spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

KNDF မှာ အမျိုးသမီး ပါဝင်မှု အခန်းကဏ္ဍ အပေါ် အတွင်းရေးမှူး ၃  ခူးရီးဒူနှင့် မေးမြန်းခြင်း

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးထဲမှာ အမျိုးသမီး ပါဝင်မှုနှုန်းက များပြားနေတာကို တွေ့ရပါတယ်။ တော်လှန်ရေး အင်အားစုတွေ အထဲက စစ်ကောင်စီနဲ့ မကြာခဏ တိုက်ပွဲဖြစ်နေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) မှာလည်း အမျိုးသမီးရဲဘော်ပါဝင်မှုများပြားနေပါတယ်။ ဒီတော်လှန်ရေးမှာ အမျိုးသမီး ပါဝင်မှုအခန်းကဏ္ဍက ဘယ်လိုရှိနေပါသလဲဆိုတာကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) အတွင်းရေးမှူး ( ၃ ) ခူရီးရယ် နဲ့ မေးမြန်းထားပါတယ်။

မေး- ဒီအမျိုးသမီးဆရာတို့ KNDF မှာအမျိုးသမီးပါဝင်မှုအပိုင်း မေးချင်တာပေါ့နော။ လက်ရှိတော်လှန် ရေးမှာဆိုရင် ဆရာတို့ KNDF မှာအမျိုးသမီးရဲ့ပါဝင်မှုနှုန်းက ဘယ်လောက်ထိရှိသလဲပေါ ဟုတ်။

‌ဖြေ- ပါဝင်မှုနှုန်းကို ကျနော်တို့ကိန်းကဏာန်းအရ အတိကျဖော်ပြဖို့ကတော့ ခက်တာပေါလေနော်။ ဒါပေမယ့် ကျနော်တို့ပြောကြားချင်တာတစ်ခုက ကျနော်တို့ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF မှာအမျိုးသမီး

တွက် အမြဲတမ်းလမ်းဖွင့်ပေးထားတယ်။ အမြဲတမ်းလမ်းဖွင့်ပေးထားတယ်ဆိုတဲ့ဥစ္စာတော့ ကျနော်တို့ပြော ချင်တယ်။ လမ်းဖွင့်ထားတယ်ဆိုတာက မည်သည့်အမျိုးသမီးမှာဆိုလို့ရှိရင် ကျနော်တို့သတ်မှတ်ထားတဲ့ ကျနော်တို့ပြည့်မီတဲ့အရည်ချင်းနဲ့ရှိမယ်ဆိုလို့ရှိရင်တော့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ထဲ့ကို  မည်သူမဆိုဝင်လို့ရတယ်။ အဲ့ဒီဥစ္စာကိုကျနော်ပိုပြီးတော့မှပြောချင်တယ်။ ကျနော်တို့လက်ရှိ အနေထားမှာတော့ ရာခိုင်နှုန်းလည်းကျနော်ပြောရခက်တယ်။ သို့သော် အကြမ်းအားဖြင့်ပြောကြည့်မယ်ဆိုလို့ရှိရင်တော့ အမျိုးသမီးရဲ့ပါဝင်မှုနှုန်း KNDF ရဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် ၂၁ တပ်ရင်း အားလုံးပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်တော့ ၂၀ကျော် ၃၀လောက်ရှိမယ်လို့တော့ကျနော်အကြမ်းအားဖြင့်တော့ ပြောနိုင်တာပေါ့ ဟုတ်။

မေး- ဟုတ်ကဲ့ဆရာ ခဏဆရာပြောသလို ဒီ KNDF မှာဆရာတို့သတ်မှတ်တဲ့ပြည့်မီတဲ့ အရည်ချင်းရှိရင် ဘယ်သူမဆိုပါဝင်လို့ရတယ်ဆိုတော့ ဒီဆရာတို့ပြည့်မီတဲ့အရည်ချင်းဆိုတာ ဘယ်လိုသတ်မှတ်ထားသလဲပေါ ဟုတ်ဆရာ။

