spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

KNDF ၂နှစ်ပြည့်မှာ ကဏ္ဍအသီးသီးမှ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တွေရဲ့ စကားသံများ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်ဖို့ ဖွဲ့စည်းခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့စည်းတည်ထောင်တာ ၂၀၂၃ခုနှစ် မေလ (၃၁)ရက်နေ့မှာတော့ ၂နှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ ၂နှစ်အတွင်း KNDF အနေနဲ့ တိုက်ပွဲပေါင်း ၁၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီး KNDF တပ်ဖွဲ့ဝင်ပေါင်း (၁၅၃)ဦးသေဆုံးခဲ့ရပါတယ်။ KNDF မှာ ကဏ္ဍာအသီးသီးကနေ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တပ်ဖွဲ့ဝင်တချို့မှ တော်လှန်ရေးကာလ ၂နှစ်ပြည့်တဲ့အပေါ်မှာ ဘာပြောဆိုကြပါသလဲ။ တော်လှန်ရေးနဲ့ပတ်သက်ပြီး ဘာတွေမျှော်လင့်ထားကြသလဲ။

မိထော် (ထောက်ပို့အပိုင်း တာဝန်ထမ်းဆောင်သူ)

မိထော် (ထောက်ပို့အပိုင်း တာဝန်ထမ်းဆောင်သူ)
“ညီမတို့ ဒီဘားမှ မရှိတဲ့အခြေနေကနေပြီးတော့ ဒီအခြေနေထိရောက်အောင် လူတွေအများကြီး ကြိုးစားခဲ့ရတယ်။ ခုချိန်မှာလည်း စစ်ကောင်စီကို ညီမတို့ တွန်းလှန်နေဆဲဖြစ်တယ်ပေါ့နော်။ ဒီအခြေနေ ဒီ(၂)နှစ်အတွင်းပေါ့နော်။ ညီမတို့လုပ်တဲ့အလုပ်အပေါ် ကျေနပ်အားရမှုအများကြီးရှိခဲ့တယ်။ပြီးတော့ဒီတော်လှန်ရေးအပေါ်မှာ ညီမတို့‌ပြည်နယ်တစ်ခုပေါ့နော် ညီမတို့ပြည်နယ် ဒီအမျိုးသားတန်တူရေး ကိုယ်ပိုင်ပြဌာန်းနိုင်ခွင့်နဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်သည်အထိ ‌ညီမတို့တော်လှန်ပြီးတိုက်ပွဲဝင်သွားဖို့ မျှော်လင့်ထားပါတယ်။”

ရိုးမ (တပ်ထိန်းအဖြစ် တာဝန်ထမ်းဆောင်သူ)

ရိုးမ (တပ်ထိန်းအဖြစ် တာဝန်ထမ်းဆောင်သူ)
“ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(၂)နှစ်ပြည့်မှာ (၂)နှစ်တောင်ပြည့်ခဲ့ပြီပေါ့နော်။ ခုလက်ရှိစစ်ရေးအတိုင်းအတာနဲ့ဆို အားတော့အားမရဘူးပေါ့။ ဒါပေမဲ့ တပ်ရင်းတပ်ဖွဲ့မှာလည်း ပြည့်စုံတဲ့အနေအထားတွေရှိလာပြီဆိုတော့ အားရတစ်ပိုင်း မအားရတစ်ပိုင်းပေါ့။ မျှော်လင့်ထားတာတော့အများကြီးပေါ့။ မြန်မြန်လည်း အပြီးသတ်ချင်တယ်။ လိုချင်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီကိုလဲ အမြန်ဆုံးလိုချင်ပြီပေါ့နော်။ မျှော်လင့်ထားတာတော့ မဝေးတဲ့နေ့ရက်မှာ ဒီစစ်ကောင်စီကို အမြန်ဆုံးအမြစ်ပြတ်တိုက်ပြီးတော့မှ ဒီတော်လှန်ရေးကို အပြီးသတ်ချင်တယ်ပေါ့။”

ဂျူးအောင် (ဆေးပိုင်း တာဝန်ထမ်းဆောင်သူ)

ဂျူးအောင် (ဆေးပိုင်း တာဝန်ထမ်းဆောင်သူ)
“တော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ အမြန်ဆုံးတော့ အိမ်ပြန်ရဖို့ပဲမျှော်လင့်တယ်။ကျွန်တော်လည်း ဒီရောက်တာလဲ (၂)နှစ်ပြည့်ခဲ့ပြီပေါ့နော်။ တော်လှန်ရေးလုပ်တာလည်း (၂)နှစ်ပြည့်ပြီ အိမ်ကိုလည်း လွမ်းတယ်။ အိမ်ကိုလည်း အမြန်ဆုံးပြန်ချင်တယ်။ မိဘတွေနဲ့လည်း အတူပြန်နေချင်တယ်ပေါ့နော်။ တော်လှန်ရေး(၂)နှစ်ပြည့်တဲ့အပေါ်မှာက ဦးဆုံးပြောချင်တာက ရဲဘော်တွေအားလုံးကိုလည်း လေးစားတယ်ပေါ့။ ဒီနေ့ဒီချိန်ထိ တောင့်ခံပေးကြတဲ့ ပြည်သူတွေကော ရဲဘော်တွေကိုကော အားလုံးကျေးဇူးလည်းတင်တယ်။ လေးလည်းလေးစားတယ်ပေါ့နော်။ ကျေးဇူးပြုပြီး ဒီစစ်အာဏာရှင် မပြုတ်ကျမချင်း ဆက်လက်ပါဝင် တော်လှန်ရေးမှာ တိုက်ပွဲမှာပါဝင်ပေးဖို့ ကျွန်တော် တောင်းဆိုချင်တယ်ပေါ့နော်။”

တိုင်စာ(မိုင်းငှာနမှာ တာဝန်ထမ်းဆောင်သူ)

တိုင်စာ(မိုင်းငှာနမှာ တာဝန်ထမ်းဆောင်သူ)
“ခုလို KNDFတည်ထောင်ခဲ့တာ (၂)နှစ်ပြည့်မှာ ကျွန်တော်ဝမ်းလဲသာပါတယ်။ ဂုဏ်လဲယူပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်ကိုလဲ ကျွန်တော် အမြဲတမ်းသတိရ ဂုဏ်ယူနေပါတယ်လို့။ တော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော် ဒီ တော်လှန်ရေးကြီး ပြီးဆုံးသွားချင်တယ်။ ကျွန်တော်တို့အမြဲလိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုက‌ရေစီကိုလဲ အမြန်ဆုံးရချင်တယ်။”

spot_img
spot_img

Recent posts