spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦး နဲ့ ဆက်သွယ်မေးမြန်းခြင်း

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့နယ်နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေကို ဖေဖော်ဝါရီ ၁၅ရက်နေ့ကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးနောက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ရဲ့ နှစ်ဖက်အခြေအနေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦး နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။မိုးဗြဲမြို့တိုက်ပွဲက ဘာကြောင့်စဖြစ်တာလဲ။
ဖြေ။ နံပါတ်တစ်က ကျနော်တို့ဒီတိုက်ပွဲက မှတ်မိသလောက်ပြောရင် ပြီးခဲ့တဲ့နှစ်ရက်လောက်မှာပေါ့နော။ မိုးဗြဲ ၄၂၂တပ်တစ်လျှောက်လုံးမှာ လူဦးရေအင်အားက ၅၀၀ဝန်းကျင်လောက် တစ်ခါတည်းဖြည့်ပြီးတော့ အဲ့ဒီမိုးဗြဲအထွက်ရှိတဲ့ ဖလိုင်တို့ လွယ်ယင်းတောင်ခြေတို့ကို စစ်ကြောင်းထိုးတယ်။ စစ်ကြောင်းထိုးတော့ အဲ့မှာ PDF၊ KNDF၊ KAနဲ့တွေ့တော့ အဲ့မှာ အပြန်အလှန်တိုက်ပွဲတွေဖြစ်ကြတယ်။ အဲ့လောက်ပဲ ဒီနှစ်ရက်အတွင်းမှာ ဒီလို ကျနော်တို့ကြားသိရထားတယ်။

မေး။ ။၁၆ရက်နေ့ကစတိုက်ပွဲဖြစ်တယ်။ ဒီကနေ့အထိ ဘယ်လိုအခြေအနေရှိလဲ။
ဖြေ။ ။ကျနော်မှတ်မိသလောက်ကတော့ နှစ်ရက်ဆက်တိုက်မှာပဲ တိုက်ပွဲတွေ တစ်နေကုန်နီးပါးပြင်းထန်တဲ့ တစ်နေကုန်တိုက်ပွဲပြင်းထန်တယ် ပြီးခဲ့တဲ့ ပထမတစ်ရက်ဆိုရင်။ ဒုတိယတစ်ရက်ဆိုရင်တော့ ဒါလည်းတစ်နေကုန်ပါပဲ။ အကုန်လုံး တိုက်လေယာဉ်နဲ့ကြဲတယ် တင့်ကားနှစ်စီးနဲ့သုံးတယ် ဒီလိုပဲ လမ်းမကြီးမှာ တွေ့ကရာလူတွေပစ်တယ်ပေါ့နော။ ဆိုတော့ ကျနော်ယူဆတာကတော့ ဒါတပ်က စစ်ကောင်စီက အထိခိုက်အကျအဆုံးတွေများတယ် အဲ့ဒီအတွက်ကြောင့်မလို့ တိုက်လေယာဉ်နဲ့သုံးတာ နောက်တစ်ခု တင့်ကားတွေနဲ့သုံးတယ်လို့ ကျနော်တို့က အဲ့လိုယူဆထားတယ်။

မေး။ ။ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ဘယ်လောက်အကျအဆုံးရှိနိုင်လဲ။
ဖြေ။ ။ကျနော်ထင်တယ် ၂၀၊ ၂၅ဝန်းကျင်လောက်ကတော့ ဒါကျတယ်လို့ ကျနော်တို့က အဲ့လိုပြောလို့ရတယ် နှစ်ရက်အတွင်းမှာ ဒဏ်ရာတွေကလည်း ပြင်းထန်ရကြတယ်လို့ ကျနော်တို့က အဲ့လိုသိရတယ်။

မေး။ ။KA၊ KNDF အပါအဝင် ပူးပေါင်းတပ်ဖွဲ့ ထိခိုက်၊ ကျဆုံးမှုအခြေအနေ ဘယ်လိုရှိလဲ။
ဖြေ။ ။ကျနော်သိသလောက်ကတော့ အကျဆုံးများတယ်ပြောတာထက်စာရင်တော့ ထိခိုက်ဒဏ်ရာရများတယ်ပေါ့နော။ ဒါပေမယ့် တချို့သူတွေက ဒီလိုပေါ့ ကျနော်ထင်တာကတော့ တချို့သူတွေက ရဲဘော်တစ်ယောက်နှစ်ယောက်ကျတာနဲ့ လိုင်းပေါ်မှာ တန်းပြောတဲ့ကိစ္စတွေလည်းအများကြီးရှိတယ်ပေါ့လေ။

မေး။ ။ဒီတိုက်ပွဲက ဘယ်လောက်ထိဆက်ကြာနိုင်လဲ။
ဖြေ။ ။ဒီရက်ဆိုရင် ၄ရက်မြောက်ဖြစ်သွားပြီပေါ့နော ကျနော်သိသလောက်ဆိုရင်။ ဒီရက်လည်း အခုလည်း လက်နက်ကြီး ငယ်တွေနဲ့စပစ်ပြီ။ ကျနော်ထင်တယ် တပ်က စစ်ကောင်စီတွေကတော့ ဒီတစ်ကြောလုံးကို နယ်မြေရှင်းလင်းဖို့လုပ်တယ်ဆိုရင်တော့ ဒါ တိုက်ပွဲအကြာကြီးဖြစ်နိုင်ပါတယ်။ ဒါကတော့ မပြောတတ်ဘူး စစ်ကောင်စီအပေါ်မှာပဲမူတည်တယ်။ သူတို့တိုးလာသမျှကတော့ ကိုယ့်ဖက်ကတော့ တိုက်ခိုက်ဖို့ ပိုပြီးအဆင်သင့်ရှိတယ်ပေါ့လေ။