ဖြေ- ပြည့်မီတဲ့အရည်ချင်းဆိုတာက ဒါကတပ်ဖြစ်တယ်လေနော။ ဆိုတော့စစ်ပိုင်းဆိုင်ရာဖြစ်တယ်။ ဒီကရင်နီအမျိုးသားကာကွယ်ရေးတပ်ရဲ့ ရဲဘော်တစ်ဦးဖြစ်လာဖို့အတွက်ဆိုတာက မဖြစ်မနေရှိသင့်တဲ့ဥစ္စာ တွေရှိတာပေါ။ ဒါက ဥပမာဘယ်လိုမျိုးလည်း ဆိုလို့ရှိရင်တော့ ကျနော်တို့ကရင်နီအမျိုးသားတပ်ထဲ့ဝင်ပြီဆို လို့ရှိရင်တော့ ခဏသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာပါ့မလာ ပြီးတော့မှကျနော်တို့ရေးဆွဲထား တဲ့မူဝါဒတွေကို အကောင်ထည်ဖော်ဆောင်နိုင်ပါ့မလာဆိုတဲ့ဥစ္စာတွေကို ကျနော်တို့ပိုပြီးတော့မှပြောကြားချင်တာဖြစ်တယ်။ ပြီးတော့မှတပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ အမျိုးသမီးလို့ ပြောလိုက်လို့ရှိရင် သင်တန်းတွေဘာတွေတော့တက်ရမှာပဲ ဒါပေမယ့် သူကအမျိုးသမီးဖြစ်တဲ့တွက်ကြောင့်မလို့ တက်စရာမလိုဘူးဆိုတဲ့ဥစ္စာတွေက သွားလုပ်လို့မရဘူး အဲ့ဒါကိုပိုပြီးတော့ပြောချင်တာပေါ့လေနော်။

မေး- ဟုတ်ကဲ့ဆရာ ပြီးတော့မှဆရာတို့ KNDFမှာပေါနော် ဒီအမျိုးသမီးတွေပါဝင်နေတာရှိတယ် ဆိုတော့သူတို့ကော အဓိကဘယ်အခန်းကဏ္ဍတွေမှာပါဝင်နေကြလဲဆရာ။

ဖြေ- ဒါကတော့သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းအပေါ်မှာ မူတည်တယ်။ သူဘယ်လောက်ထိလုပ်နိုင်မလဲပေါ့လေနော။  သူလုပ်နိုင်ရင်လုပ်နိုင်သည့်အလျောက် သူ့မှာကရာထူးတွေတက်သွားမှာပေါ့။ ဆိုတော့ သူကတကယ်လုပ်နိုင်တယ် ကိုင်နိုင်တယ် လုပ်ရဲ့တယ်ပြီးတော့မှသူ့မှာလည်း အရည်ချင်းရှိတယ် စွမ်းဆောင်ရည် ရှိတယ်ဆိုလို့ရှိရင် သူတပ်ရင်းမှူးဖြစ်ရင်လည်းဖြစ်မှာပဲ၊ ဗိုလ်မှူးကြီးဖြစ်ရင်လည်းဖြစ်မှာပဲ အဲ့ဒါကအဲ့လိုမျိုး တပ်ရင်းမှူးတို့ဗိုလ်မှူးကြီးတို့ အဲ့လိုအဆင့်တွေမှာကအမျိုးသားပဲကြီးစိုးရမယ် အမျိုးသားတွေကိုပဲနေရာပေးရ မယ်ဆိုတဲ့ဥစ္စာက ကျနော်တို့ကရင်နီအမျိုးသားကာကွယ်ရေးတပ်မှာ မရှိဘူး။ ကျနော်တို့ကရင်နီအမျိုးသားကာ ကွယ်ရေးတပ်သည် ကျား/မ တန်းတူရေးကို စံတန်ဖိုးထားတယ်။ ဆိုတော့အမျိုးသမီးလည်းပဲ ခဏပြောလိုမျိုး သူကြိုးစားရင်ကြိုးစားသလောက်သူ့မှာတော့နေရာရမှာပေါ။

