ကန္တာရဝတီတိုင်း(မ်) ၂၀၂၀-၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ကယားပြည်နယ်ရဲ့ ဘဏ္ဍာငွေအရ အသုံးစရိတ်နဲ့ပတ်သက်ပြီး မလိုအပ်တဲ့ အသုံးစရိတ်ကိုလျော့ချပြီး အရေးတကြီးလိုနေတဲ့ ပြည်သူတွေ လိုအပ်ချက်ကို များများလုပ်ပေးဖို့ ပြည်နယ်အစိုးရကို ပြည်နယ်လွှတ်တော်မှ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီကနေ အထူးဦးစားပေး တိုက်တွန်းလိုက်ပါတယ်။ ဦးခင်မောင်ထွန််း(ခ)နော်အီးက “ပြည်နယ်မှာက တချို့ဌာနဆိုင်ရာ တချို့အစိုးရအဖွဲ့တွေပေါ့နော အရာရှိထက် ယာဉ်ပိုများတယ် ဥပမာ အရာရှိကနှစ်ယောက်ပဲရှိတယ်ဆိုရင် ယာဉ်ကသုံးစီး ဆိုတော့ တခါတလေ အဲဒီယာဉ်တွေမသုံးဘဲနဲ့ ပြင်ထိန်းစရိတ်တောင်းခံတာကိုတွေ့ရပါတယ် စက်သုံးဆီတွေကော ဆိုတော့ အဲဒီအချိန်မှာ အမှန်တကယ်သုံးလို့ ပြင်စရာရှိလို့ ပြင်သင့်လားမပြင်သင့်ဘူးလား မလေ့လာဘူး။ တချို့ကျတော်တို့တွေ့ရတာက ပြည်သူ့ငွေစာရင်းစောင့်ကြည့်ရေးအဖွဲ့ က တချို့မပြင်ဘဲနဲ့ပြင်တယ်လို့ပြောမှသူတု့ိ့ပုံမှန်ထုတ်တဲ့သဘောပေါ့နော သူများနဲ့တန်းတူဖြစ်ဖို့ ကျတော်တို့က နောက်အဲလိုမဖြစ်စေဖို့ ပြည်သူ့ငွေစာရင်းအနေနဲ့ သဘောက နည်းနည်းကြိုတင်အသိပေးတဲ့သဘောပါ” […]

မော်ဦးမြာ COVID -19 ကာကွယ်ထိန်းချုပ်ရေးကုသရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကနေ အကြောင်းမပြန်သေးဘူးလို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီ ဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ( ငြိမ်း) က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။ ၎င်းက “ကျန်တဲ့ ၄ ဖွဲ့ကတော့ ကျတော်တို့ကို ပြန်ဆက်သွယ်တာ မရှိသေးပါဘူး။ KNPP က အကြောင်းမကြားသေးဘူး။ နောက်တစ်ခါ မြောက်ပိုင်း ၃ ဖွဲ့က မဆက်သွယ်သေးဘူး။”လို့ ပြောပါတယ်။ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီကို ပြီးခဲ့တဲ့ ဧပြီလ […]

ကန္တာရဝတီတိုင်း(မ်) မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ မေလ ၇ ရက်နေ့ မနက် ၇ နာရီတွင် ထုတ်ပြန်သည့် ဓာတ်ခွဲစစ်ဆေးမှု အဖြေအရ COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာအသစ်(၁)ဦး ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။ ယခု ဆိုလျှင် မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြု လူနာ (၁၆၂) ဦး ရှိသွားပြီ ဖြစ်သည်။ ယခု တွေ့ရှိသည့် လူနာသည် ရန်ကုန်မြို့ အင်းစိန်မှ ဖြစ်ပြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာ တစ်ဦးဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူမျာ (၁၆၂) အနက် ပြန်လည် ကောင်းမွန်လာသူ (၅၀)ဦးနှင့် သေဆုံးသူ (၆)ဦး […]

