spot_img
Tuesday, September 27, 2022
spot_img

KNPP ၆၅ နှစ်ပြည့်ပြီ

spot_imgspot_imgspot_imgspot_img

၁၉၅၇ ခုနှစ်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဟာ ၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့မှာ ၆၅ နှစ်ပြည့်တဲ့ နေ့ ဖြစ်ပါတယ်။

ဘာကြောင့် KNPP ကို ဖွဲ့စည်းတည်ထောင်ဖို့ လိုအပ်ခဲ့တာလဲ။ ၆၅ နှစ်အထိ ရပ်လာခဲ့တဲ့ KNPP အနေနဲ့ ဘာတွေကို ဘယ်လောက်ထိ အောင်မြင်အောင် ဆောင်ရွက်ခဲ့ပါသလဲ။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ KNPP အနေနဲ့ ဘယ်လိုဆက်လက်ရပ်တည်နေပါသလဲ စတာတွေနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ အမြဲတမ်း ပါတီ ဗဟိုကော်မတီဝင် ရီမာန်ထူး နဲ့ ကန္တာရဝတီတိုင်း(မ်) ရဲ့ တွေ့ဆုံမေးမြန်းမှုကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

စစ်ရှောင်စာသင်ခန်းထဲက စိတ်ပိုင်းဆိုင်ရာကို ကုသပေးနေတဲ့ အနုပညာ စာသင်ချိန်

https://youtu.be/8UV8YZjyV6o ကန္တာရဝတီတိုင်း(မ်) ကရင်နီစစ်ရှောင်ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် စာကို အာရုံစိုက်နိုင်မှု အားနည်းလာတယ်လို့ စာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေက ဆိုကြပါတယ်။ ယခုနောက်ပိုင်းမှာတော့ စစ်ဘေးရှောင်စာသင်ခန်းတွေမှာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို တစ်နိုင်တစ်ပိုင် ကုသပေးနိုင်မယ်လို့ ယုံကြည်ရတဲ့ အနုပညာစာသင်ချိန်တွေကို ရရာ သင်ထောက်ကူတွေ ဆွဲကိုင်ပြီး ဆရာ၊ ဆရာမတွေက သင်ကြားပေးနေကြပါတယ်။ ဖရူဆိုမြို့နယ်အတွင်းက...

“ဆီးသူတော်”စစ်ရှောင်စခန်းမှာ ကယားရိုးရာ အဲဒိုပေါ်မီ(ခေါ်) ဒီးကူပွဲ ပြုလုပ်

ကန္တာရဝတီတိုင်း( မ် ) ဒီးမော့ဆိုအနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာဖြစ်တဲ့ ဆီးသူတော် စစ်ရှောင်စခန်းမှာ ကယားရိုးရာ အဲဒိုပေါ်မီ(ခေါ်) ဒီးကူပွဲ ကို စက်တင်ဘာလ ၁၈ရက်နေ့က စုပေါင်းပြုလုပ်ခဲ့ပါတယ်။ "ကျွန်တော်တို့ ကယားရိုးရာဓလေ့ဖြစ်တဲ့ ဒီးကူပွဲဟာ ခါတိုင်း ခေတ်ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကျနော်တို့အားလုံး သစ္စာရှိရှိနဲ့ ကျင်းပပြီးတော့ ဝေမျှတတ်ပါတယ်။ ဒီနေ့လည်း အခက်အခဲတွေကြားထဲက...

စစ်ရှောင်စခန်းတစ်နေရာမှာ စိုက်ပျိုးရေးသင်တန်း လက်တွေ့ပို့ချပေး

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်း စစ်ရှောင်စခန်း တစ်နေရာမှာ စိုက်ပျိုးရေးနည်း လက်တွေ့ပို့ချတဲ့သင်တန်းကို ဒီကနေ့ စက်တင်ဘာလ ၁၈ရက်နေ့မှာ လူမှုအသင်းအဖွဲ့တစ်ခုကနေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ နည်းစနစ်မှန်နဲ့ စစ်ဘေးရှောင် တွေကို စနစ်တကျ သင်တန်ပေးပြီး ဟင်းသီးဟင်းရွက်ပေါင်း ၁၅ မျိုးကို လက်တွေ့ သင်ကြားပို့ချပေးခဲ့တယ်လို့ သင်တန်းပေးတဲ့ ဆရာမတစ်ဦးက...

ဖတ်စာအုပ် မလုံလောက်မှုကြောင့် ကျောင်းကို ယာယီပိတ်ထား၊ လာမယ့်အောက်တိုဘာလမှာ ပြန်လည် ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်

ကေးဒူ (ကန္တာရဝတီတိုင်း (မ်)) ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းက စစ်ရှောင် စာသင်ကျောင်းတစ်ကျောင်းမှာ ကျောင်းသုံးစာရေးကိရိယာတွေ၊ ဖတ်စာအုပ်တွေ လုံလုံလောက်လောက် မရှိသေးတဲ့အတွက် ကျောင်းကို ယာယီပိတ်ထားရပြီး လာမယ့်အောက်တိုဘာလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဖတ်စာအုပ်တွေ မလုံလောက်မှုတွေကြောင့် စာသင်တဲ့အချိန်တွေမှာ အခက်အခဲရှိပြီး အချိန်ပိုကုန်တယ်လို့ အဲဒီကျောင်းမှာ ပညာသင်ပေးနေတဲ့ volunteer ဆရာမတစ်ဦးဖြစ်တဲ့...