မေး- ဟုတ်ကဲ့ဆရာ ပြီးတော့မှဆရာတို့ KNDFမှာတပ်ရင်း ၅ မှာဆိုရင်လည်း ဒီအမျိုးသမီးတပ်ခွဲဆိုတာရှိတာပေါနော ဆိုတော့ ဒီတပ်ရင်းအလိုက်အမျိုးသမီးတွေရဲ့ စုဖွဲမှုအခြေအနေကောဘယ်လိုရှိလဲဆရာ ပြီးတော့မှဒီအင်အားအကောင်းဆုံးကဘယ်တပ်ရင်းလို့ ပြောလို့ရသလဲဆရာ ဟုတ်။

ဖြေ- အင်အားဘယ်တပ်ရင်းကအင်အားကောင်းတယ် ဘယ်တပ်ရင်းကအင်အားလျော့လည်းဆိုတဲ့ဥစ္စာက ဒါကကျနော်ထင်တယ် ဒါကစစ်ပိုင်းဆိုင်ရာလုံခြုံရေးအရတော့ ကျနော်တို့ဒီနေရာမှာပြောပြလို့မရဘူး။ ဒါပေမယ့် အမျိုးသမီးကတပ်ရင်းတိုင်းမှာ ပါဝင်ထားတာရှိတယ်။ တပ်ရင်းတိုင်းမှာ အမျိုးသမီးကပါဝင်ထားတာရှိတယ်။ သို့သော်ခုနပြောသလိုမျိုး တပ်ရင်း ၅ တို့လိုမျိုးက သီးသန့်အမျိုးသမီးတပ်ခွဲကို လုပ်ပေးနိုင်တာက ဒါကကျနော်တို့ကရင်နီအမျိုးသားကာကွယ်ရေးတပ်ထဲမှာ ဒါပထမဆုံးတပ်ရင်းလို့ကျနော်တို့အဲ့လိုမျိုးတော့မြင် တယ်။ အဲ့ဒီဥစ္စာကို ကျနော်တို့တပ်ရင်း ၅ မှာလုပ်သွားတဲ့ဥစ္စာက ကျနော်တို့လည်း အားပေးတယ် ထောက်ခံ တယ်။ ဒါကအထူးသဖြင့် အမျိုးသမီးတွေလုပ်နိုင်ကြောင့် အမျိုးသမီးမှာအစွမ်းစားရှိကြောင့် ပြီးတော့မှ ဒီတော်လှန်ရေးမှာက အမျိုးသမီးရဲ့အခန်းကဏ္ဍက ဘယ်လောက်ထိအရေးပါသလဲဆိုတဲ့ဥစ္စာကို ပိုပြီးတော့မှရှင်းရှင်းလင်းလင်း ချပြသလိုမျိုးဖြစ်သွားတယ်လို့ ကျနော်တော့မြင်တယ်။ အဲ့ဒါကအရမ်းကောင်းတဲ့အရာပါလို့ကျနော်ကပြောချင်တယ်။

မေး- ဟုတ်ကဲ့ဆရာ ပြီးတော့မှ ဒီလက်ရှိတော်လှန်ရေးမှာပေါနော် ဒီအမျိုးသမီးတွေရဲ့ပါဝင်မှု အခန်းကဏ္ဍပေါနော်ဆရာတို့ KNDFအနေနဲ့ ဘယ်လောက်ထိအားပေးမှုရှိသလဲပေါ ပြီးတော့မှ ဒီအမျိုးသမီးရဲ့ပါဝင်မှုကောအားရကျေနပ်မှုရှိလာ ပြီးတော့ ဘာတွေလိုအပ်နေသေးလဲလို့

