KT-FM ကရင်နီဘာသာ အစီအစဉ် ဇန်နဝါရီလ ( ၁၉) ရက်၊ ၂၀၂၅ ခုနှစ် (တနင်္ဂနွေနေ့ )
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ညောင်ရွှေမြို့နယ်က စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးအပါအဝင် ပြည်သူ ၃ ဦးသေဆုံး
– ဖရူဆိုမြို့နယ်က ငရုပ်စိုက်တောင်သူတွေ ယခုနှစ် ဈေးကောင်းရ
-ကားဝပ်ရှော့ (ကားပြုပြင်ရေး) ဆိုင်တွေမှာ လာရောက်ပြုပြင်တဲ့ ကားတွေရဲ့ ဆီ ခိုးယူဖောက်ချတာ၊ ပစ္စည်းလဲတာတွေ ရှိနေ ၊ လာရောက်တိုင်ကြားနိုင်ကြောင်း KSP ဆို ဆိုတဲ့သတင်းနဲ့ “ မတရားမှုက မွေးထုတ်ပေးခဲ့တဲ့ မတရားမှုကို တော်လှန်သူ “ရဲဘော်အောင်ငဲ” ဆိုတဲ့ ဆောင်းပါးနဲ့ အတူ “ခေတ်ပျက်ကြီးအတွင်း မလိုချင်သေးဘဲ ရလာတဲ့ကိုယ်ဝန်တွေ” ဆိုတဲ့အမျိုးသမီးကဏ္ဍနဲ့အတူ ကယန်းဘာသာအစီစဉ်၊ ကရင်နီ သီချင်းကောင်းလေးများ၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။