KT-FM ကရင်နီဘာသာ အစီအစဉ် ဇန်နဝါရီလ ( ၂၆) ရက်၊ ၂၀၂၅ ခုနှစ် (တနင်္ဂနွေနေ့ )
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
-တစ်လအတွင်း ဖယ်ခုံအရှေ့ခြမ်းကို လက်နက်ကြီး ၅ကြိမ်ထက်မနည်း ပစ်ခတ်၊ ပြည်သူ ၈ ဦး ထိခိုက်မှုရှိပြီး ၁ ဦးသေဆုံး
– လွိုင်ကော်အကျဥ်းထောင်က အကျဥ်းသားတွေရဲ့ အရေးပေါ် လိုအပ်ချက်အတွက် KPPA အကူအညီတောင်းခံ
– တစ်ရက်အတွင်း ဒီးမော့ဆိုမြို့ကို လက်နက်ကြီးအလုံးရေ ၁၀ကြိမ်ထက်မနည်း စစ်ကောင်စီ ပစ်ခတ်ဆိုတဲ့သတင်းနဲ့ “ဒရုန်းရန်ကြောင့် တောထဲ သွားအိပ်ကြသူများ ( သို့မဟုတ် ) အိမ်ရှိပေမဲ့ အိမ်ထဲမအိပ်ရတဲ့ ဘဝတွေ“ ဆိုတဲ့ ဆောင်းပါးနဲ့ အတူ “ဘယ်တော့မှ မဝင်တော့မယ့်သမီးရဲ့ ဖုန်းသံလေးကို မျှော်နေတဲ့မိခင်” ဆိုတဲ့အမျိုးသမီးကဏ္ဍနဲ့အတူ ကယန်းဘာသာအစီစဉ်၊ ကရင်နီ သီချင်းကောင်းလေးများ၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။