spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

KNPP မှ ပညာရေးကိစ္စရပ်များ လုပ်ဆောင်နိုင်ရန် အစိုးရထံတင်ပြထားဆဲ

Author

Date

Category

မူအက်စတာ

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အနေဖြင့် ပြည်နယ်အတွင်း ပညာရေးကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ပြည်နယ်အစိုးရထံ တင်ပြထားဆဲနေအထားမှာ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

တရားဝင်ငြိမ်းချမ်းရေးလက်မှတ် မထိုးရသေးပေမယ့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုထားသည့် အဖွဲ့အစည်းဖြစ်သည့် ကေအဲန်ပီပီသည် ပြည်နယ်အတွင်းရှိ ပညာရေးအခန်းကဏ္ဍတွင် ပါဝင်ချင်ပေမယ့် အနေအထားအရ ပါဝင်ခွင့်မရှိသေးသည့် အနေအထားများရှိနေကြောင်း KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ မှ အတွင်းရေးမှူး ၁ ခူးဒယ်နီယယ်က ဇွန်လ ၆ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် ဆယ်သဲကျောင်းဆောင်သစ်ဖွင့်ပွဲမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

“အလှူရှင်တွေကိုရော၊ အးစိုးရတွေကိုပါ ကျွန်တော်တို့တွေ့ပြီးတော့ ကျွန်တော်တို့အခွင့်အရေးနဲ့ အသိပညာရေးတွေကို ပိုပြီးတော့လိုချင်ပါတယ် ဒီအခွင့်အရေးကိုတော့ လုပ်ခွင့်ပြုပါစသည်ဖြင့်တော့ တင်ပြထားပြီးသားပဲ ဖြစ်ပါတယ်။ လစဉ်ပြည်နယ်အစည်းအဝေးမှာလည်း ကျွန်တော်တု်ိ့ဒီအတိုင်းပဲ တင်ပြပါတယ် ရှိတဲ့ကျောင်းတွေတိုင်းကို ကျွန်တော်တို့ပါဝင်ကူချင်ပါတယ် ဒါပေမယ့် အနေအထားအရ မပါဝင်နိုင်တဲ့ အနေအထားရှိသလို၊ ပါဝင်လို့မရတဲ့ အနေအထားတချို့လည်းရှိပါတယ်။” ဟု ခူးဒယ်နီယယ်ကပြောပါသည်။

ပြည်နယ်အတွင်းတွင် ပညာရေးနှင့်ပတ်သက်လျှင် စိတ်ဝင်စားကြောင်းနှင့် တတ်နိုင်သည့်အဆင့်ထိ ကူညီနိုင်ကြောင်း ၎င်းကပြောပါသည်။

“ကျွန်တော်တို့ပညာရေးစနစ်ဟာ အရမ်းဆိုးတယ်လို့ ကျွန်တော်မပြောချင်တာတောင်မှ ကျွန်တော်တို့အတွက်အထောက်အပြံ့ဖစ်တဲ့ နေရာမှာအင်မတန်မှ အားနည်းနေတယ်လို့ ကျွန်တော်တစ်ယောက်အနေနဲ့ ခံယူနားလည်ထားတယ်။”ဟု ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်ကိုယ်စားလှယ် ဦးသဲရယ်ကပြောပါသည်။

ကယားပြည်နယ်တွင် ပုဂ္ဂလိကကျောင်းပေါ်ထွက်လာခြင်းသည် ကောင်းသည့်အခြေအနေဖြစ်ပြီး ပညာရေးစနစ် သို့မဟုတ် ပညာရေးအားပြိုင်မှုတစ်ရပ်ကို ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ပုဂ္ဂလိကကျောင်းကို ဦးစားပေးကြောင်း ဦးသဲရယ်က ဆက်ပြောပါသည်။

ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်သည် ကိုယ်ပိုင်အတွေးအမြင်များကို တင်ပြဆွေးနွေးနိုင်ပြီး လူငယ်များစွာအတွက် အခွင့်အလမ်းများစွာကို ဖန်တီးပေးသည့်ကျောင်းဖြစ်သည်။ ပညာရေးတွင် တက်လမ်းမရှိတော့သည့် ကျောင်းသားလူငယ်များအတွက် အထူးဖွင့်လှစ်ထားသည့် ကျောင်းဖြစ်သည်။ နိုင်ငံခြားအလှူရှင်နှင့် ကျောင်းသားမိဘများ၊ ပညာရေးကိုစိတ်ပါဝင်စား အားပေးကြသော မိဘ၊ အလှူရှင်များက လှူဒါန်းကာ ဖွင့်လှစ်ထားသည့် ကျောင်းဖြစ်ပါသည်။ လက်ရှိအချိန်ထိ အစိုးရမှ တရားဝင်အသိအမှတ်မပြုထားသည့် ကျောင်းလည်းဖြစ်ပါသည်။