ဆရာအနေနဲ့မြင်သလဲရှင့်။

ဖြေ- ဆိုတော့အမျိုးသမီးရဲ့ ပါဝင်မှုနှုန်းက ဒီထက်ပိုပြီးတော့မှမြင့်မားဖို့လိုတယ်။ ဘာဖြစ်လို့လည်းဆိုလို့ ရှိရင်အမျိုးသမီးရဲ့လုပ်နိုင်စွမ်းက မြင့်တယ်လို့ကျနော်တို့ကယုံကြည်တယ်ပေါ့လေနော။ ခဏပြောနေတဲ့ ဒီထက်ပိုပြီးတော့မှပါဝင်လာအောင်ကျနော်တို့အနေနဲ့တော့ တိုက်တွန်းတယ်။ နေရာတိုင်းမှာပဲ ကျနော်တို့ဘယ်နေရာရောက်ရောက်ပေါ့လေ ဒီတော်လှန်ရေးမှာ ဒီလက်ရှိကျနော်တို့ဆင်နွဲနေရတဲ့ဒီတော် လှန်ရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုနှုန်းက ဒီထက်ပိုပြီးတော့မှ အားကောင်းလာဖို့အတွက် ကျနော်တို့စည်း ရုံးရေးဆင်းတာတွေရှိတယ်။ ပြီးတော့မှကျနော်တို့အစည်းဝေးလုပ်ပြီးတော့မှ အားပေးထောက်ခံတာရှိတယ် ပေါ့နော။ ဆိုတော့ အမျိုးသမီးတွက်ဒီ KNDF မှာကကျနော်တို့တံခါးဖွင့်ထားတယ်လေနော။ မည်သူမဆိုပေါ့ ကျနော်ခဏပြောသလိုမျိုးသတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ပြည့်မီမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့အချိန်မရွေး ကရင်နီအမျိုးသားကာကွယ်ရေးတပ်မှာ တာဝန်ထမ်းဆောင်လို့ရတာပေါ့ဟုတ်။

မေး- နောက်မေးခွန်းတစ်ခုအနေနဲ့ပေါနောဆရာတို့ KNDF မှာတပ်ရင်းလိုက်အမျိုးသမီးတပ်ဖွဲဝင်တွေ ကိုနေရာပေးမူအပိုင်းအခြေအနေပေါ့နောဆရာ ဟုတ်။

ဖြေ- အဲဒါက အစောပိုင်းက ကျနော်ဖြေသလိုပါပဲ သူတို့လုပ်နိုင်စွမ်း အပေါ်မှာပဲ မူတည်ပါတယ်။ သူတို့ဘယ်လောက်ထိလုပ်နိုင်လဲ သူတို့လုပ်နိုင်တဲ့ အလျှောက် သူတို့နေရာရမှာပဲ နေရာပေးမှုလို့ ပြောလိုက်ရင် ကျနော်တို့ အမျိုးသားနဲ့ အမျိုးသမီး ဆိုပြီးတော့ မှ ကျနော်တို့ ခွဲခြားသတ်မှတ် ထားတာတော့မရှိဘူး သူတို့အမျိုးသမီးနဲ့ အမျိုးသားကတော့ တန်းတူပဲ သူတို့လုပ်နိုင်စွမ်း လုပ်နိုင်တဲ့ အပေါ် မူတည်ပြီးတော့မှ နေရာအလိုက် ရသွားတာပဲပေါ့လေ ဆိုတော့ သူတို့လုပ်နိုင်းစွမ်းအပေါ်ပဲ မူတည်တယ်။

မေး- ပြီးတော့မှဆရာဒီတိုက်ပွဲတွေမှာပေါနော် ဒီအမျိုးသမီးတွေအနေနဲ့ပေါနော် ဒီအမျိုးသားတွေနဲ့ တန်းတူပါဝင်နေပြီလို့ ပြောလို့ရသလား ပါဝင်နေတာကောရှိပြီလာဆရာ ဟုတ်။

