KT-FM ကရင်နီဘာသာ အစီအစဉ် မေလ (၁၄) ရက်၊ ၂၀၂၅ ခုနှစ် (ဗုဒ္ဓဟူးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဒီးမော့ဆိုအရှေ့ခြမ်းက စစ်ရှောင်စခန်းတစ်နေရာမှာ မိုးရွာသွန်းမှုကြောင့် ရေနှောက်ပြီး သောက်သုံးရေ အခက်အခဲဖြစ်နေ
– ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံဒေသအချို့မှာ တစ်ပတ်အတွင်း မိုးထစ်ချုန်းရွာနိုင်၊ ရေလွှမ်းမိုးခြင်း နဲ့ မြေပြိုခြင်း အန္တရာယ်တွေကို သတိထားသင့်ဟုဆို
-မိုးဗြဲတိုက်ပွဲအတွင်း Loikaw Local PDF က တပ်ဖွဲ့၀င် (၂) ဦးကျဆုံး
ဆိုတဲ့ သတင်းတွေနဲ့“နှစ်ခါပြန်ဆုံးရှုံးမှုတွေနဲ့ ကျောင်းဆရာ ဦးစိုင်းကျော်ဝင်း”ဆောင်းပါးနဲ့အတူ ကယန်း ဘာသာ နှင့် ကယောဘာသာ အစီအစဉ်၊ ကရင်နီသီချင်းကောင်းလေးနဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။