spot_imgspot_imgspot_imgspot_img
Monday, January 20, 2025
spot_imgspot_imgspot_imgspot_img

KNDF တပ်ရင်းအမှတ် (၁၀) ဖွဲ့စည်းပြီး (၃) နှစ်အတွင်း တပ်ဖွဲ့ဝင် (၁၂)ဦး ကျဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

၂၀၂၁ ခုနှစ် အောက်တိုဘာက ၂၇ ရက်နေ့မှာ လူအင်အား ၁၀၀ နဲ့ ဖွဲ့စည်းပြီး ရရာ တူမီး သေနတ်တွေ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၁၀) ဟာ အခုဆိုရင် (၃) နှစ် ပြည့်လာခဲ့ပါပြီ။ တော်လှန်ရေးကာလ (၃) နှစ်အတွင်းမှာ တပ်ဖွဲ့ဝင် (၁၂) ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ယမန်နေ့ အောက်တိုဘာလ (၂၇) ရက်နေ့မှာတော့ ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို အောက်မေ့သတိရပြီး ၊ အသိအမှတ်ပြုတဲ့ အနေနဲ့ တပ်ရင်းရဲ့(၃) နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ တပ်ရင်းမှူး မီရယ်က အခုလို ပြောပါတယ်။

“ကျနော်တို့တပ် စတင်တည်ထောင်တဲ့နေ့ကို အောက်မေ့ပြီးတော့မှ တပ်မွေးနေ့အဖြစ် ကျနော်တို့ ပြုလုပ်ရခြင်းဖြစ်တယ်။ နောက်ပြီးတော့ အဓိက အချက်က ကျဆုံးသွားတဲ့ ရဲဘော်တွေကို အောက်မေ့သတိရတဲ့ အနေနဲ့၊ ပြန်ပြီးတော့ အသိအမှတ်ပြုတယ်၊ ဂါဝရ ပြန်ပြုတယ်။” လို့ တပ်ရင်းမှူး မီရယ်က ပြောပါတယ်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ် တပ်ရင်း အမှတ်(၁၀) ကို ပြည်သူလူထုတွေ ယုံကြည်အားကိုးရတဲ့ တပ်ရင်းတပ်ဖွဲ့ဖြစ်အောင် ကြိုးစားလျက်ရှိနေပြီး တော်လှန်ရေး ပြီးဆုံးသည်အထိ အားလုံး ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း တပ်ရင်းမှူးက ဆက်ပြောသွားပါတယ်။

တပ်ရင်းအတွက် အသုံးအဆောင် ပစ္စည်းတွေ ၊ စားနပ်ရိက္ခာလိုအပ်ချက်တွေ များစွာရှိနေတာကြောင့် ပြည်သူတွေ၊ အလှူရှင်တွေအနေနဲ့ ကူညီပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။

spot_img
spot_img
spot_img

Recent posts