KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်၊ (အင်္ဂါနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– စစ်ရေးအခြေအနေအရ မိုးဗြဲမြို့ကို ဖြစ်သန်းသွားလာခွင့် ယာယီပိတ်ထား
– မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီက ဓာတု အဆိပ်ငွေ့ပြားတွေကို ပြန်လည်အသုံးပြုလာကြောင်း KNDF ပြော
– ဒီးမော့ဆိုမှာ (၁) နှစ်ခွဲ အရွယ် နွားတွေ ခွာနာ၊ လျှာနာရောဂါ အဖြစ်များနေ၊ တိရိစ္ဆာန်ဆေး ဝယ်ယူရန်ခက်ခဲနေ
– PNO/PNA က ၈လအတွင်း ကရင်နီ အရပ်သားပြည်သူ ၂၇ ဦး ဖမ်းဆီးခဲ့ပြီး ၅ဦးသတ်ဖြတ်ခဲ့တယ်လို့ BWCIပြော
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့ “ရွက်ဟောင်းကြွေလို့ ရွက်သစ်တွေ မဝေဆာခင် ခန်းမဆောင်လိုအပ်နေတဲ့ နတ်တောင်စစ်ရှောင်စခန်း” ဆိုတဲ့အကြောင်းကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။ အဲဒီနောက်မှာတော့
“Local Star” အစီအစဉ်ကနေပြီး “တေးသံရှင် ခူးထဲဖဲ”နဲ့ တွေ့ဆုံမေးမြန်းထားတာကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။