KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်၊ (သောကြာနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– မြှင့်တက်လာတဲ့ကြက်သွန်ဈေးတွေကြောင့် ဝင်ငွေရှားပါးလာတဲ့ စစ်ရှောင်နှင့်ဒေသခံများ ဝယ်မစားနိုင်
– တောမီးအန္တာရာယ် ကြိုတင်ကာကွယ်ဖို့ ဖယ်ခုံမြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီအသိပေး
– PNOထိန်းချုပ်နယ်မြေတွေမှာ စစ်မှုထမ်းဆက်ခေါ်နေပြီး ပြည်ပရောက်လူငယ်တွေ ဆယ်သိန်းအထိ ဒဏ်ကြေးပေးဆောင်နေရ
–စစ်ကောင်စီ တပ်သား ၄ဦး လက်နက်နဲ့အတူ Loikaw Local PDF ထံ ခိုလှုံလာ
– စခန်းတွင်း လူမှုပတ်ဝန်းကျင် ကျန်းမာရေးကို ဆောင်ရွက်နေတဲ့ Environment Health (EH) လုပ်ငန်းလည်း ရပ်ဆိုင်းခံရပေမယ့် စေတနာ့ဝန်ထမ်းတွေနဲ့ ဆက်လက်ဆောင်ရွက်မယ်လို့ဆို
စတဲ့သတင်းတွေနဲ့ မိုးလေဝါသသတင်း။
– အပတ်စဉ်တင်ဆက်ပေးတဲ့ “ကုန်ဈေးနှုန်းသတင်း” နဲ့ “လူထုစာလွှာ” အစီအစဉ်ကိုလည်း
နားဆင်ကြရမှာဖြစ်ပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။