သူလက်မခံတဲ့ဟာ ကျတော်တို့ပြည်သူနဲ့ဘဲနေတဲ့ဟာ ပြည်သူလက်မခံတဲ့ဟာ ကျတော်တို့သွားလုပ်ရင်ကျတော်တို့ ဘယ်လိုမျိုးလူ ဖြစ်သွားမလဲ။” လို့ပြောပါတယ်။ ၂၀၂၀၊ ဧပြီလ ၂ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ဓနပြည့်ဝန်းကုမ္ပဏီလိမိတက်မှ ခဲသတ္တတူးဖော်ဖို့အတွက် အသုံးပြုခွင့်လျှောက်ထားခြင်းကို မေလ ၁ရက်နေ့မတိုင်ခင်အထိ ကန့်ကွက်လိုသူတွေအနေနဲ့ ကန့်ကွက်နိုင်ရန်အတွက် […]

မော်ဦးမြာ ဒေသန္တာရအမိန့်ပါ ကြေညာချက်များက နှစ်ဖက် အပြန်အလှန်ယုံကြည်မှုကို ပိုမိုပျက်ပြားစေတဲ့အတွက် ပြည်နယ်အစိုးရအနေနဲ့ အဆိုပါလုပ်ရပ်တွေကို ရှောင်ရှားဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ဗဟိုကော်မတီဝင် ဦးအောင်ဆန်းမြင့်က ပြောပါတယ်။ “ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်လား မထိခိုက်လားဆိုတာကတော့ ဒီကနေ့ ဖြစ်နေတဲ့ ရောဂါ အခြေအနေအပေါ်မှာ ကျတော်တို့ တစ်ဖက်နဲ့ တစ်ဖက်ပေါ့နော ယုံကြည်မှု ပျက်သွားစေနိုင်တဲ့ ဆောင်ရွက်ချက်မျိုးတွေပေါ့နော အမိန့်တွေပေါ့ ဒါတွေကတော့ နည်းနည်းရှောင်ဖို့ လိုတာပေါ့နော။ အကန့်အသတ်တွေပေါ့။ လိုတာထက် ပိုပြီးတော့မှ မလုပ်ဖို့ပေါ့လေ။” လို့ ဗဟိုကော်မတီဝင် ဦးအောင်ဆန်းမြင့်က ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့မှာ ကယား(ကရင်နီ) ပြည်နယ်အတွင်းရှိ မြို့ နယ် (၇) […]

လွိုင်ကော်မြို့၊ ကုန်းသာကျေးရွာအုပ်စု၊ ကွင်းအမှတ်(ကွင်းပြင်)၊ ဧရိယာ (၂၄၇) ဧကရှိတဲ့ မြေပေါ်မှာ ဦးဝင်းမင်းငြိမ်း(ကိုယ်စား) ဓနပြည့်ဝန်းကုမ္ပဏီလိမိတက်က ခဲသတ္တုရောရာထုတ်လုပ်ရာမြေနေရာလျှောက်ထားမှုကို ဒေသခံတွေက ကန့်ကွက်ကြပါတယ်။

နိုင်ငံရပ်ခြားကနေ နေရပ်ပြန်လာတဲ့သူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ရောဂါ စောင့်ကြည့်လူနာအဖြစ် နေခဲ့ရတဲ့ရက်အတွင်း ဘယ်လိုနေထိုင်စားသောက်ခဲ့ရပါသလဲ။

ယခု ဆောင်းပါးရေးနေချိန် ( ၂၀၂၀ ခုနှစ် ဧပြီလကုန် ) အထိ Coronavirus Disease 2019 ( COVID-19 ) ကြောင့် မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို သတ်မှတ်ကာလ အတိုင်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ကျင်းပနိုင်မည် / မကျင်းပနိုင်မည် အတပ် မပြောနိုင်သေးပေ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတတ်နိုင်ဆုံး သတ်မှတ်ကာလ အတိုင်း ကျင်းပပေးနိုင်ရေး ကြိုးပမ်းမည်ဟု ဆိုသော်ငြား အာဏာရ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟို ပြန်ကြားရေးကော်မတီ အတွင်းရေးမှူးမှ ၎င်း၏ အမြင်ကို ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် […]

ကန္တာရဝတီတိုင်း(မ်) မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ မေလ ၇ ရက်နေ့ ည ၈ နာရီတွင် ထုတ်ပြန်သည့် ဓာတ်ခွဲစစ်ဆေးမှု အဖြေအရ COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာအသစ်(၁၄)ဦး ထပ်မံ စစ်ဆေးတွေ့ရှိရသည့်အတွက် ယခု ဆိုလျှင် မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြု လူနာ (၁၇၆) ဦး ရှိသွားပြီ ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူ (၁၇၆) ဦး အနက် ပြန်လည် ကောင်းမွန်လာသူ (၆၂)ဦးနှင့် သေဆုံးသူ (၆)ဦး ရှိပြီ ဖြစ်သည်။ ရောဂါမှ ပြန်လည် ကောင်းမွန်လာပြီး ပိုးကင်းစင်သူ (၆၂) ဦးတို့အနက် (၃၇) […]

ကန္တာရဝတီတိုင်း(မ်) COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေးကာလအတွင်း ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများအား စနစ်တကျကြီးကြပ်ရေးကော်မတီ ကြီးကြပ်မှုအောက်ရှိ ခရီးသယ်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းများမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ဂိတ်ဝန်ထမ်းနှင့်လုပ်သားများအား အခြေခံစားသောက်ကုန် (၅)မျိုးကို ထောက်ပံ့ပေးခဲ့ပါတယ်။ “ လက်ရှိမှာ ယာဉ်လိုင်းတွေရပ်နေရတယ် ရပ်နေရတဲ့အတွက် အဓိက ယာဉ်ဝန်ထမ်းတွေပေါ့ ယာဉ်မောင်းတို့ ယာဉ်နောက်လိုက်တို့ သူတို့နဲ့ဆက်စပ်ပြီးတော့မှ သူတို့ကို မှီခိုနေရတဲ့မိသားစုလည်းရှိတယ် သူတို့က တစ်လလောက်ကာလမှာ အလုပ်မရှိ ဝင်ငွေမရှိဆိုတော့ အင်မတန်စားဝတ်နေရေးအခက်အခဲရှိတယ် ဒါကြောင့်လည်း ယကကရဲ့အစီအစဉ်နဲ့ အခြေခံစားကုန်တွေ ပထမအကြိမ်အနေနဲ့ အခုလိုလှူဒါန်းပေးတာပေါ့” လို့ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီးဦးခင်မောင်ဖြုက ပြောပါတယ်။ ဆန် (၂၂၆)အိတ်၊ ဆီ (၆၇၀)ပိဿာ၊ ဆား (၆၇၀)ပိဿာ၊ ကြက်သွန်နီ (၆၇၀) ပိဿာ၊ ပဲ […]