စိုးထိုက်အောင် ဒေသခံပြည်သူတွေကနေပြီး အစိုးရရဲ့ စီမံခန့်ခွဲမှုကိုလိုက်နာစေချင်လို့ စည်းကမ်းချက် ၁၀ ချက်ပါ ဒေသန္တာရအမိန့်ကို ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ မယ်စဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက ပြောပါတယ်။ ၎င်းက “ဒေသခံမိဘပြည်သူတွေအနေနဲ့ ကျတော်တို့ဒီ ကျန်တဲ့အစိုးရစီမံခန့်ခွဲ အစိုးရစီမံခန့်ခွဲမှုအပိုင်းလုပ်ငန်းတွေလုပ်နေတာရှိတယ်။ အဲ့ဒါတွေကို ကျတော်တို့က လိုက်နာဆောင်ရွက်စေချင် အဲ့လိုလေးကျတော်တို့က အမိန့်ထုတ်တာပါ။” လို့ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ(၃) ရက်နေ့မှာ ကယားပြည်နယ်အတွင်း မြို့နယ်(၇)မြို့နယ်လုံးက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ အသီးသီးကနေပြီး အများပြည်သူလေးစားလိုက်နာဖို့ စည်းကမ်းချက် ၁၀ချက်ပါတဲ့ စည်းကမ်းချက်တွေကို ထုတ်ပြန်လိုက်ကြတာဖြစ်ပါတယ်။ အဆိုပါ ဒေသန္တာရအမိန့်ထုတ်ပြန်ကြေညာချက်ကို မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ၊ အုပ်ချုပ်ရေးမှူး ၊ ရပ်ကွက်\ ကျေးရွာတွေအထိ ဖြန့်ဝေထားတယ်လို့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။ ထုတ်ပြန်ကြေညာချက် ထုတ်ရတဲ့ အဓိကရည်ရွယ်ချက်က အများပြည်သူအကျိုးအတွက် […]

စိုးထိုက်အောင် လက်ရှိကိုရိုနာဗိုင်းရပ်(စ်)ကူးစက်မှုထိန်းချုပ်ကာကွယ်နေတဲ့ အချိန်အတွင်းမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူညီချက်ရေးထိုးထားကြတဲ့ NCA-S EAO အဖွဲ့တွေအနေနဲ့ အစိုးရတို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်လိုရှေ့ဆက်ဖို့ရှိလဲ။ NCA ထိုးထားတဲ့အဖွဲ့အနေနဲ့ လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်နေမှု အားရကျေနပ်မှုရှိလား။ ဘယ် လောက် အတိုင်းအတာထိ ရောက်နေကြပြီလဲဆိုတာတွေနဲ့ပတ်သက်လို့ ရဲဘော်မိဆူးပွင့် (ဗဟိုဉီးဆောင်ကော်မတီဝင်- မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဉီး-ABSDF) ကို တွေ့ဆုံမေးမြန်းထားပါတယ်။ မေး ။ ။ ဧပြီလ ၃ရက်နေ့မှာ NCA-S EAO တွေ အစည်းအဝေးလုပ်ခဲ့ကြတယ်လို့သိရပါတယ်ပေါ့နော်။ Covid 19 ကပ်ရောဂါကူးစက်မှု တစ်ဖက်မှာလည်းထိန်းချုပ်နေရတဲ့အချိန်မှာ ငြိမ်းချမ်းရေးကို အရှိန်အဟုန်လုပ်သွားဖို့ မရပ်တန့်သွားဖို့ ဘယ်လို လုပ်ဆောင်ကြမလဲပေါ့။ ဖြေ ။ ။ NCA-S-EAO (၁၀)ဖွဲ့အနေနဲ့ မူဘောင်ပြင်ဆင်ရေး ပူးတွဲအလုပ်အဖွဲ့အစည်းအဝေးတွေအတွက် […]

