KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်၊ (တနင်္လာနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ပီကင်းကျေးရွာ ထပ်မံ ဗုံးကြဲခံရ
– (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက အကျဥ်းသား ၅၈၆၄ ဦးကို လွတ်ငြိမ်းခွင့်ပေး ၊ ကနဦးစာရင်းအရ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးပါဝင်
– ၂၀၂၄ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု နှစ်ဆတိုးလာတယ်လို့ NUG ဆို
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
အမျိုးသမီးကဏ္ဍကနေပြီး “ခေတ်ပျက်ကြီးအတွင်း မလိုချင်သေးဘဲ ရလာတဲ့ကိုယ်ဝန်တွေ” ဆိုတဲ့ အကြောင်းကို နားဆင်ကြရမှာပါ။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။