spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

KNPP အတွင်းရေးမှူး-(၂) ခးဒယ်နီယာယ်နဲ့ တွေ့ဆုံမေးမြန်းခြင်း

Author

Date

Category

၈ရက် ၈လ ၂၀၁၉  ခုနှစ်မှာ ၈လေးလုံး အရေး အခင်း ဖြစ်ပွားခဲ့တာ ၃၁ နှစ်ရှိပါပြီ။ ပြီးခဲ့တဲ့ အရေးအခင်း ကာလတွေမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP  အနေနဲ့  ဘယ်လိုပူးပေါင်းဆောင်ရွက်တာရှိခဲ့လဲ ဘာတွေလုပ်ဆောင်ခဲ့လဲဆိုတာကို  ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ရဲ့ အတွင်းရေးမှူး-၂ ခူးဒယ်နီယာယ်နဲ့  တွေ့ဆုံမေးမြန်မှုကို တင်ပြပေးလိုက်ပါတယ်။ . 

မင်္ဂလာပါ ဆရာ ၈ လေးလုံးအရေးအခင်းက ၃၁ နှစ်ပြည့်သွားပြီပေါ့နော ဆိုတော့ ဆရာတို့အဖွဲ့အစည်းအနေနဲ့ ဒီ ၈ လေးလုံးကို ဘယ်လိုများ ယူဆကြသလဲ။

ဒီအပေါ်မှာကတော့ တချိန်တုန်းက ဗမာပြည် အပြောင်းအလဲ ဖြစ်နိုင်ဖို့ လူတိုင်းကတော့ တိုက်ပွဲ ဝင်ခဲ့ကြတယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အာဏာသိမ်းတဲ့နေ့ ကျောင်းသားတွေ ပစ်သတ်ခံရတဲ့နေ့ဆိုတော့ အထိမ်းအမှတ်တခု လုပ်တာကိုတော့ ကျတော်တို့ အသိအမှတ်ပြုပါတယ်။

ဟုတ်ကဲ့ပါ ၈ လေးလုံး အရေးအခင်းဖြစ်ပွားတုန်းကရော ဆရာတို့ KNPP အနေနဲ့ ဘယ်လိုမျိုး ပါဝင်လှုပ်ရှားခဲ့ပါသလဲ။

ကျတော်တို့ အဖွဲ့အစည်းအနေနဲ့ကတော့ ဗမာပြည် စစ်အာဏာရှင်အောက်ကနေ လွှတ်မြောက်ဖို့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေရော လူထုတရပ်လုံး ကျောင်းသားအပါအဝင်ပေါ့လေ ဒါတွေကို ကျတော်တို့ အသိအမှတ်ပြုတယ် အဲ့ဒီအပေါ်မှာလည်း ဒီအာဏာရှင်တွေကို ဖြုတ်ချတဲ့ လုပ်ငန်းစဉ်၊ ဒီမိုကရေစီကို သွားတဲ့ လုပ်ငန်းစဉ်တွေကိုတော့ ကျတော်တို့ အစကတည်းကတော့ ထောက်ခံတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ကတော့ အဲ့ဒီတုန်းက အာဏာရှင် အစိုးရအနေနဲ့က လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်တွေ၊ ဥပမာ လိုက်လျောမှုတွေ လုပ်မယ်ဆိုရင်တော့ ဒီ တိုင်းပြည်က အခုထိ ဒီလိုဖြစ်လာမှာတော့ မဟုတ်ဘူးပေါ့လေ။ ဒီမိုကရေစီ လိုချင်တဲ့ ကျောင်းသူ၊ကျောင်းသားတွေ လူထုတွေနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့မှ ဗမာပြည်ကြီးကို ဘယ်လိုထူထောင်မလဲ ဒီမိုကရေစီလမ်းကြောင်းကို ဘယ်လို ရောက်အောင် သွားမလဲဆိုတဲ့ အတွေးအခေါ်မျိုးနဲ့ သွားရင်တော့ ဒီနေ့ ဒီလိုဖြစ်မှာ မဟုတ်ဘူးပေါ့။ တချိန်တုန်းက သူတို့ ဒီလို စစ်အာဏာ သုံးပြီးတော့မှ ဒီလိုခွဲလို်က်တော့လည်း အခုချိန်ထိကတော့ ဒီဗမာပြည်ကြီး မကောင်းလာဘူးပေါ့လေ အဲ့ဒီဟာတော့ ကျတော်တို့အနေနဲ့ကတော့ အရင်တုန်းက အာဏာရှင်လုပ်ခဲ့တဲ့ အစိုးရတွေ အများကြီးအပေါ်မှာ မူတည်တယ်လို့ အဲ့လို ယူဆပါတယ်။