“အစိုးရနဲ့ လွှတ်တော်ကိုပြောချင်ပါတယ် ဒီကျောင်းက လူထုထဲကနေပဲ ထူထောင်ခဲ့တဲ့ကျောင်းဖြစ်တဲ့အတွက် အများကြီးအထောက်အပံ့လိုပါတယ်၊ အကူအညီလိုပါတယ် အသိအမှတ်ပြုမှုလိုပါတယ်။ စိုးရိမ်ကြောင့်ကျမှုအောက်မှာပဲ လုပ်နေရတဲံဆရာဆရာမတွေအတွက်တော့ အားဖြစ်ချင်မှ ဖြစ်မယ်ပေါ့လေ ဆိုတော့ ကျွန်တော်တို့အများကြီးပါဝင်ဖို့လိုပါတယ်။ ဒီအချိန်မှာ အဓိကတာဝန်ရှိတာက ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်တွေလို့ ကျွန်တော်ထင်ပါတယ်။ ပြည်နယ်ထဲက ကလေးတွေအတွက် လုပ်ထားတဲ့ကျောင်းဖြစ်လို့ ပြည်နယ်ကလူတွေ တာဝန်ရှိတယ်လို့ ကျွန်တော်မြင်ပါတယ်”ဟု ကေအဲန်ပီပီမှ အတွင်းရေးမှူး ၁ ခူးဒယ်နီယယ်က ပြောပါသည်။

ဆယ်သဲကျောင်း၏ သင်ကြားသည့်ဘာသာရပ်သည် လက်တွေ့အသုံးချနိုင်သည့် အသက်မွေးဝမ်းကြောင်း ဘာသာရပ်ကိုလည်း သင်ကြားပေးသည်။ သင်ကြားမှုပုံစံသစ်တစ်ခုအနေနှင့် တက္ကသိုလ်ဝင်တန်းပြန်ဖြေလိုသည့် ကျောင်းသား/သူများကို ပြန်လည်သင်ကြားပေးသည့် ပုံစံတစ်ခုထပ်မံထည့်သွင်းထားသည်။ ၂၀၁၇-၁၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို ၂၄ဦးဖြေဆိုရာ ၉ ဦးအောင်မြင်ကြောင်းလည်း သိရသည်။
ယခုလို ကျောင်းများဖွင့်လှစ်နိုင်ရန်၊ ပညာသင်ကြားနိုင်ရန်အတွက်သည်လည်း ငြိမ်းချမ်းရေးအသီးအပွင့် တစ်ခုကြောင့် သင်ကြားနိုင်ခြင်းဖြစ်ကြောင်း ကေအဲန်ပီပီသည်လည်း တဖက်တလှမ်းမှ ပါဝင်နေကြောင်း ကယားပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးတင်မြင့်ကဆိုသည်။

“မနှစ်တုန်းက ဝန်ကြီးချုပ်နဲ့လာပြီးတော့ ကြည့်တယ် အင်မတန်အားရပြီးတော့ ကျေနပ်ဖို့ကောင်းတယ် ယိုးဒယားနိုင်ငံရောက်နေသလားလို့ ဒါတွေဟာလည်း ကေအဲန်ပီပီရဲ့ ကူညီထောက်ပံ့မှုတွေ ကြိုးစားမှုတွေ အများကြီးပါပါတယ်၊ ကျေးဇူးလည်းတင်တယ်။” ဟု၎င်းကပြောသည်။

ပညာရေးကဏ္ဍနှင့်ပတ်သက်၍ တတ်နိုင်သည့်အဆင့်ထိ ကူညီနိုင်ရန်အတွက် ပူးပေါင်းလိုသည့် ဌာနဆိုင်ရာများ၊ မိဘပြည်သူများ ၎င်းတို့နှင့် ပွင့်လင်းမြင်သာစွာ အချိန်မရွေးဆက်သွယ်ဆွေးနွေးနိုင်ကြောင်း ခူးဒယ်နီယယ်က ပြောသည်။

ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်သည် ၂၀၁၃ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်ထိ လူထုအကျိုးပြု လူမှုအဖွဲ့အစည်းအသီးသီးတွင် ပါဝင်ကာတာဝန်ထမ်းဆောင်နေသည့် ကျောင်းသူ/သားများစွာကို မွေးထုတ်နိုင်ခဲ့ပြီဖြစ်သည်။

spot_img
spot_img

Recent posts