KT-FM ကရင်နီဘာသာ အစီအစဉ် ဒီဇင်ဘာလ ( ၃၀) ရက်၊ ၂၀၂၄ ခုနှစ် (တနင်္လာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဒီးမော့ဆိုမြို့နယ်မှာ (၂၇၆၄)နှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို စုပေါင်းပြုလုပ်
-မယ်လယုတပ်စခန်းက စစ်ကောင်စီတွေ တပ်ဆုတ်ခွာ၊ လက်ကျန် လက်နက်ခဲယမ်းအများအပြား နဲ့ ကား၊ဆိုင်ကယ်အချို့ ကို ကရင်နီပြည်တပ်မတော်က သိမ်းဆည်း
– ဘောလခဲမြို့မရဲစခန်းမှ ရဲတပ်သား ၂ဦး CDM ပြုလုပ်ပြီး ဘောလခဲ PDF ထံ လက်နက်နဲ့အတူ ခိုလှုံလာဆိုတဲ့သတင်းနဲ့ “ကရင်နီမှာ စစ်ရှောင်မဟုတ်တဲ့သူတွေ ဘယ်လိုရုန်းကန်နေကြလဲ … ”ဆောင်းပါးနဲ့အတူ ကယောဘာသာ နှင့် ကယန်းဘာသာ အစီအစဥ်နဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။