နယ်တွေဘက်ကို ရောက်လာတဲ့ ကျောင်းသား၊ကျောင်းသူတွေကို ဆရာတို့ ဘယ်လိုမျိုး ကူညီခဲ့လဲ။ ဘယ်လိုရပ်တည်ချက်မျိုးနဲ့ ဆုံးဖြတ်ပြီး ကူညီခဲ့လဲ။

စစချင်း ကျောင်းသူ၊ကျောင်းသားတွေ ပြည်သူလူထုတွေ သပိတ်မှောက်တဲ့အချိန်မှာတော့ ဒီအပေါ်မှာတော့ အဖွဲ့အစည်းအနေနဲ့ ထောက်ခံတယ် အားပေးတယ်ဆိုတာတွေကို ပြတယ် statement တွေ ထုတ်တယ် ပြီးတော့ အာဏာသိမ်းတဲ့အချိန်မှာ ပစ်သတ်တဲ့အချိန်မှာဆို ကျတော်တို့က ဒါက နည်းလမ်းမဟုတ်ဘူး စတာတွေကို statement ထပ်ထုတ်တယ် ထွက်ပြေးလာတဲ့ ကျောင်းသူ၊ကျောင်းသားတွေကို ကျတော်တို့က လုံခြုံတဲ့နေရာကိုတော့ ပို့ပေးတယ်လို့ လမ်းကြောင်းပေါ်မှာလိုအပ်တဲ့ လုံခြုံရေး၊စားဝတ်နေရေး စသဖြင့်ပေါ့ ဒါတွေကတော့ ကျတော်တို့ လိုက်ကူညီပေးတယ် လိုက်လှူလိုက်စုပေးတယ် ဥပမာ ဒဏ်ရာရတဲ့ လူတွေကိုလည်း ကျန်းမာရေးအရ ပြုစုပေးတယ် အဲ့ဒါတွေကတော့ လုပ်ခဲ့တယ်။ နယ်စပ်ရောက်တဲ့အထိပေါ့။ အဲ့ဒီအထိ လုပ်ခဲ့တယ်။ တဆင့်ပြီးတဆင့်ပါပဲ အဲ့ဒီဟာတွေ ဖြစ်ပြီး နောက်ပိုင်းမှာ သူတို့ကို စစ်သင်တန်းပေးတာတို့ စသဖြင့်ပေါ့ အဖွဲ့အစည်းအနေနဲ့ အများကြီး လုပ်ပါတယ်။

ဟုတ်ကဲ့ ဆရာတို့ ကူညီပေးခဲ့တဲ့ ကျောင်းသားတွေထဲက အခုချိန်ထိ ဆရာတို့ဆီမှာပဲ နေထိုင်နေတဲ့သူတွေ ရှိနေသေးလား။

