KT-FM ကရင်နီဘာသာ အစီအစဉ် ဇန်နဝါရီလ ( ၅ ) ရက်၊ ၂၀၂၅ ခုနှစ် (တနင်္ဂနွေနေ့ )
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ပီကင်းကျေးရွာ ထပ်မံ ဗုံးကြဲခံရ
– (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက အကျဥ်းသား ၅၈၆၄ ဦးကို လွတ်ငြိမ်းခွင့်ပေး ၊ ကနဦးစာရင်းအရ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးပါဝင်
-၂၀၂၄ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု နှစ်ဆတိုးလာတယ်လို့ NUG ဆို
– စာပေ ၊ ဓလေ့ထုံးတမ်းကို ရဲရဲဝံ့ဝံ့ဖော်ထုတ်ပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ မနုမနော (ကော်ယော်) အမျိုးသားနေ့မှာ KSCC တိုက်တွန်း ဆိုတဲ့သတင်းနဲ့“ ကရင်နီရဲ့ အနာဂတ်ကို ပုံဖော်ထုဆစ်မယ့် လူငယ် “ ဆိုတဲ့ ဆောင်းပါးနဲ့ အတူ “မလျှော့သောဇွဲနဲ့ အိပ်မက်လမ်းပေါ် လျှောက်လှမ်းလာနိုင်တဲ့ မော်ဆူးရဲ့ ပညာရေးခရီး” ဆိုတဲ့အမျိုးသမီးကဏ္ဍနဲ့အတူ ကယန်းဘာသာအစီစဉ်၊ ကရင်နီ သီချင်းကောင်းလေးများ၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။