KT-FM ကရင်နီဘာသာ အစီအစဉ် ဧပြီလ (၂၄) ရက်၊ ၂၀၂၅ ခုနှစ် (ကြာသတေးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဆိုမိုဖေစိုးလေး(ရှားတော)မြို့နယ်မှာ ကျောင်းနေအရွယ် လူငယ်တွေ ကျောင်းထွက်နှုန်း (၅၀) ရာခိုင်နှုန်းထိ ရှိနေ
– မြင်းမထိတောင် သတ္တုတူးဖော်မှုကို လုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်နဲ့ ဒေသခံဆွေမျိုးစုအကြား သဘောထား တင်းမာနေ
– ဒီးမော့ဆိုမြို့ပေါ်က စစ်ရေးအရအရေးပါတဲ့ မြေတွေကို အကွက်ရိုက် ရောင်းချတာတွေမလုပ်ဖို့ ယာယီအုပ်ချုပ်ရေးကောင်စီ က စည်းကမ်းချက်ထုတ်
– ရှမ်းတောင်ဒေသမှာ အဓိကထားပြီး စစ်ရေးဖော်ဆောင်မယ်လို့ အသစ်ဖွဲ့စည်းလိုက်တဲ့ KNDF ဗျူဟာ ၉ ရဲ့ စစ်နည်းဗျူဟာမှူး ပြော
– ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်းက ဦးဆောင်ပြီး ဒေသတွင်း လူငယ် နဲ့ ရဲဘော်ကို အခြေခံကွန်ပြူတာ သင်တန်းပို့ချပေးခဲ့ ဆိုတဲ့သတင်းတွေနဲ့ ကြက်ဥကို ကရင်နီပြည်နယ်အတွင်းမှာ ထုတ်လုပ်နိုင်ဖို့ လိုအပ်နေ ဆောင်းပါးနဲ့အတူ ပကူးဘာသာ နှင့် ယင်းတလဲ ဘာသာ အစီအစဥ်နဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။