ရှိပါတယ် တချို့လည်း သူတို့ ABSDF မဖွဲ့ခင်ကတည်းက သူတို့ဘာသာသူတို့ ဆိုင်ရာဆိုင်ရာ ပြည်နယ်တွေမှာ အဖွဲ့အစည်းတွေဖွဲ့ကြတယ် တပ်တွေထောင်ကြတယ်။ အဲ့ဒီထဲမှာ တချို့ကလည်း ကျတော်တို့ KNPPနဲ့ ပေါင်းလိုက်တာတွေ ရှိတယ် အခုထိ ရှိပါတယ် အဲ့ဒီ ၈၈ အရေးအခင်းတုန်းက ထွက်လာတဲ့လူတွေ ကျတော်တို့ဆီမှာ လက်ရှိ ဗဟိုကော်မတီအထိတော့ ရှိနေတယ် ကျောင်းသားမှ မဟုတ်ဘူးပေါ့နော နကိုယ်ကတည်းက ထွက်လာတဲ့သူတွေလည်း KNPP နဲ့ ပူးပေါင်းလုပ်တဲ့သူတွေ အခုထိ ရှိသေးတယ် ABSDF အနေနဲ့လည်း တချို့ကတော့ အခုထိ ရှိပါသေးတယ်။ သူတို့ ကျတော်တို့နားမှာ တချို့ရှိသေးတယ်။ ဒါပေမဲ့ သူတို့ဘာသာသူတို့ ဆိုင်ရာတော့ အလုပ်လုပ်နေတယ်ပေါ့။

ဟုတ်ကဲ့ ဆိုတော့ အဲ့ဒီ ၈ လေးလုံး အရေးအခင်းဖြစ်ပွားတာကရော ဆရာတို့ အဖွဲ့အစည်းအပေါ် ဘယ်လိုများ အကျိုးသက်ရောက်မှုတွေ ရှိသွားတာလဲ။

အဲ့ဒီ ၈ လေးလုံးကနေ ထွက်လာတဲ့လူတွေက ကျောင်းသားမှ မဟုတ်ဘူး လူထုတွေ ထွက်လာတယ် တချို့ ပါတီနိုင်ငံရေးကလည်း ထွက်လာတယ်ဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်နယ်မြေတွေမှာ သူတို့ အခြေချပြီးမှ အဖွဲ့အစည်းတွေ ပြန်ထောင်တယ် နိုင်ငံရေးတွေ ပြန်လုပ်တယ် ဆိုတော့ ကျတော်တို့ကိုု ဆိုတော့ ဒီဗမာပြည်အစိုးရကို ပြန်တော်လှန်တဲ့နေရာမှာ ဒီတိုင်းရင်းသားတွေ အပါအဝင် ဖြစ်လာတော့ အားအင်တခု အနေနဲ့ကတော့ အများကြီး ဖြစ်လာတာပေါ့လေ နိုင်ငံရေးတွေလည်း ပိုပြီးတော့ အရှိန်မြင့်လာတယ် တိုက်ခို်က်ရေးတွေကလည်း အရှိန်မြင့်လာတာ တွေ့ရတယ် ဒါကတော့ ကျတော်တို့ရဲ့ ထွက်လာတဲ့ အကျိုးရလဒ်တခုပဲပေါ့။

ဟုတ်ကဲ့ပါ ဆိုတော့ အခုလက်ရှိမှာပေါ့နော ဒီမိုကရေစီ အစိုးရဆိုပြီးတော့လည်း ပြောကြတယ်ပေါ့ ဒါပေမဲ့ လက်ရှိအချိန်ထိ ကျောင်းသားတချို့ကို ဖိနှပ်နေဆဲလို့ပဲ ပြောရမလားပေါ့ ကျောင်းသားတွေ တရားစွဲဆိုခံနေရသေးတာတွေ၊ လွတ်လပ်စွာ ပြောဆိုခွင့် မရှိသေးတဲ့အပေါ်မှာရော ဆရာ့အနေနဲ့ ဘာများ မှတ်ချက်ပြုချင်ပါသလဲ။

