spot_imgspot_imgspot_imgspot_img
Monday, May 19, 2025
spot_imgspot_imgspot_imgspot_img

KNPP ကပြုလုပ်တဲ့ ပါတီကေဒါသင်တန်း အပတ်စဉ်(၈) ကို သင်တန်းသား ၂၁ ဦး တက်ရောက်ပြီးစီး

Author

Date

Category

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ပါတီဗဟိုဌာနချုပ်နှင့် ပါတီဗဟိုစည်းရုံးရေးကော်မတီ ကနေ ကြီးမှူးတဲ့ ပါတီကေဒါသင်တန်း အပတ်စဉ်(၈) တက်ရောက်ပြီးစီးတဲ့ သင်တန်းသား ၂၁ ကို လက်မှတ်ပေးအပ်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့မှာ နယ်စပ်တစ်နေရာမှာ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။

” ကရင်နီအမျိုးသားတိုးတက်ရေးပါတီက အခြေခံမူအရ ပါတီက ကျစ်လစ်ခိုင်မာရမယ်ဆိုတာရှိတယ်။ ကျစ်လစ်ခိုင်မာဖို့အတွက်က ကေဒါသင်တန်းကလည်း တစ်စိတ်တစ်ပိုင်းပါ၀င်တယ်။ ကေဒါသင်တန်းကိုတက်တဲ့ ပါတီ၀င်တွေ အရပ်သားတွေက ပါတီရဲ့အကြောင်း ပိုပြီးနားလည်လာမယ်။ ပိုပြီးလေ့လာချင်တဲ့ ကရင်နီ သမိုင်းဘာသာရပ်ကို အဓိက သင်ပေးတယ်။”လို့ ပါတီဗဟိုကော်မတီ စည်းရုံးရေးကော်မတီ ဥက္ကဌ ရဲဘော်ခဲလေ က ပြောပါတယ်။

ပါတီရဲ့ နိုင်ငံရေးရာများ ပိုမိုတွင်ကျယ်လာစေဖို့၊ အနာဂတ်ပါတီ ခေါင်းဆောင် မျိုးဆက်သစ်များ ပေါ်ထွက်လာစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကာလ တစ်လ ကြာမြှင့်ခဲ့ပြီး သင်တန်းဆရာ ၉ ဦးနဲ့ ဘာသာရပ် ၈ ခုကို ထည့်သွင်း သင်ကြားပေးခဲ့ပါတယ်။

” ဒီသင်တန်းကိုတက်ပြီးသွားတော့ ကရင်နီရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းတွေသိရှိသွားတယ်။ သဘောတရားတွေကောပေါ့။” လို့ ပါတီကေသင်တန်းတက်ရောက်ပြီးစီးသွားတဲ့ မူကပေါ်စေးက ပြောပါတယ်။

ဘာသာရပ် ၈ ခုကတော့ အမျိုးသားခုခံတော်လှန်ရေးကာလ ခေါင်းဆောင်များနှင့် လှုပ်ရှားမှုများ ၊ ကရင်နီအမျိူးသားသမိုင်း၊ပါတီသဘောတရားနှင့် ခုခံတော်လှန်ရေးသဘောတရား၊ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ Gander အကြောင်းအရာ ၊ နိုင်ငံရေးသိပွံ ၊ Cyber Security ၊ လက်နက်မဲ့စစ်ရေးပြ စတဲ့ဘာသာရပ်တွေ ဖြစ်ပါတယ်။

ပါတီကေဒါသင်တန်းကို ၁၉၈၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အပတ်စဉ် ၈ အထိ ဖွင့်လှစ်ပြီးစီးကာ သင်တန်းသား ဦးရေ ၅၀၀ ၀န်းကျင်ကို မွေးထုတ်နိုင်ခဲ့တယ်လို့ ပါတီဗဟိုကော်မတီ စည်းရုံးရေးကော်မတီ တာ၀န်ခံ ရဲဘော်ခဲလေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပါတီကေဒါသင်တန်းကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ပါတီဝင် အဖြစ်ခံယူထားသူတွေသာ တက်ရောက်နိုင်တယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts