KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်၊ (တနင်္လာနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– သတင်းအချက်အလက်ရယူမှုမှာ တာဝန်ယူမှု/ တာဝန်ခံမှုရှိဖို့ ဖယ်ခုံမြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးကောင်စီအဖွဲ့ ထုတ်ပြန်လိုက်ပါတယ်။
– ဘောလခဲကနေ ဖားဆောင်းကို ထိုးစစ်ဆင်တဲ့ စစ်ကြောင်းက စစ်ကောင်စီတပ်သား (၂)ဦး Karenni Army BA-5 ထံ ထွက်ပြေးခိုလှုံလာ
– ဖရူဆို၊ မြေပဲယခင်နှစ်ထက် ဈေးပိုကောင်းရပေမဲ့ တောင်သူတွေ တွက်ခြေမကိုက်သေး
– ကရင်နီပြည်တပ်မတော် (KA) အပတ်စဉ် (၇၆) အခြေခံစစ် သင်တန်းဆင်းပွဲကို ကျင်းပခဲ့
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
“ ကိုယ်လက်အင်္ဂါဆုံးရှုံးပြီး ဆေးကုသမှုခံယူနေကြဆဲဖြစ်တဲ့ တော်လှန်ရေးရဲဘော်တွေ ရဲ့စကားသံ” ကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။ အဲဒီနောက်မှာတော့ အမျိုးသမီးကဏ္ဍကနေပြီး “ဒေလီယာ ရဲ့ သုံးနှစ်တာ ငရဲခန်းအတွေ့အကြုံ”ဆိုတဲ့အကြောင်းကိုလည်း ကြားကြရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။