 ဖြေ- ပါဝင်တာရှိတယ် ကျနော်တို့ KNDF မှာ အမျိုးသမီးတွေ ရှေ့မှာ စစ်သွားတိုက်တာရှိတယ် ဒါပေမယ့် အမျိုးသားတွေနဲ့ အတူတူတွဲတိုက်နိုင်တဲ့ အဆင့်မှာတော့ မရှိဘူး ဒါပေမယ့် တစ်ဖက်ကနေ ပြန်ကြည့်မယ်ဆိုရင် ဒီကျန်းမာရေးပိုင်းမှာ ကြည့်မယ်ဆိုရင် ဒီရှေ့တန်းအထိ အမျိုးသမီးတွေ လိုက်ပါဝင်ပေးတာတွေတော့ ရှိတယ် အဲလိုမျိုးနေရာမှာတော့ အမျိုးသားတွေထက် ပိုရှေ့ရောက်တဲ့ နေရာမှာလည်း ရှိတာပေါ့လေနော် ဒါကတော့ ကွာခြားမှုပါ သေနတ်ကိုင်ပြီးတော့ ရန်သူနဲ့ နင်လား ငါးလား သွားတိုက်နေတဲ့ အနေအထားမှာတော့ မရှိသေးပေမယ့် ဒီကျန်းမာရေးဖက်မှာ ပြန်ကြည့်လို့ရှိရင် ကုသရေးဖက်မှာ ကြည့်လို့ရှိရင် တခြားသော အမျိုးသားရဲဘော်တွေထက် ရှေ့တန်းမြေပြင်မှာ ရောက်နေတယ် အမျိုးသမီး အများစုလည်း ရှိတာပေါ့ ဟုတ်။

မေး-ဟုတ်ကဲ့ဆရာ ပြီးတော့မှဒီတော်လှန်ရေးမှာပေါနော် ဒီအမျိုးသမီးတွေရဲ့ ပါဝင်မှုကို ဆရာတို့ KNDF အနေနဲ့ ဘယ်လောက်ထိမျော်မှန်းထားသလဲပေါ့ ဟုတ်။

ဖြေ- ကျနော်တို့ အဲဒီအမျိုးသမီးရဲ့ပါဝင်မှုကို ဒီရာခိုင်နှုန်းနဲ့ချပြီးတော့ အဲဒီအနေအထားထိရောက်အောင် လုပ်ရမယ်ဆိုတဲ့ မူဝါဒတွေ စည်မျဉ်းစည်းကမ်းတွေတော့ မရှိဘူး ကျနော်တို့ KNDF မှာ သို့သော် ဒီ အမျိုးသမီးတွေရဲ့ တော်လှန်ရေးမှာတော့ ဒီထက်ပါဝင်လာဖို့ဆိုတဲ့ ဥစ္စာကတော့ ကျနော်တို့က ဟို ထင်မြင်ယူဆတယ် အဲဒီအတွက်ကြောင့်မို့လို့ပဲ  ကျနော်တို့က အမျိုးသမီးတွေကို ဒီကနေ အားပေးချင်တယ် ပြီးတော့မှာလည်း ပါဝင်လာဖို့ ကျနော်တို့ အနေနဲ့လည်း ဖိတ်ခေါ်ချင်တာပေါ့လေနော်။

မေး- ဟုတ်ကဲ့ပြီးတော့မှဆရာတို့ဒီ KNDFမှာအမျိုးသမီးတပ်ဖွဲ့ဝင်တွေက အများသောအားဖြင့် ဘယ်လိုလူပုဂ္ဂိုလ်တွေပါဝင်တာများလဲပေါ လူငယ်ပိုင်းများလာပေါ ဟုတ်။

ဖြေ- ဟုတ် လူငယ်ပါပဲ ကျနော်တို့ KNDF မှာ ပါဝင်ကြတဲ့ အမျိုးသမီးအများစုသည် အမျိုးသမီးဖြစ်တယ် ခဏက ပြောသလိုမျိုး ဒီခေတ်ကာလ ၊ ခေတ်ပညာတတ်လူငယ်အများစုပါဝင်ထားတာ ဖြစ်တယ်။

