spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

KNPP တပ်ဖွဲ့ဝင်နှင့် အရပ်သား သေဆုံးမှု ဒကစ(လွိုင်ကော်)တွင် ခုံရုံးဖွဲ့ စတင်စစ်ဆေးမည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကေအဲန်ပီပီတပ်ဖွဲ့ဝင် ၃ ဦးနှင့် ရွာသား ၁ ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး မနက်ဖြန် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဒကစ-ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၌ ခုံရုံးဖွဲ့ပြီး ကနဦး စတင်စစ်ဆေးကြားနာမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

“အခုက ဒီလိုရှိတယ်၊ ဒီမနက်ဖြန် ကျွန်တော်တို့ကို ခေါ်ထားတယ်၊ ဒ.က.စ( ဒေသကွပ်ကဲရေး စစ်ဌာနချုပ်)က သူတို့ ခုံရုံးဖွဲ့မယ်ပြောတာပဲ နောက်သူတို့ခုံရုံးဖွဲ့ပြီးတော့ စစ်ဆေးကြားနာမှုလုပ်မယ်ထင်တယ်။ အဲ့ဒါ ဟိုး နေပြည်တော်က အရာရှိကြီးတွေလည်းပါမယ် ကျွန်တော်တို့က သွားရောက်ထွက်ဆိုပေးဖို့လိုတယ် အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ သွားရောက်ထွက်ဆိုရမယ်ပေါ့” ဟု ကေအဲန်ပီပီဆက်ဆံရေးရုံး(လွိုင်ကော်)တာဝန်ခံ ခူးညေးရယ်က ဒီဇင်ဘာလ ၂ရ ရက်နေ့ ညနေပိုင်းက ကန္တာရဝတီတိုင်း(မ်)သို့ ပြောဆိုသည်။

၎င်းခုံရုံးတွင် လာရောက်ထွက်ဆိုရမည့်ထဲတွင် လွှတ်မြောက်လာသည့် တပ်သားမပါဝင်သေးဘဲ ကေအန်ပီပီမှ အခင်းဖြစ်ပွားစဉ် အနီးကပ်ရှိနေသော ကေအဲန်ပီပီဦး ခေါင်းဆောင်ပိုင်း တာဝန်ရှိများက ကနဦး သွားရောက်ထွက်ဆိုရမည်ဖြစ်ကြောင်း သိရသည်။

ဆက်ဆံရေးရုံးတာဝန်ခံ ဦးညေးရယ်မှာ ၎င်းခုံရုံးဖွဲ့ရာတွင် နေပြည်တော်မှ တာဝန်ရှိသူများက လာရောက်စစ်ဆေးဖြစ်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကေအဲန်ပီပီဘက်မှ နိုင်ငံရေးလမ်းကြောင်းဖြင့်  သွားရန်သာ  အစီအစဉ်ရှိကြောင်း အပြုသဘောဆောင်သော လမ်းကြောင်းမှတဆင့် ချဉ်ကပ်လုပ်ဆောင်သွားမည်ဟု ကေအဲန်ပီပီဆက်ဆံရေးရုံး တာဝန်ခံ ဦးညေးရယ်က ပြောသည်။

“ကျွန်တော်တို့ကတော့ ဒီလမ်းကြောင်းပဲသွားမှာပဲလေး၊ ပြဿနာပြန်လုပ်ဖို့တော့ ကျွန်တော်တို့မှာ မရှိပါဘူး။ ကျွန်တော်တို့ ဒီလမ်းကြောင်းပဲ သွားရမယ်ပေါ့” ဟု ၎င်းပြောသည်။

ဖြစ်စဉ်အခြေအနေမှန် ပေါ်ပေါက်စေရေးအတွက် ပြည်ထောင်စုအစိုးရမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကယားပြည်နယ်ဝန်ကြီးချုပ်က ဒီကနေ့ ဒီဇင်ဘာလ ၂ရ ရက်နေ့က ပြောကြားထားသည်။

ပြည်နယ်အစိုးရမှ ရရှိထားသော သတင်းအချက်အလက်များကို ပြည်ထောင်စုအဆင့်တာဝန်ရှိသူများထံသို့ ပေးပို့ထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ် ပြောသည်။

“NRPC က ဒီရရှိတဲ့ သတင်းအချက်အလက်တွေကို ခုံရုံးဖွဲ့စိစစ်ပြီးတော့မှ စိစစ်အရေးယူဆောင်ရွက်နိုင်ဖို့အတွက် သူတို့လုပ်နေတယ်။ ရလာတဲ့ ရလဒ်ပေါ်မူတည်ပြီးတော့မှ မှားရင်မှားတဲ့ဘက်ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားဖို့ရှိပါတယ်။ ဒါကလက်ရှိ ပြည်နယ်အစိုးရကော ပြည်ထောင်စုအစိုးရကော ဆောင်ရွက်ထားပေးတဲ့အနေအထားကို ပြောတာပါ။”ဟု ဝန်ကြီးချုပ်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားထားသည်။

ပြည်နယ်အစိုးရမှ တာဝန်ရှိသူမျာထံသို့ အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ တင်ပြထားပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ရန်သာ ရှိနိုင်ကြောင်း ဝန်ကြီးက ဆိုထားသည်။

spot_img
spot_img

Recent posts