တချိန်တုန်းကတော့ NLD ကလည်း တော်လှန်ရေးပါပဲ။ အာဏာရှင်ကို တော်လှန်တဲ့အထဲမှာ NLD ကလည်း ပါတယ် နိုင်ငံရေးပါတီတွေပါတယ် ခုနကပြောတဲ့ ကျောင်းသူ၊ကျောင်းသားတွေလည်း ပါတာပေါ့ တချိန်တုန်းက တော်လှန်ရေးကာလလို့ သတ်မှတ်ရမှာပေါ့နော အဲ့ဒီတုန်းက တူတူလက်တွဲခဲ့ကြတယ် ဒါပေမဲ့ တကယ်တမ်း အာဏာရလာတဲ့ လက်ရှိ NLD က ဒီကျောင်းသူ၊ကျောင်းသား အခုလက်ရှိ လူငယ်တွေကို သူ ဒီလိုမျိုး မလုပ်သင့်ဘူးပေါ့ တချိန်တုန်းက တူတူတိုက်ပွဲဝင်လာတဲ့တဲ့လူတွေ နိုုင်ငံရေးအရ တိုက်ပွဲဝင်လာခဲ့တဲ့ လူတွေကို ဘယ်လိုဆက်လက်တွဲမလဲဆိုတာကို စဉ်းစားချက် သူတို့မှာ ရှိဖို့လိုတယ်။ အခုလက်ရှိ သူတို့ အာဏာရဖို့အတွက် မဲပေးလိုက်တာကလည်း ဒီလူတွေပါပဲ ဆိုတော့ အခုက ဥပဒေကြောင်းအရပဲ ပြောပြော ဘယ်လိုပဲပြောပြောပေါ့လေ လူငယ်တွေကို ဖမ်းဆီးတာ၊ နှိပ်ကွပ်တာ၊တရားစွဲဆိုတာက ဒါက သူတို့စဉ်းစားရမယ် တချိန်တုန်းက ငါတို့ ငါတို့အဖွဲ့ ဆိုတာကို စဉ်းစားရမယ် ပြီးတော့ အခုလာမဲ့ ရွေးကောက်ပွဲအတွက်လည်း သူစဉ်းစားရမယ် ဒီလူတွေပဲ သူတို့ကို မဲပေးခဲ့တာလေ ဒီလူတွေပဲ မဲပေးလိုက်လို့ ဖြစ်လာတဲ့ အစိုးရတခုက လူထုကို ဘယ်လိုစီမံ အုပ်ချုပ်ရမလဲ လူငယ်တွေနဲ့ ဘယ်လိုလက်တွဲရမလဲ သူစဉ်းစားသင့်မယ် မစဉ်းစားရင်တော့ လာမဲ့ ၂၀၂ဝ ကျရင် ဒါကတော့ လူထုပေးတဲ့ ဆုံးဖြတ်ချက်ပဲ ကျတော်ကတော့ အဲ့ဒါလေးပဲ ပြောချင်တယ်။

တကယ်လို့များ အစိုးရက အခုလိုပဲ ဆက်သွားနေမယ်ဆိုရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်မလဲ။

