Tuesday, January 18, 2022

KNPP ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီ- ထိုင်းနယ်စပ်ဒေသမှာရှိတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ထိန်းချုပ်နယ်မြေအတွင်း (၁၈)နှစ်အထက် ကိုဗစ်ကာကွယ်ဆေးထိုးနှံခွင့်ရှိသူ ၈ထောင်ရှိတဲ့အနက် လူဦးရေ ၂၅၀ ကို တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို ဒီကနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ စတင်ထိုးနှံပေးနေပြီလို့ ကရင်နီကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ခွန်းဖိလစ်က ပြောပါတယ်။

“ကျောင်းဆရာ ဆရာမတွေ စခန်းကော်မတီတွေ ဆေးဝန်ထမ်းတွေပေါ့နော။ ပြီးတော့ အရောင်းအဝယ်လုပ်တဲ့ အသွားအလာများတဲ့သူကို ကျနော်တို့ ထိုးပေးမယ် အသက်ကတော့ ၁၈နှစ်အထက်ပေါ့။ ကျနော်တို့ အားလုံးတော့ ထိုးပေးဖို့အစီအစဉ်တော့ဆွဲထားပြီးဖြစ်တယ်။ ပြင်လည်းပြင်ဆင်နေပြီဖြစ်တယ်။ ဆေးကို ဖြည်းဖြည်းချင်းပဲ ကျနော်တို့ဝယ်ရမှာဖြစ်တဲ့အတွက်ကြောင့် ဖြည်းဖြည်းချင်း အားလုံးကိုတော့လုပ်ပေးမယ်။ ဒါပေမယ့် ဦးစားပေးအနေနဲ့ ၂၅၀ ကို အရင်ဆုံးစထိုးတာ ဖြစ်တယ်။” လို့ ကရင်နီကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ခွန်းဖိလစ်က ပြောပါတယ်။

ဆိုင်နိုဖန်း(Sinopharm) အမည်ရ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးတာဖြစ်ပြီး ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ စစ်ရှောင်စခန်းကော်မတီမှ အုပ်ချုပ်သူတွေ၊ ခရီးသွားလာရသူတွေကို ကနဦး စတင်ထိုးနှံပေးနေတာဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့မှာ လူဦးရေ ၁၃၀ ကို ထိုးနှံပြီးဖြစ်ကြောင်းနဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ လူဦးရေ ၁၂၀ ကို ထပ်မံထိုးနှံပေးသွားမယ်လို့ သူက ပြောပါတယ်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို ကရင်နီကျန်းမာရေးဌာနမှ ဦးဆောင်ပြီး
တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ Covid-19 Task Force (CTF) နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

လတ်တလော ရရှိတဲ့ ကိုဗစ်ကာကွယ်ဆေးကို ကနဦးအနေနဲ့ ဦးစားပေးအဆင့်ရှိသူတွေကို စတင်ထိုးနှံပေးခဲ့တာဖြစ်ပြီး KNPP ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ (၁၈)နှစ်အထက် လူဦးရေ ၈ထောင်ကို ထပ်မံထိုးနှံပေးသွားမှာဖြစ်သလို ကာကွယ်ဆေးရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ခွန်းဖိလစ်က ပြောပါတယ်။

“ဆေးရရှိတဲ့အပေါ်မူတည်ပြီး အသုတ်လိုက် ကျနော်တို့ခွဲပြီးတော့ အားလုံးကိုတတ်နိုင်အောင် ကိုဗစ်ကာကွယ်ဆေးရအောင် ဆက်ပြီးကြိုးစားနေမယ်။ အခုလက်ရှိက ရှိတဲ့ဆေးပေါ် မူတည်ပြီးတော့ ဦးစားပေးတွေကို ခွဲပြီးတော့ ကျနော်တို့ထိုးပေးနေတယ်။ ဒါပေမယ့် ကရင်နီလူထုအားလုံးကိုလည်း ဒီဆေးအားလုံး ရရှိအောင် ဆက်ပြီးတော့ အလှူရှင်နဲ့ကော နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ကော ကျနော်တို့ရဲ့ မဟာမိတ်ဖြစ်တဲ့ CTF အဖွဲ့အစည်းနဲ့ကော ကျနော်တို့ပူးပေါင်းပြီး ဆက်လက်ကြိုးစားဆောင်ရွက်သွားမယ်လို့ လူထုကိုတော့ အသိပေးချင်ပါတယ်။”လို့ ခွန်းဖိလစ်က ပြောပါတယ်။

ယခု ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးပြီးသူများမှာ ၄ပတ်ကြာလျှင် ဒုတိယအကြိမ် ထပ်မံထိုးနှံရမှာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး ရရှိပေါ်မူတည်ပြီး ဆက်လက်ထိုးနှံပေးသွားမယ်လို့ သိရပါတယ်။

More from the blog

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းနဲ့ လူနာများကို တောင်ကြီးကိုရွေ့ပြောင်း

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကုတင်(၅၀၀)ဆန့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းနဲ့ လူနာတွေ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ တောင်ကြီးမြို့ကို ရွေ့ပြောင်းသွားတယ်လို့ လွိုင်ကော်မြို့ဒေသခံဆီကနေ သိရပါတယ်။ “တောင်ကြီးကို ပြောင်းချင်တဲ့သူက...

လွိုင်ကော်တိုက်ပွဲအတွင်း ပြည်သူတစ်ဦး လက်နက်ကြီးထိမှန်

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အတွင်းမှ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဒေါတမရပ်ကွက်နေ ဒေသခံပြည်သူတစ်ဦး လက်နက်ကြီးထိမှန်ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “ တစ်ယောက်ထိထားတယ်။ ဝင်ခေါ်လို့လည်း မဖြစ်နိုင်သေးဘူး။ ဆေးရုံပို့ဖို့လည်း...

ကရင်နီပြည်နယ်မှာ စစ်ရှောင်ပြည်သူတွေအတွက် လုံခြုံတဲ့ စစ်မဲ့ဇုံ သတ်မှတ်ဖို့လိုအပ်နေ

ကန္တာရဝတီတိုင်း(မ်) စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ လက်နက်ကြီးတွေ ထိုးစစ်ဆင်ခံနေရတဲ့ ကရင်နီပြည်သူလူထုတွေရဲ့ ဘဝ လုံခြုံတဲ့ စစ်မဲ့ဇုံ Safe Zone သတ်မှတ်ဖို့ အရေးတကြီးလိုအပ်နေပြီဖြစ် တယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC) ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်ဆန်းမြင့် က...

ကရင်နီပြည်နယ်ရဲဌာန(KSP)နှင့် တွေ့ဆုံမေးမြန်းခြင်း

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်ရဲဌာန (KSP) ဟာ CDM လုပ်တဲ့ ရဲတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) လက်အောက်က ဌာနတစ်ခုလည်းဖြစ်ပါတယ်။ KSP ကနေပြီးတော့ ကရင်နီပြည်အတွင်း ဖမ်းဆီးရမိထားတဲ့...