KT-FM ကရင်နီဘာသာ အစီအစဉ် ဇွန်လ (၁၃) ရက်၊ ၂၀၂၅ ခုနှစ် (သောကြာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ကရင်နီပြည်တွင်း တစ်နေရာ ကွန်ပျူတာ အခြေခံသင်တန်းဆင်းပွဲနဲ့ လူငယ်တွေ့ဆုံပွဲ အခမ်းအနားပြုလုပ်
– နေရပ်ပြန်တဲ့ ဖရူဆိုဒေသခံ ၃ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်၊ ၂ဦးလွတ်မြောက်ပြီး တစ်ဦး ပျောက်ဆုံးနေ
– ဒီးမော့ဆိုအရှေ့ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ ရေသွယ်တန်းနိုင်ဖို့ အကူအညီလိုအပ်နေဟုဆို
– ဖယ်ခုံ-ညောင်ရွှေနယ်စပ်မှာ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားနေဆဲ ၊ နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိဟုဆို ဆိုတဲ့သတင်းနဲ့အတူ စိုက်ပျိုးမြေကို လွမ်းဆွတ်တမ်းတစိတ်တွေပြည့်နေတဲ့ “စစ်ရှောင်တောင်သူများ”ဆောင်းပါးနဲ့အတူ ကယန်း ဘာသာ နှင့် ကယော ဘာသာ အစီအစဥ်နဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။