အခုတော့ သိရ၊ကြားရ သလောက်ဆိုရင် အရင်တုန်းက ၈၈ ကျောင်းသားဟောင်းနဲ့ အခုတက်လာတဲ့ လူငယ်တွေက စိတ်ဝမ်းကွဲမှုတွေ ဖြစ်တယ်  ပြီးတော့ သူတက်လာတော့ NLD နဲ့ ပူေးပါင်းပြီးတောာ့မှ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်တယ်။ သူတို့လည်း ဟုတ်တယ် မှန်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဒီ NLD ထဲကို ခပ်များများဝင်တာ တွေ့ရမှာပေါ့။ သို့သော် NLD ရဲ့ ပြုမူမှုကြောင့် အခု ၈၈ အရေးအခင်းတုန်းက မပါဝင်ခဲ့တဲ့ မပါဖူးသေးတဲ့ လူငယ်တွေက အမြင်တမျိုး ဆိုတော့ ဒီကျောင်းသားဟောင်းတွေနဲ့ အခုဒီလူငယ်တွေနဲ့  နိုင်ငေံရးအမြင်မတူကြတော့ဘူး အဲ့လိုဖြစ်နေတယ် ဆိုတော့ တကယ်တမ်း ကျောင်းသားဟောင်းဆိုတာက အနည်းစုပဲ ကျန်တာပေါ့ တချို့တွေလည်း အပြင်ရောက်ကုန်တယ် ဆိုတော့ အခုလက်ရှိလူငယ်၊ကျောင်းသားဆိုတာက ပိုပြီးတော့ အင်အား ပိုများတယ်။ ဒီဟာကို သူတို့ထည့်တွက်သင့်တယ်ပေါ့ နိုင်ငံရေးအရ ပြောရမယ်ဆိုရင် လက်ရှိလူငယ် ကျောင်းသူ၊ကျောင်းသားတွေက ပိုပြီးတော့ အင်အားရှိတယ် ဒါကို အသုံးချနိုင်ပြီးတော့ NLD က စဉ်းစားသင့်တယ်။ ဒီ့အပြင်သူတို့ ကျောင်းသာဟောင်းတွေကလည်း လက်ရှိလူငယ်နဲ့တွဲသင့်တယ်။ တွဲခေါ်သင့်တယ် ပြီးရင်တချို့ ဒီလက်ရှိ အစိုးရရဲ့ ပြုမူမှုကို သူတို့ ကျောင်းသားဟောင်းတွေက အကြံပေးဘာညာ လုပ်သင့်တာပေါ့ အ့ဒါမှ လူငယ်ထုနဲ့ အဆင်ပြေလိမ့်မယ် ရှေ့ဆက်ဆိုလည်း သူတို့အတွက် အင်အားတခု ဖြစ်လာမှာပေါ့။

ဒီ ၈လေးလုံးနဲ့ ဆရာတို့ လျှောက်နေတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းနဲ့ ဘယ်လိုများ ဆက်စပ်မှုတွေရှိပြီး ဘယ်လိုအကျိုးတွေ သက်ရောက်စေပါသလဲ။