အန်ထောနီ နိုင်ငံရပ်ခြားကနေ နေရပ်ပြန်လာတဲ့သူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ရောဂါ စောင့်ကြည့်လူနာအဖြစ် နေခဲ့ရတဲ့ရက်အတွင်း အတွေ့အကြုံတွေကို မေးမြန်းထားပါတယ်။ အင်္ဂလန်နိုင်ငံမှ ပြန်လာခဲ့တဲ့ ရူးဖယ်ခူရပ်ကွက် ဒီမော့ဆိုမြို့နယ်မှ မောင်ပေါလုငယ်“ကျနော်တို့ဒီကိုပြန်ရောက်တော့ ဒီးမော့ဆိုဆေးရုံမှာ ၅ ရက်နေရသေးတယ် နောက်ပြီးတော့ အခြေအနေကကောင်းတယ်ပေါနော် အိမ်မှာပဲ ၁၄ ရက်တိတိ နေရတယ်ပေါနော်။ ဆေးရုံမှာကတော့ အစားအသောက်ပိုင်းကတော့ ကိုယ့်ဟာကိုယ်ပဲ အိမ်ကနေ လာပို့ပေးတယ်ပေါနော်။ နောက်ပြီးတော့ နေရာထိုင်ခင်းတော့ အားနည်းချက်ရှိတယ်ပေါနော်။ ခြင်ကိုက်တယ် ခြင်လည်းများတယ် ပြီးတော့ နေရာထိုင်ခင်းက အဲ့မျိုးပေါနော် ကိုယ့်ဟာကိုတစ်ယောက်တည်းနေတော့ အဲ့ဒီနေတဲ့အဆောင်က မလုံလောက်ဘူး မလုံလောက်ဘူးဆိုတာက အကာအကွယ်သိပ်မရှိဘူးပေါနော် မှန်နည်းနည်းကွဲတယ် ပြီးတော့ ပြတင်းပေါက်ဖွင့်ရပိတ်ရအဆင်မပြေတော့ ခြင်တွေဘာတွေဝင်တော့ အဆင်မပြေဘူးပေါနော်။ ဆေးရုံမှာနေတော့ ဆရာမတွေက ဆေးတွေပေးတာတွေရှိတယ် အဲ့မျိုးပေါနော် စမ်းသပ်တယ် […]

ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ကနေပြီးတော့ ဒီးမော့ဆိုမြို့နယ် တောင်သူတချို့ကိုတောင်ယာမြေ ပြန်လည်ချပေးတဲ့အတွက် တောင်သူတွေက လက်မခံခဲ့ဘူးလို့ ကရင်နီပြည်တောင်သူလယ်သားမားသမ္မဂကိုတူရယ်က ပြောပါတယ်။ “ ဒီပြန်ပေးတဲ့ဟာကိုလဲသူတို့မယူရဲဘူး လိပ်ပြာမသန့်ဘူးလဲဖြစ်တယ်။ ပြီးတော့ ဒါကယူတယ်ဆိုတာ ကျတော်တို့ကိုအချင်းချင်းရန်တိုက်ပေးတယ်ဆိုတဲ့သဘောမျိုးသက်ရောက်တယ်ဆိုတော့ ဒီပြန်ပေးတဲ့ဟာကိုတော့ သူတို့မယူရဲဘူးပေါ့။ အကယ်လို့ပြန်ပေးချင်ရင်တောင် အကုန်လုံးပြန်ပေးပါ တောင်းဆိုထားတဲ့လူတွေအားလုံးကိုပြန်ပေးပါ ပြီးတော့ မျှမျှတတဘဲလုပ်ပေးဖို့ပေါ့ သို့မဟုတ်ရင် ကျိုကြားကွက်ကြားမျိုးပေးတာ ရန်တိုက်ပေးသလိုဖြစ်တယ်ဆိုပြီးတော့ သူတို့မယူတာ။” လို့ ဦးတူရယ်ကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာက တောင်သူ(၅) ဦးကို ဒေါဆိုရှေ့ရွာဟောင်း သင်္ချု ိင်းကုန်းတောင်ခြေနားက မြေတွေကို ပြန်ပေးမယ်ဆိုပြီး ဒေါဆိုရှေ့တောင်သူ ၅ဦးကို မြေယူမည်ဆိုပါက လက်မှတ်ထိုးပြီးတော့ယူလို့ရကြောင်း ၊ မယူဘူးဆိုရင်လဲ မယူနိုင်တဲ့အကြောင်းလက်မှတ်ထိုးဖို့အတွက်ပြောခဲ့ပေမဲ့ […]

