ဒီကနေ့ နားဆင်ရမှာကတော့
– ဖယ်ခုံမြို့ ၊ နောင်လိုင်ကျေးရွာအနီးက ကမ်းစပ်မှာ အမျိုးသမီးအလောင်းတွေ့ရှိ
– မိုးဗြဲတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် သုံးဦး လက်နက်ကြီးထိမှန်ကျဆုံး
– ဒီးမော့ဆို(ရှေ့ )မြို့နယ်တွင် ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထား
– နိုင်ငံတစ်ဝှမ်းမှာ တိုက်ပွဲကြောင့် တိမ်းရှောင်ရသူ ၃ ဒသမ ၆ သန်းရှိ၊ ၁၀၂၇ စစ်ဆင်ရေးကာလ နောက်ပိုင်း ၁ ဒသမ ၅သန်း တိုးမြင့်လာ
– တိုက်ပွဲတွေ နေ့စဥ်ဖြစ်ပွားတဲ့အပြင် လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေ သတိထား သွားလာကြဖို့ မိုးဗြဲ PDF အသိပေး
– ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း ဆိုင်းငံ့ခံရတာကြောင့် ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)က ဆေးပေးခန်းကို ပိတ်လိုက်ပြီး လူနာတွေကိုပြန်လွှတ်ရ
စတဲ့သတင်းတွေနဲ့ မိုးလေဝါသ သတင်း။
–တွေ့ဆုံမေးမြန်းခြင်းကဏ္ဍကနေပြီး “ဒီးမော့ဆိုဒီးမော့ဆိုမြို့နယ်၊ လိုပူအုပ်စုအတွင်းမှာ ရပ်ရွာလူမှုဖွံ့ဖြိုးရေးအတွက် အုပ်စုအကျိုးတော်ဆောင် အဖွဲ့မှ လစဥ်အလှူငွေကောက်ခံတဲ့ အကြောင်း” နားဆင်ကြရမှာဖြစ်ပါတယ်။KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။