မေး။ ။စစ်ကောင်စီဖက်က အင်အားတိုးချဲ့နေတာရှိတယ်လို့ကြားတယ်။ ဒီအပေါ်မှာ ဘာသိထားတာရှိလဲ။
ဖြေ။ ။မနေ့ညဆိုရင် စစ်ကား နောက်ထပ် အစီး၂၀လောက် ဖယ်ခုံမှာ ရယ်ဒီနေထားတဲ့ဟာမျိုးတွေရှိတယ်။ လူဦးရေတော်တော်များများကတော့ တပ်က မိုးဗြဲကိုထပ်ဖြည့်မယ့်အနေအထားမျိုးရှိတယ်။ ခန့်မှန်းရသလောက်ကတော့ လူဦးရေ ၅၀၀ ၆၀၀လောက်ကတော့ မိုးဗြဲကိုထိန်းမယ့်သဘောမှာရှိတယ်။ တပ်က ရှိသမျှ အင်အားကို အဲ့မှာပဲ သုံးလိုက်တဲ့သဘောမျိုးလို့ ကျနော်တို့ကအဲ့လိုယူဆတယ်။

မေး။ ။လက်နက်ခဲယမ်းအင်အားမမျှတာကြောင့် ထိခိုက်မှုများတယ်လို့ မြေပြင်ကတပ်ဖွဲ့ဝင်တွေက ပြောဆိုကြတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ လှူဒါန်းပေးဖို့ ဘယ်လိုဖိတ်ခေါ်ချင်လဲ။

ဖြေ။ ။ကျနော်တို့တိုက်ပွဲမှာ နောက်ဆုတ်လိုက်ရတဲ့ဟာက လက်နက်မညီမျှမှု ပြဿာနာပဲလေနော။ ဥပမာ- စစ်ကောင်စီက လက်နက်ကြီးတွေ ၁၀လုံးလောက်သုံးတဲ့အချိန်မှာ ကျနော်တို့ နှစ်လုံးလောက်တောင် ပြန်မသုံးနိုင်တဲ့အခြေအနေမျိုးတွေရှိတယ်။ လက်နက်ကြီးဖြည့်တင်းဖို့က အဖွဲ့တိုင်းမှာလိုအပ်တယ်ဆိုတာကတော့ ဘယ်သူမှငြင်းလို့မရဘူးပေါ့နော။ လှူဒါန်းတဲ့ဟာဖိတ်ခေါ်ရတာလည်း ကျနော်ထင်တယ် အမှန်တကယ်လိုအပ်ကြလို့ပဲ ဖိတ်ခေါ်လိုက်ကြတာပေါ့လေ။ ကျနော်တို့နားလည်းထားတာက ဘယ်အဖွဲ့ကိုမဆိုပေါ့လေ။ အမှန်တကယ် လိုအပ်လို့ အလှူခံငွေတောင်းကြတဲ့သဘောမျိုးလို့ ကျနော်တို့သိထားတယ်။ ဘာလို့ဆို စစ်မြေပြင်မှာ အသိဆုံးပဲပေါ့လေ။ စစ်မြေပြင်မှာ တကယ်ပဲ ဘယ်လိုခံရတယ်ဆိုတာက တိုက်ပွဲဝင် ရဲဘော်ရဲဖက်တွေက အသိဆုံးဖြစ်တယ်ဆိုတာကတော့ ကျနော်ပြောပြချင်တယ်။

မေး။ ။တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့တပ်ဖွဲ့ဝင်တစ်ဦးချင်းစီကို ဘယ်လိုတိုက်တွန်းခွန်အားပေးချင်လဲ။
ဖြေ။ ။ကျနော်ထင်တာကတော့ စိတ်ဓတ်မကျဖို့လည်းလိုတယ် နောက် ကျနော်တို့အမှန်တကယ်ပဲ ဆက်တိုက်ဖို့လိုတယ် ဆက်တောင့်ခံဖို့လိုတယ်။ နယ်စပ်အရ စစ်ရေးဗျူဟာအရ အရေးကြီးတယ်ပေါ့လေ။ ဒါကိုကျနော်က အထူးတလည်တွန်းအားပေးချင်တယ်။ ကျနော်တို့ပေးဆပ်ရတဲ့ဟာလည်း တော်တော်လေးများနေခဲ့ပြီပေါ့လေ။ ဘားမှပြန်ရယူလို့မရတော့တဲ့ဟာမျိုးတွေလည်း အများကြီးရှိတယ်။ ကျနော်တို့ရဲ့မူလရည်မှန်းချက်တွေကို ကျနော်တို့ပစ်ပယ်လိုက်လို့မရဘူးပေါ့နော။ စစ်ခွေး စစ်ကောင်စီဆိုတာမျိုးက ယုတ်မာနိုင်တဲ့နည်းလမ်းမှန်သမျှ အကုန်လုံးသုံးပြီးတော့ ယုတ်မာကြမှာဖြစ်တယ်။ အဲ့ဒီအတွက် အထူးသဖြင့် သတိပိုထားဖို့လိုတယ်ပေါ့နော။

spot_img
spot_img