ကန္တာရဝတီတိုင်း(မ်) ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ကယန်းဒေသအုပ်ချုပ်ရေးနယ်မြေ အမှတ် (၁) မြို့နယ်တွင်းရှိ ကယန်းပြည်သစ်ပါတီမှ တည်ထောင်ထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပြုပြင်ပညာပေးရေးဌာန တောင်ပေါ်စခန်းတွင် ကိုရိုနာဗိုင်းရပ်(စ်)ပိုး ကူးစက်ခံရသူမရှိကြောင်း ကယန်းပြည်သစ်ပါတီပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ အမှတ် (၁) မြို့နယ်၊ မြို့နယ်ဥက္ကဌ ဗိုလ်မှူးမောင်လှိုင်က ပြောကြားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ပထမပတ်က ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ Case (121)က ၎င်းစခန်းထဲကို ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း လိုအပ်တဲ့ စစ်ဆေးမှုတွေကိုပြုလုပ်ပြီးဖြစ်တာကြောင့် စခန်းတွင်ရောဂါပိုး ကူးစက်ခံရသူမရှိဘူးလို့ဆိုပါတယ်။ ဗိုလ်မှူးမောင်လှိုင်က “စခန်းမှာလာနေတဲ့သူတစ်ယောက်ရဲ့အစ်မက နိုင်ငံခြားကနေပြန်လာတယ် သူ့မောင်လေးကိုလာတွေ့တယ် လာတွေ့တဲ့အစ်မက ကိုရိုနာပိုးရှိတယ်လို့သိရတော့ သူ့မောင်လေးကို ချက်ခြင်းသီးသန့်ခွဲထားတယ် ဆရာဝန်တွေကိုယ်တိုင်လာပြီး ဆေးစစ်ဖို့ လိုအပ်တာတွေလာလုပ်သွားတယ် ဆေးစစ်တော့ အဖြေက ရောဂါပိုးမတွေ့ပါဘူး”လို့ပြောပါတယ်။ တောင်ပေါ်စခန်းမှာ နေထိုင်တဲ့အခြားသောသူတွေကိုလည်း စနစ်တကျနေထိုင်စေပြီး […]

မော်ဦးမြာ လက်ရှိ အစိုးရလက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ်ဖော်ဆောင်နေမှုနဲ့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေအပေါ် တိုင်းရင်းသားပါတီအနေနဲ့ ဘယ်လိုသုံးသပ်ထားသလဲဆိုတာနဲ့ ပတ်သက်လို့ ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးနဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို ကောက်နုတ်တင်ပြလိုက်ရပါတယ်။ မေး ။ ။ ကယန်းမျိုးဆက်သစ် လူငယ်ကနေ ထုတ်တဲ့ “ငြိမ်းချမ်းရေးအတွက် လူထုအသံ” ဆိုတဲ့ စစ်တမ်းစာအုပ်အရ ယခုအစိုးရမှာ ငြိမ်းချမ်းရေးဖော်ဆောင်မှုက ယခင်ကထက် အားနည်းနေတယ်လို့ ဖော်ပြထားတာ ရှိတယ်။ ဆိုတော့ ဆရာ့ရဲ့ အမြင်ကရော ယခု အစိုးရရဲ့ ဖော်ဆောင်မှုက ယခင် အစိုးရထက် အားနည်းတယ်လို့ မြင်ပါသလား။ ဘာကြောင့်လဲပေ့ါ။ ဖြေ ။ ။ လူထုများက ငြိမ်းချမ်းရေးကို လိုလားကြပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးနှင့်အတူ သူတို့မျှော်လင့်ထားတဲ့ […]