KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်၊ (ဗုဒ္ဓဟူးနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– တော်လှန်ရေးကာလအတွင်း ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီရဲ့ပစ်ခတ်မှု နဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း (၂၂၃) လုံး ပျက်စီး
– ဒီဇင်ဘာ တစ်လအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာသူ ၂၈ ဦးရှိတယ်လို့ NUG ထုတ်ပြန် စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
“ သုတအဖြာဖြာ” အစီအစဉ်ကနေပြီး “ ကျောက်ကပ် ကျောက်တည်ခြင်းအကြောင်း သိသင့်သည်များ “ ဆိုတဲ့အကြောင်းကိုလည်း နားဆင်ကြရမှာပါ။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။