Kayaw Radio Sept 4th Week

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယော)
(အင်္ဂါနေ့ ည ၇ နာရီတိုင်း)
ယခုတစ်ပတ်မှာတော့ ဒေသခံပါတီများကိုသာ ဘတ်ဂျက်နှစ်ကုန်ခါနီးအထိ တိုင်းရင်းသားစာပေအဖွဲ့တွေ ဘတ်ဂျက်မချပေးနိုင်သေးလို့ အခက်တွေ့နေတယ်ဆိုတဲ့သတင်း၊ ဝန်ကြီးချုပ်ဟောင်းကို အဂတိတိုက်ဖျက်ရေးကော်မရှင်ထံတိုင်ကြားထားတယ်ဆိုတဲ့သတင်းနဲ့ ဘိန်းစိုက်တောင်သူတွေအကြောင်း ရေးထားတဲ့ “ဘိန်းပန်းတွေရဲ့ နေဝင်လုနီးချိန်” ဆိုတဲ့ ဆောင်းပါးလေးအပြင် သီချင်းလက်ဆောင်အနေနဲ့ ကယေား သီချင်းကောင်းတစ်ပုဒ်တို့ကို ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Comments

comments

Next Post

တစ်သီးပုဂ္ဂလ ဝင်ရောက်မည့်သူ ပြည်နယ်အတွင်း ၁၃ ဦးရှိ

Sun Sep 27 , 2020
ကရင်နီသူ ကယားပြည်နယ်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့်သူတွေထဲမှာ တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် လူဦးရေသည် ၁၃ဦးရှိပါတယ်။ ဖရူဆိုမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၈)မှာ ဝင်ရောက်ယှဉ်ပြိုင်မည့်လက်ရှိ ဖရူဆိုမြို့နယ် အမျိုးသားလွှတ်တော်အမှတ်(၅) ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်ရှားမူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ပြန်လည်ရွေးခြယ်ခြင်းမခံရတဲ့အတွက် တစ်သီးပုဂ္ဂလအနေဖြင့် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။ ” ပြည်သူပေးလာတဲ့တာဝန်တွေကို တစ်ခေါက်မဟုတ်ရင် နှစ်ခေါက်၊ နှစ်ခေါက်မဟုတ်ရင် သုံးခေါက် ရအောင်လုပ်ဆောင်ပေးမယ်။ အရင်တုန်းကလည်း ဒီလိုပဲလုပ်ပေးခဲ့တယ်။ ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် အန်တီကတိမပေးဘူး ပြည်သူက တောင်းဆိုလာတဲ့ဟာ အန်တီလုပ်ပေးမယ်။ ″ လို့ ဒေါ်ဆားမူက ပြောပါတယ်။ တစ်သီးပုဂ္ဂလအနေဖြင့် ဒီးမော့ဆိုမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)မှာ ဝင်ရောက်ယှဉ်ပြိုင်မည့် ခွန်းရိုမောင်းဒိုကလည်း ၎င်းအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရသည့် အကြောင်းရင်းကိုအခုလိုပြောပါတယ်။ ″ အဓိက […]