မေး – အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးပါ

ဖြေ – ဟုတ်ကဲ့ ကျေးဇူးပါ။

မရှိတော့ပါဘူး ဒီလောက်ပါပဲ

စစ်ကောင်စီက သမိုင်းစာမျက်နှာပြန်ကြည့်မယ်ဆိုလို့ရှိရင် လူထုကိုအကျိုးပေးတာ၊ လူထုအကျိုးကို တကယ် စေတနာမှန်မှန်ကန်ကန်နဲ့ သယ်ပိုးပြီးတော့မှ လုပ်ဆောင်ပေးခဲ့တာဆိုလို့ရှိရင်တော့ မရှိခဲ့ဘူးပေါ့။ ဘာပြောချင်လဲဆိုလို့ရှိရင် ဒီစစ်ကောင်စီက ကောက်ကျစ်တဲ့လူတွေဖြစ်တယ်။ ရက်စက်တဲ့လူတွေ ဖြစ်တယ်။ ယုတ်မာတဲ့လူတွေဖြစ်တယ်။ သူတို့က ဘယ်သောအခါမှ လူထုအပေါ်ကောင်းလာမယ့် လူတွေ မဟုတ်ဘူး ဒီ အာဏာရှင်တစ်စုပေါ့လေ။ လက်ရှိလည်း ကျနော်တို့ ကရင်နီပြည်နယ်မှာ ဒီနောက်ပိုင်းမှာဆိုလို့ရှိရင် လက်နက်ကြီးတွေနဲ့ ပြည်သူလူထုတွေ အထူးသဖြင့် စစ်ဘေးရှောင်နေတဲ့နေရာ ဆိုလို့ရှိရင် သူတို့တွေက ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးတွေ လှမ်းထုတာတွေ ပိုပြီးတော့ လုပ်ဆောင်လာတာတွေ တွေ့ရတယ်။ ဒါက ဘာကိုပြသတာလဲ ဆိုလို့ရှိရင် စစ်ကောင်စီက ဒီထက်ပိုပြီး ကျနော်တို့ကို ရက်စက်လိမ့်မယ်။ ရက်လည်း ရက်စက်နေတယ်။ ဒီထက်ပိုပြီးတော့မှလည်း အပြစ်မဲ့တဲ့ ပြည်သူလူထုအပေါ်မှာ ကောက်ကျစ်လိမ့်မယ်ဆိုတဲ့ ဥစ္စာကတော့ ကျနော်တို့ အဲ့လိုမျိုး ယူဆရတယ်။ နိုင်ငံတကာမှာ ချမှတ်ထားတဲ့ ဒီ စစ်ဖက်ဆိုင်ရာမှာဆိုလို့ရှိရင်တော့ အရပ်သား ပစ်မှတ်နဲ့ ရန်သူ့ ပစ်မှတ်ဆိုတာ ခွဲခြားရမယ်ဆိုတဲ့ ဥစ္စာတွေရှိတယ်။ ဒါပေမယ့် သူတို့တွေက ဗြောင်ဗြောင်တင်းတင်း ချိုးဖောက်နေတာပဲပေါ့လေနော။ တစ်ခု။ ကျန်တဲ့ တစ်ဖက်အနေနဲ့ ကျနော်တို့ ကြည့်မယ်ဆိုလို့ရှိရင် အပြစ်မဲ့ ပြည်သူလူထုတွေ ဒီလောက်ထိ သေကြေနေတာတောင်မှ နိုင်ငံတကာကလည်း စစ်ကောင်စီကို အရေးယူ ဆောင်ရွက်တာတွေက တော်တော်လေးနှေးနေတယ်လို့ ကျနော်တို့ မြင်တယ်။ ရှုတ်ချတယ်ဆိုတဲ့ အဆင့်ကနေကို မတက်လာပဲနဲ့ သူတို့ကို အရေးယူဖို့ ဆောင်ရွက်ဖို့က ဘယ်အဖွဲ့အစည်းမှ လုပ်ဆောင်နေတာမရှိဘူး။ လက်ရှိအခြေအနေမှာ အဲ့ဒီအပေါ်မှာလည်းပဲ စစ်ကောင်စီက ဘာကို ထပ်ပြီးတော့ ပြချင်လဲဆိုလို့ရှိရင်တော့ ငါတို့လုပ်နိုင်တယ် ငါတို့ လုပ်ရဲတယ် ဘယ်သူငါတို့ကို တရားစွဲမလဲဆိုတဲ့ ဥစ္စာနိုင်ငံတကာကို စိန်ခေါ်တာလား ဆိုတဲ့ဥစ္စာလည်း ကျနော်တော့ အဲ့လိုမျိုးပဲ မြင်မိတာပေါ့

spot_img
spot_img