KT-FM ကရင်နီဘာသာ အစီအစဉ် မတ်လ ( ၂၄) ရက်၊ ၂၀၂၅ ခုနှစ် (တနင်္လာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– လက်လုပ်မိုင်း ကိုင်ဆော့ရာကနေ ၃ဦးထိခိုက်ပြီး ဖခင်ဖြစ်သူ ပွဲချင်းပြီးသေဆုံး
– လေပြင်းတိုက်ခတ်မှုကြောင့် ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာတွင် စစ်ရှောင်နေအိမ် အလုံး ၂၀ ပျက်စီးမှု ရှိနေပြီး အကူအညီများ လိုအပ်နေ
– စစ်ကောင်စီလက်နက်ကြီးကြောင့် ဒီးမော့ဆိုအရှေ့ခြမ်းက စစ်ဘေးရှောင်အမျိုးသမီး ထိခိုက်ဒဏ်ရာရ ဆိုတဲ့သတင်းနဲ့ “စစ်ရှောင်မိသားစုတွေ ကြုံနေရတဲ့ အရေပြားယားယံမှု ပြဿနာ”ဆိုတဲ့ ဆောင်းပါးနဲ့အတူ ကယောဘာသာ နှင့် ကယန်းဘာသာစီအစဥ်နဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။