KT-FM ကရင်နီဘာသာ အစီအစဉ် ဧပြီလ (၂၃) ရက်၊ ၂၀၂၅ ခုနှစ် (ဗုဒ္ဓဟူးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– စစ်ရှောင်လူထု ငါးသောင်းအပါအဝင် ကျေးရွာပေါင်း သုံးဆယ်ဝန်းကျင်က အားထားရတဲ့ နန်းစံဖူးရေထွက်ပေါက်ကို ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်နေ
– ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် ကလေး ၃ ဦးအပါအဝင် ၇ဦးထိခိုက်ဒဏ်ရာရ
– ဒီးမော့ဆိုမြို့မ ဈေးထဲက ဈေးဆိုင်ခေါင်မိုးများ ဖြုတ်ယူခံရ
– မိုးဗြဲတိုက်ပွဲအတွင်း လက်နက်၂ လက်နဲ့ ခဲယမ်းသိမ်းဆည်းရမိ၊ စစ်ကောင်စီ တပ်သား ၃ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ KNA ဆို ဆိုတဲ့သတင်းတွေနဲ့ “ကရင်နီရဲ့ ရှေ့တန်းစစ်မြေပြင်က RPG ပကူး” ဆောင်းပါးနဲ့အတူ ကယန်းဘာသာ နှင့် ကယောဘာသာ အစီအစဥ်နဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။