ဒီ ၈လေးလုံးကတော့ အစပ်ိုင်းကတော့ ထောက်ခံတယ်။ ဒါက အာဏာရှင်ဖြုတ်ချတဲ့ လုပ်ငန်းရှင် ဖြစ်တဲ့အတွက် ကျတော်တို့ကတော့ ထောက်ခံပြီးသားပဲ သို့သော် NLDအစိုးရ တက်လာပြီးတဲ့ နောက်ပိုင်းမှာက ဒီ ၈ လေးလုံး အရေးအခင်းနဲ့ တချို့သူတွေ ပါဝင်တယ် တချို့ကလည်း နိုင်ငံရေးအရ တက်လာတယ်။ ကျတော်တို့ အမြင်မှာကတော့ ရည်ရွယ်ချက်က တဖြည်းဖြည်း ပြောင်းလာတာကို တွေ့ရတယ်။ ရှေ့ဆက် တကယ်တမ်း ဒီမိုကရေစီနိုင်ငံကို ထူထောင်မယ် တကယ်တမ်း ဒီဗမာပြည်ကြီး ငြိမ်းချမ်းချင်တယ်ဆိုရင်တော့ ဒီဟာကို အဓိက NLD အစိုးရ အနေနဲ့ အဖွဲ့အစည်းတွေ သို့မဟုတ် ဒေသခံလူထု ဘာညာပေါ့လေ ကောင်းကောင်းမွန်မွန် အချိတ်အဆက်မိမိ သူတို့သွားသင့်တယ်ပေါ့ အခုက လက်တွေ့မှာ ဒီလိုမျိုး မရှိဘူး။ နိုင်ငံရေးအရလည်း ဆက်သွားဖို့ရှိမယ် ကျတော်တို့အတွက်ကလည်း ဂယက်ရိုက်လာတယ်။ ဥပမာ NCA ထိုးဖို့ ကိစ္စက ကျတော်တို့ ပြောထားတာက ဒီပြည်နယ်အတွင်း အေးချမ်းမှုရှိမှ ဖြစ်နေတဲ့ ပြသနာတွေကို အတူတကွ ရှင်းမှ ဖြစ်နိုင်မှာ ဒါတွေကို ဖြေရှင်းနိုင်မှာသာလျှင် ကျတော်တို့က ဆက်သွားရမယ် ဘာဖြစ်လို့လဲဆိုရင် ကျတော်တို့ ရည်ရွယ်ချက်က ဒီတပြည်နယ်လုံးအတွက် ဒီတမျိုးသားလုံးအတွက် လုပ်နိုင်မှ NCA လမ်းကြောင်းအတိုင်း သွားနိုင်မယ် ဆိုတော့ အခုလက်ရှိ ပြည်နယ်ထဲမှာ ဖြစ်တဲ့ ပြသနာတွေ အခက်အခဲတွေ ဥပမာ လူငယ်ထုရဲ့ ပြသနာတွေ တရားစွဲခံရတဲ့ လူငယ်တွေရဲ့ ပြသနာကို ကျော်မှ သွားပြီးမှ NCA ကို သွားစကားပြောရင် အဓိပ္ဗါယ်မရှိတော့ဘူးပေါ့ လူထုအတွက် ကျတော်တို့ ရည်ရွယ်ထားတယ်။ လူထု လူငယ်တွေက ဖြစ်နေတဲ့ အခက်အခဲတွေကို ကျတော်တို့ မကြည့်ပဲနဲ့ သွားလိုက်ရင် ဘာအဓိပ္ဗါယ်မှ မရှိတော့ဘူး ဒီဟာတွေကို ဖြေရှင်းနိုင်မှသာလျှင် ကျတော်တို့ NCA သွားမယ်ပေါ့ အဲ့တော့ လက်ရှိအစိုးရက ဒီပြသနာတွေ မဖြေရှင်းမချင်းဟာလည်း ကျတော်တို့ NCA  သွားဖို့က အခက်အခဲ ဖြစ်စေတယ် ကျတော်တို့ လက်ရှိ ဖြစ်နေတဲ့ အနေအထားကို ပြောပြတာပါ။

ဟုတ်ကဲ့ပါ ကယားပြည်နယ်မှာတော့ အထိမ်းအမှတ်တွေ၊ဆုတောင်းပွဲတွေ လုပ်ကြတယ် တဖွဲ့နဲ့တဖွဲ့တော့ မတူဘူးပေါ့ ဒီအပေါ်မှာ ဆရာ့ရဲ့ သုံးသပ်ချက်လေး သိချင်ပါတယ်။

ဒီနေ့ကတော့ ၈ လေးလုံးအရေးအခင်း အထိမ်းအမှတ်လုပ်ကြတယ် တကယ်တမ်း ရေရှည်မှာက NLD အစိုးရပဲပြောပြော အခု လက်ရှိကျောင်းသားဟောင်းတွေပဲ ပြောပြော အခုတက်လာတဲ့ လူငယ်တွေ အနေနဲ့ပဲပြောပြော အားလုံးက ဆုံရပ်တခု ရှိသင့်တယ် ရှေ့ဆက်ဘယ်လိုသွားမလဲဆိုတဲ့ဟာက ရှိဖို့လိုတယ်။ ဒီနေ့ရောက်တိုင်း အထိမ်းအမှတ်တခုပဲ လုပ်နေတယ် ဒါကတော့ ကျတော်တို့ ဘာမှ ပြောစရာမရှိဘူး ဒါပေမဲ့ အကျိုးရှိဖို့ လိုတယ် ရေရှည် ရည်မှန်းချက်ရှိဖို့ လ်ိုတယ်။ ဒါကတော့ ဗမာပြည်တခုလုံးအတိုင်းအတာနဲ့ ကျတော် ပြောတာမဟုတ်ဘူး ဒီပြည်ထဲမှာ ရှိနေတဲ့ အနေအထားကိုပဲ ပြောတာ။

ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

spot_img
spot_img

Recent posts